Halloween Special: Eat Or Eat By me🎃🌚🔥 warning ⚠️

6.6K 132 18
                                    

# Special Part သည် Novel Timeline ထဲတွင်ကျူံးဝင်သေးပါ

မိုးမြင့်သာ တစ်ယောက် ခုတင်ပေါ်တွင်ထိုင်နေရင်း စုန်းအမျိုးသမီး၏ အခြေ‌ေနအား စောင့်ကြည့်နေခဲ့သည်။ စုန်းအမျိုးသမီးက လွန်ခဲ့သော မိနစ်များက အခြေနေမျိုးနှင့်မတူပဲ အနည်းငယ်ပျာယာခတ်နေသည်။ အခန်းတစ်ခုလုံးပတ်သွားသွားနေပီး တစ်ခုခုအားတွေးတောနေပုံရကာ နေရထိုင်ရလည်း အနည်းငယ်ခက်နေပုံရသည်။ မိုးမြင့်သာက ထိုင်နေရင်းဖြင့်

"အမ.. အဆင်ပြေရဲ့လား.." ဟု မေးလေရာ စုန်းအမျိုးသမီးက လက်ကာပြရင်း သူ့အားစိတ်မပူရန် ပြောလေသည်။ မိုးမြင့်သာလည်း ပေရေနေသော အဝတ်များအား ချွတ်ချင်လာသောကြောင့် ဖြစ်သမျှအကြောင်း အကောင်းပဲဟု တွေးလိုက်ပီး ရှိသမျှ သတ္တိများ အကုန်စုစည်းလိုက်ကာ မိမိ၏ဘောင်းဘီစကို တင်းတင်းဆုပ်လျက်

"အမ..ကျွန်တော်..ပြောစရာရှိတယ်.."ဟု မဝံ့မရဲ စကားပြောသည်။

"ပြောလေ..."

"ကျွန်တော်က..မိန်းခလေး..အမ...."

"...."
"
တောင်းပန်ပါတယ်..လိမ်မိတဲ့အတွက်..."

မိုးမြင့်သာ မိမိ ကိုယ်ကို အပြစ်ရှိသည်ဟု ခံစားရသော‌ကြောင့် အသံတိုးဝင်သွားပီး စုန်းအမျိုးသမီး၏ တုန့်ပြန်မှုအား စောင့်ကြည့်နေမိသည်။ စုန်းအမျိုးသမီးက ထူးထူးခြားခြားမတုန့်ပြန်ပဲ သူမအနားသို့လျှောက်လာသည်။ ထိုင်နေသော သူမရှေ့တွင် လာရပ်ကာ သူမအားငုံ့ကြည့်နေသည်။ မိုးမြင့်သာမှာ ထောက်ချောက်မိနေသော ယုန်သူငယ်လို ခံစားနေရပီး ထိုစုန်းအမျိုးသမီးအားပြန်လည်း မကြည့်ရဲ။

"အဲဒီတော့..ငါက..မိန်းမတစ်ယောက်ကို..နမ်းခဲ့တယ်လို့..ပြောချင်တာလား.."

"ဟုတ်ကဲ့....."

"ဘာလို့..အစကတတည်းကမပြောခဲ့တာလဲ..."

"အခုလိုတွေ..ဖြစ်လာမယ်..မထင်လို့လေ..."

"မင်းက..တစ်လျှောက်လုံး....လိမ်နေပီး..ငါနမ်းတာ..ခံနေခဲ့တယ်ပေါ့.."
စုန်းအမျိုးသမီးအသံမှာ အနည်းငယ်မာကြောလာကာ ထိုစကားကြောင့် မိုးမြင့်သာလည်း အနည်းငယ်တင်းသွားခဲ့သည်။ စနမ်းခဲ့တာ မိမိ မဟုတ်။ သူ့သဘောနှင့် သူ အရင်လာာနမ်းခဲ့သလို မိမိ၏ ပထမဆုံးအနမ်းအား ကြမ်းကြမ်းတမ်းတမ်းယူသွားခဲ့သေးသည်။ သူမ ထိုင်နေရာမှ ချက်ချင်းထရပ်လာကာ စုန်းအမျိုးသမီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now