ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁၇)
နွယ်အလုပ်ကိစ္စတစ်ခုရှိတာနဲ့နေ့လယ်က
အကို့ဆီမသွားဖြစ်ခဲ့ပေ။
အခုညနေသွားတော့သွားရမယ်။သူတစ်ခုခုလိုနေရင်လည်းလုပ်ပေးရမယ်။
နွယ်အကို့ရဲအခန်း၅၃ကိုလာခဲ့သည်။
အခန်းကိုခေါက်ကြည့်ပေမဲ့လူမရှိ။အပြင်ထွက်သွားတယ်ထင်တယ်။
ဒါနဲ့ပဲနွယ်ပြန်လာခဲ့ရလေသည်။နွယ်အကိုပြန်လာနိုးနိုးနဲ့ဟော်တယ်ဧည့်ခန်းမှာထိုင်
စောင့်နေလေသည်။
ကော်ဖီကိုသောက်ရင်းစာအုပ်ကိုဖတ်ရင်းနဲ့စောင့်နေလေရာ၈နာရီလောက်အကိုပြန်လာလေသည်။
နွယ်စာအုပ်ထဲစိတ်ပါသွားတာနဲ့အကိုလာတာကိုမသိ။
"နွယ်..."
နွယ်တဲ့...အကို့ပထမဆုံးစိတ်ပါလက်ပါသေသေချာချာလေးခေါ်တာပဲ...
အရင်လိုပိုးသားနွယ်လို့ခေါ်တာထက်နွယ်လို့ခေါ်တာကနားထောင်လို့ပိုကောင်းတယ်..
"ဟင်...ဪ...အကိုပြန်လာပြီလား..."
"အင်း...."
"အကိုပင်ပန်းနေရောပေါ့...အခန်းသွားနားလိုက်လေ...နွယ်စားစရာလာပို့ပေးမယ်..."
"အင်း...ဒါဆိုအကိုသွားပြီနော်..."
နွယ်အကို့အတွက်စားစရာယူလာခဲ့သည်။
"ဒေါက်..ေဒါက်...ဒေါက်...အကို...နွယ်ပါ..."
"ဝင်ခဲ့လေ...နွယ်..."
"ဟုတ်..."
နွယ်တံခါးဖွင့်ပြီးဝင်လာခဲ့သည်။
အကိုရေချိုးပြီးခေါင်းကိုပုဝါနဲ့သုတ်နေလေသည်။
"နွယ်ဟိုနားချထားလိုက်မယ်နော်..."
"ကောင်းပြီ..."
"အကိုကခေါင်းကိုdryerနဲ့မလုပ်ဘူးလား..."
"မလုပ်ပါဘူး...ဆံပင်လေးကတိုတိုလေးdryerမှုတ်ရတာပင်ပန်းတယ်..."
"ဪ...အင်း..."
နွယ်စကားမပြောပဲအကို့ကိုကြည့်နေလေသည်။
"မင်းအားနေတယ်မလား..."
"ရှင်..."
"အားရင်..ငါ့ခေါင်းကိုသုတ်ပေးပါ့လား...ငါလက်ညောင်းလို့..."
"dryerသုံးဆိုတော့မသုံးပဲနဲ့...ကဲလာလာ...ပေး..."
မင်းထက်ပိုင်ကိုကုတင်ပေါ်မှာထိုင်ခိုင်းလိုက်လေသည်။
နွယ်ရှေ့ကနေရပ်ပြီးသူ့ခေါင်းကိုသုတ်ပေးနေသည်။
"အကို...အကိုဘာအလုပ်တွေလုပ်နေတာလဲ..."
"မင်းကသိချင်လို့လား..."
"မသိချင်ပါဘူး...ဒီအတိုင်းမေးတာပါ...မဖြေချင်လည်းရပါတယ်..."
"ငါမိန်းကလေးတစ်ယောက်ကိုလက်ထပ်ခွင့်တောင်းဖို့လုပ်နေတာ..."
"ရှင်..."
နွယ်အံသြပြီးဆွံ့အသွားလေသည်။လက်ထပ်ခွင့်တောင်းမလို့။အကို့မှာချစ်သူရှိနေပြီလား။
ရွှေစင်နဲ့လက်ထပ်ထားတာမဟုတ်ဘူးလား။
"ဒါဆိုရွှေစင်ကကော..."
"သူနဲ့ဘာဆိုင်လို့လဲ..."
"အကိုနဲ့သူနဲ့ကလင်မယားတွေလေ...ဘာလို့မဆိုင်ရမှာလဲ..."
"မင်းကငတုံးပဲ...ငါနဲ့သူကလင်မယားမဟုတ်လို့ငါလက်ထပ်ခွင့်တောင်းမှာပေါ့..."
"ဪ...သိပြီ...အကိုနဲ့ရွှေစင်ကလက်မထပ်ရသေးဘူး..."
"အင်း..."
