မေလအကုန် ဇွန်လထဲသို့ဝင်လာပီဖြစ်သဖြင့် မိုးမြင့်သာ တတိယနှစ် စတက်ေနရပီဖြစ်သည်။ ဒုတိယနှစ် စာမေးပွဲကျပီဟု ထင်ခဲ့သော်လည်း ကံကောင်းစွာဖြင့်အောင်သွားသည်။ စီနီယာနှစ်ထဲရောက်လာသဖြင့် ပိုးပန်းချီချို နှင့်တစ်ဆောင်တည်းဖြစ်သွားကာ ပန်းချီချိုကတော့ နောက်ဆုံးနှစ် ဖြစ်သည်။ မိုးဦးဝင်လာပီဖြစ်သဖြင့် မိုးများ တပြိုက်နှစ်ပြိုက်ရွာပီးနောက် အနည်းငယ်ပြန်ပူနေသည်။ Hoodie ဝတ်မအားတော့ ဘဲ ေဒါ်မြကြည်သာ၏တိုက်တွန်းမှုကြောင့် Body Fit တီရှပ်နှင့် ချည်စကတ်အရှည်လေးဝတ်ထားမိသည်။ ဆံပင်လည်း ဂုတ်အထိ ရှည်လာပီဖြစ်ပီး အတ္တကျော်ပြန်လာလျှင် ဆံပင်ဆိုင်သွားမည်ဟု တွေးထားသော်လည်း အခုထိ စာမလာ အကြောင်းမကြား။ ပြန်မလာခဲ့။ သူမ နှင့် တကယ်စိမ်းသွားပီလားဟု တွေးလာမိသည်။ လွန်ခဲ့သော တစ်လကတော့ အတ္တကျော်၏ ဆံပင်ညပ်လိုက်သည့်ပုံတင်ထားသည်ကို တွေ့လိုက်ရပီး ဆံပင်ကေအသစ်နှင့် သန့်ပြန့်နေသည်။ မိန်းမချောချောသည့် သူက အခုတော့ တကယ့်ယောက်ကျားသားတစ်ယောက်၏ ရုပ်ရည်မျိုး။ နဂိုအားဖြင့်လည်း ကြည့်ကောင်းသူဖြစ်သဖြင့် အရင်က ဆံပင်ရှည်ထက် အခု ဆံပင်တိုက ပိုလိုက်သည်ဟု သူမထင်သည်။
စကတ်ရှည်ဝတ်ရသည်မှာ သိပ်နေသားမကျသဖြင့် လမ်းလျှောက်လျှင် အနည်းငယ်ရှုပ်နေသလို ခံစားရသည်။ စကတ်ရှည်နှင့် sneakerမှာ မလိုက်ဖက်ဟု ဆိုကာ ဒေါ်မြကြည်သာက သူမနှင့် မြို့မဈေးသွား၍ ပေါ့ပေါ့ပါးပါးဝတ်ရန် အဝတ်အစားအချို့လိုက်ဝယ်ေပးပီး ကတ္ထီပါ ဖိနပ် အပါးလေးကိုပါ တပါတည်းဝယ်ပေးသည်။ အရင်ကတော့ အတ္တကျော်နှင့်သာ အဝတ်ဆိုင်သွားဖြစ်၍ သူမအဝတ်ရွေးတိုင်းရန်ဖြစ်စကားများနေကြ။ အခုလို သူမ မိန်းခလေးလို ဝတ်ထားသည်ကို မြင်လျှင်မည်သို့တုန့်ပြန်မည်မသိ။ နွေရာသီတစ်ခုလုံးလည်း ဘယ်မှမသွားဖြစ်ဘဲ အိမ်တွင်သာ အောင်းနေမိ၍ Game နှိပ်လိုက် တခါတလေ ပိုးပန်းချီချိုလာခေါ်သဖြင့် ဆက်ခွန်းသတို့နှင့်အတူ မုန့်ထွက်စားလိုက် ထိုမျှသာ။ ဂုဏ်ခန့်ထည်ကလည်း အလုပ်တစ်ဖက်နဲ့မို့ သူမ ကိုယ်ရေးကိုယ်တာအတွက် သိပ်မခေါ်ချင်။ အရင်နွေရာသီတုန်းက အတ္တကျော်က ပိတ်ရက်ရှည်ရသဖြင့် Eng စာသင်ပေးရင်း ပုံဆွဲနည်းအခြေခံများကိုပါ သင်ပေးသည်။ရန်ဖြစ်လိုက် ပြန်တည့်လိုက်ဖြစ် ဖြတ်သန်းခဲ့လေရာ ပြန်တွေးကြည့်တော့ အရမ်းသတိရသည်။ တစ်ဖက်ကတော့ သူမကို သတိရသည့်ပုံမပေါ်။ စပိန်မှာနေဖို့ဆုံးဖြတ်လိုက်သလားမသိ။ ထိုကဲ့သို့ တွေးမိပြန်တော့လည်း ရင်ထဲတနေရာရာက နာကျင်သည်။ ဒေါ်ဒေါ်ဆီကိုလည်း ဖုန်းအလာကကျဲသွားသည်။ စကတ်ဝတ်ထားသည်မို့ နေသားမကျသဖြင့် ဖြည်းညင်းစွာ လမ်းလျှောက်လာနေစဉ် နံဘေးတွင် ပြိုင်ဘီးတစ်စီးထိုးလာရပ်၍ သူမအား နှုတ်ဆက်သည်။
YOU ARE READING
Unexpected Sparks : The Love (Book-1)
Romanceအများက Gay ဟုသတ်မှတ်ထားသော လှလှပပနေတတ်သည့် ခပ်ထက်ထက် ခပ်စွာစွာ Architect အကိုကြီး နှင့် ယောက်ကျားလေးဆန်ဆန် ကောင်မလေးတို့ကြား တစ်မိုးေအာက်တည်း အတူနေရာမှ သံယောဇဉ်ဖြစ်လာပီး မမျှော်လင့်ထားတဲ့ မီးပွားလေးတစ်ခုပေါ်ပေါက်လာတယ်။ # Naughty Scene တွေပါမှာမို့...