ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁၀)
ပုံမှန်အတိုင်းအလုပ်သွားရန်နွယ်အိမ်ကနေထွက်လာခဲ့သည်။
အခုဆိုနွယ်လုပ်တတ်ကိုင်တတ်နေပြီမို့ကိုယ့ဘာသာပဲအလုပ်လုပ်နေတော့သည်။
နွယ်ဒီနေ့အခန်းတော်တော်များများကိုထုံးစံအတိုင်းသန့်ရှင်းရေးလုပ်ပေးသည်။
နေ့လယ်စာစားချိန်မို့နွယ်အိမ်ကထုတ်လာသောထမင်းဗူးလေးကိုကိုင်ပြီးအမခင်တို့ရှိတဲ့နေရာကိုလာခဲ့သည်။
အမခင်တို့လည်းနွယ်လာမှစားကြမှာမို့စောင့်နေလောက်ပြီ။
"အမ..."
"နွယ်ရောက်ပြီလား..."
"ဟုတ်..."
"ဒါဆိုလည်းစားကြရအောင်အမတို့ဗိုက်ဆာနေပြီ..."
နွယ်ထမင်းဗူးလေးကိုဖွင့်ပြီးသူငယ်ချင်းတွေအတွက်ထုတ်လာခဲ့သောကြက်သားဟင်းလေးကိုပေးသည်။
"နွယ်တို့ကတော့တကယ်ချစ်ဖို့ကောင်းတယ်...နေ့တိုင်းငါတို့အတွက်ဟင်းတွေထုတ်လာတယ်..."
"နွယ်ကနင်တို့ကိုစားစေချင်လို့ပါ.. စားကြနော်...နွယ်ကိုယ်တိုင်သေချာချက်လာတာ ..."
"စားမှာပေါ့...နွယ်နင်ဒါတွေချက်လာတော့ပိုက်ဆံကုန်တာပေါ့..."
"သူငယ်ချင်းတွေအတွက်ပဲကုန်ပါစေ..ရပါတယ်..."
"အဟီး...နွယ်တို့ကတော့ပြောတတ်တယ်...."
နွယ်အလုပ်အတူလုပ်တဲ့သူငယ်ချင်းတွေနဲ့
စားရင်းသောက်ရင်းစကားပြောရယ်မောကြသည်။
နွယ်ကသဘောကောင်းတော့နေရာတကာမှယလူချစ်လူခင်ပေါများတာမဆန်းပါဘူး။
"ဒါနဲ့နွယ်..."
"အင်း..."
"နင့်ကိုကောင်တာကကောင်မတွေကပြောနေတယ်...နင့်နဲ့သူဋ္ဌေးနဲ့ကသိတာလား...နင်စရောက်တဲ့နေ့ကလည်းသူဋ္ဌေးနဲ့အပြင်ထွက်သွားတယ်တဲ့...ဟုတ်လား..."
နွယ်စားလက်စထမင်းလုတ်တောင်သီးသွားသည်။
"အဟင့်..."
အားလုံးကတော်တော်သိချင်နေတဲ့ပုံပဲ။နွယ့်ကိုပဲကြည့်နေကြသည်။
"ဪ..အဲ့ဒါကသူဋ္ဌေးကနွယ့်အဒေါ်နဲ့သိလိုပါ...အဲ့ဒါကြောင့်နွယ်နဲ့နည်းနည်းပါးပါးသိတာ..."
"အော်...အဲ့ကြောင့်လား..."
"ဒါပေမဲ့..အဲ့နေ့ကဘာလို့အပြင်ထွက်သွားတာလဲ..."
"အဲ့ဒါက...ဟို...နွယ့်အဒေါ်ဆီလိုက်လည်တာ...မတွေ့တာကြာပြီမို့လို့..."
"အင်း...နွယ်တို့များကံကောင်းလိုက်တာနော်...သူဋ္ဌေးနဲ့လည်းခင်တယ်...ငါလည်းကံကောင်းချင်လိုက်တာ..."
"အမယ်...နွယ်ကစိတ်ထားကောင်းတော့ကံကောင်းတာပေါ့...နင်ကျတော့.."
