'jungwon သိလား....ငါလေ ငါ...nikiကို အဖြေပေးလိုက်ပြီ '
ကျောင်းဆင်းပြီး နှစ်ယောက်သား အိမ်ပြန်လမ်းတွင် sunooက jungwonအား ပြောပြလေသည်။'မြန်လိုက်တာ ။ ဘယ်တုန်းကဘယ်လို ဖြစ်သွားတာလဲ ။ ငါတောင်မသိလိုက်ရပါလား ။ '
jungwonက ကားမောင်းနေရင်းမှ sunooပြောလာမည့် စကားများကို နားစွင့်နေလေ၏ ။'ဟိုနေ့က ကျောင်းပွဲကိုသိတယ်မလား ။ အဲ့နေ့ကပဲ nikiကငါ့ကိုဖွင့်ပြောပြီး အဲ့လိုနဲ့ အဖြေပေးလိုက်တယ်ဆိုပါတော့ ဟီးးး'
'တခါတည်းလား....စဉ်းစားပေးမယ် ဘာညာလေးပြောလိုက်ရမှာကို sunooကလည်း ။အဖြေပေးလိုက်တာ မမြန်လွန်းဘူးလားလို့ ။ '
'နှစ်ယောက်လုံးက သဘောကျနေတာကို ဘာလို့စဉ်းစားနေဦးမှာလဲ အချိန်တွေကြာအောင်လို့ ။ ကြိုက်ရင်ကြိုက်တယ် ပြီးရင်တွဲမယ်ပေါ့ ။ '
'အင်းပါ....သဘောပါကွာ....စိတ်ချမ်းသာသလိုလုပ်။မင်းစိတ်ချမ်းသာရင် ကမ္ဘာကြီးငြိမ်းချမ်းတယ် ။ '
သူပဲစိတ်ထင်နေတာလား....အခုတလော jungwonက သူ့အပေါ်နည်းနည်းစိမ်းနေသလို ။
sunooက စကားစမပြောရင် သူကဘာမှမပြောပါ ။
တစ်ရက်နှစ်ရက်လည်း မဟုတ် ။ အခုဆို ငါးရက်လောက်ရှိပြီ ။'အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲ jungwonရဲ့ ။ ငါကနင့်ထင်မြင်ချက်လေးလည်းလိုချင်တာလေ ။ '
ထိုအခါ jungwonမှ ကားကို လမ်းဘေးသို့ ရပ်လိုက်ကာ နံဘေးတွင်ထိုင်နေသော sunooဘက်ကို လှည့်လျက် .....
'ဘာထင်မြင်ချက်တွေလိုသေးတာလဲ sunoo ။ မင်းလည်းခေါင်းငြိမ့်ခဲ့ပြီးပြီ မဟုတ်လား ။
အစအဆုံး မင်းလုပ်ချင်သလို လုပ်ပြီးသားကို ငါက ဘာတွေပြောနေရဦးမှာလဲ ! 'ရုတ်တရက် jungwon၏ အော်သံကြောင့် sunooလန့်သွားရသည်။
jungwonဒီလိုဖြစ်တာ တခါမှ မမြင်ဖူးသောကြောင့်လည်း ဖြစ်မည် ။
jungwonကပုံမှန်ဆို အရမ်းနူးညံ့တတ်တာကို ။'hmm...အရင်ဦးဆုံး နင့်ကိုမပြောပြခဲ့လို့ ငါတောင်းပန်ပါတယ်jungwonရဲ့ ။ တကယ်ဆို နင့်ကို ငါတိုင်ပင်ခဲ့သင့်တာ ။ ငါမှားတာပါ ။ '
jungwonလက်မောင်းလေးအား ဆုပ်ကိုင်၍ sunooတောင်းပန်နေမိသည်။
jungwonကတော့ ဘာမျှထပ်မပြောပဲ တိတ်ဆိတ်နေမိသည်။

YOU ARE READING
My Youth
Fanfiction'Hyungက ကျွန်တော်ရဲ့ မရှိမဖြစ်လေးပါ...' 'ငါ့မှာဆိုးချင်တိုင်းဆိုးခွင့်ရတာဆိုလို့ မင်းပဲရှိတာ' 'ဒီလောက်ချစ်ဖို့ကောင်းတဲ့ လူသားလေးကို မချစ်မိတဲ့သူ ဘယ်သူများရှိမှာတဲ့လဲ '