✦:•.*~Part (32)ᯓ♡⁠˖ 🍅🌶️

6.6K 142 23
                                    

မိုးမြင့်သာ အနားမှာဆိုလျှင် သူနားမကြားသည့်ကိစ္စကိုဟန်ဆောင်နေစရာမလို။ ပေါ့ပေါ့ပါးပါး သာမန်လူလိုနေလို့ရသည်။ သူ့အတွက်ဖိအားမရှိ။ မိုးမြင့်သာက အစားလည်းကြီးသဖြင့် သူနဲ့စိတ်တူကိုယ်တူရှိသည်။ ဟိုဟာဆိုလျှင်လည်း ရတယ် စားမယ် ဒီဟာဆိုလည်း ချကွာ ဆိုသည့် သူမျိုးဖြစ်သဖြင့် ဝယ်ကျွေးရသည့်သူ့အဖို့ အားရစရာ။ ဟော့ပေါ့ဆိုင်က ပြန်လျှင် မိုးမြင့်သာ အိမ်ပြန်တော့မည်၍ ဗညား ကြံဖန်ရတော့သည်။ သူမနဲ့ အနည်းငယ်အတူထပ်ရှိချင်သောကြောင့်ဖြစ်သည်။ ရေခဲမုန့်စားရင်း လူငေးနေသည့် မိုးမြင့်သာကို ှဗညားက

"မိုးမြင့်သာ...ဒီနားမှာ Game ကစားလို့ရတဲ့ နေရာရှိတယ်..သွားဆော့မလား.."ဟု ဆွယ်သောအခါ ချာတိတ်မက မငြင်း။

"တကယ်လား..သွားမယ်လေ..."

"အိုခေ..."

အချိန်ကို ဗညားကြည့်လိုက်တော့ ည ၇နာရီထိုးနေလေပီ။ မိုးမြင့်သာ မျက်နှာကိုကြည့်လိုက်‌ေသာအခါသူမက ပေါ့ပေါ့ပါးပါးသာ။
ဟော့ပေါ့ဆိုင်က ထွက်လာပီးနောက် Game ကစားမည့်ရုံသို့နှစ်ယောက်သားလမ်းလျှောက်လာသည်။ ဘေးချင်းယှဥ်သွားနေသဖြင့် လက်ဖမိုးချင်း တစ်ချက်ချက် ထိမိသွားလေရာ ဗညားက အနည်းငယ် နေရခက်သွားသော်လည်း စားပီးသမျ‌ှကို စမြုံ့ပြန်‌ေပြာနေသော မိုးမြင့်သာက သိပ်သတိမထားမိ။ ဗညားက သူ၏ လက်ချောင်းများဖြင့် မိုးမြင့်သာလက်ချောင်းများကိုထိရန်ကြိုးစားကြည့်သည်။ စိတ်ဆိုးသွားမလားဟုလည်း တွေးရပြန်သေးသည်။ သူ မိုးမြင့်သာ၏ လက်ကို ကိုင်ချင်စိတ်ဖြစ်လာသဖြင့် ခွင့်မတောင်းတော့ဘဲ သူမလက်ကို ဆုပ်ထားလိုက်သည်။ မိုးမြင့်သာက လမ်းလျှောက်နေရင်းမှ ရပ်သွားပီး သူ့ကိုမော့ကြည့်သောအခါ ဗညားက ရယ်လိုက်သည်။

"ကိုယ် ဟော့ပေါ့...ဝယ်ကျွေးထားတာပဲ...လက်လောက်‌တော့ ကိုင်လို့ရတယ်မလား..."

"အဲလိုကြေးလား..."

"ဘာလဲ...မရဘူးလား..."

"မရဘူး..."

"ဘော်ဒါအချင်းချင်း...လက်ကိုင်တယ်..သဘောထားလေ..."
မိုးမြင့်သာ လက်ဖဝါးက သာမန်မိန်းခလေးတွေလို မနူးညံ့ပဲ အနည်းငယ်ကြမ်းသော်လည်း နွေးထွေးသည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now