ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၂)
နွယ်၆နာရီထိုးတာနဲ့ထမင်းစားရန်အောက်ထပ်ကိုဆင်းလာခဲ့သည်။
နွယ်လှေကားကနေဆင်းပြီးဘယ်သွားရမှန်းမသိတာနဲ့ပဲဒီအတိုင်းရပ်နေမိသည်။
ထိုအချိန်ကောင်မလေးနှစ်ယောက်နွယ့်ရှေ့ကနေပန်းကန်တွေသယ်ရင်းဖြတ်သွားသည်။
"ဟိုလေ...နေပါဦး..."
ကောင်မလေးတွေလှည့်ကြည့်သည်။
"ဘာကိစ်စလဲ..."
"ဟိုဟာ...ထမင်းစားခန်းကဘယ်မှာလဲရှင့်..."
"ဪ...ထမင်းစားဖို့လား...ငါတို့နောက်လိုက်ခဲ့..."
"ဟုတ်..."
နွယ်သူတို့နောက်လိုက်သွားခဲ့သည်။
"ဟဲ့...သူကဘာလဲ..."
"မသိဘူးလေ....လာ..မြန်မြန်..ငါတို့နောက်ကျနေပြီ...အကိုလေးအော်လိမ့်မယ်..."
"ဪ...အေး...မြန်မြန်သွားရအောင်..."
ထိုနှစ်ယောက်တိုးတိုးတိုးတိုးနဲ့နွယ်မသိအောင်တိတ်တိတ်လေးပြောနေကြသည်။
သူတို့ရှေ့ကနေမြန်မြန်လျှောက်တော့နွယ်လည်းနောက်ကနေဘာမှန်းမသိမြန်မြန်လိုက်ခဲ့ရသည်။
နွယ်ထမင်းစားခန်းအပေါက်ရောက်တော့ရပ်ကြည့်နေမိသည်။
ဇာတ်လမ်းထဲမှာပဲမြင်ဖူးနေကြစားပွဲအရှည်ကြီး။ထိုပေါ်မှာလဲပန်းအိုးတွေကောဟင်းပန်းကန်တွေကောအများကြီးပဲ။
နွယ်တစ်ခါမှမမြင်ဖူးခဲ့ဘူး။ဇာတ်လမ်းတွဲတွေထဲမှာတော့မြင်ဖူးပေမဲ့အခုလိုမျက်စိရှေ့မှောက်မှာဆိုတော့အံသြစရာပဲ။
ထိုအချိန်ဦးအောင်နွယ့်နားကိုရောက်လာသည်။
"သမီးနွယ်လာလေ...."
"ဟုတ်...."
နွယ့်ကိုစားပွဲဝိုင်းရဲ့ဘယ်ဘက်ထိပ်မှာထိုင်ခိုင်းသည်။
"ကဲ...ကဲ....အားလုံးလာကြ...."
ဦးအောင်အလုပ်သမားတွေကိုခေါ်လိုက်သည်။
ဟိုနေရာလာဒီနေရာကလာနဲ့အလုပ်သမား၆ယောက်၇ယောက်လောက်ရှိမယ်။
"သမီးနွယ်...ဦးအောင်အလုပ်သမားတွေနဲ့မိတ်ဆက်ပေးမယ်..."
"ဟုတ်ကဲ့..."
"အားလုံးပဲ...နားထောင်ကြ...ဒါမမကြီးရဲ့တူမလေး..ပိုးသားနွယ်...သူကအခုကစပြီးဒီအိမ်မှာနေမှာ...သေချာဂရုစိုက်ကြ..."
"ဟုတ်ကဲ့ပါ...."
"သမီး...ဒါကတော့ဒေါ်လေးချိုလို့ခေါ်တယ်...သူကဒီအိမ်ကဟင်းချက်...ဟိုဘက်ကသူ့သမီးကြွယ်ကြွယ်..."
"ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်..."
"ဟုတ်ကဲ့ရှင့်မမလေးပိုးသားနွယ်..."
