⟢ : Part (19) !?★.ᐟ

4.9K 120 4
                                    

မိုးမြင့်သာ မျက်စိနှစ်လုံးဖြဲလာတော့ အခန်းပတ်ဝန်းကျင်ကို အကဲခတ်မိလေရာ မိမိအခန်းမဟုတ်ကြောင်းသိလိုက်ရပီး ညက ဖြစ်ပျက်ခဲ့သမျှ ခေါင်းထဲချက်ချင်းတိုးဝင်လာသောကြောင့် အိပ်နေရာမှ ငေါက်ကနဲ ထထိုင်လိုက်မိသည်။နံဘေးတွင် အတ္တကျော်မရှိ။ အိပ်ယာထသွားပီဖြစ်မည်။ အဲယားကွန်းပိတ်ထားပီး ပြတင်းပေါက်ဖွင့်ထားပေးသောကြောင့် မနက်ခင်း၏ ဆောင်းလေက တိုးသက်စွာ ဝင်လာရင်း နေခြည်နုနု‌ေလးများဖြာကျ နေသဖြင့် နေလို့ထိုင်လို့ကောင်းလှသည်။ နိုဝင်ဘာဝင်နေပီမို့ အေးနေပီဖြစ်လေရာ အိပ်ယာထဲကွေးချင်သော်လည်း မိမိအိပ်ယာမဟုတ်သဖြင့် မထချင် ထချင်ဖြင့်ထလာရသည်။ အတ္တကျော်ကို အရင်တွေ့ချင်သဖြင့် အောက်ထပ်သို့ တန်းဆင်းလာရာ  ကိုယ်တော်က မီးဖို‌ခန်း ၏ ထမင်းစားစားပွဲတွင် ထိုင်နေပီး  ကော်ဖီသောက်လျက် Laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသည်။ သူ၏ ဆံပင်ရှည်များအား ဖြန့်ချထားပီး ရေချိုးခေါင်းလျေ‌ှာ်ထားသည်ဖြစ်မည်။ သူ့ နံဘေးတွင် အုပ်ဆောင်းအုပ်ထားသော မနက်စာကိုပါ တွေ့လိုက်ရသည်။

ခြောက်လန့်ရန် ရပ်‌ေစာင့်န‌ေသာ သရဲသဖွယ် မိုးမြင့်သာ အနောက်တွင်လာရပ်နေသည်ကို Laptop Screen မှတစ်ဆင့် အတ္တကျော် မြင်လိုက်‌ေသာအခါ လှည့်မကြည့်ဘဲ ထိုအိပ်ချင်မူးတူးသရဲမလေးအား သူ့နံဘေးတွင် လာထိုင်ရန် နံဘေးရှိ ခုံအား ပုတ်ပြလိုက်သည်။ သို့သော် သူမက နံဘေးတွင် မထိုင်ဘဲ တစ်ခုံကျော်တွင် ဝင်ထိုင်လိုက်သည်။ နံဘေးတွင် မထိုင်ဘဲ တစ်ခုံကျော်တွင် ဝင်ထိုင်သဖြင့် အတ္တကျော် အနည်းငယ်တင်းသွားလေရာ နံဘေးရှိ ခုံအား ဆွဲထုတ်ပီး သူမထိုင်နေသည့်ခုံကို  အနားသို့ ဆတ်ကနဲ ဆွဲယူလိုက်သဖြင့်  မိုးမြင့်သာ လန့်သွားသည်။ ဝေးချင်လို့ထိုင်ကာမှ ခံုချင်းကပ်လျက် ပိုနီးသွားသဖြင့် သူမ သက်ပြင်းသေးသေးလေးချလိုက်သည်ကို အတ္တကျော် သတိထားမိသွားသည်။

"ဘာလဲ...ကိုယ့်အနားမထိုင်ချင်ဘူးလား..."

"အင်း...."

"ဘာလို့လဲ..."

"ဒီအတိုင်းပဲ....မထိုင်ချင်တာ..."
ထိုသို့ မရောမရာ အဖြေမျိုးတွေ အတ္တကျော်မကြိုက်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now