"လူစုံပီလား..."
"စုံပီ...."
"Ec တွေပါလား....ဒီထဲမှာ...ပါရင် လူစစ်ပေးပါအုံး..."
"ပါတယ်...."
သီဟသစ် ဆုမြတ်သွင်နှင့် အတူ အခြား မေဂျာမှာ Ec လေးယောက်က မိမိတို့ မှန်လုံကားထဲရှိ ကျောင်းသား/သူ ဦးရေကို လူစစ်နေသည်။"၇၉ ယောက်...ပြည့်တယ်...ဦးလေး..."
သီဟသစ်က အစိုးရဌာနမှ မိမိတို့ကို ကြီးကြပ်၍ လာခေါ်သော အရာရှိဦးလေးအား ခပ်ပြောင်ပြောင်အမူရာဖြင့် အလေးပြုပြလျက် အားရပါးရ ပြောလေသည်။"79 ယောက်...ဆိုတော့...တစ်ယောက်က ဘယ်မတုန်း..."
သီဟသစ်က လူထပ်ရေပြန်သည်။"ဟုတ်သား...တစ်ယောက်က ဘယ်သူလဲ....လူ ၈၀ ပြည့်ရမှာကို...တစ်ယောက်လိုနေတာ...ကိုယ့်အနီးနားက လူတွေကို ကြည့်ပေးနော်..."
"မြန်မြန်...အခြားကားတွေကအဆင်သင့်ဖြစ်နေပီ..."
အားလုံးက ကိုယ့်အနီးနားက သူကို Check ပြန်လုပ်ကြသော်လည်း လိုနေသည့် သူကိုအခုထိမသိ။ခေါင်းကြီးလာကြပီ။ ဘယ်အဖျက်ကောင်က အခုထိမရောက်လာလည်းမသိ။ အခြားအင်ဂျင်နီယာကျောင်းမှ Ec များက ကားတံခါးဆီသို့လာရောက်ကျ၍ သူတို့အဆင်သင့်ဖြစ်ကြောင်း လာအကြောင်းကြားကြသည်။
"holy Moly....ဘယ်ကောင်တုန်းဟ..."
သီဟသစ်က ခေါင်းကို ကိုင်၍ ထအော်လိုက်ပီး နေရာတစ်နေရာလွတ်နေသည်ကို သတိထားမိလိုက်သည်။
"အဲဒါ..ဘယ်သူ့နေရာလဲ..."
"နင့်နေရာလေ..."
အားလုံးတပြိုင်တည်းဝိုင်းအော်ကြသဖြင့် သီဟသစ် အစကနေ လူပြန်ရေသောအခါ လူက ကွက်တိ ၇၉ ယောက်ဖြစ်ပီး နောက်ဆုံးအနေနဲ့ မိမိကိုပါ ပြန်ထည့်ရေလိုက်လေရာ လူ ၈၀ ပြည့်လေသည်။ လက်စသတ်တော့ သူ့ကိုယ်သူထည့်မရေခြင်းဖြစ်ပီး အမှန်တကယ် အဖျက်ကောင်က သူဖြစ်သည်။ ခေါင်းကုတ်၍ တဟဲဟဲလုပ်နေသဖြင့် တစ်ကားလုံးက သူများ၏ အကြည့်ဖြင့် ဝိုင်းဆဲခြင်းကို ခံလိုက်ရသလို ဝိုင်းဝန်း၍ချီးမောထောပနာအပြုခံလိုက်ရသည်။
ကား ငါးစီးလုံး လူစစ်ပီး၍ လူပြည့်ပီဖြစ်သဖြင့် အရာရှိဦးလေးက အရှေ့ဆုံးတွင် ရပ်ထားသော Mini Van ထဲဝင်၍ ဉီးဆောင် ထွက်ခွာသွားသည်။ အနောက်မှ Express Car ငါးစီးက ရပ်ထားရာမှ အစဉ်လိုက်ထွက်ခွာလာပီး ထို Mini Van လေး၏ ဦးဆောင်မှုနောက်မှ ညီညာစွာလိုက်ပါလာသည်။
![](https://img.wattpad.com/cover/380252159-288-k4390.jpg)
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...