✦:•.*~Part (35)ᯓ♡⁠˖

4.8K 151 27
                                    

"အရှင်မင်းသမီးလေးကို...ကျွန်တော်မျိုးသေတဲ့အထိ ချစ်သွားမှာ...ကျွန်တော့်နှလုံးသားက အရှင်မင်းသမီးအတွက်ပဲ..."

မိုးမြင့်သာက ရင်ဝကို မြှားအချောင်း‌ေပါင်းများစွာစိုက်နေသည့်နာကျင်မှုခံစားနေရသည့် မျက်နှာမျိုးပြုလုပ်၍ ပန်းချီချိုဆီ လက်ပေးကာ ဟန်ပါပါသရုပ်ဆောင်နေသည်။ နံဘေးက သူများလည်း အာရုံစိုက်ကြည့်နေကြ၍ ပိတ်ရက်ဖြစ်သောကြောင့် လူပိုစုံနေသည်။ 

"အဲလစ်..ရှင် ကျွန်မကို ရဖို့ ဘာပဲလုပ်လုပ်..ကျွန်မရှင့်ကို...ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး..အဲလစ်..ကျွန်မနှလုံးသားက အရှင် ဝီလီယံအတွက်ပဲ...ကျေးဇူးပြုပီး...လူ့အသက်တွေသတ်ဖြတ်တာကို..ကစားစရာလိုမလုပ်ပါနဲ့တော့..."

ပန်းချီချိုက ဝမ်းနည်းနာကျည်းသည့်အမူအယာလုပ်ကာ မိုးမြင့်သာအား ကျောခိုင်းပစ်ပီးနောက် ml အဖြစ်သရုပ်ဆောင်ရသော သီဟသစ်၏ ရင်ခွင်ထဲတိုးထားသည်။

သီဟသစ်က ပန်းချီချိုအား ဖက်ထားပီး မိုးမြင့်သာအား သူ၏ ဓားဖြင့်ရွယ်ကာ " ဖီယာဆိုက ကနေ့ကစပီး ငါရဲ့ ဇနီးမယားဖြစ်လာမယ်... ငါတို့တိုင်းပြည်ကို စစ်ကြေညာတဲ့ ရန်သူဖြစ်တဲ့ မင်းရဲ့ အသက်ငွေ့ငွေ့ နှလုံးသားကို..မြေမြှုပ်ပီး မြို့ရိုးမှာ အစောင့်အဖြစ်ထားစေ...နှစ်ပေါင်းများစွာ ကမ္ဘာတည်သ၍ နန်းတော်မြို့ရိုးကိုစောင့်ရှောက်ပီး မကျွတ်မလွတ်ဘဝဖြင့်နေစေ...နောက်ဆုံး မင်း အမိန့်..."ဟု အာဏာသံဖြင့်ပြောပီးနောက် ချုပ်‌ေနှာင်ထား‌ေသာ မိုးမြင့်သာ၏ ရင်ဝကို ဓားဖြင့်စိုက်ချလိုက်လေသည်။

"အား..."ဟု အသ‌ံနက်ဖြင့် မိုးမြင့်သာ‌တစ်ချက်အော်လိုက်ရင်း လဲကျသွားကာ အသက်ငွေ့ငွေ့သာကျန်နေတော့၍ သီဟသစ်က သူမ၏ ရင်ကိုခွဲလိုက်သည့်ဟန်သရုပ်ဆောင်ပီး နှလုံးကို ဆွဲထုတ်လိုက်သလိုပြုလုပ်သည်။ ထို့နောက် ကိုင်မြှောက်လိုက်ကာ အောင်ပွဲခံနေသလို အမူအယာလုပ်နေတော့သည်။ 

အားလုံး၏ လက်ခုပ်သံများက ဆူညံစွာထွက်ပေါ်လာပီး ပြဇာတ်တွင်ပါဝင်သူများက မိုးမြင့်သာတို့နှင့်အတူလာရပ်လျက် ဦးညွှတ်နှုတ်ဆက်သည့်အမူအယာကိုပါ အစမ်းလေ့ကျင့်‌ရလေသည်။ ဇာတ်ညွှန်းဆရာ လေပြေသွေးက အကျေနပ်ကြီးဖြစ်နေပီး ယခုပြဇာတ်က သေချာပေါက်အောင်မြင်မှာဟု လက်မထောင်ရင်း ပြောနေတော့သည်။ ယနေ့က Saturday ဖြစ်၍ အထိမ်းအမှတ်ပွဲမှာ Monday တွင်ကျင်းပမည်ဖြစ်လေရာ ပါဝင်သော အနုပညာဖျော်ဖြေသည့်အဖွဲ့များအားလုံး ယနေ့ နောက်ဆုံးပိတ် အချောသတ်လေ့ကျင့်ရလေသည်။ မုန့်ဈေးရောင်းမည့်သူများ အခြား activity ပြုလုပ်၍ ရန်ပုံငွေရှာသည့်သူများအားလုံးလည်း ကိုယ်စီသက်ဆိုင်ရာ လုပ်စရာရှိသည့်အရာများ လာလုပ်ရသဖြင့် ကျောင်းပိတ်ရက်ဖြစ်သော်လည်း ကျောင်းဝင်းထဲ လူစည်နေသည်။ ပြဇာတ်တိုက်ပီးသောအခါ မိုးမြင့်သာက အားလုံးကိုနှုတ်ဆက်ထားခဲ့ကာ  maid Cafe ပြင်နေသည့် Ec တို့ဆီတစ်ချက်သွားကူရမည်ဖြစ်‌ေသောကြောင့် ဦးထုပ်ဆောင်းလျက် ပြဇာတ်အခန်းမှထွက်လာသည်။ နေပူသဖြင့် ဦးထုပ်ငိုက်ငိုက်ဆောင်းထားပီး ဝတ်စားထားသည်ကလည်း ကောင်လေးတစ်ယောက်လိုဖြစ်ကာ  အညိုနက်ရောင် ဒူးတိဘောင်းဘီနှင့် စတေကာ တစ်ခုပါသော အသားရောင် တီရှပ်ကိုတွဲဖက်ဝတ်ဆင်လျက် ဆံပင်ကို မသပ်မရပ်စီးထားသည်။ မသိသည့်သူသာဆိုလျှင် မိုးမြင့်သာအား ကောင်လေးတစ်ယောက်ဟုပင် ထင်မည်မှာသေချာသည်။ ‌နေပူထဲ လမ်းလျှောက်သွားနေသော မိုးမြင့်သာကို တစ်ယောက်ယောက်က နံဘေးမှအတူ‌လာလျှောက်ကာ ထီးလာမိုးထားပေးသည်။ သူမ ဦးထုပ်ကိုအနည်းငယ်ဆွဲလှန်ပီး ကြည့်လိုက်တော့ ဆက်ခွန်းသဖြစ်နေသည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now