ထို ကိစ္စဖြစ်ပီး နောက်ပိုင်း မိုးမြင့်သာ နှင့် အတ္တကျော်တို့နှစ်ယောက်သား မျက်နှာချင်းမဆိုင်ဖြစ်။ ကိုယ်စီ၌လည်း အလုပ်များရှိနေ၍ စကားပြောချိန်လည်း အလွန်နည်းပါးလာသည်။ အတ္တကျော်လည်း ည ၁၀ ၁၁ နာရီလောက်မှ အလုပ်က ပြန်လာတတ်ပီး သူပြန်ရောက်ချိန်တွင် မိုးမြင့်သာက ပင်ပမ်းလို့ အိပ်ပျော်နေပီဖြစ်သည်။ အတ္တကျော် ကိုယ်တိုင်လည်း ခံစားချက်တစ်မျိုးဖြစ်နေကာ အဓိပ္ပာယ်မရှိဟု ယူဆထားသောကြောင့် လျစ်လျူရှုကာနေသည်။ သူ့ဘဝတွင် အချစ်ရေးအချစ်ရာနှင့် ပတ်သက်လျှင် များစွာတွေ့ကြုံဖူးပီး အတွေ့ကြုံလည်း စုံလင်လှသောကြောင့် တော်ရုံ ရင်မခုန်တော့။ ထို့ကြောင့် မိုးမြင့်သာနှင့် ပတ်သက်သည့် ခံစားချက်များမှာလည်း မောင်နှမလိုခင်မင်ရင်းနှီးနေသဖြင့် ဖြစ်ပေါ်လာသော ခံစားချက်များဖြစ်ပီး မိသားစုအရင်းနှင့်ခွဲကာ တစ်ယောက်တည်းနေသည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိနေပီဖြစ်တာကြောင့် မိသားစုဆွေမျိုးငတ်သည့်ခံစားချက်သာဖြစ်မည်။ မိုးမြင့်သာ ကိုယ်တိုင်လည်း တခါတလေ မိန်းမ မကျ ယောက်ကျားလေးမကျနေတတ်သူဖြစ်လေရာ ညီရော ညီမရော ရထားသလိုပင်။ anger issue သာ မရှိလျှင် တကယ်ကို ချစ်စရာကောင်းသည့် ကောင်မလေးဖြစ်သည်။ မိမိက တစ်ဥ◌ီးတည်းသော သားဖြစ်ပီး ညီအစ်ကို မောင်နှမ မရှိ။ အကယ်လို့ ရှိလျှင်လည်း မိုးမြင့်သာအား ဂရုစိုက်သလို ဂရုစိုက်ပေးမည်သာဖြစ်ပီး အရာရာကိုဝင်စွက်ဖက်ချင်သည့် အကိုကြီးဖြစ်နေလိမ့်မည်။ အခုချိန်မှာတော့ မိုးမြင့်သာက ညီလေးရော ညီမလေးအဖြစ်ပါ နှစ်ယောက်စာ နေရာယူထားသည်။ သူမအပေါ်ရိုမန့်တစ်ဖီလင်မျိုး ရှိနေတာမဟုတ်ဘဲ ကိုယ့်မောင်နှမလို ပူးကပ်ပူးကပ်နေချင်သည့် ခံစားချက်မျိုးသာရှိသည်ဟု အတ္တကျော် သူ့ကိုယ်သူလက်ခံထားသည်။ ဘယ်လောက်ပဲ သံယောဇဥ◌်ရှိရှိ အချိန်တန်လျှင် ကိုယ့်လမ်း ကိုယ်လျှောက်ရမည်ဖြစ်ပီး မိုးမြင့်သာလည်း သူ့အနားကထွက်ခွာသွားမည်သာ။ ထိုအရာအား သူမထိန်းချုပ်နိုင်။ သူ့ဘဝမှာ သူ့ကိုယ်သူက လွဲ၍ ဘယ်အရာကိုမှ သူ မထိန်းချုပ်နိုင်ခဲ့။ မေတ္တာရှိလျှင် ပေးနိုင်သလောက်ပေးပီး လိပ်ပြာလုံစွာ နေထိုင်ကျန်ခဲ့ရန်သာ ဖြစ်သည်။ ကွန်ပျူတာ screen ကိုငေးရင်း သူမအကြောင်းတွေးမိနေစဥ် ဆက်ခွန်းသက တံခါးလာခေါက်သောကြောင့် အတွေးပြတ်သွားသည်။
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...