"အကိုကအခုမှရွှေစင့်ကိုလက်ထပ်ခွင့်တောင်းမှာ..ဟုတ်တယ်မလား..."
မင်းထက်ပိုင်စိတ်ပျက်လက်ပျက်နဲ့သက်ပြင်းချလိုက်လေသည်။
"ဟူး...ငါသာရူးလိုက်ချင်တယ်..."
"ဘာလို့လဲ...နွယ်မှားနေလို့လား..."
"ဟုတ်တယ်..."
နွယ်ခေါင်းသုတ်ပေးတာကိုရပ်ပြီးစဥ်းစားနေလေသည်။
"အင်း..အကိုကရွှေစင့်ကိုလည်းလက်ထပ်ခွင့်မတောင်းဘူး...လက်လည်းထပ်ထားတာမဟုတ်ဘူးဆိုတော့...အကိုချစ်နေတာအခြားတစ်ယောက်ပေါ့..."
"အခုမှပဲ..မြန်တော့တယ်..."
"ဒါဆိုအကိုချစ်နေတာဘယ်သူလဲ...နွယ်ကောသိလို့ရလား..."
"မရဘူး..."
"ဘာလို့လဲ..."
"မင်းတစ်နေ့ကျရင်သိလာမှာပေါ့..."
"ဟင်း...အကိုကအမြဲလျို့ဝှက်နေတာပဲ...မပြောချင်လည်းနေပေါ့...."
နွယ်ကိုင်ထားသည့်ပုဝါကိုအကို့ပေါ်ပစ်ချလိုက်ကာကုတင်ဘေးနားမှာထိုင်လိုက်လေသည်။
နွယ်စိတ်ဆိုးသွားလေပြီ။အရင်ကစိတ်မဆိုးတတ်တဲကလေးမအခုမှစိတ်ဆိုးတတ်နေပြီ။
ဒါရင့်ကျက်လာတာတဲ့လား။
"စိတ်ဆိုးသွားတာလား..."
"မဟုတ်ပါဘူး...အကိုကနွယ့်ကိုအခုထိတောင်မယုံသေးဘူးပဲ...နွယ်နဲ့သိလာတာလည်းကြာနေပြီကို..."
"မင်းသိရင်အံသြသွားမှာစိုးလို့ပါ...ဒါဆိုသိချင်ရင်မနက်ဖြန်ဟော်တယ်ပန်းခြံထဲလာခဲ့..."
"တကယ်လား..."
"အင်း..."
အခုမှပဲနွယ်ပြုံးတော့တယ်။အကိုချစ်မိတဲ့ကောင်မလေးကဘယ်သူလဲဆိုတာနွယ်သိချင်မိတယ်။
နွယ့်နေရာမှာတောင်အစားထိုးနိုင်နေပြီဆိုတော့ထိုကောင်မလေးကနွယ့်အစစအရာရာသာနေလို့နေမှာပါနော်။
"အကိုကကောင်မလေးနာမည်ကဘယ်လိုခေါ်လဲ...ဘယ်တုန်းကသိတာလဲ..ဒီမြို့ကလား.."
"မေးလှချည်လား..မနက်ဖြန်ကျရင်သိရမှာပေါ့..."
"ဒါဆို..တစ်ခုတော့ပြော...အကိုနဲ့ဘယ်တုန်းကသိတာလဲ..."
"သိတာကြာပြီ..အကိုကျောင်းနောက်ဆုံးနှစ်ကသိတာ..."
"ဟင်...အဲ့ဒါဘယ်သူလဲ...နွယ်ဘာလို့မသိတာလဲ..."
"ဘာလို့ဒီလောက်မေးနေရတာလဲ...သဝန်တိုနေတာလား..."
"ရှင်.....မဟုတ်ပါဘူး...ဘာလို့သဝန်တိုကမှာလဲ..."
"မတိုဘူးပေါ့လေ..."
"မတိုပါဘူး..."
နွယ်အမှန်တော့သဝန်တိုတာပေါ့။အရမ်းချစ်ခဲ့တဲ့ချစ်သူကအခုတော့အခြားကောင်မလေးကိုချစ်နေပြီလေ။
နွယ့်စိတ်ထဲမခံမရပ်နိုင်အောင်ခံစားရတယ်။နွယ့်ထက်သူကဘယ်လောက်ချောနေလှနေနူးညံ့နေလို့အကိုကချစ်သွားရတာလဲ။
မတွေ့တာကြာလို့ပြန်တွေ့ရတဲ့အချိန်ပျော်ရမလားမှတ်တယ်။ကြေကွဲရပြန်ပြီ။
ဒါနဲ့များဘာလို့အကိုနဲ့ထက်တွေ့ဆုံခိုင်းနေရတာလဲ။
"မင်းကြည့်ရတာသဝန်တိုနေတဲ့ပုံပါ..."