"နွယ်လို့ခေါ်ပါ...မမလေးဆိုတာကတော့တစ်မျိုးကြီးပဲ..."
"ဟုတ်ကဲ့ရှင့်..."
"ကဲ...ကဲ..ထားဦး...ဒါကတော့ကိုကိုနဲ့ညီညီ..သူတို့ခြံစောင့်တွေ...အားလုံးခိုင်းလို့ရတယ်...သူတို့လုပ်ပေးလိမ့်မယ်...အပြင်တွေဘာတွေလဲလွှတ်လို့ရတယ်..."
"ဟုတ်ကဲ့...ကိုကိုနဲ့ညီညီတွေ့ရတာဝမ်းသာပါတယ်နော်..."
"ဝမ်းသာပါတယ်...မမေလး..."
သူတို့ပြိုင်တူပြောတော့နွယ်သဘောကျမိသား။အမွှာလေးတွေကျနေတာပဲ..
"ဒါကတော့ပပနဲ့အသဲ..သူတို့ကိုအကုန်ခိုင်းလို့ရပါတယ်...အဝတ်လျှော်မီးပူတိုက်တို့..
သန့်ရှင်းရေး...ကြိုက်သလိုခိုင်းပါ..."
"ဘာကြိုက်သလိုခိုင်းလဲ...အသဲတို့ကဘာလို့လုပ်ပေးရမှာလဲ..."
"ဟုတ်တယ်...ဘာလို့လုပ်ရမှာလဲ...သူ့ဘာသာလုပ်ပါစေပေါ့...သူလဲအလုပ်လုပ်ဖို့လာတာမလား..."
"ဘယ်လိုပြောလိုက်တယ်...နင်တို့တွေမမကြီးပြောထားတယ်လေ...နင်တို့ကိုစကားလျှောက်မပြောရဘူးလို့...
ဒါသူ့တူမနော်...အလုပ်ထုတ်ခံချင်နေတာလား...စကားကိုမဆင်မခြင်နဲ့..."
"မဟုတ်ပါဘူး....မမကြီးကဘာမှမပြောထားတော့သူ့တူမလို့ယုံလို့မရလို့ပါ...."
"ဘာ...."
"...ဦးအောင်ကသာပြောနေတာ...မမကြီးလည်းမရှိဘူး..သူ့တူမဆိုတာဘယ်လိုယုံရမလဲ...ခိုးဝင်လာရင်ဘယ်လိုလုပ်မလဲ..."
"နင်တို့တွေ...ပြောလေ..ကဲလေ...ပါ့လား...အားနာစရာကြီး..."
"ရပါတယ်...ဦးအောင်ရယ်...သူတို့မယုံရင်
နွယ့်မှသက်သေရှိပါတယ်..."
"ရှိတာလား...ဘယ်မှာလဲပြ...."
"ပပ..."
ဦးအောင်ဒေါသထွက်ပြီးပပကိုအော်လိုက်သည်။
အားလုံးလည်းကြောင်ကြောင်တောင်တောင်နဲ့ရပ်ကြည့်နေမိသည်။
ထိုစဉ်....
"ဘာဖြစ်နေတာလဲ...."
"ဪ...အကိုလေး..."
အကိုလေးလိုအသံကြားတာနဲ့အခြေအနေတွေကရုတ်တရက်ပြောင်းလဲကုန်သည်။
လူတွေတုတ်တုတ်မှမလှုပ်။
ဒါနဲ့ပဲနွယ်အကိုလေးဆိုသူကိုကြည့်လိုက်မိသည်။
"ဟင်...အကို..."
မင်းထက်ပိုင်အထဲကိုလမ်းလျှောက်လာခဲ့သည်။
နွယ်မျက်လုံးတွေသူကလွဲပြီးဘာမှမမြင်တော့ပေ။သူလျှောက်လာသောခြေလှမ်းတွေကအစသေချာလိုက်ကြည့်နေမိသည်။
"အကို...တီတီလေးရဲ့သားလား....အံသြစရာပဲ...."
နွယ်စိတ်ထဲမှာတော့ပြောမပြတတ်အောင်ပျော်ရွှင်သွားမိသည်။
အကိုနဲ့တွေ့ရမယ်လို့တစ်ခါမှစိတ်မကူးခဲ့ဘူး။အခုလိုတွေ့ရတာကတကယ်ကိုအံသြစရာပဲ။
မင်းထက်ပိုင်ဝင်လာပြီးထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်။
"ဒေါ်လေးချို...ဘာရပ်လုပ်နေတာလဲ...ထမင်းလာထည့်လေ..."
"ဟုတ်ကဲ့...အကိုလေး...."
နွယ့်ကိုကြည့်လည်းမကြည့်နှုတ်လည်းမဆက်ပေ။
"သမီးလေးနွယ်...ဒါကတော့အကိုလေး
မင်းထက်ပိုင်...မမကြီးရဲ့သားပါ..."
"ဟုတ်ကဲ့..."
"အကိုလေး..သူကပိုးသားနွယ်ပါ...မမကြီးရဲ့တူမ..."
"ဟုတ်လား..."
အကိုသူ့ရှေ့တွင်ကာထားသောပန်းအိုးတွေကိုရှောင်ပြီးခေါင်းစောင်းကာနွယ့်ကိုလှမ်းကြည့်သည်။
ရုတ်တရက်ဆိုတော့နွယ်လည်းဘယ်လိုနေရမလဲမသိပြုံးသာပြလိုက်သည်။နွယ့်ကိုတော့ပြုံးတောင်မပြပြန်လှည့်သွားသည်။
"သူတောင်အားမရလို့...သူတူမပါခေါ်ပြီးအပိုင်စီးချင်နေပြီလား...."
"ရှင်...."
"ကြွယ်ကြွယ်ဒီဟာတွေသိမ်းလိုက်တော့....ငါတော်ပြီ...."
"အကိုလေး...အကိုလေးဘာမှမစားရသေးဘူးလေ..."
"ထပ်ပြောရမှာလား...."
"မဟုတ်ပါဘူးသိမ်းလိုက်ပါ့မယ်.."
အကိုကနွယ့်ကိုသိပ်ကြည်ပုံမပေါ်။
မင်းထက်ပိုင်ထိုင်ခုံမှထသွားသည်။ပပနဲ့အသဲဆိုသောကောင်မလေးတွေကပန်းကန်တွေကိုသယ်ရင်းနွယ်ကိုမျက်စောင်းထိုးကြည့်နေသည်။
နွယ်လည်းဘာမှမလုပ်မိပါဘူး။ဒါဘယ်လိုအခြေအနေကြီးလဲ။
နွယ်ထမင်းကိုသာဆက်စားနေသည်။
သူမအကိုကိုတွေ့ရုံနဲ့တင်တော်တော်ကျေနပ်နေပါပြီ။အခုတော့တူတူပါတစ်အိမ်ထဲနေရမှာဆိုတော့ဒီလောက်ပျော်စရာဘာရှိဦးမလဲ။
နွယ်စားပြီးတော့ပန်းကန်ကိုယူပြီးမတ်တပ်ရပ်လိုက်သည်။
"မမလေးနွယ်ဘာလို့လဲ..."
"ပန်းကန်ဆေးမလို့ပါ..ဘယ်နားဆေးရမလဲ..."
"အယ်...ရပါတယ်...ကြွယ့်ကိုပေးကြွယ်သိမ်းပေးပါ့မယ်...မမလေးမလုပ်ပါနဲ့..."
"ရပါတယ်...နွယ်လုပ်နေကျပါ...နွယ်လုပ်တတ်ပါတယ်..."
"မလုပ်ပါနဲ့...မမလေးရယ်....ဦးအောင်ကဆူပါလိမ့်မယ်...ပေး...ကြွယ့်ကိုပေးပါ..."
"ဟုတ်ပါတယ်...မမလေး...ကြွယ်ကြွယ်ကိုသာပေးလိုက်ပါ..."
"ဟာဒေါ်လေးချိုကလည်း...နွယ့်ဘာသာဆေးပါ့မယ်...နွယ်ဒီကိုလာတာအလုပ်လုပ်ဖို့ပါ..."
"ဒါပေမဲ့...မမလေးရယ်..."
"ကဲပါ....ကြွယ်ကြွယ်...နွယ့်ကိုဆေးမဲ့နေရာသာလိုက်ပြပေးနော်..."
ကြွယ်တို့သားအမိလည်းနွယ့်ကိုမငြင်းနိုင်တာနဲ့ပဲသဘောတူလိုက်ရသည်။
"ကြွယ်နဲ့လိုက်ခဲ့ပါ...မမလေး..."
နွယ်ပန်းကန်တွေဆေးရင်းကြွယ်ကြွယ်နဲ့စကားဆက်မိသည်။
"မမလေးကသဘောကောင်းတယ်နော်...ဦးအောင်ပြောတုန်းကမမလေးကိုမမကြီးရဲ့တူမဆိုတော့မာနတွေကြီးနေမယ်ထင်နေတာ..."
"အယ်...မကြီးပါဘူး....နွယ်ကသူဋ္ဌေးသမီးလည်းမဟုတ်မာနကြီးနေရအောင်..."
"မသိပါဘူး...မမလေးသာသဘောမကောင်းရင်ကြွယ်တို့တော့ဟိုကငေါက်လိုက်ဒီကငေါက်လိုက်နဲ့ကြာရင်နားကွဲလိမ့်မယ်..."
"ဟီး...ဟီး...နွယ်ကမငေါက်တတ်ပါဘူး....မှားတယ်ဆိုရင်တော့ပြောတတ်တဲ့အကျင့်လေးပဲရှိတယ်...အဆင်ပြေတယ်မလား.."
"မှားတယ်ဆိုရင်တော့ပြောရမှာပေါ့...မမလေးကမှစာနာပေးတတ်သေးတယ်...အကိုလေးဆိုကြွယ်တို့ကိုမှားမှားမှန်မှန်ငေါက်နေတာ...ဒေါသကလည်းတအားကြီးတယ်..."
"ဟုတ်လား...."
"ဟယ်...မမလေးမသိဘူးလား...မမလေးတို့ကခင်တယ်မဟုတ်ဘူးလား...."
"မဟုတ်ပါဘူး...အခုမှသိတာ....တီတီလေးပဲသိဖူးတာ...သူ့တော့တီတီလေးရဲ့သားမှန်းမသိဘူး...."
"ဟုတ်လား....ကြွယ်ကသိတယ်ထင်နေတာ..."
"မသိပါဘူး...ဒါနဲ့သူကတော်တေယ်ဆိုးလို့လား..."
"ဆိုးတာပေါ့...ကြွယ်မှတ်မိသလောက်ဆိုအကိုလေးကစိတ်မထင်ရင်မထင်သလိုလုပ်တတ်တယ်...သူ့ကြည့်ရင်တော့ငြိမ်ကုတ်ကုတ်ကောင်လေးလိုထင်ရတယ်နော်...ဒါပေမဲ့မဟုတ်ဘူး...သူစာဖတ်နေတာတို့ဘာတို့သူပစ္စည်းပျောက်တာတို့ဘာတို့ဆိုအရမ်းစိတ်ဆိုးတတ်တာ...သူစိတ်မကြည်တဲ့နေ့ဆိုကမ္ဘာပျက်တာထက်ပိုဆိုးတယ်..."
"သူကအဲ့လောက်တောင်ဆိုးတာလား...."
"ဟုတ်...."
(ဒုက္ခပဲ...နွယ်ရေ...နင်ရဲ့crashလေးကတအားဆိုးတယ်တဲ့...နင်ထင်ခဲ့တာနဲ့မတူဘူးမလား...)
