ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၆)
"ပိုးသားနွယ်...ပိုးသားနွယ်...လာဦး..."
"ရှင်...အကို...လာပြီ..."
မိုးမလင်းသေးဘူးပိုးသားနွယ်ဆိုတဲ့နာမည်ကကြားနေရပြီ။
နွယ်မင်းထက်ပိုင်ခေါ်တာနဲ့မီးဖိုချောင်ထဲကနေအမြန်ပြေးထွက်လာခဲ့သည်။
"ဘာလို့လဲအကို...နွယ့်ကိုဘာခိုင်းမလို့လဲ..."
"ဟိုနားကပန်းအိုးကိုသယ်ခိုင်းမို့...ငါအဲ့နေရာမှာအဲ့ပန်းအိုးမထားချင်ဘူး..."
"ဘယ်ဟာလဲ....
"ဟိုမယ်လေ...နှင်းဆီပန်းအိုး..."
"ဪ...ဟုတ်ကဲ့..."
နွယ်ပန်းအိုးကိုမလိုက်သည်။
"အကိုဘယ်နားထားမှာလဲ..."
"ဟိုဘက်မှာ...."
"ဟုတ်..."နွယ်သူပြောတဲ့နေရာအတိုင်းထားလိုက်သည်။
"နေဦး...ဒီဘက်နည်းနည်းလှည့်ဦး..."
"ဟုတ်..."
"အမ်...မဟုတ်သေးဘူး...ပြန်မဦး...အဲ့နားကအပင်ရိပ်ကျနေတော့သိပ်မကောင်းဘူး...ဟိုဒန်းနားမှာထားလိုက်..."
"ဪ..ဟုတ်ကဲ့...
ရပြီလား..အကို..."
"နေဦး...အဲ့နားလည်းသိပ်မလှဘူး...ဟိုနားလေးထားကြည့်ဦး..."
"မရဦးမှာလား..."
"အေးပေါ့...မမပဲနဲ့ဘယ်လိုလုပ်မလဲ...မြန်မြန်လုပ်..."
"ဟုတ်..ဟုတ်..."
"အင်း..အဲ့နားကနေရောင်လည်းရတယ်...အတော်ပဲ..."
"ရသွားပြီလား..."
"မရသေးဘူး...ဟိုဘက်နားနည်းနည်းရွေ့..."
နွယ်ကိုဟိုရွေ့ဒီရွေ့နဲ့ပင်ပန်းအောင်မရမကခိုင်းသည်။အပေါ်ထပ်ကနေဒေါ်လေးချိုနဲ့ဦးအောင်တို့လှမ်းကြည့်နေသည်။
"မမလေးတော့သနားပါတယ်...အကိုလေးလက်အောက်မှာသူပြု့သမျှခံနေရတာ..."
"ဘယ်တတ်နိုင်မလဲ...မချိုရယ်...အကိုလေးစိတ်ထဲမှာမမကြီးနဲ့ပက်သက်ပြီးမုန်းတီးနေတာကို..."
"ဒါနဲ့အဲ့အကြောင်းတွေမမလေးမသိဘူးနော်...အကိုအောင်ပြောထားသေးလား..."
"မပြောပြဖြစ်ဘူး...မမလေးနွယ်မသိထားတာပဲကောင်းမယ်ထင်လို့.."
"အဲ့ဒါတော့ဟုတ်တယ်...မမလေးနွယ်ဘာမှမသိပဲအကိုလေးအနိုင်ကျင့်ခံနေရတာသနားဖို့ကောင်းတယ်နော်..."
"သူများကိုသနားမနေနဲ့..ကိုယ့်ကိုအရင်သနားဦး..ဟိုမှာဟင်းအိုးတူးနေပြီ..အနံတွေတောင်အိမ်ပေါ်ထိရနေတယ်..."
"အော်...ဟုတ်သား...မိကြွယ်ကိုကြည့်ခိုင်းထားတာ..ဒီကောင်မလေးမကြည့်ဘူးနဲ့တူတယ်..."
