စပိန်တွင် mild summer သို့ရောက်နေပီဖြစ်လေရာ Vacation ထွက်လို့ကောင်းသည့်ရာသီမို့ ခရီးသွားဧည့်သည်များဖြင့် စည်းကားနေတော့သည်။ အတ္တကျော်က စပိန်နိုင်ငံ ဘာစီလိုနာမြို့သို့ရောက်နေ၍ လက်စသတ်ရမည့် ပရောဂျက်များဖြင့် အလုပ်ရှုပ်ေနသည့်ကာလဖြစ်သည်။ ခနအနားရတုန်း ဝရံတာဘက်ထွက်လျက်ဆေးလိပ်သောက်နေရင်း လူသွားလူလာရှုပ်နေသော လွမ်းမောဖွယ်ကောင်းသည့် ဘာစီလိုနာ မြို့့ကြီး၏ နေ့လည်ခင်းကို ငေးကြည့်ေနသည်။ ဟိုအဝေးက ရင်သပ်ရှုမောဖွယ် ဗိသုကာလက်ရာအဆောက်အအုံကြီးများဆီ အတွေးလွင့် နေမိသည်။ April နှောင်းပိုင်းသို့ ရောက်နေပီဖြစ်လေရာ ယခုချိန် မြန်မာပြည်တွင် သင်္ကြန်ပီးလောက်ပီ။ ရိုးရာနှစ်သစ်ကူးသွားလောက်ပီဖြစ်၍ မနှစ်က သင်္ကြန်သို့ စိတ်ကရောက်သွားပြန်သည်။ မနှစ်က သင်္ကြန်ချိန်တွင် အိမ်တွင်းအောင်းခဲ့ကာ မိုးမြင့်သာအား နွေရာသီ အင်္ဂလိပ်စာ သင်ပေးဖြစ်သည်။ ငတိမက သင်္ကြန်အကြိုနေ့ကတည်းက ဈေးဦးဖောက်ရေလောင်းပီး အပျော်ကြီးပျော်နေသည်။ ကုမ္မဏီလည်း တရားဝင် ပိတ်သဖြင့် အားလပ်ရက် အရှည်ကြီးရသွားသလိုဖြစ်ကာ ဇာတ်ကားကြည့်လိုက် မိုးမြင့်သာကို စာသင်လိုက် ရပ်ကွက်ထဲက ခလေးတွေ ရေလာလောင်းလို့ အော်လိုက်နှင့် ပျော်စရာကောင်းခဲ့သည်ဟု ပြောရမည်။
အခုကတော့ အလုပ်ပိနေသည်။ အလုပ်ထဲ ခေါင်းနစ်ပီး နေရသောကြောင့် ယာယီနေထိုင်သည့် Apartment သို့လည်းမပြန်ဖြစ်ဘဲ ရုံးခန်းမှာပဲအိပ်ဖြစ်လေရာ Apartment ငှားခကို နှမြောမိသည်။ နောက်တစ်လအတွင်း ပြန်မည်ဟု စီစဉ်ထားသဖြင့် လက်ကျန်ရက်များကို ရုံးခန်းသို့ရွေ့လာပီး စရိတ်ချွေတာလိုက်ရန် စဉ်းစားနေမိသည်။ လူလည်းအလုပ်ကြောင့် ညင်းသိုးသိုးဖြစ်နေပီး ဆံပင်တွေလည်း ရှည်နေပီဖြစ်လေရာ လူအိုကြီးနှင့်ပင် တူနေသည်။ မုတ်ဆိတ်လည်းထွက်လာကာ အသားအရည်လည်းမထိန်းသိမ်းဖြစ်။ မြန်မာပြည်မှာလို ဖလန်းဖလန်း မထနိုင်တော့။ ဘီယာလည်းပြန်သောက်ေနမိကာ ညတိုင်း ဘီယာတစ်လုံးသောက်ပီးမှ အိပ်ဖြစ်တော့သည်။ အလုပ်အခွင့်အရေး ပညာသင်ရမည့်အခွင့်အရေးဖြစ်သဖြင့် နိုင်ငံခြား ထွက်လာသော်လည်း နှလုံးသားကတဖြည်းဖြည်းအထီးကျန်လာရသည်။ အမေ့ကိုလည်း ပိုက်ဆံထပ်ပေးစရာ မလိုတော့ပီဖြစ်သောကြောင့် ငွေလည်းအရင်ကလို အငမ်းမရ ရှာနေစရာမလို။ အမေက သူ့နောက်အိမ်ထောင်နှင့် ရသော သား၏ ကျေးဇူးဖြင့် အခြားနိုင်ငံတစ်ခုတွင် သွားရောက်နေထိုင်သည်ဟု ဆိုသည်။ ထိုကား အမေနှင့်ပတ်သက်၍ နောက်ဆုံးသိရခြင်းသာ။ဒေါ်မြကြည်သာ နှင့် အခြားတွယ်ချိတ်ေလးတစ်ခုကလွဲရင် အတ္တကျော်အတွက် တွယ်တာစရာ ရေရေရာရာမရှိတော့။ အသိမိတ်ဆွေများက အိမ်ထောင်ပြုရန် တိုက်တွန်းကြသော်လည်း သူစိတ်မပါ။ သူ့ဘဝကို အခြားသူတစ်ယောက်၏ ဘဝနှင့် ပေါင်းစပ်ရန် အဆင်သင့်ဖြစ်မနေ။ မိမိအား သဘောကျသည့် လူကြီးများက သူတို့၏ သမီးများနှင့် ကြင်ဖက်တွေ့ပေးရန် စီစဉ်ပေးသော်လည်း စိတ်မဝင်စားသဖြင့် အကြိမ်ကြိမ်ငြင်းမိသည်။ စင်စစ် သူနှလုံးသားက မြန်မာပြည်တွင် ကျန်ခဲ့သည်မဟုတ်လား။ တစ်စုံတစ်ယောက်နဲ့ တွယ်ချိတ်လေး။ ထိုတွယ်ချိတ်လေးက မောင်ဇော် ဆိုသည့် မိုးမြင့်သာဖြစ်သည်။ ပုံမှန်ဆိုလျှင် လွယ်အိတ်တလံုးဖြင့်ရောက်တတ်ရာရာ မြေထဲပင်လယ်ထဲ ခရီးနှင်ဖြစ်မည်ဖြစ်ပီး အခုတော့ အလုပ်ပီးလျှင် မြန်မာပြည်ကိုသာပြန်ချင်သည်။ အထီးကျန်သလို ခံစားနေရ၍လား မသိ အခုရက်ပိုင်း သူမကို ပိုလွမ်းသည်။ ခနလေးဖြစ်ဖြစ် မျက်နှာမြင်ချင်မိသည်။ သို့သော် မဆက်သွယ်ဖြစ်။ ဆက်သွယ်ရန် ကြိုးစားတိုင်း လူက တစ်ခုခုကို တွန့်ဆုတ်နေသလိုဖြစ်နေပီး ဘာကြောင့်ရယ် မသိ အဝေးကနေပဲ သူမကိုလွမ်းနေချင်စိတ်ကပိုများသည်။ သူမကတော့ နေသားကြ၍ ပျော်နေပီထင်ပါရဲ့။ မဆက်သွယ်လာသလို Hi ဆိုသည့် စကားလူံးလေးတောင် လာမပို့။ အတော်အသည်းမာသည့် ကောင်မလေးဖြစ်သည်။ အတ္တကျော်ကလည်း ဒီကောင်မလေးနဲ့ကျမှ အလူးလဲခံနေရသည်ပြောရမည်။ အရင်ကဆိုလျှင် သူက ချေမိုးနေကြ။ အခုတော့ မိမိထက် အသက် ၈နှစ်လောက်ငယ်သော ကောင်မလေး၏ ချေမိုးခြင်းကို ပြန်ခံနေရသည်။ အတွေးများဖြင့် ဆေးလိပ်မီးခိုးကြားထဲ မြှုပ်နေရင်း သက်ပြင်းအရှည်ကြီး ချနေမိစဉ် ဖုန်းဝင်လာသောကြောင့် အငွေ့များကို လက်ဖြင့်ဖျောက်လိုက်ပီး စားပွဲဆီသို့လျှောက်လာသည်။ ခေါ်ဆိုမှုက Sam ဆိုသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဆီကဖြစ်သည်။
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...