"ကြွယ်ကြွယ်...ဘာလုပ်နေတာလဲ...အမေ့ကိုလာကူဦးလေ...ဒီမှာမပြီးသေးဘူး..."
"ဟုတ်ကဲ့အမေ....မမလေးဒီမှာလည်းပြီးနေပြီဆိုတော့ကြွယ်သွားကူလိုက်ဦးမယ်နော်..."
"နွယ်လည်းလာကူမယ်..."
နွယ်ကြွယ်တို့သားအမိကိုဟင်းချက်ကူနေလေရာ၈နာရီတောင်ထိုးပြီ။
"ဝါး...."
"မမလေးအိပ်ချင်နေပြီလား...သွားအိပ်တော့လေ..."
"ရပါတယ်...မအိပ်သေးပါဘူး...နွယ်ကူလုပ်ရဦးမယ်..."
"ရပါတယ်...မမလေးရယ်...ဒါကြွယ်တို့လုပ်နေကြပါ...သွားပါ...မမလေးရယ်အိပ်ချင်နေပြီမလား..."
"ရပါတယ်...နွယ်အပေါ်တက်သွားရင်ပျင်းနေမယ့်အတူတူလုပ်ပေးပါ့မယ်..."
"မမလေးကတော့လေ..ပြောမရပါလား..."
"ပြောမရရင်မပြောပါနဲ့တော့နွယ်..သွားမှာမဟုတ်လို့..."
"လုပ်ချင်ရင်လည်းလုပ်ပါ့ရှင်..."
နွယ်ကူလုပ်နေရင်းစကားပြောကြရာသူတို့သားအမိကခင်ဖို့ကောင်းမှန်းသိလာခဲ့လေသည်။
ဒေါ်လေးချိုကသူ့အမျိုးသားမရှိတော့ကတည်းကကြွယ်နဲ့အတူဒီအိမ်ကိုရောက်လာသည်။
တီတီလေးကသူတို့ကိုစောင့်ရှောက်ပေးခဲ့တာအခုဆိုကြွယ့်တစ်သက်တောင်ရှိနေပြီ။
ကြွယ်ကဆယ်တန်းအောင်ပြီးကျောင်းဆက်မတက်ပဲဒီမှာပဲဒေါ်လေးချိုနဲ့အတူတူအလုပ်လုပ်နေလေသည်။
ကြွယ်ကသဘောကောင်းပြီးအလုပ်အတော်ကြိုးစားတဲ့ကောင်မလေးလေးတစ်ယောက်ပဲ။သူမ့အမေကိုလည်းတော်တော်လေးချစ်ရှာသည်။
သူတို့သားအမိချစ်နေကြတာမြင်ရတော့နွယ်လည်းအိမ်ကိုလွမ်းမိသား။
ဒီအချိန်ဆိုရွာမှာစကားပြောတုန်းပဲရှိသေးတယ်.လျှပ်စစ်မီးတွေရှိလာပြီဆိုတော့လူတွေလည်းအရင်လိုစောစောမအိပ်ကျတော့ဘူး။
နွယ်အိမ်ဘေးကကလေးတွေနဲ့ဒီချိန်ဆိုစကားပြောလို့ကောင်းတုန်း။
ကျောင်းတက်တုန်းကလည်းဒီချိန်ဆိုစာကျက်ရင်ကျက်လက်ဖက်သုပ်စားပြီးစကားများရင်များနဲ့...။
သတိရလိုက်တာ...တော်တော်သေးတယ်...ကြွယ်တို့သားအမိရှိသေးလို့...
"ဟဲ့...နင်တို့မအိပ်သေးဘူးဆိုလည်းစကားကိုတိုးတိုးပြောပါလား...အိပ်လို့ကိုမရဘူး..."
နွယ်တို့စကားပြောရင်းပပဝင်လာပြီးပြောတာနဲ့ပါးစပ်ပိတ်လိုက်ရသည်။
"ဘာအလုပ်မှမလုပ်ရပဲ...စကားပဲများနေ..."