ဒေါ်လေးချိုသူ့ဟင်းအိုးကြောင့်အောက်ထပ်ကိုအမြန်ပြေးဆင်းသွားသည်။
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
မင်းထက်ပိုင်ခြံထဲကိုလိုက်ကြည့်နေသည်။
အဲ့အချိန်ထူးထူးခြားခြားသတိထားမိတာတစ်ခုရှိသည်။
အဲ့ဒါကတော့နွယ်စိုက်ပေးခဲ့တဲ့စံပယ်ပင်လေးပဲ။
အပင်လေးရှင်ပြီးအရွက်တွေတောင်အသစ်ထွက်နေပြီ။အဖူးငုံငုံလေးတွေရော။
မင်းထက်ပိုင်သဘောကျစွာနဲ့ရပ်ကြည့်နေမိသည်။
စံပယ်ပင်ကအမေ့ရဲ့အကြိုက်ဆုံးအပင်လေး။
စံပယ်အနံ့လေးကိုသဘောကျတယ်လို့သူမအမြဲပြောခဲ့ဖူးတယ်။
စံပယ်ပင်လေးကဖြူစင်ပြီးသန့်ရှင်းတယ်။
အရင်ကမင်းထက်ပိုင်တို့ခြံထဲမှာဆိုစံပယ်ပင်တွေများပြားလို့။
အမေ့ကိုယ်တိုင်ဂရုတစိုက်နဲ့သေချာစိုက်ပျိုးထားခဲ့တာ။
ဒါပေမဲ့အမေမရှိတဲ့နောက်ပိုင်းဒီစံပယ်ပင်ကိုမင်းထက်ပိုင်မစိုက်ဖြစ်ခဲ့ဘူး။
အရင်တစ်နှစ်ကမှစစိုက်ခဲ့ပေမဲ့တစ်ခါမှမရှင်ခဲ့ဘူးလေ။
အခုတော့ဘယ်လိုရှင်သန်နေတာလဲ။မင်းထက်ပိုင်အရမ်းပျော်တာပဲ။အမေ့သဘောကျဆုံးအပင်လေးကအခုတော့ရှင်နေပြီ။
ဟိုနှစ်ကောင်ဘယ်လိုများစိုက်လိုက်တာလဲ။
"ကိုကိုညီညီ...လာဦး...ကိုကိုညီညီ...."
"ဗျာ...အကိုလေး..."
"လာဦး..."
"ဟုတ်ကဲ့..."
ကိုကိုညီညီခေါ်တာနဲ့အပြေးလာခဲ့သည်။
"ဗျာ..အကိုလေး..."
"မင်းတို့နှစ်ယောက်ဘယ်လိုစိုက်လိုက်တာလဲ..."
"ဗျာ..ဘာကိုလဲ..."
"စံပယ်ပင်ကိုပြောတာလေ...ဒီမယ်
ကြည့်..."မင်းထက်ပိုင်သူ့နောက်အပင်ကိုပြလိုက်သည်။
"ဟင်..."ကိုကိုနဲ့ညီညီတစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြပြီ။
"တွေ့လား...အပင်ကရှင်နေပြီ...ဘယ်လိုလုပ်လိုက်တာလဲ..."
"ဟုတ်..."
"မင်းတို့ဘယ်လိုစိုက်လိုက်တာလဲ..."
"ဟို...ဟိုလေ..."
"ဘယ်လိုစိုက်လဲလို့..."
"အဲ့ဒါကျွန်တော်တို့စိုက်တာမဟုတ်ဘူး..."
"ဘာ..."
"ကျွန်တော်တို့မသိဘူး...အဲ့နေ့ကစိုက်ပြီးဒီအိတုင်းထားလိုက်တာ..ရေတောင်လာမလောင်ဘူး..."
"ဘာပြောတယ်..."ကိုကိုနဲ့ညီညီခေါင်းကြီးကအောက်စိုက်နေပြီ။
အကိုလေးငေါက်တော့မှာသိတယ်။
"ဒါဆိုဘယ်လိုရှင်လာတာလဲ..."
"မသိဘူးအကိုလေး...ဟီး.."
ကိုကိုကကြောက်ပြုံးပြုံးပြလေသည်။
"မင်းတို့ကလည်းမေးလိုက်တျုင်းမသိဘူးချည်းပဲ...အသုံးကိုမကျဘူး..."
