⟢ : Part (8) !?★.ᐟ

4.3K 108 8
                                    

အတ္တကျော်တစ်ယောက် ဆောက်လုပ်ရေးကွင်းထဲ အလုပ်ကိစ္စပြောပီးနောက် အနီးအနားဝန်းကျင်ကိုလည်ပတ်ချင်သဖြင့် ဂုဏ်ခန့်ထည်ကိုမခေါ်တော့ပဲ ခြေလျင်ချီတက်ခဲ့ရာ လမ်းတစ်ဝက်တွင် မိုးရွာလေသည်။နီးစပ်ရာ ကော်ဖီဆိုင်တွင် မိုးဝင်ခိုရင်း ကော်ဖီမှာကာ ဝင်ထိုင်နေလိုက်သည်။ ကော်ဖီဆိုင်လေးမှာ Cozy ဖြစ်ကာ သင်းပျံ့နေသော ကော်ဖီရနံ့များကြောင့် နွေးနွေးထွေးထွေးဖြင့် သဘောကျချင်စရာပင်။ မိမိက Architect တစ်ယောက်ဖြစ်သလို interior Designer ဖြစ်သော‌ေကြာင့် ကော််ဖီဆိုင်အခင်းအကျင်းကို ထုံးစံအတိုင်း အကဲခတ်နေလေရာ ဖုန်းဝင်လာသည်။ ဖုန်း Screen ကိုကြည့်လိုက်တော့ မောင်ဇော်ဆီက ဖြစ်သည်။

"ဟဲလို...."

တစ်ဖက်က ထွက်လာသည့်အသံမှာ ခွေးချီသွားလျှင်တောင် မှတ်မိမည့်အသံမျိုး။

"အင်း...မောင်ဇော်...ပြော..."

"မိုးတွေရွာနေတာလား..."

"ဟုတ်တယ်....အပြင်ရောက်နေတာ..အခု.."

"ဖုန်းပြောလို့မရရင်...နောက်မှပြန်ခေါ်လိုက်မယ်လေ..."

"ရပါတယ်....မိုးသည်းနေလို့...ကော်ဖီဆိုင်ထဲခနဝင်ထိုင်နေတာ..."

"ကိုခန့်နဲ့လား..."

"မဟုတ်ဘူး...တစ်ယောက်တည်း..."

"Aww...."

"တစ်ပတ်ကြာမှ...ဖုန်းလှမ်းဆက်ဖို့..သတိရတာလား...မယ်မင်းကြီးမ.."

"သတိရပါတယ်...အဖေ့ဝပ်ရှော့မှာ ဝင်ကူပေးနေတာ....ညဘက်အလုပ်သိမ်းတာနောက်ကျတော့...အိမ်ရောက်တာနဲ့ တန်းအိပ်ရော...ဖုန်းတောင်မကြည့်ဖြစ်ဘူး...ဒီနေ့က ပိတ်တော့...ဖုန်းခေါ်လိုက်တာ..."

"ဘယ်တော့...ပြန်လာမှာလဲ.."

"ကျောင်းဖွင့်ခါနီးမှ...ပြန်လာတော့မယ်..."

"အကြာကြီးပဲ..."

"ဘာလဲ....ကျွန်မ..မရှိလို့ပျင်းနေတာလား..."

"အေးပေါ့ဟ....မြန်မြန်ပြန်လာ..."

"ဟုတ်ကဲ့ပါရှင်"

မိုးမြင့်သာ၏ ရီသံအားကြားလိုက်ရကာ "....မြို့ပြရဲ့မိုးရွာချိန်ကို မကြုံဖူးသေးဘူး...ဘယ်လိုနေလဲ..."

Unexpected Sparks : The Love (Book-1)Where stories live. Discover now