"မတိုပါဘူးဆို...အကို့ဘာသာချစ်သူရတာလေ..နွယ်ကဘာလို့သဝန်တိုရမှာလဲ..."
"အင်းပါ..မင်းသဝန်မတိုရင်လည်းပြီးရော...ငါသူ့ကိုဘာလို့ချစ်မိသွားလဲဆိုတာပြောပြမယ်"
"မပြောနဲ့...မသိချင်ဘူး...."
"မင်းပြောတော့သဝန်မတိုဘူးဆို...ဘာလို့နားမထောင်ချင်ပြန်တာလဲ..."
"မထောင်ချင်လို့ပေါ့. ."
"မရဘူးကွာ..ပြောမှာပဲ..နားထောင်..."
"မထောင်ဘူး..."
နွယ်နားကိုလက်နှစ်ဖက်နဲ့အုပ်ထားလေသည်။
"ပြောမယ်...ငါသူ့ကိုပြောသလိုနဲ့မင်းကိုကြိုတင်ဇာတ်တိုက်ကြည့်မယ်နော်..."
"ဟာ.."
"လုပ်ပါ...နားထောင်လိုက်ပါ..."
"တကယ်ပဲ...ပြော..ပြော..."
"မင်းကငါလက်ထပ်ခွင့်တောင်းရင်လက်ခံရမယ်နော်..."
"ဘာလို့လဲ..."
"ဟာ..အဲ့လိုလုပ်မှပီပြင်တာပေါ့.. "
"ပြီးရော...လုပ်မယ်..."
နွယ်ဆူပုတ်ပုတ်နဲ့ရပ်နေလေသည်။
"အဟမ်း..."
"နွယ်.လို့အစားထိုးပြောမယ်ရတယ်မလား..."
"အကို့ကောင်မလေးနာမည်ပြောလေ..."
"ဟာ...သူ့နာမည်အဲ့ကျရင်ထည့်ပြောမှာပေါ့...အခုတော့နွယ်လို့ပြောမယ်..."
"ပြော..ပြော.."
နွယ်တကယ်စိတ်မရှည်ဘူး။သူ့အတွက်မဟုတ်တဲ့စကားတွေကိုနားမထောင်ချင်ဘူး။
"နွယ်...ကိုယ်မင်းကိုပထမဆုံးစတွေ့ခဲ့ရတဲ့နေ့ကတည်းမင်းပုံစံလေးတွေမင်းအသံလေး၊မင်းရဲ့မျက်ဝန်းလေးတွေကကိုယ့်ရဲ့ရင်ထဲထိနစ်ဝင်သွားတယ်...
အမယ်သူလည်းဒီလိုပြောတတ်ပါလား။
"အဲ့နေ့ကစပြီးမင်းကိုလိုက်ရှာခဲ့ပေမဲ့လည်းမတွေ့ရတော့ဘူး...နောက်တော့မင်းကိုကံကြမ္မာရဲ့ဖန်တီးပေးမှုကြောင့်လား..ကိုယ့်ရဲ့ဆုတောင်းတွေကြောင့်လားတော့မသိဘူး..မင်းနဲ့ပြန်ဆုံစည်းခဲ့ရတယ်...ကိုယ်လေမင်းကိုတွေ့တော့အရမ်းပျော်ခဲ့တယ်သိလား...ဒါပေမဲ့မင်းကိုမပြောဖြစ်ခဲ့ဘူး...မင်းကိုနာကျင်အောင်အမြဲလုပ်တယ်...အမြဲလည်းအနိုင်ကျင့်ခဲ့မိတယ်...သူများလက်ထဲပါသွားမှာစိုးလို့သဝန်တွေတိုခဲ့မိတယ်...မဖြစ်နိုင်မှန်းသိတာတောင်မင်းကိုသိပ်ချစ်ခဲ့မိတယ်...မင်းလည်းကိုယ့်ကိုသိပ်ချစ်မယ်လို့ထင်ပါတယ်...ဒါကြောင့်ကိုယ့်အချစ်ကိကလက်ခံပေးပါနော်..."
မင်းထက်ပိုင်သူရဲ့ဘောင်းဘီအိတ်ကပ်ထဲတွင်ထည့်ထားသောအနီရောင်ကတ္တီပါဘူးလေး
ကိုထုတ်လိုက်လေသည်။
ဘူးထဲတွင်ဘဲငန်းပုံသဏ္ဍာန်လက်စွပ်လေး။
"လက်ပေး...ကိုယ်ဝတ်ပေးမယ်..."
နွယ်မင်းထက်ပိုင်ပြောသမျှမှာနစ်မြောသွားခဲ့ရာသရုပ်ဆောင်နေရတာတောင်မေ့သွားလေသည်။
နွယ်လက်လေးကိုထုတ်ပေးလိုက်စဥ်မင်းထက်ပိုင်လက်စွပ်ဘူးကိုပိတ်ချလိုက်လေသည်။
"အင်း..ရပြီ...ဒီလောက်ဆိုသူသဘောကျလောက်မှာပါနော်..."
"ဪ..."
နွယ်အခုမှပဲအသိဝင်လာခဲ့သည်။ဒီလက်စွပ်ကသူမဟာမဟုတ်ဘူးပဲ။
"အင်း...အကို့ကောင်မလေးသဘောကျလောက်မှာပါ..."
"ဟုတ်တာပေါ့...ငါကသူ့ကြောင့်ဒီလိုစကားတွေပြောတတ်လာတာလေ..."
အကိုအဲ့ကောင်မလေးကိုတော်တော်လေးချစ်မိနေတဲ့ပုံပါပဲ။တစ်ခါမှနူးနူးညံ့ညံ့တွေမပြောတတ်တဲ့သူကအခုတော့ပြောင်းလဲသွားပြီ။
နွယ်အခန်းကနေညိုးငယ်စွာနဲ့ပြန်လာခဲ့သည်။
နွယ်တစ်ချိန်ကသတ္တိမရှိခဲ့ဘူး။
အဲ့လိုမရှိခဲ့တာကြောင့်ပဲအကို့ကိုဆုံးရှုံးလိုက်ရပြီ။
နွယ်ဘာမှမမျှော်လင့်တော့ပါဘူး။နွယ်ရဲ့သူရဲဘောကြောင်မှု့တွေကအကို့ကိုနာကျင်စေမှန်းသိပါတယ်။
နွယ်ထိုနေ့ညတစ်ညလုံးအိပ်မပျော်ခဲ့ပါဘူး။မိုးလင်းခါနီးကျမှမှေးကတည်းအိပ်ပျော်သွားလေသည်။
နွယ်နောက်ကျနေပြီ။
အကိုလက်ထပ်ခွင့်တောင်းမဲ့အချိန်ကရောက်နေပြီ။
နွယ်မျက်နှာမြန်မြန်ဆန်ဆန်သစ်၊ခေါင်းဖြီးပြီးထွက်ပြီးထွက်လာခဲ့လေသည်။
ဘာမှတောင်သေချာမပြင်ဆင်ခဲ့ရဘူး။အဝတ်အစားလေးလဲပီးမိတ်ကပ်လေးနည်းနည်းပါးပါးသာပုတ်ခဲ့ရလေသည်။
"ဒုက္ခပဲ...ငါတော့နောက်ကျနေပြီ...အကိုကလာခိုင်းထားတာ..."
နွယ်မြန်မြန်သွက်သွက်လျှောက်လာခဲ့လေသည်။
အကိုကမနက်ရှစ်နာရီမှာလုပ်မယ်လို့တော့ပြောတယ်။နွယ်နောက်ကျနေတာရှစ်နာရီ
ဆယ့်ငါးတောင်ရှိနေပြီ။နွယ်မှီပါ့မလား။
နွယ်ပန်းခြံထဲရောက်တော့ဘယ်သူမှလဲမတွေ့။ဘာမှလည်းမပြင်ဆင်ထားပေ။
"ဟင်...မှားများမှားနေတာလား...ဒါမှာမဟုတ်ပြီးသွားပြီလား..."
နွယ်နာရီကိုကြည့်တော့ရှစ်နာရီခွဲ။
ဒီလောက်နဲ့တော့မပြီးသေးပါဘူး။
"နေဦး...ဖုန်းဆက်လိုက်ဦးမယ်...ငါနေရာမှားနေတာလားမသိဘူး..."
"တီ.....တီ....တီ....လူကြီးမင်း..."
အကို့ဖုန်းဆက်တော့လဲမကိုင်။
နွယ်ဆက်လျှောက်လာလေရာ..သူသူဆိုတဲ့ဝန်ထမ်းကောင်မလေးကနွယ့်ကိုလာခေါ်လေသည်။
"မမ..မမ"
"သူသူဘာလဲ..."
"ဟိုဟာ...ဟော်တယ်ထဲမှာလေ...ဧည့်သည်တစ်ယောက်ကသူ့ကောင်မလေးကို
လက်ထပ်ခွင့်တောင်းလိုက်တာအဲ့ကောင်မလေးကလက်မခံပဲထွက်သွားတယ်..."
"ဟမ်...ဘယ်တုန်းကလဲငါလဲမသိရပါလား..
နေဦး..အကို..."
နွယ်မင်းထက်ပိုင်လို့ထင်သွားပြီးပြေးထွက်သွားသည်။
အခုလောက်ဆိုအကိုဝမ်းနည်းနေတော့မှာပဲ။
ဘာလို့များသူ့လိုလူကိုမချစ်နိုင်ရတာလဲ။
အဲ့မိန်းကလေးကဘယ်သူမို့လဲ။
အားလုံးထပ်နွယ်အကို့ကိုပဲစိတ်ပူတယ်။အကိုသူ့ကိုဒီလောက်ထိချစ်နေတာအခုဆိုအကိုကြေကွဲနေလောက်ပြီ။
သူ့ကိုသူတစ်ခုခုလုပ်လိမ့်မယ်။
နွယ်ဟော်တယ်ထဲရောက်တော့အကိုခုံပေါ်မှာခေါင်းငုံပြီးငူတူတူနဲ့ထိုင်နေလေသည်။
"ဟူးဟူး..ဟူး..."
