Part (41) ࣪𓏲ּ ᥫ᭡ ₊ ⊹ ˑ ִ ֶ 𓂃 I Wanna Be Yours ♡

5.5K 164 49
                                    

အတ္တကျော် အနေနဲ့ မိုးမြင့်သာကို အားနာနေမိသည်။ ချစ်သူ ဖြစ်သည်မှာ တစ်ပတ်လောက်သာရှိသေးသည်။သူ့အတွက် သူမက ပထမဆုံးချစ်သူ‌ကောင်မလေး ဖြစ်သလို သူမလည်း ပထမဆုံး ရည်းစား ရော ချစ်သူ‌ေရာ စထားရသည်ဖြစ်သဖြင့် သူတို့ကြားအချိန်အတူကုန်ဆံုးဖို့လိုအပ်သည်။ သို့သော် မြို့ပြစီမံကိန်း ဆိုက် သို့ သွားရန် အထက်က အမိန့်ကျလာပီဖြစ်လေရာ သူ၏ ချစ်သူအသစ်စစ်စစ်‌ေသးသေးလေးန‌ှင့် ချစ်ကြည်နူး တစ်တီမတူးခင် ခွဲရမည်ဖြစ်ပီး မိုးမြင့်သာ Internship ဆင်းမှ လူချင်းတွေ့ရတော့မည်။ အတ္တကျော်ရင်ထဲနေမကောင်း။

အခုလည်း မနက်ဖြန် ဆိုက်သို့သွားရတော့မည်ဖြစ်သဖြင့် ပိတ်ရက်မို့လိုအပ်သည်များထွက်ဝယ်ရင်း မိုးမြင့်သာန‌ှင့် ရုပ်ရှင်အတူကြည့်ပီးနောက် Date ရန်အစီစဉ်ဆွဲလိုက်သော်လည်း မိမိ၏ အလိုက်မသိသော ချစ်သူအသစ်လေးက ဂုဏ်ခန့်ထည်ကို ဖုန်းဆက်ပီးခေါ်လိုက်ချလိုက်လေရဲ့။ ရုပ်ရှင်အတူကြည့်ရန် နှင့် သုံးယောက်မဆုံဖြစ်တာ ကြာပီ ဟူသော အကြောင်းပြချက်ဖြင့်ဖြစ်သည်။ ဂုဏ်ခန့်ထည်ဆိုတာကလည်း အလိုက်မသိ ချက်ချင်းကို ပေါက်ချလာသည်။ ရောက်လာကတည်းက မိုးမြင့်သာနှင့် ပုလင်းတူ ဘူးစို့ဖြစ်နေပီး စကားများနေသည်။ ပုံမှန်အားဖြင့် အတ္တကျော် ငေါက်ပစ်မိမည်ဖြစ်သော်လည်း မနက်ဖြန်မှစပီး မိုးမြင့်သာနှင့် ခွဲရတော့မည်ဖြစ်သဖြင့် အောင့်အင်းထားလိုက်ရသည်။

Internship ကြေညာသည့်နေ့က မိုးမြင့်သာကို လူအများကြီးရှေ့ " Can I call you mine" ဟု ဖလစ်လိုက်ပီး နောက်ဆုံးတော့ ကိုယ့်ရဲ့တစ်ဦးဆိုင်နာမ်ဖြစ်သွားပီဖြစ်ကြောာင်း မျဉ်းတစ်ကြောင်းခြား၍ အားလုံးရှေ့ သူမကို အသိပေးခဲ့သည်။ အားပေးသံများ ညံ့သွားခဲ့ပီး မိုးမြင့်သာကို ဝိုင်းစနေကြသည်ကို စင်ထက်ကနေ တွေ့ခဲ့ရသည်။ သူမကို မီးစလိုက်ထိုးထားသဖြင့် ဝေးနေသော်လည်း သူမ၏ ရှက်နေသည့်ပုံစံလေးကို မြင်တွေ့ခဲ့ရပီး အတ္တကျော် အသဲတယားယား။

ကြေညာပေးရမည့် သူများကျန်သေးသဖြင့် ပွဲကို ပြန်ထိန်းလိုက်ရပီး အတ္တကျော်လည်း အနည်းငယ် ဖောရှောလုပ်လိုက်ရသည်။ မသိသည့်သူများအတ‌ွက်ကတော့ Internship ပါသွားသဖြင့် ကြောင်အနေသည့် ကျောင်းသူလေးကို နေအတ္တကျော်ဆိုသည့် လူကြီးစလိုက်သည်ပေါ့။ အစခံရသည့်ကောင်မလေးကတော့ နာမည်ကြီး မိမိုက်တ‌ဲ့ အကိုကြီးဆီက ဖလစ်သလို အစခံရသဖြင့်  ကံကောင်းတယ်။ ထိုမျှသာ။ ဆိုလိုရင်းကိုတော့ သက်ဆိုင်သူ သူမ သေချာသိပါသည်။

Unexpected Sparks : The Love (Book-1)Where stories live. Discover now