အပိုင်း၇

80 5 0
                                    

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်

အပိုင်း(၇)
"အား...အကို...နွယ်လည်ပင်းအစ်နေပြီ..."
မင်းထက်ပိုင်နွယ့်ကိုခေါ်ပြီးသူ့အခန်းထဲကိုရောက်လာခဲ့သည်။
"ချိန်း..."
အခန်းတံခါးကြီးကိုကြမ်းကြမ်းတမ်းတမ်းပိတ်လိုက်တာနွယ်တောင်တော်လေးလန့်သွားသည်။
အခန်းထဲရောက်တာနဲ့နွယ့်ကိုကုတင်ပေါ်ကိုတွန်းချလိုက်တာနွယ်မှာအိပ်ရာပေါ်မှာပုံပုံလေးလဲကျသွားသည်။
"ဘာလို့လဲအကို..."
"မင်းကိုတစ်ခါတည်းပြောထားမယ်....မင်းကငါပိုင်တဲ့လူ...အရာအားလုံးကိုမင်းစိတ်တိုင်းကျလုပ်လို့မရဘူး...အဲ့ဒါကိုမင်းသိတယ်မလား..."
"နွယ်...သိပါတယ်..."
"အေး....နောက်ဆို...ငါကလွဲပြီးမင်းဘယ်သူ့ကိုမှဧည့်ခံစရာလည်းမလိုဘူး...စကားပြောစရာလည်းမလိုဘူး..."
"အဲ့ဒါအကို့သူငယ်ချင်းမို့နွယ်လည်းစကားပြောမိတာပါ..."
"ငါသူငယ်ချင်းဆိုလည်းငါ့ဘာသာပြောမယ်...မင်းကဒီအိမ်နဲ့ဘာမှမဆိုင်ဘူး...မင်းအဲ့လိုကိစ္စတွေလုပ်စရာလည်းမလိုဘူး...မင်းကဒီကိုခဏလာတဲ့ဧည့်သည်ပဲ...ဧည့်သည်ကဧည့်သည်လိုနေပေါ့...ဘာလို့ဝင်လုပ်နေရတာလဲ.."
မင်းထက်ပိုင်ပြောတဲ့စကားကနွယ့်ရင်ကိုအစိမ်းလိုက်ဖဲ့ကြွေနေသလိုပဲ။
"ဪ...ဟုတ်သားပဲ...နွယ်ကဧည့်သည်ပါ...နောက်ဆိုဝင်မပါတော့ပါဘူး...
နွယ့်ဆိုကမျက်ရည်တွေဝဲနေတဲ့အကြည့်တွေကိုမင်းထက်ပိုင်ခံစားရပေမဲ့သူဥပေက္ခာပြု့
လိုက်တယ်။
"ကောင်းတယ်...မင်းကိုယ့်မင်းသိတာပေါ့...မင်းကိုအခုထိငါ့ညီမတစ်ယောက်လို့မသတ်မှတ်နိုင်သေးဘူး...နောက်လည်းမသတ်မှတ်ဘူး...ဘယ်တော့မှလည်းဖြစ်လာမှာမဟုတ်လို့...ဒီအိမ်မှာအမြဲနေရမယ့်..လူတစ်ယောက်လိုမပြု့မူပါနဲ့..."
နွယ်ဘာမှကိုပြောမထွက်တော့ဘူး။
"မင်းအဒေါ်လိုမျိုးပစ္စည်းဥစ္စာတွေကိုမပိုင်ယူချင်စိတ်ပေါ်လာလိမ့်မယ်...နောက်ထပ်လည်းငါမင်းတို့ကိုမပေးနိုင်တော့ဘူး..."
တီတီလေးကိုအသက်ထက်ချစ်တဲ့နွယ်သူမတီတီလေးကိုထိရင်တော့မခံနိုင်ဘူး။
ရုတ်တရက်ထပြီးမတ်တပ်ရပ်လိုက်သည်။
"အကို....နွယ့်တီတီလေးကိုအဲ့လိုမပြောပါနဲ့..."
