34(Unicode)

16 0 0
                                    

[ညီလာခံခန်းမ]

''ခမည်းတော်.........''

အိမ်ရှေ့စံက မင်းကြီးအားအရိုအသေပေးသည်။

''ကိုယ်တော်မအားဘူး.........''

''​ဝေတိုင်းပြည်အစွန်က မြို့ငယ်လေးဆီသွာမလို့လားခမည်းတော်......''

မင်းကြီးကသူ့အားအသာအယာခေါင်းငြိမ့်ပြလေသည်။

''အဲ့ဒီ့ခရီးစဥ်ကို......သားတော်ကိုလွှဲအပ်ပေးပါ.......''

သူအရဲစွန့်စွာတောင်းဆိုတော့ မင်းကြီးဘေးရှိအမတ်တစ်ဦးက

''မရပါဘူးအိမ်ရှေ့စံ......အရှင်မင်းကြီးသွားမယ့်ခရီးစဥ်က.....မရိုးရှင်းပါဘူး......''

''ခမည်းတော်........သားတော်ကိုလွှဲအပ်ပေးပါ......သားတော်နားလည်ပါတယ်.......ဝေတိုင်းပြည်ရဲ့အစွန်ကို ရေလမ်းခရီးနဲ့သွားပြီး.......ဝေတိုင်းပြည်ရဲ့ဧကရီနဲ့......အားကျိန်းကိစ္စဆွေးနွေးဖို့ဆိုတာ.........သားတော်ရဲ့ညီငယ်လေးအရေးကိစ္စက.....သားတော်ရဲ့အရေးကိစ္စပါဘဲ......''

မင်းကြီးကတိတ်ဆိတ်နေသည်။ မင်းကြီးဘေးမှ အမတ်ကတော့

''ဒီကိစ္စကိုဘယ်လိုသိတာပါလဲအိမ်ရှေ့စံ......အရှင်မင်းကြီးကမသိစေချင်လို့လျို့ဝှက်ထားတာပါ......''

''သားတော်......ခမည်းတော်ဆီလာတုန်းကကြားခဲ့တာပါ........ခမည်းတော်သာလက်ခံမယ်ဆို.......မင်းသားမင်းသမီးတွေအကုန်လုံးကို.....ခေါ်သွားချင်ပါတယ်.......''

'ဒုန်း'

''မသင့်တော်လိုက်တာ.......''

မင်းကြီးကအိမ်ရှေ့စံအား

''ဒီခရီးကလျို့ဝှက်ထားတာဖြစ်ရမှာ.........အိမ်ရှေ့စံကတစ်လောကလုံးကိုသိစေချင်တာလား......''

''စိတ်လျော့ပါခမည်းတော်......သားတော်အကုန်မပြောရသေးပါဘူး.......''

မင်းကြီးက သူစကားကြောင့်စိတ်ထိန်းလိုက်ကာ

''ပြော......ကိုယ်တော်နားထောင်နေတယ်......''

''လန်အာနဲ့စစ်သူကြီးရှတို့ကိုရင်းနှီးအောင်.....နောက်ပြီး ကလေးတွေလည်းအပန်ဖြေရအောင်.....ဝေတိုင်းပြည်ကနေ တရက်လောက်ရွက်လွှင့်ရင် ရောက်သွားမယ့်.........ကျွန်းကိုပို့ပေးချင်တာပါ.....သူတို့ကိုပို့ပေးထားတဲ့အချိန်အတွင်းမှာ.......ဦးရီးတော်နဲ့...သားတော်က.....ဝေတိုင်းပြည်ရဲ့ဧကရီနဲ့တွေ့ပြီး.....အားကျိန်းကို လေ့ကျင့်ပေးဖို့အတွက် တောင်းဆိုခဲ့ပါမယ်......ဒါဆို.....ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ပစ်လိုက်သလိုပါဘဲ.......ခမည်းတော်......အားလုံးအတွက်ကောင်းမွန်တဲ့ကိစ္စတွေပါ........''

The Secret Of Red Rose (Complete)Where stories live. Discover now