✦:•.*~Part (39)ᯓ♡⁠˖ Update ( The Past)

5.9K 166 37
                                    

"အစည်းအဝေးကို...ဒီမှာပဲ လက်စသတ်ကြတာပေါ့...ကိုနေ အကြံပြုထားသလိုပဲ အချို့ကျောင်းသားတွေအတွက် လက်တွေ့ သရုပ်ပြမှုကို အင်တာဗျူးဖြေတဲ့နေရာမှာထည့်ပေးဖို့ အထက်ကို ကျွန်တော်တင်ပြလိုက်ပါမယ်...ဒါဖြင့်..အချိန်ပေးကြလို့ အားလုံးကိုကျေးဇူးတင်ပါတယ်..."

အစိုးရဌာနမှ ဆောက်လုပ်ရေးကို ဦးစီးတာဝန်ယူထားသူ အရာရှိက စာရွက်များကို သေချာပြန်စီရင်း အစည်းအဝေးကိုလက်စသတ်လိုက်သည်။ အားလုံး အသီးသီး အစည်းအဝေးအခန်းထဲမှ ထွက်လာကျပီး အတ္တကျော်လည်း သူ့ လက်ဆွဲအိတ်ကိုယူကာ အခန်းထဲမှထွက်လာသည်။ သူ့အား စကားလာပြောနေကြတဲ့ အခြားဌာနမှသူများကို စကားပြောနေရင်း လမ်းလျှောက်နေသောအခါ အနောက်မှ တစ်စုံတစ်ယောက်က သူအကျီ‌ေကာ်လံကို ဆောင့်ဆွဲလိုက်သည်။

"ဟာ..ဒီအဖိုးကြီးတော့..."

သူ့ကိုထိုသို့လုပ်နိုင်သည့် တစ်ဦးတည်းသောသူ။ အခြားသူများလည်း အတ္တကျော် အနောက်မှဆောင့်ဆွဲခံလိုက်ရသောကြောင့် ထိတ်လန့်သွားကြပီး ထိုပုဂ္ဂိုလ်ကိုမြင်သောအခါ အလိုလိုအရိုအသေပြုလျက်သား။ သူကတော့ ခပ်တည်တည်ပင်။

"ဆရာကြီး ဝန မြင့်မိုရ်.."

အနီးက ဖြတ်သွားသည့်သူများကပါ ထိုပုဂ္ဂိုလ်ကြီးအား အရိုအသေပြုနှုတ်ဆက်ကြသည်။ အားလုံးဝိုင်းဝန်းနှုတ်ဆက်နေသောကြောင့် ဆရာကြီး ဝန မြင့်မိုရ်ဆိုသူက အားလုံးကို အသိမှတ်ပြုကြောင်း လက်ဟန်ပြ၍ ပြန်နှုတ်ဆက်နေသည်။ အတ္တကျော်ကတော့ ပေတေတေရုပ်ဖြင့် အနီးတွင်သာရပ်လျက်။ နှုတ်ဆက်ထွက်ခွာသွားကြပီးနောက် ဦးဝန မြင့်မိုရ် နှင့် အတ္တကျော် နှစ်ယောက်တည်းသာကျန်ခဲ့ပီး လေထုက ချက်ချင်းကိုပြောင်းလဲသွားသည်။

"ခွေးကောင်လေး...ငါရောက်နေတာကို..လာနှုတ်ဆက်ရကောင်းမှန်းတောင်မသိဘူး.."

"ကျွန်တော်မှ..မသိတာ....ပီးတော့...အခုမှ အစည်းဝေးပီးတာကြီး.."

နေအတ္တကေ‌ျာ်‌ဆိုသည့် နာမည်ကြီး Genius Architecture ကြီးက ထိုပုဂ္ဂိုလ် ဝန မြင့်မိုရ်ရှေ့တွင်တော့ ကျောင်းသားလေးမျ‌ှသာ။

Unexpected Sparks : The Love (Book-1)Where stories live. Discover now