နွယ်ပြေးလာရတာအမောဆို့တော့မယ််။ဒါပေမဲ့တော်ပါသေးတယ်အကိုထိုင်နေလို့။
"အကို..."
"နွယ်..."
နွယ်မင်းထက်ပိုင်ရှေ့မှာသွားထိုင်လိုက်လေသည်။
"ဘယ်လိုဖြစ်တာလဲ...အကိုရယ်..."
"နွယ်...အကို့ကိုသူ့မချစ်ဘူး...လက်မထပ်နိုင်ဘူးတဲ့...ဘယ်လိုလုပ်မလဲ..."
အကိုမျက်နှာမှာတော်တော်လေးဝမ်းနည်းနေပုံပဲ။နွယ့်ကိုကလေးသဖွယ်ရင့်ဖွင့်နေတာ။
"အကိုသူ့ကိုအရမ်းချစ်ခဲ့တာ...အကိုအခုဘာလုပ်ရတော့မှာလဲ..."
"အကိုရယ်..."
မင်းထက်ပိုင်မျက်ရည်တွေဝိုင်းလာလို့။
နွယ်အကို့ကိုတကယ်သနားတယ်။ဘာလို့များမချစ်တာလဲ။
"အခုသူဘယ်မှာလဲ...နွယ်သွားပြောပေးမယ်...အကို့ကိုသူချစ်မှာပါ....အကြောင်းတစ်ခုခုကြောင့်လက်ထပ်တာနေမယ်...သူဘယ်မှာလဲ..."
"သူပြန်သွားပြီ..."
"ပြန်သွားပြီလား...ဒါဆို..နွယ်.သူ့အိမ်လိုက်ပြီးရှင်းပြပေးမယ်...ပြော..သူ့လိပ်စာနွယ့်ကိုပေး..."
"ဟင်..."
မင်းထက်ပိုင်အလိမ်လွယ်တဲ့နွယ့်ကြောင့်စိတ်ဆင်းရဲပါတယ်။
"ထားပါတော့နွယ်ရယ်...သူမှမချစ်နိုင်တာ..အကို့မပြောချင်တော့ပါဘူး..."
"ဟာ..ဘယ်ရမလဲ...အကိုဒီလောက်ထိသူ့ကိုချစ်နေတာ...သူ့ကဘာလို့အကို့ကိုလက်မခံနိုင်ရတာလဲ..."
"မသိတော့ပါဘူး...ဘာလို့လဲဆိုတာ..အကိုကမကောင်းလို့နေမှာပေါ့...အကိုကသူ့ကိုအနိုင်ယူလွန်းလို့နေမယ်...
အကိုကသူ့ကိုချစ်တာသူမမြင်တာဖြစ်လောက်ပါတယ်.."
"ဒါတော့မဟုတ်သေးပါဘူး..ဒီမယ်အကို...တကယ်ချစ်တဲ့သူဆိုချစ်တဲ့သူကအနိုင်ကျင့်ရင်ခံနိုင်ရမှာပေါ့...သူ့ဘယ်လောက်ဆိုးဆိုးခံနိုင်သည်းခံပေးတယ်...
နွယ်သာဆိုဒီလိုမလုပ်ဘူး..."
"တကယ်လား..."
"ဟုတ်တယ်လေ...အကိုရဲ့..အချစ်ဆိုတာချစ်ပြီးသွားရင်ဘာကိုမှမစဥ်းစားတော့ဘူး...သူ့ရဲ့အရာအားလုံးကိုသည်းခံခွင့်လွှတ်နေမှာ...ကဲ...အကိုရယ်...အကိုကို့သူမချစ်နိုင်ရင်လည်း..နောက်တစ်ယောက်ရှာလိုက်ပါ..ဒီကမ္ဘာမှာမိန်းကလေးမရှားပါဘူး...ကိုယ့်ကိုမချစ်တဲ့သူကိုမေ့လိုက်တာအကောင်းဆုံးပဲ..."
"အကိုမှသူ့ကိုမေ့မရတာ..."
"ဪ...အဲ့ဆိုလည်းတစ်ချိန်ချိန်ကျရင်မေ့သွားမှာပါ.."
"အခုမှအသည်းကွဲထားတယ်...မင်းကနောက်တစ်ယောက်ရှာခိုင်းနေပြီလား..."
"အဲ့လိုလည်းမဟုတ်ပါဘူး...အကိုစိတ်သက်သာရအောင်ပြောပြတာပါ..."
"ဒါဆိုအကိုနောက်တစ်ယောက်လက်ထပ်ခွင့်တောင်းရင်ကောရလား..."
"ရှင်...အကိုကမြန်လှချည်လား...အခုလေးတင်မှာတစ်ယောက်နဲ့ပြတ်သွားတာနော်..."
"အင်းလေ...အဲ့ဒါဘာဖြစ်လဲ...အကိုပဲထက်ချစ်လို့ရတယ်လို့မင်းပဲပြောတာလေ..."
"ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမဲ့...အကို့ဟာက....အို.."
မင်းထက်ပိုင်ရုတ်တရက်ဒူးတစ်ဖက်ကိုထောက်ချလိုက်လေရာ
"ဝိုး...ဝိုး..ဝါး...ဝါး...ဟေး..."
မင်းထက်ပိုင်မနေ့ကတွေ့ခဲ့ရသောအနီရောင်ကတ္တီပါဘူးလေးထုတ်လိုက်တဲ့အချိန်ဘေးနားကဝန်ထမ်းတွေကောဧည့်သည်တွေပါအံသြတကြီးနဲ့အော်ကြလေသည်။
အားပေးတဲ့သူကပေးနဲ့။လက်ခုပ်တီးတဲ့သူကတီးလေသည်။
အားလုံးထဲအံသြဆုံးကတော့နွယ်.ပင်။
"နွယ်...အကို့ကိုလက်ထပ်ပါနော်...အကိုတို့အခုဆိုလက်ထပ်လို့ရလောက်ပြီလို့ထင်တယ်....အကို့အချစ်ကိုလက်ခံပေးပါတော့နော်..."
နွယ်ကြောင်ပြီးရပ်နေမိသည်။
ထင်ထားတာကအခြားသူပေါ့။ဒါပေမဲ့အခုတော့နွယ်ဖြစ်နေတယ်။ဘာဖြစ်တာလဲ။အဲ့ကောင်မလေးအစားနွယ့်ကိုလက်ထပ်ခွင့်တောင်းရတာလား။
"လက်ခံပါ...လက်ခံလိုက်..လက်ခံ...."
ဘေးကလူတွေကတော့အော်နေပေမဲ့နွယ်ကတော့ဘာတွေစဥ်းစားနေလို့လဲမသိ။တုတ်တုတ်မှမလှုပ်။
"နွယ်...နွယ်...ဘာဖြစ်လို့လဲ...အကိုမေးတာကိုဖြေဦးလေ..."
"နွယ်လက်မခံနိုင်ဘူး..."
"ဘာလို့လဲ..."
"အကိုကတစ်ခြားတစ်ယောက်ကိုချစ်နေတာလေ...နွယ့်ကိုဘာလို့အစားထိုးဖို့လုပ်ရတာလဲ...နွယ်အစားထိုးခံမဖြစ်ချင်ဘူး..."
နွယ်ပြောပြီးအပြင်ကိုပြေးထွက်သွားလေသည်။
နွယ်အကို့ကိုချစ်တယ်။အရမ်းချစ်တယ်။ဒါပေမဲ့နွယ်သူများအစားထိုးခံတော့မဖြစ်ချင်ဘူး။အကိုချစ်တဲ့သူပဲဖြစ်ချင်တာ။
နွယ်ငိုပြီးပြေးထွက်လာခဲ့သည်။
"နွယ်..နွယ်...နွယ်..နေဦး...အကိုရှင်းပြဦးမယ်...နွယ်..."
"မပြောနဲ့...နွယ်မကြားချင်ဘူး...အကိုနွယ့်ကိုမချစ်ပဲနဲ့လက်မထပ်ပါနဲ့.."
နွယ်ပြေးထွက်သွားတော့မင်းထက်ပိုင်နေညက်ကနေပြေးလိုက်လာခဲ့သည်။
အပြင်ရောက်တော့နွယ်လက်ကိုလှမ်းဆွဲထားလိုက်လေသည်။
"လွှတ်ပါ...နွယ်အကို့ကိုလက်မထပ်ဘူး..."
"နွယ်...အကိုပြောတာနားထောင်ပါဦးနော်..."
"ဟင့်အင်း...နွယ်နားမထောင်ချင်ဘူး.."
နွယ်မင်းထက်ပိုင်ပိုမကြည့်တစ်ဖက်ကိုပဲလှည့်လှည့်သွားလေသည်။
"အကိုကနွယ့်ကိုအမြဲတမ်းပဲအနိုင်ယူနေတာ...အခြားကိစ္စတွေမှာတော့နွယ်သည်းခံနိုင်ပါတယ်...ဒီကိစ္စတော့နွယ်မလုပ်ပါ့ရစေနဲ့...နွယ်တောင်းပန်ပါတယ်....နွယ့်အချစ်တွေကိုအကိုအကစားသင့်ဘူးသိလား.."
"တောင်းပန်ရမှာအကိုပါ....အကိုရှင်းပြမယ်...ဒီကိစ္စကတကယ်မဟုတ်ပါဘူး..."