"ဘာလဲ...ငါ့ကိုစိတ်ထားမကောင်းဘူးလို့ပြောတာလား..."
"မဟုတ်ပါဘူး..."
"ဟုတ်ပါတယ်..."
နွယ်သူတို့စကားများနေရင်းတိတ်တိတ်လေးသက်ပြင်းချမိသည်။
အကိုနဲ့သာအမျိုးတော်တာသိသွားရင်ငါတော့မတွေးရဲစရာပဲ။
နွယ်စိုးရိမ်နေတဲ့ကြားထဲကအရေးကိစ္စတစ်ခုပေါ်ပေါက်လာခဲ့သည်။
ကောင်လေးတစ်ယောက်အမောတကောနဲ့နွယ်တို့နားကိုပြေးလာခဲ့သည်။
"ဟဲ့..ဟဲ့...နင်တို့သိလား...အဟူး..ဟူး..."
"ဘာလဲ...ပြော..."
"အထဲမှာမိုးမီးလောင်နေပြီ..."
"ဟင်...ဘာလို့လဲ..."
"မေးမနေနဲ့..မြန်မြန်လိုက်ခဲ့...သူဋ္ဌေးကနင်တို့ကိုခေါ်ခိုင်းလိုက်တယ်..."
"အော်..အေး..."
"မြန်မြန်လုပ်...ထမင်းချိုင့်တွေသိမ်းမနေနဲ့...သူဋ္ဌေးခေါ်နေပြီ..."
နွယ်တို့လည်းဘာပြဿနာဖြစ်လည်းမသိပဲအမြန်ပြေးလာခဲ့သည်။
ဟိုတယ်ဧည့်ခန်းထဲမှာသူဋ္ဌေးနဲ့ဝန်ထမ်းအားလုံးစုံနေပြီ။အားလုံးရဲ့မျက်နှာတွေလည်းညှိုးငယ်ပြီးစိုးရိမ်နေကြတဲ့ပုံပဲ။
အကိုလည်းဒေါသတွေထွက်ပြီးရပ်နေသည်။
ခုံမှာတော့ဧည့်သည်လို့ထင်ရတဲ့လင်မယားနှစ်ယောက်ထိုင်နေလေသည်။
နွယ်တို့လည်းအမြန်ပြေးပြီးသူဋ္ဌေးဘေးမှာရပ်လိုက်ကြသည်။
"အားလုံးစုံပြီလား..."
"ကဲ...အားလုံးကိုပြောစရာရှိတယ်..."
နွယ်တို့ကလွဲရင်ကျန်တဲ့သူတွေအားလုံးသိနေပြီး။
"ဒီနေ့ငါတို့ဟော်တယ်မှာပြဿနာဖြစ်နေတယ်...ဟိုဧည့်သည်ရဲ့လည်ဆွဲပျောက်သွားတယ်...မင်းတို့ကိုငါမစွပ်စွဲချင်ပါဘူး...ခိုးထားတဲ့သူရှိရင်ကိုယ့်အပြစ်ကိုလာဝန်ခံစေချင်တယ်..."
အားလုံးကလည်းတုတ်တုတ်မှမလှုပ်။ဟိုလူနှိုးနှိုးဒီလူနှိုးတစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
"ဝန်မခံဘူးလား...ဒါဆိုငါလည်းမတတ်နိုင်ဘူးနော်..တာဝန်အရလုပ်ရမှာပဲ...ငါ့ဟိုတယ်မှာဒီလိုလုပ်တာလက်မခံနိုင်ဘူးဆိုတာမင်းတို့သိပါတယ်...ငါသေချာပြောနေတာနော်...ကိုယ့်ဘာသာလာဝန်ခံလိုက်ပါ...စစ်လားဆေးလားတွေငါမလုပ်ချင်ဘူး..."
မင်းထက်ပိုင်ပြောနေပါသော်လည်းဘယ်သူမှပေါ်မလာ။
ဆွဲကြိုးပိုင်ရှင်မိန်းမကြီးကစိတ်ဆိုးပြီးထိုင်ခုံမှထလာခဲ့သည်။
"ရှင်တို့ဒီလောက်ပြောနေတာနားမလည်ဘူးလား...ကျွန်မဝန်ခံရင်ဘာမှမလုပ်ပါဘူးရှင်..အဲ့လည်ဆွဲလေးကျွန်မယောကျ်ားပေးထားလို့ပြန်ပဲလိုချင်တာပါ....ယူထားတဲ့သူတွေပြောကြပါရှင်..."
တကယ်ပဲဝန်ထမ်းတွေမယူကြဘူးထင်တယ်။ဘယ်သူမှဝန်မခံကြပေ။
"ကောင်းပြီ...ဒါဆိုလည်းစစ်ဆေးကြတာပေါ့....အခိုးခံရတာဆိုတော့အဲ့အခန်းထဲဝင်တဲ့သူတွေကိုအရင်စစ်ဆေးမယ်..."
"ဒီနေ့သူတို့အခန်းနံပါတ်၂၂မှာတာဝန်ကျတဲ့သူတွေရှေ့ထွက်ခဲ့"
အခန်းနံပါတ်၂၂..အဲ့မှာနွယ်ဒီနေ့သန့်ရှင်းရေးလုပ်ခဲ့တာပဲ..
"ထွက်ခဲ့ကြလေ..."
နွယ်ရယ်ကောင်လေးတစ်ယောက်ရယ်ရှေ့ထွက်လာခဲ့သည်။
နွယ်လက်ဖက်ကိုဆုပ်ကိုင်ရင်း..
မင်းထက်ပိုင်နွယ့်ကိုမြင်တော့သေချာကြည့်နေလေရဲ့။နွယ်ဆိုတော့ကိုယ်တိုင်မမေးချင်တာနဲ့မန်နေဂျာကိုပဲလက်တို့လိုက်လေသည်။
"မင်းတို့တွေလား..."
"ဟုတ်..."
"ဒါဆိုမင်းတို့သူရဲ့ဆွဲကြိုးကိုယူခဲ့ကြလား..."
"မယူခဲ့ပါဘူး....မယူပါဘူး..."
"မင်းတို့မလိမ်နဲ့နော်..."
"မလိမ်ပါဘူး..."
"ရှင်တို့အဲ့လိုမေးနေရင်တော့ရမှာမဟုတ်ဘူး...ကဲ...ညီမနဲ့မောင်လေး..အမမေးမယ်...အမရဲ့ဆွဲကြိုးကိုယူခဲ့ကြလား...ယူထားရင်ပြန်ပေးပါနော်...အမတရားမစွဲပါဘူး...လူဆိုတာလှတဲ့အရာတွေ့ရင်လိုချင်ကြတာပဲလေ...အမနားလည်ပါတယ်..ဒါပေမဲ့သူများပစ္စည်းကိုတော့မယူသင့်ဘူးလေ..."
"ကျွန်တော်တို့မယူပါဘူး..."
"နင်တို့တွေငြင်းမနေနဲ့တော့...အမဘာမှမလုပ်ပါဘူးဆို..ပြောနေရင်နားလည်မှပေါ့..."
"ကျွန်တော်မလုပ်ပါဘူး...ကျွန်တော်
မနက်ခင်းမုန့်သွားပို့တော့အမတို့ရှိတာပဲလေ...ကျွန်တော်မလုပ်ဘူး...သူလုပ်တာနေမှာပေါ့...သူကအထဲကိုသန့်ရှင်းရေးသွားလုပ်ရတာပဲ...သူခိုးတာလည်းဖြစ်နိုင်တာပဲကို..."
ဝန်ထမ်းကောင်လေးကနွယ့်ကိုလက်ညှိုးထိုးပြတော့အားလုံးရဲ့မျက်လုံးတွေကနွယ့်ဆီရောက်လာကြသည်။
"ဟင်...နွယ်မလုပ်ပါဘူး...နွယ်မဟုတ်ဘူးနော်.."
နွယ်တော်တော်လေးလန့်ပြီးကြောက်သွားရှာသည်။မင်းထက်ပိုင်လည်းအံ့ကြတကြီးနဲ့နွယ့်ကိုလှမ်းကြည့်နေသည်။
"ဒီမယ်ညီမအမပြောမယ်နော်...ညီမဝန်ခံလိုက်တာကောင်းမယ်...ညီမသန့်ရှင်းရေးလာလုပ်တော့အမတို့မရှိဘူးလေ...ညီမဝန်ခံလိုက်ပြီးဆွဲကြိုးပြန်ပေးပါ.."
"နွယ်မယူဘူး..."
"ညီမ..တော်လောက်ပြီနော်..တရားခံလည်းပေါ်နေပြီပဲကို...ဘာလို့ခေါင်းမာနေရတာလဲ..."
"နွယ်မယူပါ.နွယ်တကယ်ပြောတာပါ..."
"နင်တို့အေ...ငါကစကားကောင်းကောင်းမွန်မွန်ပြောနေတာကို...သူများပစ္စည်းမယူရဘူးဆိုတာမသိဘူးလား...ရုပ်လေးကချောချောလှလှလေးနဲ့သူခိုးမဖြစ်နေတာမရှက်ဘူးလား..."
နွယ်မလုပ်တဲ့ကိစ္စအတွက်အပြောခံနေရတာရှက်တာပေါ့။နွယ်မျက်ရည်တွေအဝိုင်းသားနဲ့ခေါင်းကိုငုံနေမိသည်။
"ခဏနော်..အမဒီကိစ္စသူ့ကိုသေချာမေးပေးပါ့မယ်...ခဏစောင့်ပါ...အမပစ္စည်းပြန်ရစေရမယ်နော်.."
မင်းထက်ပိုင်မနေနိုင်လို့ဝင်ပါခဲ့ရပြီ။
"ကျွန်တော်သူ့ကိုပြောကြည့်ပါ့မယ်...အမဒီလောက်ထိတော့ပြောစရာမလိုပါဘူး...စကားပြောကိုဆင်ခြင်ပေးပါ.."
"လာ..လိုက်ခဲ့.. "
မင်းထက်ပိုင်နွယ့်လက်ကိုဆွဲပြီးအပြင်ဘက်ကိုထွက်လာခဲ့သည်။
နွယ်မျက်ရည်တွေကျပြီးအကိုခေါ်ရာနောက့်ကိုလိုက်ခဲ့ရသည်။
မင်းထက်ပိုင်အပြင်ရောက်တာနဲ့နွယ့်လက်ကိုလွှတ်ပြီးနွယ့်ကိုသေချာကြည့်နေသည်။
"မင်းယူခဲ့လား...ယူခဲ့ရင်ပြန်ပေးလိုက်ပါ.."
နွယ်အကို့ဆီကအဲ့စကားတွေကြားချင်တာမဟုတ်ဘူး။
နွယ့်ဘက်ကရပ်တည်ပြီးနွယ့်ကိုကာကွယ်ပေးမယ်ထင်ခဲ့တာ။နွယ့်ကိုယုံကြည်မယ်လို့ထင်ခဲ့မိတယ်။
"သူတို့ကတရားမစွဲဘူးလို့ပြောတယ်လေ..
ယူထားရင်ပြန်ပေးလိုက်ပါ...ငါမင်းဘက်ကနေပြောပေးပါ့မယ်.."
"ဟင်..အကို...နွယ့်ကိုမယုံဘူးလား...ဟမ်..နွယ်အဲ့ဒါကိုယူမယ်လို့ထင်နေတာလား..."
နွယ့်ရဲ့ဆူးဆူးရှရှအကြည့်တွေကိုမင်းထက်ပိုင်ခံစားလိုက်ရသည်။အခုမှမင်းထက်ပိုင်သူပြောတဲ့စကားတွေရဲ့အဓိပ္ပါယ်မှားသွားတာကိုသတိထားမိတော့သည်။
"အကိုပြောတာအဲ့လိုမဟုတ်ပါဘူး...အကိုက"
"ဟုတ်ပါတယ်...အကိုကိုယ်တိုင်ကတောင်နွယ့်ကိုအဲ့လိုထင်နေတာ...နွယ်ဘယ်တတ်နိုင်မလဲ...ဒါပေမဲ့သေချာပြောလိုက်မယ်...နွယ်အဲ့လိုဘယ်တော့မှမလုပ်ဘူး..."
