'ဘာဖြစ်လာပြန်တာလဲ ဒီတစ်ခေါက်က '
မျက်နှာဆူပုတ်လျက် လွယ်အိတ်တစ်လုံးဖြင့် မိမိအိမ်ရှေ့ကို ရောက်လာပြန်သော sunooကြောင့် jungwonကမေးလိုက်သည်။'ဘာဖြစ်လာရမှာလဲ...ဟိုကလေးကြောင့်ပေါ့ ။ '
ထပ်ပြီး nikiကြောင့်ပဲလား ။ ဒီတစ်ခေါက်ရော ဘာဖြစ်ခဲ့ပြန်ပြီမသိ ။ ဒါပေမဲ့ မဟုတ်သေးပါဘူး သူတို့ရန်ဖြစ်တိုင်း sunooက သူ့အိမ်အမြဲလာတတ်သည်။
jungwonအိမ်ကို သူ့မိဘအိမ်များ မှတ်နေသလားမသိ ။
ဒါကတော့ အချိန်တွေဘယ်လောက်ပြောင်းပြောင်း မပြောင်းသွားသည့်sunooအကျင့် ။
ဒီအတောအတွင်း ကိစ္စတော်တော်များများပြောင်းလဲခဲ့သည်။
အခုဆို jungwonနှင့်sunooက jungwonမိဘများ၏ ကုမ္ပဏီတွင် အလုပ်သင်လေးတွေဖြစ်နေကြပြီး niki ကတက္ကသိုလ်တက်ရင်း တစ်ဖက်တွင်လည်း အကသင်တန်းတစ်ခုတွင် အချိန်ပိုင်းအဖြစ် အကသင်ပေးဖြစ်သည်။
Nikiဖေဖေက ကိုရီးယားကိုလာပြီး nikiတို့ကို ဂျပန်သို့ပြန်လိုက်ခဲ့ရန် ခေါ်ခဲ့သည်။
သို့ပေမဲ့ ဂျပန်ကိုမပြန်ချင်သော Nikiက ကျောင်းကိစ္စကို အကြောင်းပြကာ နေခဲ့ရန်ပြောသောကြောင့် သူ့မေမေတစ်ယောက်တည်းသာ ဖေဖေနှင့်အတူ ပြန်သွားခဲ့သည်။sunooတို့မိသားစုရှိနေ၍လည်း မားNoaက စိတ်ချသွားသည်ထင်ပါရဲ့ ။
အဲ့ဒီနေ့ကစပြီး Nikiက သူ့အိမ်တွင် တစ်ယောက်တည်းနေပေမဲ့ ထမင်းကိုတော့ sunooတို့အိမ်တွင်သာ စားဖြစ်သည်။
sunooမားက သူတို့အိမ်သို့တခါတည်းပြောင်းနေခဲ့ရန် ပြောနေပေမဲ့ Nikiကအားနာသောကြောင့် သူ့အိမ်တွင်သာ နေရန်ဆုံးဖြတ်ခဲ့သည်။
တခါတရံ jungwon၊sunooတို့နှင့်အတူ သူ့အိမ်တွင် အတူညအိပ်ဖြစ်ကြလေသည်။အခုတော့ jungwonအခန်းထဲတွင် မှုန်ကုပ်စွာထိုင်နေသော sunooအား တွေ့ရပေလိမ့်မည်။
ခဏနေတွင်တော့ တအီးအီးဖြင့်ငိုလာသော sunooကြောင့် jungwon မှာ ဘာလုပ်ရမှန်းမသိ ။
'ya..ya...ဘာလို့ငိုနေတာလဲဟ ။ ဘာဖြစ်လာတာလဲ ။ '
မေးနေလည်း မဖြေပဲ ငိုနေသောsunooကြောင့် ဘာလုပ်ရမှန်းမသိ၍ nikiကို ဖုန်းဆက်မေးဖို့သာ လုပ်လိုက်တော့သည်။
ဖုန်းဆက်ရန်လုပ်တော့လည်း မဆက်နဲ့ ဟုဆိုကာ သူ့ဖုန်းကို ဆွဲယူသွားသေးသည်။
jungwonလည်း ဘာလုပ်ရမှန်းမသိတော့ပဲ ငိုနေသောsunooကိုသာ ဖက်၍ နှစ်သိမ့်ပေးလိုက်တော့သည်။
သူအငိုတိတ်သွားမှ မေးလိုက်တော့ပါမယ်လေ ။
YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '