အပိုင်း၄

86 5 0
                                    

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၄)
နွယ့်ဒီအိမ်ကိုရောက်တာဒုတိယနေ့။မနက်ခင်းပိုင်းမှာတော့အကိုကြောင့်ရှုပ်ယှက်ခတ်နေပေမဲ့နေလယ်ခင်းမှာတော့အေးဆေးနေတာပဲ။
နွယ်ခြံထဲကိုလိုက်ကြည့်မိသည်။ခြံကြီးကတော်တော်လေးကျယ်တာပဲ။အပင်မျိုးစုံပန်းမျိုးစုံပါပဲ။
ခြံနောက်ဘက်တွင်ကိုကိုတစ်ယောက်ဘာတွေအလုပ်ရှုပ်နေလဲမသိ။
နွယ်သွားကြည့်မိသည်။
"ကိုကို..ဘာတွေလုပ်နေတာလဲ..."
"မမလေး..."
"ဘာလုပ်နေတာလဲ..."
"မြေတူးမို့..မမလေး...အကိုလေးကအပင်စိုက်ချင်တယ်ဆိုလို့.."
"ဘာအပင်လဲ..."
"စံပယ်ပင်..."
"ဝယ်ပြီးပြီလား..."
"ဟုတ်ကဲ့...ဟိုမှာပါ..."
ညီညီစံပယ်ပင်ကိုမယူလာခဲ့သည်။
"ဒီထဲထည့်လိုက်ရတော့မလား..."
"အင်း..ထည့်လိုက်တော့..."
"နေဦး...အကိုလေးကဘာပြောထားသေးလဲ..."
"စိုက်ရုံပဲစိုက်ခိုင်းထားတာ...အပင်ကရှင်မှာမဟုတ်ပါဘူး...အဲ့ဒါကိုဘာလို့အမြဲဝယ်စိုက်နေတာလဲမသိဘူး...ဒါနဲ့ဆိုဆယ်ပင်လောက်ရှိပြီနော်..."
"မသိဘူးလေ...ဒီအပင်ကျမှစိုက်ရခက်နေတယ်.."
ကိုကိုနဲ့ညီညီအလုပ်လုပ်ရင်းစကားပြောနေကြသည်။
နွယ်နားထောင်ကြည့်တော့စံပယ်ပင်ဆိုတာစိုက်ရခက်တဲ့အရာမဟုတ်ပါဘူး။
ဘာလို့သူတို့ကျမှခက်နေရတာတုန်း။
"သေချာလုပ်လေကွာ...အပင်ကစောင်းနေပြီ..."
"ဪ...အေးအေး..."
"ဒီအပင်ကစိုက်ရမခက်ပါဘူး...ဆယ်ပင်တောင်ဆို​ေတာ့တော်တော်များနေပြီမလား..."
"ဟုတ်တယ်မမလေးရယ်...ကျွန်တော်တို့လည်းသေချာစိုက်တာပါပဲ...ဘာလို့မရှင်တာတုန်းမသိဘူး..."
"အင်း.."
နွယ်အပင်လေးကိုရေလေးလောင်းအြေလေးညှိပေးခဲ့ပြီးပြန်လာခဲ့သည်။
"🎶🎶🎶🎶🎶"
နွယ့်ဖုန်းကဖုန်းလာနေတာနဲ့ကြည့်မိရာတီတီလေးဖြစ်နေသည်။
"ဟယ်လို..တီတီလေး..."
"သမီးနွယ်..."
"ဟုတ်..တီတီလေး..."
"အိမ်ရောက်နေပြီဆို...အဆင်ပြေလား.."
"ဟုတ်ကဲ့...ပြေပါတယ်..."
"တကယ်လား..."
"အင်း...ဟုတ်..ပြေပါတယ်...ဒီကလူတွေကဖော်ရွေကြတယ်...နွယ့်ကိုလည်းဂရုစိုက်ကြပါတယ်.."
"ဒါဆိုရင်ဝမ်းသာပါတယ်...အခုဘာလုပ်နေတာလဲ.."
"ခြံထဲမှာ...ကိုကိုနဲ့ညီညီကိုကူညီနေတာ..."
"ဪ.. တီတီလေးကပြန်လာနိုင်မှာမဟုတ်သေးဘူး...နောက်ထပ်တစ်ပါတ်နှစ်ပါတ်လောက်နေရဦးမယ်...နွယ်အဆင်ပြေတယ်မလား.."
"ပြေပါတယ်...တီတီလေးလုပ်စရာရှိတာသာလုပ်ပါ..နွယ့်ကိုစိတ်မပူပါနဲ့.."
"တီတီလေးစိတ်ပူတာအကြောင်းမဟုတ်ဘူး...နွယ့်အကိုနဲ့ကောတွေ့ပြီးပြီလား..."
"အင်း...တွေ့ပြီးပြီ.."
"ဘယ်လိုလဲ..ဆိုးတယ်မလား.."
"နည်းနည်းတော့ဆိုးတယ်.."
"သည်းခံပေးပါသမီးရယ်...တီတီလေးပြောထားတယ်မလား...သူ့ကိုသည်းခံပေးနော်.... သူသနားစရာကောင်လေးတစ်ယောက်ပါ"
"ဟုတ်ကဲ့ပါ..တီတီလေးရဲ့..နွယ်အတတ်နိုင်ဆုံးသည်းခံပေးထားပါတယ်..."
"ကောင်းတယ်...သူကဆိုးပေမဲ့စိတ်ကောင်းရှိပါတယ်...သမီးကြာရင်သိသွားမှာပါ..."
"ဟုတ်ကဲ့ပါ..."
"တီတီလေးပြန်လာရင်သမီးကိုအလုပ်ပေးမယ်...အခုတော့အိမ်မှာခဏနေလိုက်ဦးနော်...အမေနဲ့အဖေကိုစိတ်ပူမနေနဲ့...တီလေးပိုက်ဆံလွှဲလိုက်မယ်..."
"ဟုတ်..တီတီလေး..."
"ဒါဆို...ဖုန်းချလိုက်တော့မယ်နော်...တီတီလေးလည်းအခုမှအားတာနားလိုက်ဦးမယ်..."
"ဟုတ်ကဲ့..တီတီလေး..နွယ့်ကိုစိတ်မပူပါနဲ့..နွယ်အဆင်ပြေပါတယ်.."
"အင်းပါ...သမီးအကိုကိုလည်းဂရုစိုက်ပေးဦးနော်..."
"ဟုတ်..."
"ဒါဆို..ဒါပဲနော်..."
တီတီလေးကတော့ဖုန်းချသွားပြီ။နွယ်သက်ပြင်းတစ်ချက်ချပြီးအိမ်ထဲကိုဝင်သွားခဲ့သည်။
ညနေ၆နာရီလောက်လည်းရောက်ရောအကိုကားပြန်လာပြီ။
ကိုကိုကအကို့ရဲ့အိတ်ကိုသယ်ပြီးအိမ်ပေါ်ကိုတက်သွားသည်။
နွယ်ဧည့်ခန်းထဲမှာသူတို့ကိုကျော​ပေးပြီး
စားပွဲကိုဖုန်သုတ်နေသည်။
အကိုအပေါ်ကိုပဲတက်သွားပါစေ....
နွယ်အနောက်မှစကားသံတွေတိတ်သွားတာကိုသတိထားမိသည်။
"ဟူး...အကိုအပေါ်တက်သွားပြီနဲ့တူတယ်..."
နွယ်စားပွဲကိုသေချာလေးဆက်သုတ်
​ေနသည်။ချောင်ကြိုချောင်ကြားကစသေချာလိုက်သုတ်သည်။
"ပြီးပြီ..."
နွယ်သွားရန်အလှည့်
"အမလေး..."
နွယ်ဆု့တောင်းကလွဲခဲ့ပြန်ပြီ။အကိုကအနောက်မှာနံရံကိုမှီပြီးရပ်နေလေသည်။
"အကို...ဘာလုပ်နေတာလဲ..."
"ငါ့ဘာသာဘာလုပ်လုပ်ပေါ့...မင်းနဲ့ဘာဆိုင်လဲ..."
"ဪ...ဟုတ်သားပဲ...ဘာမှမဆိုင်ဘူးပါဘူး...ဒါဆိုခွင့်ပြု့ပါဦးနော်..."
နွယ်ကုတ်ကုတ်လေးအကိုရှေ့ကပြေးသွားလိုက်သည်။
သို့သော်လည်းအကို့လက်ကမလွှတ်ပါဘူး။
အင်္ကျီကိုအနောက်ကနေလှမ်းဆွဲထားသည်။
"ဟမ်..."
နွယ်လန့်သွားသော်လည်းအနောက်ကိုလှည့်ကြည့်လိုက်ရသည်။
"အကို..ဘာလို့လဲ...နွယ့်ကိုဘာခိုင်းမို့လို့လဲ..."
"ကော်ဖီတစ်ခွက်ယူခဲ့..."
"ဟုတ်ကဲ့. .ညဆိုတော့နွားနို့သောက်မလား..ကော်ဖီကအိပ်မပျော်ပဲနေလိမ့်မယ်..."
"ငါပြောတဲ့အတိုင်းသာလုပ်ပါ..."
"ဟုတ်ကဲ့.."
နွယ့်ကိုခိုင်းတာခိုင်းသာအင်္ကျီကိုလက်ကမလွတ်ပေး။
"အကို....ဟိုလေ...အင်္ကျီလေးလွှတ်ပေးဦး.."
"ဪ..."
အကိုလွှတ်ပေးလိုက်တာနဲ့မီးဖိုခန်းထဲဘယ်လိုရောက်လာမှန်းမသိအောင်ကိုနွယ်ပြေးလာခဲ့မိသည်။
ငါဘာဖြစ်နေတာလဲ...သူရှေ့ရောက်ရင်ကိုအလိုလိုရင်တုန်နေတာ..ငါသတ္တိတွေဘယ်ရောက်ကုန်တာလဲ...
နွယ်ကော်ဖီပူပူလေးကိုအကို့ဆီယူလာခဲ့သည်။
အကိုကတော့ဧည့်ခန်းထဲမှာစာဖတ်နေလေရဲ့။
"ရပါပြီ..."
"အင်း...ဒါကိုယူပြီးငါ့နောက်လိုက်ခဲ့..."
"ဟုတ်ကဲ့.."
(ဘယ်ခေါ်မို့လဲမသိဘူး...)
နွယ်အကို့နောက်ကနေလိုက်ခဲ့သည်။အကိုကစာဖတ်ခန်းထဲသွားတာပဲ။
စာဖတ်ခန်းကလည်းနွယ်တို့အိမ်ကအိပ်ခန်းထက်နှစ်ဆလောက်လောက်ကြီးမယ်။
စာအုပ်တွေလည်းစီထားတာလူတစ်ရပ်မကပဲ။စာကြည့်တိုက်ရောက်နေသလိုပဲ။
နွယ်ငေးမောနေမိတာအကို့ကိုတောင်မေ့သွားတယ်။
နွယ်ကစာဖတ်ရတာသိပ်ကြိုက်တယ်။စာဖတ်နေရင်အရာရာကိုမေ့သွားသလိုပဲ။
စာဖတ်ခြင်းကလူကိုအေးချမ်းစေတယ်လေ။နွယ်တစ်ခါတစ်လေစာတိုတိုလေးတွေလည်းရေးတတ်သေးတယ်။စိတ်ပါရင်ပေါ့။
ကဗျာဆန်အောင်တော့သိပ်မရေးတတ်ပါဘူး။ဒါပေမဲ့နွယ်စိတ်ကူးထဲကအရာတွေကိုတော့စာအုပ်ထဲရေးမှတ်ရတာကြိုက်တယ်။
"ဟေ့...ဘာလုပ်နေတာလဲ..."
"ဪ...ဟုတ်ကဲ့..."
"လာလေ..."
"ဟုတ်...ဟုတ်..."
မင်းထက်ပိုင်စာဖတ်စားပွဲမှာဝင်ထိုင်လိုက်သည်။
"ကော်ဖီပေး..."
နွယ်ကော်ဖီကိုပေးပြီးတော့ဒီအတိုင်းရပ်နေမိသည်။
(ဟင်း...ငါဒီကလေးမကိုပညာပေးရမယ်...ငါဘယ်လိုပညာပေးရမလဲ...စဥ်းစားစမ်း...ဪ.သိပြီ...)
"ပိုးသားနွယ်...မင်းငါ့ကိုယပ်ခတ်ပေးစမ်း..."
"ရှင်.."
"ဘာလုပ်နေတာလဲ..ပြောတာမကြားဘူးလား.."
"ကြားပါတယ်...ယပ်ခတ်ပေးခိုင်းတာမလား.."
"အင်း..ငါပူတယ်...အဲကွန်းကပျက်နေတဲ့ပုံပဲ...ညီညီ့ကိုပြင်ခိုင်းထားတာမပြင်ရသေးဘူးနဲ့တူတယ်...ပူလိုက်တာ...ဟူး...ဟူး..ယပ်တောင်သွားရှာချည်..."
"ဪ..ဟုတ်ကဲ့..."
နွယ်ယပ်တောင်ရှာရန်အပြင်ကိုပြန်ထွက်လာခဲ့သည်။
"ယပ်တောင်တဲ့...ငါဘယ်နားသွားရှာရမှာလဲ...ဪ..သိပြီ..."
ခဏကြာတော့နွယ်ပြန်ရောက်လာခဲ့သည်။
လက်ထဲမှာမင်းထက်ပိုင်သူထင်ထားတဲ့အရာမဟုတ်တော့စိတ်ပျက်သွားပုံပဲ။
"အကို..ခဏလေးနော်.."
နွယ်တစ်ခုခုကိုလိုက်ရှာနေပုံပဲ။
"ဘာလုပ်နေတာလဲ..."
"ပလပ်ထိုးရအောင်လို့လေ...ပန်ကာဖွင့်ဖို့..."
"အဲ့ဒါကြီးဘယ်ကယူလာတာလဲ..."
"ကြွယ်တို့အခန်းကသူတို့ဆီမှာအဲကွန်းပျက်နေတော့ပန်ကာရှိတယ်...အဲ့ဒါခဏငှားခဲ့တာ...
ဖွင့်လိုက်မယ်နော်..."
မင်းထက်ပိုင်စိတ်ပျက်လက်ပျက်နဲ့ခေါင်းငြိမ့်လိုက်ရသည်။
မင်းထက်ပိုင်ပန်ကာလေနဲ့အေးနေပြီ။နွယ့်ကိုအနိုင်ကျင့်ချင်လို့တာလုပ်ခိုင်းရတာ။နွယ်ကတော့ခုံပေါ်မှာစာအုပ်ဖတ်လို့။
မင်းထက်ပိုင်အေးတာနဲ့ကော်ဖီပူပူတွေကိုသာမှုတ်သောက်နေရသည်။
(ဘယ်လိုအရူး​ကြီးတုန်းမသိဘူး..ပန်ကာဖွင့်ပြီးကော်ဖီသောက်နေတယ်..အေးတယ်ဆိုအေးတယ်ပေါ့...)
နွယ်သူ့ကိုကြည့်ပြီးတိတ်တိတ်လေးခိုးရယ်နေမိသည်။နွယ့်ကိုအရွဲ့တိုက်ချင်ပြီးသာလုပ်နေတာ။ရယ်ချင်စရာပဲ။
မကြာပါဘူး။ပိုးသားနွယ်ဆိုတဲ့ခေါ်သံကြားရပြန်ပြီ။
"ပိုးသားနွယ်...လာဦး..."
"ဟုတ်ကဲ့...ဘာလို့လဲအကို.."
"ပန်ကာပိတ်လိုက်တော့...ငါ့ကိုယပ်ပဲခတ်ပေး..."
"ဘာလို့လဲ..ပန်ကာကပိုကောင်းတယ်လေ..."
"ငါယပ်ခတ်ဆိုယပ်ခတ်ပေါ့..အပိုမပြောနဲ့..ပန်ကာသွားပိတ်လိုက်...မြန်မြန်.."
"ဟုတ်..."
နွယ်ပြေးပြီးပန်ကာကိုပိတ်လိုက်သည်။
"ဟီးဟီး...ရယ်ရတယ်.."
"အကို..ယပ်ခတ်ဖို့ယပ်တောင်မရှိဘူး..."
"မရှိဘူးဆိုတော့မခတ်တော့ဘူးပေါ့..."
"မဟုတ်ပါဘူး..."
"သွားဟိုနားကစာအုပ်တစ်အုပ်ယူပြီးတော့လာခတ်..."
"ဟုတ်....."
နွယ်သူ့ဘေးနားမှာရပ်ပြီးယပ်ခတ်ပေးနေရသည်။
လက်တွေလည်းညောင်းလှပြီ။ဘယ်ချိန်ထိခတ်ပေးနေရမှာလဲ။
"မြန်မြန်ခတ်လေ..."
"အင်း..."
နွယ်အိပ်လည်းအိပ်ချင်ပြီ။နာရီကြည့်တော့ဆယ်နာရီထိုးနေပြီ။
မင်းထက်ပိုင်ကတော့ဘာလိုမှမနေ။စာဖတ်ကမပျက်သေး။
နွယ်စာဖတ်နေတဲ့အကို့ကိုသေချာကြည့်နေမိသည်။အကို့ကိုဘာလို့သဘောကျလဲဆိုတာသိပြီ။
သူဒေါသတွေထွက်မနေ။မဆူမငေါက်ဘူးဆိုအရမ်းကိုခန့်ညားနေတာပဲ။
ဘေးနားကနေရပ်ကြည့်နေရတာကိုပဲ
နွယ်တော်တော်ကျေနပ်နေမိပြီ။အခုလိုကျတော့လည်းနွယ်သဘောကျခဲ့မိတဲ့အကိုပုံစံအတိုင်းပြန်ဖြစ်သွားပြန်ပြီ။
ဒါပေမဲ့သူနွယ့်အပေါ်လုပ်တာတွေကိုစဥ်းစားကြည့်ရင်မုန်းသွားပြန်ရော။
ဘာလို့များသူကငါ့အပေါ်ဒီလောက်မုန်းနေရတာလဲ။စဥ်းစားမရဘူး။
အဲ့အကြောင်းတွေရှင်းပြနိုင်တာဆိုလို့သူတစ်ယောက်ပဲရှိတယ်။အကိုကလည်းပြောပြမယ့်ပုံမပေါ်။
နွယ်သူ့အကြောင်းတွေသိချင်တယ်။သူရဲ့အကြောင်းအရာသေးသေးလေးတွေကအစ။
နွယ်သူ့အကြောင်းတွေသိလာရင်သူ့ကိုနားလည်လာလိမ့်မယ်။ဒါဆိုအကိုနဲ့အတူခံစားပေးလို့ရပြီ။အဲ့လိုနဲ့အကိုကငါ့ကိုလက်ခံလာလိမ့်မယ်။ဒါဆိုငါတို့ရင်းနှီးလို့ရပြီ။
သူ့အကြောင်းတွေလည်းနွယ့်ကိုပြော။နွယ့်ကလည်းနွယ့်အကြောင်းတွေအကို့ကိုပြောပြနဲ့။ဟီး..ဟီး...ငါတို့တွေအရမ်းကိုရင်းနှီးလာကြတော့မှာပဲ...
"ဟေ့..ဟေ့..."
နွယ်အင်းထက်ပိုင်လှုပ်နှိုးတာကိုတောင်မသိတော့။အတွေးထဲမှာမျောနေလေရဲ့။
"ဟဲ့...ပိုးသားနွယ်..."
"ဟင်..."
နွယ့်နဖူးကိုဖြန်းကနဲနေအောင်ရိုက်လိုက်တော့မှနွယ်လန့်ပြီးပြန်နှိုးလာခဲ့သည်။
"အကို..ဘာလိုလို့လဲ..."
"မတ်တပ်ကြီးတောင်အိပ်ပျော်နေတာလား...ဘယ်လိုတွေလဲ..."
"ဟဲ..ဟဲ..အတွေးထဲမျောသွားလို့.."
"အတွေးမျောနေတယ်ဆိုလည်းနောက်မှမျော...အခုတော့ငါ့ကိုဆေးလိပ်သွားယူပေး...ငါ့အခန်းထဲမှာရှိတယ်..."
"ဟုတ်ကဲ့..."
နွယ်အကိုအခန်းထဲကိုဝင်ပြီးဆေးလိပ်ဗူးသွားယူပေးသည်။
"ရပြီ...ဟိုနားသွားထိုင်နေ...ငါလိုရင်ထပ်ခေါ်မယ်..."
"ဟုတ်ကဲ့..."
နွယ်စာဖတ်နေရင်းစာအုပ်တစအုပ်တောင်ပြီးပြီ​။အကိုကတော့​ပြတင်းပေါက်နားမှာ
ဆေးလိပ်သောက်ရင်းအပြင်ကိုကြည့်နေသည်။
နွယ်တကယ်အိပ်ချင်လာပြီ။မနက်ကတည်းကအစောကြီးထပြီးအလုပ်တွေလုပ်ထားရတာပင်ပန်းတယ်။
နွယ်အကိုမသိအောင်ခဏလေးအိပ်တော့ဖြစ်မှာလဲ။အကိုဟိုဘက်လှည့်နေတာပဲလေ။
နွယ်မျက်လုံးတွေတကယ်ဆင်းနေပြီ။
ခဏလေးပဲ...နောက်ပြီးပြန်ထမယ်နော်...
နွယ်ခုံပေါ်မှာလက်နှစ်ဖက်ကိုထပ်ပြီးအိပ်ပျော်သွားခဲ့သည်။
အိပ်ကောင်းနေတာပဲ။ခဏလေးနဲ့နွယ်အိပ်ပျော်သွားတယ်။
ပင်ပန်းထားတာကိုအိပ်ပျော်မှာပေါ့။
😴😴😴😴😴😴😴😴😴😴😴😴😴😴
ပြတင်းပေါက်ကနေရောင်လှမ်းထိုးတော့မှန်နိုးခဲ့ပြီ။
"ဝါး..."
အကြောဆန့်ဘာဆန့်နဲ့ဘေးပတ်ဝန်းကျင်ကိုသတိမထားမိ။
"အင်း...ခဏလေးအိပ်ပျော်သွားတာ...မနက်တောင်ရောက်လာပြီ...."
နွယ်အိပ်ချင်မူးတူးနဲ့မျက်လုံးတွေပွတ်ပြီးဖွင့်ကြည့်တော့မှစာဖတ်ခန်းထဲအိပ်ပျော်သွားတာကိုသတိထားမိသွားသည်။
"ဟာ...ဒုက္ခပဲ...ဘယ်နှစ်နာရီရှိပြီလဲမသိဘူး...ငါဒီထဲအိပ်ပျော်သွားတယ်...အကိုကတော့စိတ်ဆိုးနေတော့မှာပဲ..."
နွယ်ထပြီးအခန်းအပြင်ကိုအမြန်ပြေးသွားသည်။
အောက်ထပ်လည်းရောက်ရောကြွယ်တို့သားအမိကထမင်းပန်းကန်တွေတောင်သိမ်းလို့ပေါ့။
"ဟိုဟာ..အကိုသွားပြီလား.."
"သွားပြီလေ...မမလေးရဲ့...၈နာရီတောင်ခွဲနေပြီ...မမလေးအိပ်ပျော်နေတာနဲ့မနိုးလိုက်တာ..."
"ဟုတ်လား...အကိုကဘာပြောသေးလဲ...."
"ဘာမှမပြောပါဘူး...အပြန်ကျရင်မမလေးကိုခိုင်းစရာရှိသေးတယ်လို့တော့​ပြောသွားတယ်..."
"သေပြီ...ငါတော့ရူးချင်တာပဲ...."
"ဘာဖြစ်နေတာလဲမမလေး..."
"ဘာမှမဟုတ်ပါဘူး..."
""မနက်စာစားတော့မလား..."
"မစားသေးဘူး...နွယ်မျက်နှာသစ်လိုက်ဦးမယ်...ဘာမှမလုပ်ရသေးဘူး..."
"ဪ..ဟုတ်ကဲ့..ဒါဆို..ဒါတွေသိမ်းထားလိုက်မယ်နော်..."
"အင်း.."
နွယ်တကယ်ခေါင်းမီးတောက်ပြီ။
အကိုကပြန်လာရင်ဘာခိုင်းမှာလဲမသိဘူး။
သေရောပဲ။
နွယ်.နွယ်..နင်အိပ်ပုတ်ကြီးလိုက်တာ..ဒုက္ခလှလှတော့တွေ့ပြီ။
ငါ့နဲ့လည်းဒီအိမ်ရောက်တာကောင်းကောင်းနေရတဲ့နေ့ကိုမရှိပါဘူး။
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎

#မဒီ

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်Where stories live. Discover now