နွယ်ဒေါသတွေထွက်လာခဲ့သည်။နွယ့်ကိုအားလုံးကသူခိုးမလို့ထင်နေရင်တောင််အကိုကတော့မယုံလောက်ဘူးလို့တွေးထားခဲ့တာ။
"မဟုတ်ဘူးလေ..အကိုပြောတာက.."
"တော်တော့..အကို..."
"အကိုမှားသွားပါတယ်...မင်းအပေါ်အကိုအထင်လွဲသွားတယ်ပဲထားပါ...အခုကဒီကိစ္စမှာမင်းကတရားခံဖြစ်နေပြီလေ..."
"ဘာ...ဒီလောက်ပြောနေတာတောင်အကိုမသိသေးဘူးလား...နွယ့်မလုပ်ပါဘူးဆို...ဘယ်လိုဖြစ်နေကြတာလဲ...နွယ့်သူများပစ္စည်းယူဖို့နေနေသာ...စိတ်နဲ့တောင်မပစ်မှားဘူး..."
"ပိုးသားနွယ်..နေဦး.."
နွယ်ပြောပြီးအထဲကိုပြန်ဝင်သွားခဲ့သည်။
မင်းထက်ပိုင်သူမှားသွားတာကိုသိပါတယ်ဒါပေမဲ့။
နွယ်အထဲကိုဝင်လာပြီးရပ်နေသည်။မင်းထက်ပိုင်နောက်မှရောက်လာပြီး
"အမ.ကျွန်တော်တို့ဝန်ထမ်းကမယူဖူးလို့ပြောတယ်...အမမှားထားမိတာဖြစ်လိမ့်မယ်နော်..သေချာပြန်ရှာကြည့်ပါလား..."
"ဘာမှမှားမထားဘူး...နင်တို့တွေပဲခိုးသွားတာဖြစ်မယ်...ပြန်ပေး..ငါ့ဟာ...ငါ့ဟာပြန်ပေးလို့..."ဧည့်သည်နွယ့်ဆီလျှောက်လာပြီးနွယ့်လက်မောင်းတွေကိုဆုပ်ကိုင်ကာလှုပ်ရမ်းလိုက်သည်။နွယ့်လက်တွေထုံကျင်လာပြီ။
"အား...မလုပ်ပါနဲ့..နွယ်...မယူဘူး..."
"နင်မယူတော့ဘယ်သူယူမှာလဲ...ငါ့ကိုပြန်ပေး..ပြန်ပေး..."
နွယ်ရုန်းပေမဲ့သူကမလွှတ်။မင်းထက်ပိုင်နဲ့ကျန်တဲ့သူတွေကဝိုင်းတားကြသည်။
"မလုပ်ပါနဲ့...လွှတ်လိုက်ပါ...မိန်းမ...လွှတ်လိုက်ပါနော်...ကိုယ့်အသစ်ဝယ်ပေးမယ်....
"ဟင့်အင်း..မလွှတ်ဘူး....ပြန်ပေး..ငါ့ဟာပြန်ပေး..."
နွယ်ကြောက်လန့်ပြီးမျက်ရည်တွေကျလာခဲ့ပြန်သည်။
မင်းထက်ပိုင်ထိုမိန်းမကြီးလက်ကိုဇွတ်ဆွဲဖြုတ်လိုက်သည်။
"ဧည့်သည်...လွှတ်ပါ..."
လက်လွှတ်လိုက်တော့နွယ်ခွေခွေလေးလဲကျသွားသည်။
မင်းထက်ပိုင်စိတ်ပူပြီးနွယ့်ဘေးနားမှာငုတ်တုတ်ထိုင်လိုက်သည်။
"ပိုးသားနွယ်...မင်းဘာဖြစ်သွားသေးလဲ..."
နွယ့်ဘာမှပြန်မပြောပဲမျက်ရည်တွေသာကျနေလေသည်။
"နွယ်.ဘာမှမလုပ်ပါဘူးနော်...အကို...နွယ့်ကိုယုံပါနော်...နွယ်တကယ်ဘာမှမလုပ်ပါဘူး..."
နွယ်ရဲ့သနားစရာမျက်နှာလေးကိုမင်းထက်ပိုင်ဘယ်လိုမှမလွန်ဆန်နိုင်ပါ။
"အင်းပါ...အကိုယုံတယ်နော်....နွယ်စိတ်မပူနဲ့...အကိုယုံတယ်နော်..."
"နွယ်တကယ်အဲ့လိုတွေမဟုတ်ပါဘူး...ဟီး..ဟီး..."
"မငိုနဲ့နော်...အကိုယုံတယ်..သိလား..."
မင်းထက်ပိုင်နွယ့်ကိုဖက်ထားလိုက်သည်။
စိတ်မပူပါနဲ့..အကိုဖြေရှင်းပေးမယ်..
မင်းထက်ပိုင်နွယ့်ကိုဖက်လိုက်တာကြောင့်အားလုံးလည်းအလန့်တကြားဖြစ်ကုန်သည်။
"ခဏစောင့်နေနော်..."
နွယ့်ကိုအမခင်ဆီအပ်ပြီး
"ဒီမယ်ဧည့်သည်ဒါကဟိုတယ်တစ်ခုပါ...အပြောအဆိုတွေကိုသတိထားပေးပါလို့ကျွန်တော်ပြောခဲ့တယ်နော်...ကျွန်တော့်ဝန်ထမ်းကမလုပ်ခဲ့ဘူးလို့ပြောနေတာတဲ့ဟာကိုဘာလို့ကိုယ့်ထိလက်ရောက်ကျူးလွန်းရတာလဲ..."
"ငါ့ဆွဲကြိုးပြန်ပေး..အရူးမ...ပြန်ပေးလို့..."
"ဘာ..အရူးမတဲ့လား...စကားကိုဆင်ခြင်ပြောပါ..."
မင်းထက်ပိုင်ဒေါသထွက်လာခဲ့သည်။မင်းထက်ပိုင်ဒေါသထွက်ရင်ဘယ်သူမှထိန်းမရတော့ဘူး။
"သူဋ္ဌေး...သူဋ္ဌေး....ဒီမှာ...ဒီမှာ..."
နောက်ကနေကောင်ကလေးတစ်ယောက်အော်သံကြောင့်အားလုံးနောက်လှည့်ကြည့်ကြလေသည်။
"သူဋ္ဌေး..သူဋ္ဌေး...ဒီမှာတွေ့ပြီ...တွေ့ပြီ..ဆွဲကြိုး...ဧည့်သည်ရဲ့ဆွဲကြိုး..."
ကောင်လေးဆွဲကြိုးကိုမြှောက်ပြီးအားရပါးရပြေးလာခဲ့သည်။
"သူဋ္ဌေးရော့..."
"အေး...မင်းဘယ်ကတွေ့တာလဲ..."
"သူတို့အခန်းနားကချုံဘေးနားမှာ..ကျွန်တော်အဲ့နားမှာမြက်ရှင်းနေရင်းတွေ့တာသူဋ္ဌေး..."
"အေး..ကျေးဇူးတင်ပါတယ်ကွာ..
အမ..ဒါအမဟာလားမသိဘူး..."
"ဟုတ်တယ်..ဟုတ်တယ်...ငါ့ဟာ..ပြန်ပေး.."
အမကြီးမင်းထက်ပိုင်လက်ထဲကဆွဲကြိုးကိုအမြန်ဆွဲယူလိုက်သည်။ထိုအမကြီးကြည့်ရတာဒီဆွဲကြိုးကိုတော်တော်လေးသံယောဇဥ်ကြီးပုံပဲ။
"ကို...ကျွန်မတို့ဟာပြန်ရပြီ...ဟီး...ဝမ်းသာလိုက်တာနော်..."
"အေးပါ...ကိုယ်လည်းဝမ်းသာပါတယ်..."
သူတို့ပျော်ပြီးဖကိတောင်ဖက်လိုက်သေးသည်။
"ဒါဆိုရပြီနော်...ကျွန်တော်တို့ဝန်ထမ်းကအဲ့လိုတွေမလုပ်ပါဘူး..."
"ဟုတ်ကဲ့ပါ..."
"ဒါဆိုကျွန်တော်တို့ဝန်ထမ်းကိုပြန်တောင်းပန်သင့်တယ်ထင်တယ်နော်..."