"ဘာလို့မပြောရမှာလဲ...မင်းအဒေါ်ကဟုတ်နေတာပဲလေ..."
"မဟုတ်ဘူး..နွယ့်တီတီကအဲ့လိုမဟုတ်ဘူး...အကိုပြောနေသလိုတီတီလေးကမကောင်းတဲ့သူမဟုတ်ဘူး...နွယ်ဘာမှမသိပေမဲ့တီတီလေးကိုယုံတယ်...."
"ဪ.....မင်းကမင်းတီတီလေးကိုသိပ်ယုံနေတယ်ပေါ့လေ..."
"ယုံတယ်...တစ်လောကလုံးကနွယ့်တီတီလေးကိုလူဆိုးမကြီးလို့ပြောနေရင်းတောင်မှတီတီလေးလူကောင်းဆိုတာနွယ်ယုံတယ်..."
"ဟုတ်မှာပေါ့...တူကြီးနှစ်ယောက်တစ်ကျိတ်ထဲတစ်ဉာဏ်ထဲကိုယုံမှာပေါ့..."
"အကို..ဘာပြောလိုက်တယ်...."
"မင်းကြားသလိုပဲ...ဒီမယ်ပိုးသားနွယ်..."
မင်းထက်ပိုင်နွယ့်ရဲ့ဆီကိုတဖြည်းဖြည်းနဲ့တိုးလာခဲ့သည်။
နွယ့်ဆီတဖြည်းဖြည်းတိုးလာတာနဲ့နောက်ဆုတ်ရာနွယ်ကုတင်ပေါ်သို့လဲကျသွားသည်။
ဒါတောင်မင်းထက်ပိုင်နောက်မဆုတ်သေး။
နွယ့်ဆီကိုဆက်တိုက်တိုးလာပြီးလဲကျနေတဲ့နွယ့်အပေါ်မှာလက်ထောက်ပြီးငုံ့ကြည့်သည်။
ဘေးကလက်နှစ်ဖက်ကြားထဲမှာနွယ်ကြောင်ကြောင်တောင်တောင်လေးနဲ့ကြည့်နေမိသည်။
နွယ်နားရွက်နားကိုတိုးတိုးလေးစကားလာပြောတယ်။
"မင်းယုံရင်နေ...မင်းတီတီလေးလူဆိုးမဆိုတာငါမရရအောင်သက်သေရှာပြမယ်...စောင့်ကြည့်လိုက်..."
နွယ်အကိုနဲ့ဒီလောက်ထိမနှီးကပ်ဖူးဘူး။
စိတ်တိုတာထက်ရှက်စိတ်ကပိုပြီးတိုးလာတယ်။
ဒါပေမဲ့ဘယ်ရမလဲ။နွယ့်ကိုအဲ့လိုလာလုပ်မှာတော့နွယ်လည်းဘယ်ခံမလဲ။
နွယ်မင်းထက်ပိုင်ရဲ့အင်္ကျီဂုတ်ကိုလှမ်းဆွဲလိုက်သည်။ပြီးနောက်မင်းထက်ပိုင်နားရွက်နားလေးကိုကပ်ပြီး
"စိတ်ချ...အကိုဘယ်တော့မှသက်သေရှာတွေ့မှာမဟုတ်ဘူး...ဘာလို့လဲဆိုနွယ့်တီတီလေးကလူကောင်းမို့ပဲ..."
