သူတို့၏ ဂေါင်ကြီးအလုပ်ခရီးမှ Company သို့ပြန်ရောက်နေသောကြောင့် ဝမ်းသာမိသော်လည်း ပြန်ရောက်လာသည့်ရက်မှစ၍ ယနေ့အထိ မနားတမ်းအလုပ်ဆက်လုပ်နေရသဖြင့် အားလုံး တညီတညွှတ်တည်း ဝမ်းသာ ဝမ်းနည်းဖြစ်နေတော့သည်။ အတ္တကျော်မှာ သူ မရှိစဉ်အတွင်း လုပ်ထားသည့်အလုပ်ကိစ္စများကို အသေးစိတ်ပြန်စစ်နေ၍ စိုင်းကောင်းမြတ်နှင့်လည်း ကျန်ရှိသည့်အလုပ်ကိစ္စများအတွက် အစည်းအဝေးထိုင်နေသည်။ အရင်းနှီးဆံုးသူငယ်ချင်းနှစ်ယောက်ဖြစ်သည့်အပြင် အလုပ်နှင့် ပတ်သက်လျှင်လည်းလုပ်ဖော်ကိုင်ဖက်ကောင်းဖြစ်သည့်အတွက် အထွေအထူးသိပ်ဆွေးနွေးစရာပင်မလို။ စိုင်းကောင်းမြတ်က မသန်ပေမယ့် စွမ်းတယ် ဆိုတဲ့စကားအတိုင်း သူမရှိသည့်အချိန်တွင် အလုပ်များကို စေ့စပ်စွာလုပ်ထားလျက် မှတ်တမ်းများလည်းသိမ်းထားသည်။
အတ္တကျော်က မနက်ဖြန် ဆောက်လုပ်ရေးကွင်းသို့ ပြန်မည်ဖြစ်သောကြောင့် လုပ်စရာရှိသည်များ ကနေ့အပြီးသတ်ရမည်။ ထို့ကြောင့် သူဌေးက အတ္တကျော်ရှိနေတုန်း အထွေထွေအစည်းအဝေးတစ်ခုကျင်းပ၍ နောက်ထပ် ပရောဂျက်များအကြောင်း ထပ်ချဲ့မည့်လုပ်ငန်များအကြောင်းဆွေးနွေးတိုင်ပင်သည်။ အစည်းအဝေးပီးနောက် ဒီဇိုင်းဌာနမှ လူများအားလုံးနှင့် အတူ အတ္တကျော် နေ့လည်စာသွားစားသည်။ သူဝယ်ကျွေးသည်တော့မဟုတ်။ စိုင်းကောင်းမြတ်မွေးနေ့ဖြစ်သောကြောင့် အတူသွားစားခြင်းဖြစ်သည်။
ဘိုကင်ကြိုတင်ထားသည့် စားသောက်ဆိုင်သို့ရောက်သောအခါ အဆင်သင့်ပြင်ထားပေးသော စားဝိုင်းတွင်အသီးသီး ဝင်ထိုင်ကြပီး ထမင်းလက်ဆုံစားကြရင်း ထွေရာလေးပါးပြောကြတော့သည်။ သို့သော် အတ္တကျော်ကို အားလုံးကတစ်စုံတစ်ခုမေးရန်ရှိနေသည့်ပုံပေါက်နေကြသဖြင့် ထမင်းစားနေရာမှ ဇွန်းခရင်းကို ခနချလိုက်ပီး အကုန်လုံးကို တစ်ချက်ဝိုက်ကြည့်ကာ "ငါ့ကို...မေးစရာတစ်ခုခုရှိနေကြတာလား..." ဟု စကားစပေးလိုက်လေသည်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၍ မေးခွန်းအားမေးထုတ်ရန် အားယူနေတော့သည်။ ပီးမှ သီရိဇော်က
"ကိုနေ...မိုးမြင့်သာ နဲ့ တွဲနေပီဆို..." ဟု စမေးလိုက်သည်။
"ဟုတ်တယ်လေ......ဒါနဲ့ အဲဒါ ဘယ်သူပြော...ငါ လိုင်းပေါ်လည်းမတင်မိပါဘူး..."
ဂုဏ်ခန့်ထည်က အလိုက်တသိဖြင့် အားလုံးကြား ခေါင်းပုလိုက်သဖြင့် ဖွသည့်သူမှာ ဘယ်သူမှန်း အတ္တကျော် အတပ်သိလိုက်သည်။
![](https://img.wattpad.com/cover/380252159-288-k4390.jpg)
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...