"ဪ...အကိုလေး...ကျွန်တော်သိပြီ..."
"ဘာလဲ..ပြော..."
"အဲ့နေ့ကကျွန်တော်တို့စိုက်တော့မမလေးနွယ်လာကူပေးတယ်...သူများလုပ်လိုက်တာလားမသိဘူး..."
"ဟင်...သူကဘာလုပ်နိုင်မှာမို့လို့လဲ...ငါတို့ဒီလောက်စိုက်တာတောင်မရှင်တာ..."
"ဟာ..အကိုလေးကလည်း...မမလေးကသဘောကောင်းတော့အပင်ကသဘောကျပြီးရှင်သွားတာနေမှာပေါ့..."
"ကဲကွာ...ငတုံးကောင်.."
မင်းထက်ပိုင်ညီညီရဲ့ခေါင်းကိုခေါက်ချလိုက်သည်။
"အပင်ကဘယ်လိုသိမှာလဲ...ငတုံး..."
"မသိဘူးလေ...အကိုလေးကလည်း...နာလိုက်တာ..."ညီညီခေါင်းပွတ်ရင်းငြိမ်သွားသည်။
"ကျွန်တော်လည်းမမလေးနွယ်ဒီအပင်ကိုရေလောင်းလောင်းနေတာတွေ့ဖူးတယ်...နောက်ပြီးအပင်နားကပ်ပြီးဘာတွေရွတ်လည်းတော့မသိဘူး..ပွစိပွစိပြောနေတာပဲ..."
"ဟာမင်းကလည်း...မမလေးကဒီအတိုင်းသီချင်းဆိုနေတာနေမှာပါ..."
"မဟုတ်ဘူး...."
"ဟုတ်တယ်..."
"မဟုတ်ပါဘူးဆိုကွာ..."
ကိုကိုနဲ့ညီညီကတော့စကားများနေကြသည်။
အကိုအပင်ကိုကြည့်ရင်းပြုံးနေမိသည်။
ဘာလို့လဲတော့မသိ။အပင်လေးရှင်လို့သဘောကျနေတာနေမယ်။
😜😜😜😜😜😜😜😜😜😜😜😜😜😜
မင်းထက်ပိုင်အပေါ်ထပ်ကနေဗိုက်ဆာလို့ဆင်းလာခဲ့သည်။
"အကိုလေး..ဘာလိုလို့လဲ..."
"ငါဗိုက်ဆာလို့...တစ်ခုခုလုပ်ပေးဦး..."
"ဟုတ်ကဲ့..."
မင်းထက်ပိုင်စောင့်ရမှာမို့ဧည့်ခန်းထဲမှာTVကြည့်ရန်ပြင်လိုက်သည်။
ဘေးနားကနေတိုးတိုး.တိုးတိုးနဲ့စကားသံတွေကြားလို့လှမ်းကြည့်တာပပနဲ့အသဲပြတင်းပေါက်မှာရပ်ပြီးဘာလုပ်နေတုန်းမသိ။
မင်းထက်ပိုင်သိချင်ဇောနဲ့သူတို့နောက်မှာသွားရပ်လိုက်သည်။
သူတို့ဘာတွေမို့ဒီလောက်စိတ်ဝင်စားစွာ
ကြည့်နေရတာလဲ။
"ကြည့်ဦး...ဟိုအကိုလေးကလည်းရယ်ပြုံးနေတာပဲ..."
"ဟုတ်ပါ့...ဟိုတစ်ယောက်ကောပဲ...ဘာတွေပြောနေကြတုန်းမသိဘူးနော်..."
"အင်း..သိချင်လိုက်တာ..."
မင်းထက်ပိုင်သူတို့ပြောတာကိုလှမ်းကြည့်မိသည်။
ခြံထဲကခုံမှာဘယ်သူတွေထိုင်နေတာလဲ။
နွယ်နဲ့သု့တ။ထိုင်ပြီးစကားပြောနေတာရာ်မောလို့။
"အဲ့အကိုလေးကသူ့ကိုများကြိုက်နေတာလားမသိဘူးနော်..."
"ဘာတွေပြောနေတာလဲ..."
"ရှင်..အကိုလေး..."
ပပနဲ့အသဲလန့်ပြီးနောက်လှည့်ကြည့်မှအကိုလေးသူတို့နောက်ရပ်နေမှန်းသိတော့တယ်။
"ဘယ်ကတည်းကရောက်နေတာလဲ..."
"ဘာလုပ်နေတာလဲ...နင်တို့အတင်းတုပ်ဖို့အချိန်တွေပေါနေတာလား..."
"မဟုတ်ပါဘူး....ပပတို့အလုပ်သွားလုပ်တော့မယ်နော်.."
"သွား..သွား..မြန်မြန်သွား..."
"ဟုတ်..."
ပပနဲ့အသဲကုတ်ကုတ်..ကုတ်ကုတ်နဲ့ပြေးထွက်သွားသည်။
👿👿👿👿👿👿👿👿👿👿👿👿👿👿
"နွယ်ကဘာတွေကြိုက်လဲ...အကိုကနောက်တစ်ပါတ်ခရီးသွားရမှာ..."
"ဘယ်ကိုလဲ..."
"USပါ...အကိုအဖေတို့ဆီခဏသွားမှာအပြန်ကြရင်လက်ဆောင်ဝယ်ခဲ့မယ်လေ..."
"ရပါတယ်..အကိုရဲ့...ပိုက်ဆံကုန်အောင်လို့..."
"မကုန်ပါဘူး...နွယ်အတွက်ဆိုကုန်တယ်လို့ကို့မထင်ပါဘူးဗျာ..."
"ဒါဆိုနွယ်ကသိပ်မသိတော့..အကိုပဲကြည့်ကျက်ဝယ်ခဲ့လေ...နွယ်ကအကုန်ကြိုက်တယ်..."
"ကောင်းပါပြီဗျာ...အကိုနွယ့်အတွက်အကောင်းဆုံးလက်ဆောင်ဝယ်ခဲ့မယ်..."
"ကျေးဇူးတင်ပါတယ်..."
"ဘာတွေကျေးဇူးတင်နေတာလဲ..."
မင်းထက်ပိုင်ရောက်လာပြီးဝင်မေးတော့သည်။
"ဪ..အကို..."
"ထက်ပိုင်...မင်းကလည်းမပြောမဆိုနဲ့ရောက်လာတာလန့်သွားတာပဲကွာ..."
"မပြောမဆိုနဲ့ကဘယ်သူရောက်လာတာတုန်း...မင်းမဟုတ်ဘူးလား..."
"ဪ...မင်းကိုလာနှုတ်ဆက်တာပါကွာ...နောက်တစ်ပါတ်ငါUKသွားမှာမို့...မင်းကအိပ်နေတယ်ပြောတာနဲ့ပဲ...နွယ်နဲ့စကားပြောနေတာ"
မင်းထက်ပိုင်ဘာမှပြန်မပြော။
"အကို...ဘာလို့ဆင်းလာတာလဲ...တစ်ခုခုလိုလို့လား..."
"ငါ့ခြံပဲငါ့ဘာသာဘာလုပ်လုပ်ပေါ့ဆင်းလို့မရဘူးလား..."
"အင်း...ရပါတယ်...အကို့ခြံပဲဆင်းချင်တင်းပေါ့...ဪ....အကိုသု့တ..အကိုကောဗိုက်ဆာလား...နွယ်တစ်ခုခုပြင်ပေးမယ်လေ.."
"ကောင်းတာပေါ့..."
"ဒါဆိုအိမ်ထဲလာလေ...နွယ်တစ်ခုခုပြင်ပေးမယ်..."
သူတို့သုံးယောင်အိမ်ထဲဝင်လာကြသည်။
"အကို...အအေးသောက်မလား..."
"ရတယ်လေ..."
"နွယ်သွားယူပေးမယ်နော်..."
မင်းထက်ပိုင်နဲ့သု့တဧည့်ခန်းထဲမှာစကားပြောရင်းစောင့်နေကြသည်။
ခဏကြာတော့နွယ်အအေးခွက်ရယ်မုန့်ပန်းကန်ရယ်ယူလာသည်။
"အကို..ဒီမှာနော်...နွယ်ကိုယ့်တိုင်လုပ်ထားတဲ့
အာလူးပူတင်း...စားကြည့်ပါလား.."