"ဘာ...ငါတို့အလုပ်လုပ်နေတာနင်မမြင်ဘူးလား..."
"ငါတော့စကားများနေတာပဲမြင်တယ်..."
"ပပ..နင်တော့နော်..."
"ကြွယ်ရယ်တော်ပါတော့...သူတို့အိပ်မရလို့နေမယ်...အမတို့စကားမပြောပဲလုပ်ရအောင်..."
"ဟုတ်တယ်..စကားမများပဲမြန်မြန်လုပ်ကြ..."
ပပပြောပြီးထွက်သွားသည်။
"မမလေး...မမလေးမသိဘူးနော်...သူတို့ကအိပ်နေတာမဟုတ်ဘူး...ဇာတ်ကားကြည့်နေတာ...တမင်သပ်သပ်ကြွယ်တို့ကိုပြောသွားတာ..."
"ဟုတ်လား..."
"..သူတို့ကဆရာမကြီးတွေလုပ်ချင်နေတာ...
ကြည့်လို့ကိုမရဘူး..."
"သမီးရယ်...ဘာတွေစိတ်တိုနေတာတုန်း...သူတို့ဘာသာထားလိုက်ပါ..."
"အမေရယ်...သမီးကိုပြောရင်ခံနိုင်ပါသေးတယ်...မမလေးကိုပြောသွားတာလေ...သူတို့ကိုယ်သူတို့အထင်ကြီးနေကြတာ...စိတ်တိုတယ်...သွားပြောဦးမယ်..."
"ကြွယ်ရယ်တော်ပါ...နွယ်ဘာမှမဖြစ်ပါဘူး...
ဒေါ်လေးကပင်ပန်းနေပြီနဲ့တူတယ်...ဒီလောက်ဆိုဟင်းချက်ဖို့လုံလောက်မှာပါ...နွယ်တို့သိမ်းလိုက်ကြရအောင်...."
"ဪ...ဟုတ်ကဲ့..မမလေး..."
"သမီး...မမလေးကိုနွားနို့လိုက်ပို့ပေးလိုက်..."
"ဟုတ်..."
"ကြွယ်ရတယ်...နွယ့်ဘာသာယူသွားလိုက်မယ်..."
နွယ်နွားနို့ခွက်ကလေးကိုယူပြီးထမင်းစားခန်းအပြင်ကိုထွက်လာခဲ့သည်။
အပြင်ရောက်တော့ကြွယ်ပြောသလိုပဲပပနဲ့
အသဲဇာတ်လမ်းတွဲကြည့်နေသည်။
နွယ်လည်းမမြင်ယောင်ဆောင်ပြီးအပေါ်ထပ်ကိုတက်လာခဲ့သည်။
အပေါ်ထပ်ကတိတ်ဆိတ်နေတာပဲ...နွယ်အခန်းထဲမဝင်ချင်တာနဲ့ဝရန်းတာဆီလျှောက်လာခဲ့သည်။
လက်ထဲကနွားနို့ပူပူလေးကိုတစ်ငုံသောက်လိုက်ကောင်းကင်ကြီးကိုကြည်လိုက်နဲ့။
လမင်းကြီးရေ...နွယ်ဒီနေ့တော်တော်လေးပျော်တယ်သိလား...ဘာကြောင့်လဲဆို..အကိုနဲ့တွေ့ရတယ်...မထင်မှတ်ထားဘူး...ဒါပေမဲ့သူနဲ့ငါကမောင်နှမတွေဖြစ်သွားပြီ....ငါချစ်တဲ့သူကငါ့အကိုတစ်ယောက်ဖြစ်လာမယ်လို့မထင်ထားခဲ့ဘူး....
နွယ်နွားနို့လည်းကုန်ပြီ။ဒါနဲ့ပဲအခန်းထဲသို့ပြန်ရန်လှည့်လိုက်သည်။
"အမလေး...ဘုရား..."
