8

2 0 0
                                    

'mornee....မားnoa '

'ဩော....sunoo ။စောစောစီးစီးပါလား ။'

'ဟုတ်တယ်...မားnoa ။ nikiရောနိုးပြီလားဟင် ။ '

'သူခုနလေးမှ....မနက်ပိုင်းလမ်းလျှောက်ပြီး ပြန်ခဲ့တာ ။ အခန်းထဲရှိမယ်ထင်တယ် ။ တက်သွားလိုက်လေ sunoo ။ '

sunooလည်းခဏစဉ်းစားပြီးနောက် မားnoaရှိရာ မီးဖိုချောင်ထဲသို့သာ ဝင်ခဲ့လိုက်တော့သည်။

သားကိုလိုချင်တော့မားnoaကြည်ဖြူအောင်လည်းနေရမည်မဟုတ်လား ဟီးဟီး။

'မတက်တော့ပါဘူး။ မားကိုပဲကူတော့မယ် ဟဲဟဲ။ '

'ဘာလုပ်မလို့လဲ မားnoa။ ကျွန်တော်ရောကူမယ်လေ ။ '

'ဒီမှာလေ bungee ppang လုပ်မလို့ ။ nikiကမနေ့က‌ပြောထားတာ။ အဲ့ဒါလေးစားချင်တယ်ဆိုလို့။  '

'ဪ....nikiက အဲ့ဒါကိုတော်တော်ကြိုက်တာနော်။ ကျွန်တော်တို့ကျောင်းတက်တုန်းကလည်း အဲ့ဒါအမြဲဝယ်စားတယ် ။ '

'ဟုတ်ပ....သားရဲ့အကြိုက်တွေထဲကတစ်ခုပေါ့ ။ '

နှစ်ယောက်သား စကားလည်းပြော ငါးပေါင်မုန့်ကိုလည်း လုပ်ရင်းဖြင့် sunooက မားnoaကို ကူညီလေသည်။

၅ခုလောက်လုပ်ပြီးသွားတော့ sunooကသူရောလုပ်ကြည့်ချင်တယ်ဆို၍ မားnoaလည်း sunooအား လုပ်ခိုင်းကာ သူမကဘေးကနေမည်သို့ပြုလုပ်ရမည်ကို ညွှန်ကြားလေ၏ ။

'wow...လှလှလေးထွက်လာသားပဲ။sunooလေးကတော်လိုက်တာ ။ '

'aham...'

ချောင်းဟန့်သံကြောင့် sunooလည်း အသံလာရာသို့လှည့်ကြည့်လိုက်၏ ။
အသံပိုင်ရှင်မှာ တံခါးကိုမှီလျက် မိမိတို့ရှိရာကို ကြည့်နေသည်။

ယခုမှရေချိုးထားပုံရသော nikiက ရှင်းသန့်ကာ ချောမောနေ၏ ။
ဒီကလေးက ဒီနှစ်အတွင်း ထွားလာလိုက်တာ အခုဆို သူ့အရပ်ကိုတောင် ကျော်‌နေပြီ ။

'သား....ဝင်ခဲ့လေ ။ ဒီမှာsunooရောရောက်နေတယ် ။ '

မားnoa၏ အသံကြောင့် nikiက မီးဖိုချောင်ထဲကို ဝင်ခဲ့ကာ မိမိအနားသို့ရပ်လေ၏ ။

'ဘာလုပ်‌နေတာလဲ sunoo hyung'

'ငါးပေါင်မုန့်လေ ....မားnoaကို ကူရင်း သင်နေတာ ။ '

My YouthWhere stories live. Discover now