"နွယ်ကိုယ့်တိုင်လုပ်ထားတာလား...ကောင်း
မယ့်ပုံပဲ..."
နွယ်ယူလာတာအအေးခွက်ကလည်းတစ်ခွက်တည်း။
မင်းထက်ပိုင်အတွက်မပါ။ဒါကြောင့်မင်းထက်ပိုင်စိတ်ဆိုးနေပြီ။
မုန့်ကိုယူစားမယ်ကြံတော့လည်း
"အကို...အကိုပဲဒါတွေမစားဘူးဆို...ဗိုက်အရမ်းဆာနေပြီလား...အကို့အတွက်ဒေါ်လေးချိုထမင်းကြော်နေတယ်...ခဏစောင့်"
အရင်တုန်းကမကြိုက်ဘူးလို့ပြောခဲ့သမျှအခုတော့ဘာမှလုပ်မရတော့ဘူး။
သု့တကလည်းအားရပါးရစားပြနေ။
သူ့ကျတော့မစားရဘူး။
"ကောင်းလားအကို..."
"ကောင်းတယ်...နွယ်ကဒါမျိုးတွေလည်းလုပ်တတ်တာပဲ...တော်တယ်..."
"အဲ့လောက်လည်းမဟုတ်ပါဘူး...နွယ်မလုပ်တတ်တာတွေလဲရှိပါတယ်. ."
"ဟုတ်လို့လား...ဘာမလုပ်တတ်သေးလို့လဲ...အကိုမြင်တာတော့အကုန်တော်နေပြီနော်......ဟင်းချက်တာလည်းတော်..အပင်စိုက်တာလဲတော်နဲ့အကုန်တော်ပါတယ်..."
"ဟီး...ဟီး...အကိုကအပြောကောင်းတာပဲ..."
မင်းထက်ပိုင်နွယ့်ကိုလှမ်းကြည့်လိုက်သည်။
နွယ်ပြုံးပဲပြန်ပြပါတယ်။
မာယာများတဲ့မိန်းမပဲ...ငါနဲ့ကျရုပ်ကတစ်မျိုး...တခြားသူနဲ့ကျရုပ်ကတစ်မျိုးနဲ့...အမျိုးမျိုးပြောင်းလဲတတ်ပါပေတယ်...
"ဒါဆို..အကိုသွားပြီနော်..."
"ဟုတ်ကဲ့အကို..."
"ထက်ပိုင်နောက်ကျမှငါဖုန်းဆက်လိုက်မယ်..သိလား..."
"အေးအေး..."
"နွယ်..အကိုပြောထားတာကိုမမေ့နဲ့နော်...သေချာစဥ်းစား..."
"ဟုတ်..."
"ဒါဆို..အကိုသွားပြီနော်..."
"တာ့တာအကို..."
"သွားပြီနော်...ယောက်ဖရေ..."
"ဘာယောက်ဖတုန်း...မင်းတော့နော်..."
"စတာကို..ရုပ်ကြီးက...အဲ့လိုဖြစ်လို့ကိုရအောင်ယူပြမယ်..ကြည့်နေ..."
"မသွားသေးဘူးလား..."
"သွားပြီ..သွားပြီ...ညီမလေးတာ့တာနော်.."
"တာ့တာ.."
နွယ်ပြုံးပြုံးကြီးနဲ့လက်ပြနှုတ်ဆက်နေသည်။
သိတဲ့အတိုင်းရေခဲတုံးကြီးကိုစိတ်တိုကတော့ရင်ထဲဒူးရင်းသီးတွေသီးနေပြီ။
နွယ့်ကိုဂုတ်ကနေဆွဲပြီးအပေါ်ထပ်ကိုခေါ်သွားသည်။
"အား...အကို..လည်ပင်းအစ်နေပြီ...အကို..အကို..."
😁😁😁😁😁😁😁😁😁😁😁😁😁😁
#မဒီ
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romansaအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်