အကိုပဲ။နောက်မှာရောက်နေတာဘယ်လောက်ကြာနေပြီလဲမသိဘူး။
"ဘာလဲလန့်သွားတာလား....ဘာတွေလုပ်ထားလို့မလုံမလဲဖြစ်နေရတာလဲ..."
"ရှင်...."
မင်းထက်ပိုင်ပြုံးလိုက်သည်။သူရဲ့အပြုံးကဘယ်လိုကြီးလဲ။ကြောက်စရာတောင်ကောင်းတယ်။
ပါးစပ်ကပြုံးပြနေပေမဲ့မျက်လုံးတွေကဝါးစားတော့မယ့်အတိုင်းပဲ။
"မင်းကဒေါ်သူဇာနွယ်ရဲ့တူမဆိုတော့သူလိုပဲ...ဒီအိမ်ကိုလာပြီးအပိုင်စီးဦးမလို့လား..."
"ရှင်..."
နွယ်သူပြောတာဘာမှနားမလည်တာနဲ့'ရှင်'တစ်လုံးကလဲဲပီးဘာမှမပြောမိချေ။
"ဘာလဲ...ရှင်..ဆိုတဲ့တစ်လုံးပဲတတ်တာလား...."
"မဟုတ်ပါဘူး...."
"ဒါဆိုငါပြောတာမှန်နေလို့ပြန်မပြောနိုင်ရတာလား..."
"မဟုတ်ပါဘူး....အကိုပြောတဲ့စကားတွေနွယ်နားမလည်ဘူး..."
"ဘာလို့နားမလည်ရမှာလဲ...ငါအမှန်အတိုင်းတွေပြောနေတာလေ....မင်းတို့တူကြီးနှစ်ယောက်ကတော်တော်ယုတ်မာတာပဲ..."
"အကိုရှင့်...ယုတ်မာတယ်ပြောရအောင်...နွယ်ဘာလုပ်မိလို့လဲ...နွယ်အခုမှဒီကိုရောက်တာ..နွယ်အကိုပြောတဲ့စကားတွေလည်းနားမလည်ဘူး..."
"ဟား..ဟား...လူကတော့ရိုးပုံနဲ့...မထင်ထားဘူးပဲပြန်ပြောတတ်မယ်လို့...မင်းအန်တီကတော်တော်လေးသင်ပေးထားပုံပဲ..."
"နွယ်ပြန်ပြောတတ်တာ..တီတီလေး
နဲ့မဆိုင်ပါဘူး......အကိုဘာတွေးနေသလဲတော့နွယ်မသိဘူး...ဒါပေမဲ့နွယ်ဒီကိုလာတာအလုပ်လုပ်ဖို့ပဲ..."
"ကောင်းပါပြီ...ဒါပေမဲ့မင်းကိုငါစောင့်ကြည့်နေမယ်...မင်းအန်တီကတော့ငါ့အဖေကိုရပြီးငါနဲ့ခွဲလို့ရသွားပေမဲ့...မင်းကတော့ဒီအိမ်မှာရှိတဲ့ဘယ်ပစ္စည်းမှမရစေရဘူး...ဘယ်လူမှလည်းမရစေရဘူး...."
မင်းထက်ပိုင်..နွယ့်ကိုကြောက်စရာအပြုံးကြီးပြုံးပြပြီးထွက်သွားလေသည်။
နွယ်ဘာတစ်ခုမှနားမလည်။အကိုကနွယ့်ကိုဘာလို့ရန်လိုနေရတာလဲ။
နွယ်ဘာမှမလုပ်မိပါဘူး။အခုတော့ပျော်ရမလိုငိုရမလိုပဲ။
အကိုကနွယ့်ကိုသဘောမကျဘူးနဲ့တူတယ်။
ပထမဆုံးနေ့မှာတင်အကိုနဲ့တွေ့ရတယ်..ဒါပေမဲ့အကိုကနွယ့်ကိုသဘောမကျဘူး။
😞😞😞😞😞😞😞😞😞😞😞😞😞😞
#မဒီ
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romanceအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်