ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁)
"ဟဲ့..နွယ်..ဟိုမှာနင့်crushလာနေတယ်.."
"ဟုတ်လား..."
နွယ်ဆိုတဲ့ကောင်မလေးcrushဆိုသောအသံကြားတာနဲ့ဝမ်းသာအားရနောက်လှည့်ကြည့်မိသည်။လူကြားထဲမှာအမြဲထင်ပေါ်နေတတ်တဲ့သူတစ်ယောက်။သူ့နာမည်က"မင်းထက်ပိုင်"...
နွယ်တို့ထက်တော့တစ်နှစ်လောက်ကြီးတယ်...နွယ်သူ့နာမည်ကိုသိပေမဲ့စိတ်ထဲမှာတော့အကိုလို့ပဲသုံးနှုန်းနေမိတယ်...
အကိုကေလအရပ်ရှည်ရှည်အသားကလည်းဖြူတယ်...အမြဲအနက်ရောင်ကိုပဲစွဲစွဲမြဲမြဲ ဝတ်တတ်ပေမဲ့ဒီနေ့တော့အဖြူရောင်အပေါ်ထပ်လေးကိုအတွင်းကအကျ်ီမီးခိုးရောင်လေးနဲ့တွဲဖက်ဝတ်ဆင်ထားသည်။
ဂျင်းဘောင်းဘီအပြာလေးကောဝတ်ဆင်ထားတော့တစ်မျိုးပဲ။နွယ့်စိတ်ထဲမှာတော်တော်ခန့်ချောကြီးဖြစ်နေတာပေါ့...
ရုပ်ချောပြီးခပ်ချေချေနေတတ်တော့မိန်းကလေးတွေကဝိုင်းဝိုင်းလည်နေတာပဲ....တစ်ချက်တစ်ချက်မသိမသာလေးပြုံးလိုက်ရင်ပါးချိုင့်လေးကအထင်သား။မျက်လုံးမျက်ခုံးကလည်းဆွဲထားသလားအောက်မေ့ရလောက်အောင်ထင်းနေတာ။အပေါင်းအသင်းကသိပ်မရှိဘူး...သူကိုယ့်တိုင်ကမထားချင်လို့လားမသိ...
သူငယ်ကတည်းကပေါင်းလာသောသူငယ်ချင်းနှစ်ယောက်သာရှိသည်။အဲ့နှစ်ယောက်ကလည်းနာမည်ကြီးတွေချည်း။
သူတို့ကအမြဲခပ်တည်တည်ခပ်မိုက်မိုက်ကောင်လေးတွေပေါ့။စာလည်းတော်သလိုရုပ်လည်းချောကြတယ်။"သုတအောင်"ဆိုတဲ့တစ်ယောက်ရုပ်ချောတယ်စာတော်တယ်ရည်းစားလည်းများတယ်သူများတွေပြောတာကတော့သူကဗျာဆရာလိုမျိုးပဲစကားအရမ်းတတ်တယ်တဲ့...သူချိန်လိုက်တဲ့ကောင်မလေးဘယ်သူ့ကိုမဆိုရတယ်..သူများတွေပြောတာပါ။
မိန်းကလေးတစ်ယောက်ကိုအခြေအနေနဲ့အချိန်အခါလိုက်လိုက်ပြီးပြု့မူတတ်တယ်...
သူမကြိုက်တော့ဘူးဆိုလွှတ်ချလိုက်ဖို့ဝန်မလေးဘူး.....ဒီလိုကောင်နားမိန်းကလေးတွေဝိုင်းဝိုင်းလည်နေတာကိုနွယ်နားမလည်နိုင်ဘူး။နောက်တစ်ယောက်ကတော့"ဝသုန်"...သူကတော့စာတော်ပြီး...ပျော်ပျော်နေတတ်သူတစ်ယောက်...လူတကာနဲ့လည်းခင်ပြီးရောက်တဲ့နေရာပျော်ပျော်နေတတ်တယ်...သူကျတော့ပျော်ပျော်နေပြီးချစ်စရာကောင်းလို့ကောင်မလေးတွေကကြိုက်ကြတယ်...ရည်းစားမရှိဘူးလို့တော့နွယ်ကြားဖူးပါတယ်..ဒါပေမဲ့ဖြစ်နိုင်ပါ့မလား...
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romansaအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်