Extra-3 ✨ခေတ်သစ်ဆင်ဒွဲလား/ ဂါဝန်အောက်ကနဂါး (အမွှေပေါ့)

7K 113 37
                                    

ဟိုရှေးရှေးတုန်းက မြရိပ်ဝါစံအိမ်မှာ ရုပ်ရည်သန့်သန့် အရပ်ခြောက်ပေနီးပါးရှိပီး မိန်းမချောချော၍ ဖြူဥနုဖတ်နေကာ အသန့်အပြန့်ကြိုက်လွန်းသည့် အနေအတ္တကျော်ဆိုတဲ့ လူငယ်လေးတစ်ယောက်နေထိုင်သတဲ့။ သူက ပန်းချီဆွဲရတာကို ဝါသနာပါပီး အထူးသဖြင့် အဆောက်အအုံပုံတွေ ရဲတိုက်တွေ တံတားတွေ နန်းတော်တွေကို ဆွဲရတာပို ဝါသနာပါသတဲ့။ သူ့ရဲ့အိမ်မက်က အခမ်းအနားဆုံးသော ရဲတိုက်ကြီးကို တည်ဆောက်ဖို့ပါတဲ့။

အတ္တကျော်ဟာ စိတ်ညစ်စရာကောင်းအသံကျယ်လွန်းသည့် ပထွေးဖြစ်သူ စိုင်းကောင်းမြတ် နှင့် သူ၏ သားနှစ်ယောက်ဖြစ်သော ဂုဏ်ခန့်ထည် ဆက်ခွန်းသ တို့နှင့်အတူ နေထိုင်သတဲ့။ ဂုဏ်ခန့်ထည်က မင်းသမီးလေးတပါးအမြဲဖြစ်ချင်ခဲ့သူဖြစ်ပီး အတ္တကျော်ကအလွန်မြှောက်ပေး‌ေလ့ရှိတယ်။ ဆက်ခွန်းသ နဲ့က မတည့်ဘဲရှိလေရာ သူတို့နှစ်ယောက်ထက် အတ္တကျော်က အသက်ကြီးပီး အဖေ့ထက်ပင် ဩဇာညောင်းနေသဖြင့် တော်ရုံပြန်ပြောရဲ။

‌တစ်နေ့ အိမ်နောက်ဘက်တွင် လက်ဖက်ရည်လေးသောက်လိုက် ‌မုန့်စားလိုက်ဖြင့် အတ္တကျော် ပန်းချီဆွဲနေစဉ် ဆက်ခွန်းသက အဝတ်ခြင်းကြီးတစ်ခြင်းနှင့် ရောက်လာခဲ့တယ်။

"ကိုနေ...ကျွန်တော်တို့ကို...အဝတ်လျှော်ပေးအုံး..."
အတ္တကေ‌ျာ်က ပန်းချီ‌ဆွဲနေတဲ့ စာအုပ်နှင့် ခဲတံကို ချထားလိုက်ပီး ဆက်ခွန်းသရှေ့ ခါးထောက်ရပ်လိုက်ကာ မေးဆတ်ပြလျက်

"မင်းမှာ...လက်မပါဘူးလား...ကိုယ်ဝတ်တာ ကိုယ်လျှော်လေ..." ဟု ပြောသောအခါ ဆက်ခွန်းသက မျက်နှာထားတင်းသွားတော့သည်။

"ကျွန်တော်တို့လျှော်တာမပြောင်လို့...ကိုနေ..အဝတ်တွေကျ တောက်ပပြောင်လက်နေတာပဲ...ဒီအိမ်မှာနေပီးတော့ ဒါလေးတော့ လျှော်ပေးသင့်ပါတယ်.."

"မင်းတို့လက်တွေက...ဘာလုပ်မလို့လဲ...ငရုပ်သီးထောင်းမလို့လောက်ဘဲ...သုံးတာလား...ကွကိုယ်လျှော်ကြ..."

"မလျှော်နိုင်ဘူး...ကိုနေ ကျွန်တော်တို့အိမ်ရောက်လာကတည်းက...ဘာမှမလုပ်ဘဲ ရေချိုးလိုက် သနေလိုက်..စာဖတ်လိုက် ပန်းချီဆွဲလိုက်နဲ့...အချိန်ကုန်နေတာ..ဒါလေးတော့ လုပ်ပေးသင့်တယ်..."

Unexpected Sparks : The Love (Book-1)Where stories live. Discover now