✦:•.*~Part (29)ᯓ♡⁠˖

3.8K 122 37
                                    


"ကလပ်ရောက်ရင် shot တွေမသောက်နဲ့နော်..မောင်ဇော်.."

"မရပါဘူး...သောက်မှာပဲ...ကျွန်မက အသက်ပြည့်နေပီကို..."

"ကိုယ်မသောက်နဲ့ဆို....မသောက်နဲ့...."

"သောက်မှာပဲ..."

"မောင်ဇော်...."

"သောက်မှာလို့...."

မိမိ စကားအား တသွေမတိမ်းနားထောင်တော်မူနေသော မိုးမြင့်သာကို အတ္တကျော်ခေါင်းခေါက်ပစ်ချင်နေသည်။ Dinner ပီးလျှင် ကလပ်သို့သွားကြမည်ဖြစ်သဖြင့် ကလပ်ရောက်လျှင် သောက်စရာအစုံအလင်ကို မော့ကြသည်ဖြစ်လေရာ အူရိုင်းလေးဖြစ်သော မိုးမြင့်သာအား သူ မသောက်စေချင်။ သို့သော် ငတိမက နားမထောင် သောက်မည်တကဲကဲလုပ်နေသည်။

" ကိုအတ္တကျော်က...ကျွန်မအဖေလား...ဟိုဟာ မလုပ်နဲ့...ဒီဟာမလုပ်နဲ့ဆိုပီးတော့ အမြဲ...ချုပ်ချယ်တယ်....အဖေအစစ်တောင်..အဲလောက်မပြောဘူး..."

"မင်းကို..စိတ်ပူလို့ပေါ့ဟ..."

"ကျွန်မက...ခလေးမှ မဟုတ်တော့တာ..."

"မင်း ခလေးမဟုတ်တာ...ကိုယ်သိတယ်...."
အတ္တကျော်က စကားရပ်လိုက်ပီး သူမ၏ ခန္ဓာကိုယ်ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။

"ဘာကြည့်တာလဲ....."

"မင်းက...ခန္ဓာကိုယ်ကပဲ...ခလေးမဟုတ်တာ...စိတ်က ခလေးပဲရှိသေးတယ်...အဲတော့..စကားနားထောင်..မောင်ဇော်..."

"အမယ်..ချုပ်ချယ်တတ်တဲ့..daddy ကြီးပါပေါ့...."

"ဒါပေါ့...မင်း.....ကိုယ့်ကို Daddy လို့ခေါ်ရမယ့် အချိန်ရောက်လာလိမ့်မယ်..."

"ကိုအတ္တကျော်က ကျွန်မကို...မွေးစားမို့လား..."

"နိုး....အဲလိုမွေးစားမှ ခေါ်ရတာမဟုတ်တာ...အိပ်ယာထက်က...Daddy လေ..."

အတ္တကျော်က ATM စက်မှ ပိုက်ဆံထုတ်နေရင်း မိုးမြင့်သာဘက်သို့လှည့်ကာ ရယ်ကျဲကျဲလုပ်လျက် မျက်စိတဖက်မှိတ်ပြလိုက်သည်။ မိုးမြင့်သာက သူ့စကားနဲ့သူ ပြန်ခံလိုက်ရသဖြင့် ငြိမ်သွားကာ ဘာမှဆက်မပြောတော့ဘဲ ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေတော့သည်။

"ကိုယ့်ကို..မင်းပိုက်ဆံအိတ်ပေး...မောင်ဇော်.."

"ဘာလုပ်မလို့လဲ..."

Unexpected Sparks : The Love (Book-1)Where stories live. Discover now