"ဘာပြောတာလဲ..."
"အကိုလက်ထပ်မယ့်ဆိုတဲ့ကောင်မလေးကတကယ်မရှိပါဘူး...အကိုဒီအတိုင်းနွယ့်ကို
သဝန်တိုစေချင်လို့ပါ...အကိုဘဝမှာစချစ်မိတဲ့သူကလည်းနွယ်ပါပဲ...နောက်ဆုံးချစ်မဲ့သူကလည်းနွယ်ပဲ...အကို့မှာအခြားသူဆိုတာမရှိပါဘူး...အကိုပြောတာရုံ...အကိုနွယ့်ကိုပဲချစ်တာပါ..."
နွယ်ငြိမ်ပြီးနားထောင်နေလေသည်။မင်းထက်ပိုင်ဟိုဖက်လှည့်နေသောနွယ့်မျက်နှာလေးကိုသူ့ဘက်လှည့်လိုက်သည်။
နွယ်ကတော့အခုထိမျက်နှာကဆူပုတ်ပုတ်။
သူ့အလိမ်ခံရတော့နည်းနည်းတော့တင်းနေလေရဲ့။
"ဆူပုတ်မနေပါနဲ့...အကိုတကယ်ပြောတာပါ...အဲ့ကောင်မလေးကတကယ်မရှိဘူး...နွယ်ကို့သက်သက်လိမ်တာ...အဲ့လိုမလိမ်ရင်နွယ့်ကိုအကိုဘယ်လိုလက်ထပ်ခွင့်တောင်းရမလဲမသိလိုပါနော်..."
နွယ်မျက်စောင်းထိုးပြလေရာမင်းထက်ပိုင်ပြုံးလိုက်မိလေသည်။
"နွယ်...အကို့ကိုချစ်တယ်မလား..."
"မချစ်ပါဘူး..."
"တကယ်လား..."
"တကယ်..."
"သေချာလား..."
"လုံးဝကိုသေချာတယ်.."
"ဒါဆိုပြောပါဦး...ဘာလို့မချစ်ရတာလဲ..."
"အကို့နွယ့်ကိုအရမ်းအနိုင်ကျင့်လို့..."
"အို...ဒါဆိုရင်အကို့ကိုပြန်အနိုင်ကျင့်လေ...အဲ့ဆိုကြေသွားပြီ..."
"အင်း...ကျင့်မှာ...ဘယ်လိုကျင့်ရမလဲ..."
"အကို့ကိုလက်ထပ်လိုက်လေ..."
"ဘာရှင့်...လူလည်ကြီး...မရပါဘူး..."
"ဟင်း...လုပ်ပါ...အကိုကဒီကမမဆီမှာအနိုင်ကျင့်ခံချင်လို့ပါနော်..နော်...နော်.."
မင်းထက်ပိုင်နွယ့်လက်ကိုကိုင်ပြီးကလေးလိုပူဆာလေသည်။
အကြီးတွေရင့်ကျက်သွားရင်ကလေးတွေပြန်ဖြစ်ကုန်တာလားမသိဘူး။
နွယ်ရယ်ချင်လွန်းလို့ထိန်းထားရတယ်။
"အယ်...လက်ခံတယ်မလား..."
"လက်မခံပါဘူး..."
"ဟွန်း..."
"ဒီလိုလုပ်နွယ့်ကိုစောနလိုလေး..ပြန်ပူဆာချည်စဥ်းစားပေးမယ်..."
"ဟမ်..."
"လုပ်ပါ...အကိုပဲ..နွယ့်ကိုချစ်တယ်မလား...."
"တကယ်လုပ်ရမှာလား..."
"အင်း..."
"မလုပ်ချင်ဘူး..."
"ဒါဆိုလက်မထပ်နဲ့ပေါ့...လွှတ်..."
နွယ်မင်းထက်ပိုင်၏လက်ကိုဆွဲဖြုတ်
လိုက်လေသည်။
"နေဦး...လုပ်မယ်..."
"အင်း..."
နွယ်ပျော်ပျော်ကြီးနဲ့ပြုံးနေလေရဲ့။
"တစ်ခါပဲရမယ်နော်...."
"ဟူး...."
မင်းထက်ပိုင်သက်ပြင်းတစ်ချက်ချလိုက်လေသည်။စောစောကတောင်တော်တော်လေးလုပ်ယူထားရတာ။
"အင်း...မမ...လက်ထပ်ပါနော်...နော်..နော်....မမ့ကိုအနိုင်မကျင့်တော့ပါဘူး...ချစ်တယ်...အာဘွား...အာဘွား...
