Book-2 / The Twist✨

5.5K 134 19
                                    

Book 1 / The Love ကို Ongoing လိုက်ပေးခဲ့တဲ့ သူတွေအကုန်လုံးကိုရော ဖတ်ပေးတဲ့သူတွေကိုရော နေအတ္တကျော် နဲ့ ဇော်မိုးမြင့်သာ ဇာတ်ကောင်ကိုချစ်ပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

First fiction ဖြစ်တဲ့အတွက် အဆင်ပြေပါ့မလားဆိုပီး ရင်တထိတ်ထိတ်နဲ့ရေးခဲ့ရတာပါ။ CMT တွေ Review တွေအတွက်လည်းကျေးဇူးတင်ပါတယ်။ အများကြီး ခွန်အားဖြစ်ရပီး စာဆက်ရေးဖို့အင်အားဖြစ်ရပါတယ်။ ကိုယ်တိုင်က Review ရေးညံ့သူမို့ ကိုယ့် Novel ကို Promote ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။

ကိုယ့်စိတ်ထဲ နှလုံးသားထဲက စိတ်ကူး idea ကိုမျှဝေခွင့်ရလို့ရော အချိန်ပေးပီးဖတ်ရှုပေးကျလို့ ထပ်ပီး ကျေးဇူးတင်ပါတယ်။

မိန်းဇာတ်‌ေကာင် နှစ်ယောက်ကို မိမိ အာဘော်အရ

နေအတ္တကျော်‌ ဇာတ်ကောင်က နေရောင်နဲ့ထိတွေ့လျှင် အရမ်းလှတဲ့ အညိုရောင်မျက်ဝန်းပိုင်ရှင် လှတပတနဲ့ ချောမောခန့်ညား ဖြူဖွေးနုအက်ပီး အလှကြိုက်တဲ့ယောက်ကျားတစ်ယောက်ပါ။ အရပ် ၆ ပေနီးပါးရှိပီး ကျောပြင်ကျယ်ကျယ်နှင့် ဘာပဲဝတ်ဝတ်လိုက်ဖက်တဲ့ ကိုယ်လုံးလှလှ ခါးသွယ်တဲ့ယောက်ကျားသားပါ။ ဘဝကို အောက်ခြေကနေစခဲ့ရပီး အနာတရများစွာနဲ့ ရုန်းကန်ခဲ့ရသူဖြစ်သလို နာမည်ကိုယ်တိုင်ကလည်း စီးလို့ အတ္တကြီးပီး တစ်ကိုယ်ကောင်းဆန်ပါတယ်။ နှလုံးသားအပေါက်နဲ့ ကြီးပြင်းခဲ့ရသူမို့ အချစ်ကိုမသိခဲ့သူဖြစ်ပီး သိတော့လည်း အရမ်းချစ်တတ်သလို အတ္တကြီးပါတယ်။

ကိုယ်တိုင်ကလည်း ဉာဏ်အရမ်းကောင်းပီး ကွက်ကျော်မြင်တတ်တဲ့လူမျိူးပါ။ အကုန်လုံးကို အကွက်စေ့အောင်လုပ်သွားတဲ့သူပါ။အနည်းငယ်ရန်လိုပီး စကားပြောတာ စွာပါတယ်။ သူကိုယ်သူသာ ဂရုစိုက်တတ်တဲ့လူမျိုးဖြစ်ပေမယ့် သူ့အနီးနားကလူတွေကိုတော့ အမြဲကြည့်‌ေနတတ်ပီး ဂရုစိုက်ပါတယ်။ အကျိုးအမြတ်မရရင် ဘာမှမလုပ်တတ်တဲ့သူပါ။ စပိန်စကားနဲ့ အင်္ဂလိပ်စကားကိုအထူးကျွမ်းကျင်ပီး တရုတ်လိုအနည်းငယ်ပြောတတ်ပါသည်။ ယခု Book 1 အဆုံးမှာတော့ ဂျပန်စကားကို Self Study လေ့လာနေပီး ဂျပန် ဗိသုကာပညာကို လေ့လာဖို့ပြင်နေပါတယ်။ ဉာဏ်ကောင်းပေမယ့် အပျင်းကြီးတဲ့သူထဲ မပါဘဲ ငယ်ကတည်းက စာတော်ပီး စာအရမ်းကြိုးစားတဲ့သူမျိူးပါ။ ငွေလည်းအရမ်းမက်ပီး လက်ထဲ ငွေမရှိရင် မနေတတ်တဲ့သူမျိုးပါ။ Self Control ကောင်းသူဖြစ်သည့်အလျောက် ကိုယ့်အာရုံကို အခြားသူထက် ပိုအားကိုးတဲ့သူပါ။ ရောက်ရာအရပ်မှာအသက်ရှင်နိုင်စွမ်းရှိပီး ဘဝကို ကောင်းကောင်းနေထိုင်နိုင်တဲ့ အသက်ပြင်းတဲ့သူပါ။ ဗိသုကာပညာကိုအရမ်းရူးသွပ်ပီး အဲအိမ်မက်နဲ့ အသက်ဆက်ရှင်ခဲ့သူ။ အဲဒါက သူ့ဘဝတစ်ခုလုံးပါပဲ။

Unexpected Sparks : The Love (Book-1)Where stories live. Discover now