နွယ်ပြောလိုက်တဲ့စကားကြေညင့်မင်းထက်ပိုင်နွယ့်ကိုသေချာစိုက်ကြည့်လိုက်သည်။
နှစ်ယောက်လုံးအကြည့်ချင်းယှဥ်ပြိုင်နေတာနဲ့ကိုနွယ်အပေါ်ကနေထဖို့မင်းထက်ပိုင်မေ့နေလေရဲ့။
မင်းထက်ပိုင်နွယ့်မျက်နှာပေါ်မှာဖုံးနေတဲ့ဆံပင်စကိုဖယ်ပေးလိုက်သည်။
ထိုလုပ်ရပ်ကနွယ့်ကိုရင်ခုန်သွားစေတယ်။
(ဘာလဲ..အကို့မျက်လုံးတွေကဘာပြောနေတာလဲ...ငါလုံးဝနားမလည်နိုင်ဘူး)
"ဒေါက်...ဒေါက်..ဒေါက်..."
အခန်းအပြင်ကတံခါးခေါက်သံကြားမှသူတို့အသိဝင်လာခဲ့သည်။
"အကို...ဖယ်..."နွယ်ရှက်ရှက်နဲ့မင်းထက်ပိုင်ကိုတွန်းလွှတ်လိုက်လေသည်။
မင်းထက်ပိုင်လည်းရှက်သွားသည်။
သူ့ကိုသူတောင်အဲ့လိုလုပ်မိတယ်ဆိုတာသတိမထားမိလိုက်ဘူး။
နွယ်လည်းရှက်ပြီးကုတင်ပေါ်မှာထထိုင်လိုက်သည်။
"အကိုလေး...အကိုလေး...စားစရာရပြီ..."
"အေး...အေးဝင်ခဲ့..."
"ဟုတ်ကဲ့..."ကြွယ်တံခါးဖွင့်ပြီးအခန်းထဲသို့ဝင်လာခဲ့သည်။
ခုတင်ပေါ်မှာနွယ်ထိုင်နေတာကိုအံသြပြီးကြည့်နေသည်။
"အကိုလေး...ထမင်းကြော်..."
"အေး...ထားခဲ့..."
"မမလေးနွယ်ကဒီရောက်နေတာပဲ...အမေကပျောက်လို့လိုက်ရှာခိုင်းနေတာ...ဒါနဲ့မမလေးဆံပင်တွေကဘာဖြစ်ထားတာလဲရှုပ်ပွနေတာပဲ..."နွယ်ရှက်ပြီးဆံပင်ကိုသပ်ချလိုက်သည်။
မင်းထက်ပိုင်လည်းဟိုဘက်လှည့်နေတာနံရံထဲတောင်ဝင်တော့မယ်။
"ဟင်...ဒေါ်လေးချိုခေါ်နေတာဘာလို့လဲ...အရေးကြီးလို့နဲ့တူတယ်...သွားလိုက်ဦးမယ်..."နွယ်အခန်းထဲကနေစကားလမ်းကြောင်းတွေလွှဲရင်းထွက်သွားသည်။
"အကိုလေး...ဒီပန်းကန်ဘယ်လိုလုပ်လိုက်ရမလဲ..."
"ဪ..အင်း...ပေး..ပေး..ငါ့ကို့ပေးခဲ့..သွားလို့ရပြီ..."
ကြွယ်ပန်းကန်ပေးပြီးထွက်သွားသည်။
ကြွယ်သာရောက်လာလို့ပေါ့။မရောက်လာရင်ဘာတွေဆက်ဖြစ်မလဲဆိုတာမသိဘူး။
🙊🙊🙊🙊🙊🙊🙊🙊🙊🙊🙊🙊🙊🙊
"ဒေါ်လေးချို...ကျွန်တော့်ကိုကော်ဖီထပ်ထည့်ပေးဦး..."
"ဟုတ်ကဲ့...အကိုလေး..."
နွယ်မနက်စာပြင်ရင်းမီးဖိုထဲကထွက်လာခဲ့သည်။
"ပိုးသားနွယ်...ရော့...ကော်ဖီ..."
(မကြိုက်ပါဘူးလို့အတန်တန်ပြောထားတာကိုနေ့တိုင်းပဲသောက်ခိုင်းနေတာ...)
"ကျေးဇူးတင်ပါတယ်..."
