အပိုင်း၁၃

68 3 0
                                    

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁၃)
နွယ်အကိုသု့တအပြင်ကိုခေါ်တာနဲ့လိုက်သွားခဲ့ရသည်။
နွယ့်ကိုလက်ဆောင်ပေးစရာရှိတယ်ဆိုပဲ။
နွယ်တို့flowerဆိုတဲ့ကော်ဖီဆိုင်လေးကိုလာခဲ့ကြသည်။
"နွယ်...ဘာသောက်မှာလဲ..."
"ဘာပဲဖြစ်ဖြစ်ရပါတယ်..."
"ဒါဆိုကော်ဖီပဲမှာလိုက်မယ်လေနော်..."
"ဟုတ်ကဲ့..."
နွယ်တို့အစားအသောက်မှာပြီးခဏကြာတော့မှာထားတဲ့စားစရာတွေရပြီ။
နွယ်အတွက်ကော်ဖီပူပူလေးကိုနွယ်မှုတ်သောက်လိုက်သည်။
အဲ့ဒါကအကိုနွယ့်ကိုမှာပေးတဲ့ကော်ဖီနဲ့တော့ဘယ်အရသာတူမလဲပေါ့နော်။
အကိုကနွယ့်ကိုကော်ဖီသာသောက်ခိုင်းတာ။မှာပေးတဲ့အရသာကချိုချိုလေးတွေပါပဲ။
အမြဲလိုလိုကော်ဖီချိုချိုလေးပဲမှာပေးတတ်တာလေ။နွယ်ကအခါးမကြိုက်ဘူး။
ဒါပေမဲ့အခုကော်ဖီခါးခါးလေးတစ်ခွက်သောက်လိုက်ရတာနွယ်စိတ်ထဲတော်တော်လေးမသက်မသာဖြစ်တယ်။
ဒါနဲ့ပဲနွယ်ဘေးကစတော်ဘယ်ရီကိတ်ကလေးကိုကော်စားလိုက်လေသည်။
"နွယ်..."
"ဟုတ်ကဲ့အကို..."
"နွယ့်မှာသဘောကျနေတဲ့သူကောရှိနေပြီလား..."
"ရှင်..."
သု့တအောင်မျှော်လင့်တကြီးမျက်လုံးတွေနဲ့ကြည့်နေလေသည်။
နွယ့်အတွက်တော့ဖြေရခက်ပဲ။
"မရှိပါဘူး....ဘာလို့မေးတာလဲ..."
"ဘာလို့မှမဟုတ်ပါဘူး...ဒီအတိုင်းမေးကြည့်တာ..."
"အင်း..."
နွယ့်ရင်ထဲအခုမှပေါ့သွားသလိုပဲ။
"ဪ..နွယ်...အကို..နွယ့်အတွက်လက်ဆောင်ပါလာတယ်..."
"ဘာလဲအကို..."
သု့တအောင်သူ့ဘေးမှာချထားသောအိတ်ကလေးကိုယူလိုက်သည်။
"ရော့...ဖွင့်ကြည့်လိုက်..."
"ဟုတ်..."
အိတ်ကလေးကိုယူပြီးအိတ်ထဲကဘူးလေးကိုယူလိုက်လေသည်။
"ဘာလေးလဲ...အကို..."
"ဖွင့်ကြည့်လိုက်ပါ..."
နွယ်ဘူးလေးကိုဖွင့်ကြည့်တော့အဝါရောင်နေကြာပန်းပုံလေးပါပဲ။
"လှလိုက်တာ..."
"လှတယ်မလား...နေကြာပန်းရဲ့အဓိပ္ပယ်ကိုကောသိလား..."
"သိပ်တော့မသိဘူး...အကိုကောသိလား..."
"အင်း..နေကြာပန်းရဲ့အင်္ဂလိပ်nameကsunflowerမလား...အဲ့sunflowerပါတဲ့flowerဆိုတာတစ်ခုတည်းသောပန်းတဲ့...သူကသစ္စာရှိခြင်းနဲ့ကြင်နာမြတ်နိုးခြင်းလို့အဓိပ္ပါယ်ရတယ်...ကိုယ့်ကိုပျော်ရွှင်စေတဲ့တစ်ဦးတည်းသူတစ်ယောက်ကိုလက်ဆောင်အဖြစ်ပေးလို့ရတယ်တဲ့လေ..."
"ဟုတ်လား...ဒါဆိုနွယ်ကအကို့ကိုပျော်ရွှင်စေတဲ့သူပေါ့..."
"ဟုတ်တာပေါ့...နွယ်ကအကို့ကိုပျော်ရွှင်စေတဲ့သူပဲ..."
နွယ်ပြုံးပြီးပဲနားထောင်လိုက်သည်။
"နွယ်..."
"ရှင်..."
"အကို့အကြောင်းကိုနွယ်သိလောက်မှာပါ..."
"ဘာကိုလဲအကို..."
"အကိုကရည်းစားများတယ်ဆိုတာလေ..."
"ဟုတ်...သိပါတယ်..."
"သိတယ်ဆိုရင်လည်းအကိုပြောလိုက်ပါတော့မယ်နော်...အကိုနွယ့်ကိုချစ်တယ်...."
"ရှင်...."နွယ်အံသြပြီးလက်ထဲကရင်ထိုးတောင်ပြုတ်ကျသွားသည်။
"အို..."
"နွယ်ရလား..."
"ဟုတ်..ဟုတ်..."
