✦:•.*~Part (33)ᯓ♡⁠˖

5.1K 135 16
                                    

အစည်းအဝေးပြီးကတည်းက အတ္တကျော် ဌာနသို့မပြန်ဘဲ Company ၏ ခေါင်းမိုးထပ်သို့တက်ကာ တစ်ယောက်တည်းဆေးလိပ်ထိုင်သောက်နေသည်။
ညက ကိစ္စကိုပြန်တွေးမိရင်း "ငါတော့ ထိန်းမနိုင်သိမ်းမနိုင် လုပ်ချလိုက်ပြန်ပီ "ဟု ဆံပင်ကိုထိုးဖွရင်းညည်းနေမိ တော့သည်။ စိုင်းကောင်းမြတ်၏ အကြံပေးချက်ကြောင့် မိုးမြင့်သာကို အကွာဝေးတစ်ခုထား၍ နေမည်ဟု ဆုံးဖြတ်ထားသော်လည်း သူမနှင့်ပတ်သက်သည့် တပ်မက်စိတ်ကိုမထိန်းနိုင်။

မနက်နိုးတော့ မိုးမြင့်သာက သူ့ကိုကျောခိုင်းအိပ်နေ၍ သူကလည်း သူမအိပ်ယာထက်မှ နှိုးလာသည်။ ခေါင်းကိုသာတစ်ချက်နမ်းခဲ့ပီး အိပ်ယာထလာခဲ့ကာ သူမက အိပ်မောကျလျက်ရှိသည်။ သူမ ပေးသည့် UFO အရုပ်လေးကို မိမိအခန်းထဲရောက်သောအခါ ခုတင်ပေါ်တွင်တင်ထားခဲ့၍ ရေချိုးပြင်ဆင်ပီးနောက် အလုပ်သို့စောစောထွက်လာလိုက်သည်။ စိတ်ထိန်းပါမည် ဆိုသည့်ကြားမှ ဖြစ်သွားသည့်အတွက် ကိုယ့်ကိုကိုယ်လည်းရှက်ရသည်။ သူမ နှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်နည်း။ အရှက်မဲ့စွာ ခပ်တည်တည်နေဖို့ရန်ပင်ရှိတော့သည်။

ဟိုတွေးဒီတွေးဖြင့်ပင် သူမ ကလပ်မှထွက်ပြေးသွားသည့်ညကို အတွေးကပြန်ရောက်သွားပီး အဲညက စိုင်းကောင်းမြတ်နှင့်ပြောခဲ့သော စကားဝိုင်းကိုလည်း မှတ်ဉာဏ်တို့ဖြင့်ပြန်ဖော်နေမိသည်။
ထိုညက အတ္တကျော် မိုးမြင့်သာကိုတညလုံးလိုက်ရှာခဲ့သည်။ အစအနေလုံးဝမတွေ့သဖြစ် ဆပ်ပြာသည် လင်ပျောက်ဖြစ်ကာ ဘာလုပ်ရဘာကိုင်ရမှန်းမသိ။ မိုးမြင့်သာ၏ သူငယ်ချင်းများကိုလည်း သူ မသိသဖြင့် အတွေးကြပ်ရတော့သည်။ သူတခါမှ ထိုမျှ စိတ်မပူဖူး။ သူမသာ တစ်ခုခုဖြစ်သွားလျှင် ဆိုသည့်အတွေးက သူ့ကိုပိုကြောက်လန့်လာစေသည်။ ဆက်ခွန်းသ န‌ှင့် အခြားသူများလည်း လိုက်ရှာပေးကြရာ မိုးမြင့်သာကို လုံးဝမတွေ့ဟုသာ အကြောင်းပြန်ကြသည်။ မနက် 2နာရီထိုးလောက်အထိ လိုက်ရှာနေခဲ့ပီး ရှာရင်းဖြင့်ပင် စိုင်းကောင်းမြတ် နှင့် နံ့သာဖြူ အတူနေသည့် လုံချင်းအိမ်ယာသို့ရောက်လာခဲ့သည်။

ထိုအချိန်တွင် လူက အတော်ပင်စိတ်မတည်မငြိမ်ဖြစ်နေပီဖြစ်ကာ မယားပူမိသည် ဆိုသည့်စကားကို ထိုအခါမှ ကောင်းကောင်းသိတော့သည်။ လင်ပူ သားပူ မယားပူ ထိုအပူက ဘာအပူနဲ့မှမတူ။ ကြံရာမရသည့်အဆုံး သူငယ်ချင်းဖြစ်သူနိုးနေမလားဟု ရလို ရငြားဖုန်းထိုးကြည့်သောအခါ စိုင်းကောင်းမြတ် တရေးနိုးနေသည်နှင့် ကြုံတော့သည်။ စိုင်းကောင်းမြတ်ကို ကိစ္စအားအကျဉ်းချုပ်ပြောပြလိုက်‌ေသာအခါ အိမ်သို့ဝင်ခဲ့ရန် ချောချောမွေ့မွေ့ဖိတ်ခေါ်သဖြင့် အပူလုံးကြီးနေသော အတ္တကျော်တစ်ယောက် သူငယ်ချင်းကိုလည်းအပူမျှရန် ကားကိုချိုးကွေ့၍ စိုင်းကောင်းမြတ်အိမ်သို့ဝင်လာသည်။ အိမ်သို့ရောက်သော် နံ့သာဖြူက တံခါးလာဖွင့်ပေး၍ အပူမိနေသော အတ္တကျော်ကိုတွေ့ရသောအခါ အနည်းငယ်အံ့ဩသွားပုံရသည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now