နွယ်ကော်ဖီခွက်ကိုယူပြီးသူမနေရာမှာသွားထိုင်လိုက်သည်။
"ပိုးသားနွယ်..."
"ရှင်..."
"နောက်ပြီးအပြင်သွားမှာလိုက်ခဲ့ရမယ်..."
"ဘယ်ကိုလဲအကို..."
"ပြန်မမေးနဲ့...လိုက်ခဲ့ဆိုလိုက်ခဲ့ပေါ့..."
"ဟုတ်ကဲ့..."
နွယ်မနက်စာစားပြီးအပေါ်ထပ်တို့တက်သွားခဲ့သည်။
ခဏကြာတော့အဝတ်စားလဲအလှပြင်ပြီးပြန်ဆင်းလာခဲ့သည်။
"ရပြီ..အကို..."
"ပြီးပြီလား...သွားမယ်လေ..."
"ဟုတ်..."
နွယ်တို့အပြင်သွားရန်ခြံရှေ့ထွက်ကာမှခြံထဲကားတစ်စီးဝင်လာသည်။
နွယ်ကတော့ဘယ်သူမှန်းမသိလို့ကြည့်နေပေမဲ့။အကိုမျက်နှာကတော့သိသိသာသာပြောင်းလဲသွားသည်။
ရုတ်တရက်မျက်နှာထားကခပ်တည်တည်ဖြစ်သွားသည်။
ကားကနွယ်တို့ရှေ့ရပ်လိုက်သည်။
ပြီးနောက်ဦးလေးကြီးတစ်ယောက်ရယ်။အန်တီကြီးတစ်ယောက်ရယ်ဆင်းလာခဲ့သည်။
"အား...တီတီလေး..."
"သမီးလေးနွယ်..."
နွယ့်အန်တီလေးပြန်ရောက်လာခြင်းသာဖြစ်သည်။
နွယ်ပျော်လို့သူတီတီလေးကိုပြေးဖတ်လိုက်ရာချော်လဲမလိုတောင်ဖြစ်​သေး။
"တီတီလေး..."
"သမီးလေး..နေကောကောင်းရဲ့လား..တီတီလေးသတိရနေတာ..."
"နေကောင်းပါတယ်..."
"မျက်မှန်လည်းမတပ်တော့ဘူးလား..."
"မတပ်တော့ဘူး...ဒီမရောက်ခင်ကတည်းက....."
"ကောင်းပါတယ်..မတပ်တော့ပိုချောလာတယ်..."
"ဟီး..ဟီး.."
တူကြီးနှစ်ယောက်စကားပြောနေကြရင်းဘေးကိုတောင်မေ့နေတယ်။
ထိုအချိန်တီတီလေးအမျိုးသားထင်ပါရဲ့။နွယ်တို့နားကိုကပ်လာတာ။
"ဪ...သမီး...ဒါတီလေး..အမျိုးသား..
ဦးမင်းထက်တဲ့..."
"ဪ..ဦးတွေ့ရတာဝမ်းသာပါတယ်နော်..."
"အေးကွယ်...တွေ့ရတာဝမ်းသာပါတယ်...သမီးနာမည်ကပိုးသားနွယ်မလား...သမီးတီတီကသမီးအကြောင်းအရမ်းပြောတာ...သမီးကတအားချစ်ဖို့ကောင်းတယ်တဲ့...မှန်သားပဲ..သမီးကချစ်စရာလေး..."
"ဟုတ်လား...ဟီး..အဲ့လောက်မဟုတ်ပါဘူး..."
နွယ်တို့ပျော်ရွှင်စွာစကားပြောနေပေမဲ့တစ်ယောက်သောသူကတော့တိတ်ဆိတ်စွာရပ်နေလေရဲ့။
"သား...မင်းထက်ပိုင်...အဖေတွေ့တာတောင်လာမနှုတ်ဆက်ဘူးကွာ...မင်းကတော့..."
