14

5 0 0
                                    

7နာရီလောက်ပင် ရှိနေသေးသော်လည်း ဆောင်းနေ့ရက်တွေက နေဝင်စောသည်မို့ အခုဆို တော်တော်လေးတောင် မှောင်နေပြီ ။
သို့ပေမဲ့....လမ်းမပေါ်တွင်တော့ မီးရောင်များနှင့် လူသွားလူလာရှိနေ‌သေးလို့ တော်ပါသေးရဲ့ ။
နို့မို့ရင် တစ်ယောက်တည်းပြန်သွားသော nikiကို စိတ်ပူနေရဦးမှာ ။

အပြင်ဘက် ပတ်ဝန်းကျင်နှင့် ဆန့်ကျင်ပြီး တိတ်ဆိတ်နေသည်မှာ jungwonတို့ အိမ်ဖြစ်မည်ထင်ပါသည်။
စောနေသေးပေမဲ့ ....ကိုယ့်အခန်းကို ဝင်သွားကြပြီထင်ပါရဲ့ ။

sunooလည်း jungwon၏နောက်မှ လိုက်ကာ အခန်းထဲသို့ ဝင်ခဲ့ကြလေသည်။
jungwonအခန်းဟာ sunooအခန်းနှင့် ဆန့်ကျင်ဘက်ပင် ။
sunooက သူကြိုက်တဲ့ idolပုံကို အခန်းအနှံ့ ကပ်ထားပြီး ပစ္စည်းတွေကလည်း နည်းနည်းရှုပ်ပွသည် ပြောရမည်။
သို့ပေမဲ့ jungwonအခန်းကတော့ အရာအားလုံးဟာ သန့်ရှင်းသန့်ရပ်နေသလို ပစ္စည်းတွေကလည်း သူ့နေရာနှင့်သူ အစီအရီရှိလေသည်။

စာကြည့်စားပွဲပေါ်က စာအုပ်တွေဟာလည်း စီစီရီရီနှင့် ထိုစားပွဲပေါ်က သူတို့နှစ်ယောက် ငယ်ငယ်ကရိုက်ထားသော ပုံလေးကိုလည်း ထောင်ထားလေသည်။

'မြောင် '

မြောင်မြောင်လေးဟာ sunoo၏ ခြေထောက်လေးကို သူ့အမြီးလေးနှင့် ပွတ်သပ်နေ၏ ။
sunooလည်း မြောင်မြောင်လေးကို ပွေ့ထားလိုက်လေသည်။

အခန်းထဲရောက်နေပြီ ဖြစ်သော်လည်း နှစ်ယောက်သား စကားလည်းမပြောပဲ လေထုဟာ တိတ်ဆိတ်နေ၏ ။
sunooက ကုတင်ပေါ်တွင် မြောင်မြောင်လေးကို လက်မှပွေ့၍ ထိုင်ကာ jungwon၏ အရိပ်အခြေအနေကို ကြည့်နေသည်။
jungwonကတော့ စာကြည့်စားပွဲတွင် ထိုင်၍  စာလုပ်နေလေသည်။

'ဘာလာလုပ်တာလဲ'
ခဏအကြာတွင် jungwonက လှမ်းမေးလေ၏ ။

'ညလာအိပ်တာ‌'

'ဘာလို့လာအိပ်တာလဲ။ '

sunooဟာ ဘာမှမဖြေပဲ သူပွေ့ထားသော မြောင်မြောင်လေး၏ ကျောကိုပွတ်သပ်ပေးနေ၏။

ခဏအကြာမှ .....
'မြောင်မြောင်လေးကို သတိရလို့ ။ '

ဟွန့်....တတ်လည်းတတ်နိုင်တယ် kim sunoo ။
jungwonဟာ ဘာမှပြောမနေတော့ပဲ စာကိုကြည့်နေလိုက်သည် ။
တကယ်တမ်း စာထဲစိတ်ရောက်တာတော့ မဟုတ် ။

My YouthWhere stories live. Discover now