"ဟုတ်ကဲ့ပါ...ကျွန်တော်တို့တောင်းပန်ပါတယ်နော်..."
"ကျွန်တော့်ကိုမတောင်းပြန်ပါနဲ့...သူ့ကိုပဲတောင်းပန်လိုက်ပါ..."
မင်းထက်ပိုင်နွယ့်ကိုလက်ညှိုးထိုးပြတော့သူတို့နွယ့်ဆီလျှောက်လာခဲ့လေသည်။
နွယ့်လက်ကိုဆုပ်ကိုင်ပြီး.
"ညီမ..အမတောင်းပန်ပါတယ်နော်...အမမှားသွားပါတယ်..."
"ရပါတယ်...ဒါပေမဲ့အမနောက်ဆိုလူတကာကိုကိုယ့်အမြင်နဲ့ပဲမဆုံးဖြတ်ပါနဲ့..."
နွယ်မင်းထက်ပိုင်ကိုကြည့်ပြီးပြောတော့မင်းထက်ပိုင်အနေခက်သွားသည်။
"အင်းပါ...ဒါဆို..အမတို့ကိုခွင့်ပြု့ပါဦး..."
"ဟုတ်ကဲ့ပါ..."
ဧည့်သည်၏အမျိုးသားပြောပုံအရဆိုအဲ့ဆွဲကြိုးလေးကသူ့ရဲ့သေဆုံးသွားသောသားဖြစ်သူကပေးခဲ့တာတဲ့။သားဖြစ်သူကိုလွမ်းဆွတ်ပြီးသတိတွေကအရင်လိုမကောင်းတော့ဘူး။စိတ္တဇဝေဒနာရှင်တစ်ယောက်လိုဖြစ်နေတယ်။ဒါတွေကိုသူတို့ပြန်သွားမှအားလုံးသိကြရတယ်။
နွယ့်အပေါ်လုပ်ခဲ့မိတဲ့အတွက်သူ့အမျိုးသားကနွယ့်ကိုအသေအချာကိုတောင်းပန်ခဲ့သည်။
နွယ်ဒီနေ့ဖြစ်ခဲ့တာတွေကအရမ်းကိုလူကိုပင်ပန်းစေတယ်။
အားလုံးထဲမှာစိတ်အထိခိုက်ဆုံးအရာကတော့အကိုနွယ့်ကိုမယုံကြည်တာကိုပဲ။
နွယ်အိမ်ပြန်ဖို့သူငယ်ချင်းတွေနဲ့အတူ
အပြင်ထွက်လာခဲ့သည်။
တစ်နေ့လုံးလည်းအကိုနဲ့နွယ်နဲ့ပက်သက်မှုကိုလာမေးနေကြလို့ဖြေရှင်းရတာလည်းမောလှပြီ။
"ပိုးသားနွယ်...ပိုးသားနွယ်...နေဦး..."
နွယ်နောက်ကနေအကို့ရဲ့ခေါ်သံကိုကြားပေမဲ့လှည့်မကြည့်ဘူး။
"နွယ်..နွယ်နင့်ကိုသူဋ္ဌေးခေါ်နေတယ်..."
"ထားလိုက်ပါ..."
"ပိုးသားနွယ်...ပိုးသားနွယ်..."
"ဟဲ့..သူဋ္ဌေးကဘာဖြစ်လို့လဲမသိဘူး...ဇွတ်ခေါ်နေတယ်နော်..."
"သူ့ဘာသာခေါ်ပါစေ...ထားလိုက်..ပြန်ရအောင်..."
နွယ်ရှေ့ကနေမြန်မြန်လျှောက်သွားလေသည်။
နွယ်ဒီလိုဆုံးဖြတ်ထားတာပဲကောင်းပါတယ်။နွယ့်ကိုမယုံကြည်တဲ့သူတစ်ယောက်နဲ့မတွေ့ချင်ဘူး။စကားလည်းမပြောချင်ဘူး။ပြောမိရင်နွယ်ပေါက်ကွဲသွားလိမ့်မယ်။
❤❤❤❤❤❤❤❤❤❤❤❤❤❤
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romanceအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်