ဦးမင်းထက်သူ့သားကိုပုခုံးဖက်နှုတ်ဆက်ပေမဲ့အကို့ဘက်ကတော့ဘာမှပြန်မဖြေကြား။
"သား..မင်းထက်ပိုင်..နေကောင်းတယ်မလား..."
တီတီလေးကလှမ်းပြီးနှုတ်ဆက်သည်။
နှုတ်ဆက်​သော်လည်းအပြုံးလေးတစ်ခုမျှတောင်ပြန်မပြ။
ဒီအတိုင်းထွက်သွားလေသည်။အကိုမျက်နှာမှာအမုန်းတွေနဲ့ပြည့်နှက်နေလေရဲ့။
"အကို..."
"နွယ်..အကိုနဲ့အပြင်သွားလိုက်ဦးမယ်နော်...ခဏနေပြန်လာခဲ့မယ်..."
"ဪ..အေးပါ...သွားသွား..ဂရုစိုက်သွားဦးနော်..."
"ဟုတ်..တီလေး..ဦးနွယ်သွားလိုက်ဦးမယ်နော်..."
"အေး..အေး.."
နွယ်အကို့နောက်ကနေပြေးလိုက်သွားခဲ့သည်။
အကိုဿားပေါ်ရောက်နေပြီ။နွယ်အမြန်ပြေးလာခဲ့ရသည်။
"ဟူး...အကိုကလည်းသွားမယ်ဆို..ပြောတာမဟုတ်ဘူး..."
"မင်းနေခဲ့လိုက်တော့..."
"ရှင်..."
"မင်းအန်တီရောက်လာပြီမလား...နေခဲ့လိုက်တော့..."
"ရပါတယ်..နွယ်လိုက်ခဲ့မယ်..."
"မလိုက်ခဲ့နဲ့...ညီညီသွားရအောင်.."
"ဟုတ်ကဲ့အကိုလေး..."
"အကို..နွယ်လိုက်ခဲ့ပါမယ်ဆို...အကို..."
မင်းထက်ပိုင်တို့ကားကတော့ထွက်သွားပြီ။နွယ်လည်းမတတ်နိုင်တဲ့အဆုံးအိမ်ထဲပန်ဝင်လာခဲ့သည်။
"အယ်..နွယ်..သမီးအကိုနဲ့လိုက်မသွားဘူးလား..."
"မသွားတော့ဘူး...အကိုကမလိုက်ခဲ့နဲ့တော့ဆိုလို့ပါ.."
"ဪ...ဒါဆိုလည်းတီတီလေးနဲ့စကားပြောရတာပေါ့...လာ..သမီးတီတီလေးတို့အခန်းဆီသွားရအောင်...သမီးအတွက်လက်ဆောင်ပါလာတယ်..."
"ဟုတ်..တီလေး..."
နွယ်တီလေးတို့အခန်းမှာစကားပြောဖြစ်ကြသည်။
တီလေးတို့အခန်းကနွယ့်အခန်းရဲ့နှစ်ခန်းကျော်လောက်မှာ။အကြာကြီးပြောဖြစ်ခဲ့တယ်။
ဒါပေမဲ့အကိုနွယ့်အပေါ်လုပ်ခဲ့တဲ့အရာတွေကိုတော့မပြောဖြစ်ခဲ့ပါဘူး။
နွယ့်မပြောလည်းတီလေးကသိလောက်မှာပါ။
"သမီး..သမီးတီတီနဲ့စကားပြောကြဦး..ဦးကတော့အပြင်ခဏသွားလိုက်ဦးမယ်နော်..."
"အပြင်သွားပြီး.အရမ်းသောက်မလာနဲ့..အခုမှခရီးကပြန်လာတာ..မပင်ပန်းသေးဘူးလား.."
"သဇင်ကလည်းကိုယ့်မပင်ပန်းပါဘူး...နည်းနည်းပဲသောက်လာမှာပါ...စိတ်ချ..."
"ပြောတာပါပဲ..."
"သွားပြီနော်...သမီးလေးနွယ်...ဦးသွားလိုက်ဦးမယ်..."