လက်ထပ့်ပါနော်...မမ"
နွယ်အားရပါးရရယ်ချလိုက်လေသည်။အကို့ရဲ့ဒီလိုပုံကတကယ်ချစ့်ဖို့ကောင်းပြီးရယ်ချင်စရာလေး။
နွယ်ကရယ်တော့မင်းထက်ပိုင်ရှက်ပြီးမျက်နှာကြီးကိုနီရဲသွားလေသည်။
"တော်တော့...ရပြီလေ...လက်ထပ်မယ်မလား..."
"ဟင့်အင်း...နောက်တစ်ခေါက်လုပ်ပြရင်လက်ခံမယ်..."
"နောက်တစ်ခေါက်..."
မင်းထက်ပိုင်မျက်လုံးပြူးသွားလေသည်။
"တော်ပြီ...နောက်ထပ်ကောင်မလေးတစ်ယောက်ပဲသွားရှာတော့မယ်..."
မင်းထက်ပိုင်အထဲဝင်သွားလေသည်။
"အယ်...ငါစတာများသွားပြီလား..အမေလေးတော်ကြာ...စိတ်ဆိုးနေမှ..."
နွယ်ပြေးပြီးအကို့နောက်လိုက်သွားလေသည်။
"ဘာလိုက်လုပ်တာလဲ..."
"အကိုပဲနွယ့်ကိုလက်ထပ်မယ်ဆို...ဒါကြောင့်လိုက်လာတာလေ..."
"အရူးမလေး...ေနာက်တစ်ခါအဲ့လိုမလုပ်ခိုင်းနဲ့ကြားလား..."
"ဟုတ်..."
မင်းထက်ပိုင်နွယ့်ရဲ့လက်ကိုလက်စွပ်လေးစွပ်ပေးလိုက်လေသည်။
နွယ်ပြုံးပြနေတဲ့အပြုံးကဒီနေ့အထိအလှဆုံးအပြုံးတစ်ခုပါ။
မင်းထက်ပိုင်မျက်လုံးထဲအဲ့အပြုံးလေးကိုမေ့နိုင်မယ်မထင်ပါဘူး။
နားကြည်းချက်တွေကလဲ့စားတွေကြောင့်နွယ်တို့ဝေးကွာခဲ့ရပေမဲ့ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိပါတယ်။
အမှန်ေတာ့ဒုတိယအကြိမ်မဟုတ်ပါဘူးနွယ်တို့အစကတည်းကမပြောင်းလဲတဲ့အချစ်နဲ့ချစ်ခဲ့ကြတာပါ။
ဇာတ်လမ်းတစ်ခုလုံးမှာနွယ်သာမင်းထက်ပိုင်ကိုသည်းခံပြီးချစ်ပေးခဲ့သူ။အကိုအတွက်ဆိုနွယ်သူမ၏အချစ်တွေတောင်လက်လျော့ခဲ့တဲ့သူတစ်ယောက်ပါ။
ချစ်တဲ့သူအတွက်နွယ်ဘာမဆိုလုပ်ပေးနိုင်ပါတယ်။
မင်းထက်ပိုင်အတွက်ကတော့သူပထမဆုံးသူ့အနားမှာနေချင်ခဲ့တဲ့မိန်းကလေးကတော့နွယ်ပဲ။
အမြဲလည်းလိုက်ရှာနေခဲ့တယ်။အမြဲလည်းစိတ်ပူနေခဲ့တယ်။
သူမကြောင့်အရာအားလုံးကိုစွန့်ပစ်နိုင်တယ်။သူမကသူ့အတွက်တော့မရှိမဖြစ်တဲ့သက်ရှိလေးပါပဲ။
ပြီးပါပြီ.....
"အကိုလို့အခြားသူတွေကိုခေါ်ခဲ့ပေမဲ့လည်း
နွယ့်စိတ်ထဲမှာတော့အကို့ကိုသာအကို့လို့စိတ်ထဲကပါပါနဲ့ခေါ်ခဲ့တာပါနော်..."
"သေချာလား...."
"သေချာတယ်...ဒါကြောင့်စိတ်ဆိုးပြေပါတော့နော်...နော်.."
"ဒါဆို..ချစ်တယ်လို့ပြော....."
"ဟာအကိုကလည်း..."
"ပြောလို့ဆို..."
"ချစ်တယ်...ချစ်တယ်..ရပြီလား..."
"အင်း...လာခဲ့..ဒီနားကို..."
နွယ့်ရဲ့နဖူးလေးနူးနူးညံ့လေးနမ်းလိုက်လေသည်။
မင်းထက်ပိုင်ကနွယ့်ကိုအမြဲအနိုင်ယူပေမဲ့လည်းနွယ့်ကိုသူချစ်တဲ့အချစ်ကိုတော့ဘယ်သူမှမမှီပါဘူး။
တစ်ခါတစ်ရံအချစ်ဦးနဲ့မလွဲတတ်ပါဘူးနော်။
စာဖတ်သူတို့လည်းအားမလျော့ပါနဲ့နော်။❤❤❤❤❤❤❤❤❤❤❤❤❤❤
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romanceအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်