"ဟုတ်...ဦး..."
ဦးထွက်သွားပြီးတော့တီတီလေးအိတ်ထဲကနေပစ္စည်းတစ်ခုထုတ်လာခဲ့သည်။
အနီရောင်ဘူးလေး။
"နွယ်...သမီး...ရော့...ဒါလေးကိုဖွင့်ကြည့်..."
"ဘာလဲ..တီလေး..."
"ဖွင့်ကြည့်လိုက်ပါ...သမီးတွေလိမ့်မယ်..."
နွယ်လည်းဖွင့်ကြည့်မိသည်။အထဲမှာကျောက်စိမ်းဆွဲကြိုးလေး။
အရမ်းကြီးမကြီးပေမဲ့တော်တော်လေးလှနေတာ။နွယ်သဘောကျမိသွားသည်။
"ဘယ်လိုလဲသမီး..လှရဲ့လား..."
"ဟုတ်...လှတယ်တီလေး..."
"အဲ့ဒါသမီးဖို့လေ...သမီးကြိုက်ရဲ့လား..."
"နွယ့်ဖို့လား...မလုပ်ပါနဲ့တီလေးရယ်...ဒါကစျေးကြီးမဲ့ပုံပဲ..."
"ယူပါ..တီလေးကသမီးကိုပေးချင်လို့ကိုတမင်ကိုယ်တိုင်မှာထားတာ..."
"ဒါပေမဲ့..."
"မပြောနဲ့သမီး...နောက်ဆိုနွယ်ကတီတီလေးမရှိတော့ရင်တီလေးပိုင်ဆိုင်သမျှသမီးပဲရမှာ...ဒီလောက်လေးကိုစိတ်ထဲမထားပါနဲ့..."
"ဟုတ်..."
"သမီးသေချာနားထောင်နော်...တီလေးကသမီးကိုအရမ်းချစ်တာ...တီလေးပစ္စည်းတွေကသမီးဟာတွေချည်းပဲနော်..."
"ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်..."
နွယ်မျက်ရည်တောင်ဝဲမိတယ်။တီတီလေးနွယ့်ကိုအဲ့လောက်ထိချစ်မယ်လို့မထင်ခဲ့မိဘူး။
"နောက်တစ်ခုပြောဦးမယ်...သမီး...အကို
မင်းထက်ပိုင်ကိုဂရုစိုက်ပေးပါနော်...သမီးသိပါတယ်..သူကတီလေးကိုအထင်လွဲနေတယ်...တီလေးကိုယ်စားစောင့်ရှောက်ပေးနော်...သူသမီးအပေါ်အရမ်းဆိုးနေရင်တောင်သမီးသည်းခံပေးရမယ်ကြားလား..."
"ဟုတ်ကဲ့ပါ...ဒါပေမဲ့အကိုကတီလေးကိုဘာလို့မုန်းနေရတာလဲ..တီလေးပြောပြလို့ရလား..."
"သမီး...အချိန်တန်ရင်ပြောပြမှာပေါ့..အခုတော့မပြောပြနိုင်သေးဘူး..."
"ဘာလို့လဲ...နွယ်သိလို့မရလို့လား..."
"အချိန်တန်ရင်ပြောပြမယ်လေ... တီလေးကိုထပ်မမေးပါနဲ့..."
"ဟုတ်ကဲ့တီလေး..."
"ကဲ..ပေး..ဆွဲကြိုးကိုတီလေးဆွဲပေးမယ်..."
အကိုနဲ့တီတီလေးတို့ကြားမှာဘာလျို့ဝှက်ချက်တွေရှိနေတာလဲ။
နွယ့်ကိုမပြောပြတာကကောဘာလို့လဲ။အကိုတီတီလေးကိုဘာကြောင့်မုန်းနေတာလဲနော်။
❓❓❓❓❓❓❓❓❓❓❓❓❓❓

#မဒီ

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်Where stories live. Discover now