နွယ်ရင်ထိုးကိုအမြန်ကောက်လိုက်သည်။
"နွယ်...အကိုအရင်ကရည်းစားတွေအများကြီးထားခဲ့တယ်ဆိုတာသိပါတယ်...အဲ့ဒါကလည်းအကိုတကယ်ချစ်တဲ့သူမပေါ်သေးလို့ပါ...အခုအကို့မှာဘာကောင်မလေးမှမရှိပါဘူး...အကို့အချစ်ကိုနားလည်ပေးပါနော်..."
နွယ်ဒီလိုဆိုတော့အနေခက်တယ်။
ဘယ်လိုများလုပ်ရပါ့မလဲနော်။
"နွယ်..."
"ရှင်..."
"ဘာတွေစဥ်းစားနေတာလဲ..."
"ဘာမှမဟုတ်ပါဘူး..."
"နွယ်အကို့ကိုဘယ်လိုသဘောထားလဲ..."
"နွယ်မသိဘူးအကို..."
"နွယ်ရယ်...အကို့ကိုမယုံသေးဘူးလား..."
"အဲ့လိုမဟုတ်ပါဘူး...အကိုကရည်းစားတွေအများကြီးထားခဲ့တယ်..ပြီးတော့ကောင်မလေးတွေကိုလည်းအကိုမလိုချင်တော့ရင်ပစ်ထားခဲ့တာပဲလေ..."
"အဲ့ဒါကအကိုသူတို့ကိုတကယ်မချစ်လို့ပါ...အခုတော့အကိုတကယ်ချစ်တဲ့သူကပေါ်လာပြီ...အဲ့ဒါနွယ်ပဲလေ...နွယ်မယုံရင်အကိုသက်သေပြမယ်လေ...နွယ်အကို့ကိုကြိုက်သလိုစမ်းသပ်...အကိုလက်ခံမယ်...ဒါပေမဲ့အကိုနွယ့်ကိုသက်သေပြတာအောင်မြင်သွားရင်တော့နွယ်အကိုအချစ်ကိုလက်ခံရမယ်နော်..."
"ဒါပေမဲ့...အကိုနွယ့်ကိုဘာလို့သဘောကျရတာလဲ..နွယ်ကပုံတုံးကြီးလေ...လှလည်းမလှဘူး..."
"ဒီမှာနွယ်...မင်းကတကယ်ကိုလှတဲ့ကောင်မလေးပါ...မင်းကိုမင်းနှိမ့်ချနေကတည်းကမင်းရဲ့စိတ်ကလေးကတော်တော်လေးကိုလှပနေပြီ...အကိုမင်းကိုအစကတည်းကသဘောကျနေပေမဲ့မင်းထက်ပိုင်ကိုအားနာလို့..သူ့ညီမဆိုတော့လေ..."
"အင်း..."
နွယ့်ကိုချစ်တဲ့သူပေါ်လာပေမဲ့လည်းနွယ်ဘာလို့များမပျော်ရတာလဲနော်။
"နွယ်..အဲ့ရင်ထိုးလေးကအကိုကိုယ်တိုင်လုပ်လာတာ...နွယ့်ကိုတကယ်ချစ်လွန်းလို့ကိုယ်ကိုယ်တိုင်ဒီဇိုင်းဆွဲပြီးလုပ်လာခဲ့ရတာ..နွယ်လည်းသဘောကျမယ်လို့မျှော်လင့်ပါတယ်..."
"ဟုတ်ကဲ့..နွယ်..သဘောကျပါတယ်...."
"ဒါဆိုနွယ်အကို့ကိုစဥ်းစားပေးပါနော်...အကိုနွယ့်ကိုတကယ်ချစ်တာပါ..."
"ဟုတ်ကဲ့ပါ...နွယ်..စဥ်းစားထားပါ့မယ်..."
"Thankyou..ပါ..."
နွယ်အကိုသု့တာကိုလိုက်မပို့ခိုင်းတော့ပဲနွယ့်ဘာသာလိုင်းကားနဲ့ပြန်လာခဲ့လေသည်။
နွယ်အကိုသု့တကိုချစ်လို့မရဘူးဖြစ်နေတယ်။
နွယ်ဘာကြောင့်လဲမသိဘူး။
အကိုသု့တရည်းစားများလို့လားမဟုတ်ပြန်ဘူး။တကယ်ချစ်မိသွားရင်အဲ့လိုကိစ္စတောင်ထည့်စဥ်းစားနေမှာမဟုတ်။
လူတိုင်းလည်းချစ်မိပြီဆိုဘာကိုမှစဥ်းစားတော့မှယမဟုတ်ဘူးမလား။
ဒါပေမဲ့နွယ်အကိုကရည်းစားများတဲ့အချက်ကြောင့်လဲမဟုတ်ဘာကြောင့်မချစ်မိရတာလဲ။
ရုပ်ဆိုးလို့လားမဟုတ်ပါဘူး။အကိုသု့တက
အကို့ထက်တောင်ပိုချောသေးတယ်။
"မသိတော့ဘူးဟာ...ငါနောက်ကျသဘောကျသွားမှာပေါ့တော်ပြီ..မစဥ်းစားတော့ဘူး..."
နွယ်အိမ်မြန်မြန်ရောက်ရန်လမ်းကိုခပ်ကျဲကျဲလျှောက်လာခဲ့သည်။
နွယ့်အိမ်ရှေ့ရောက်တော့ခြံထဲမှာရွှေစင်ရဲ့ကားကိုတွေ့သည်။
ရွှေစင်ရောက်နေတာပဲဖြစ်ရမယ်။
နွယ်အပေါက်ကနေဝင်လာတော့ရွှေစင်နဲ့လူတစ်ယောက်အပြင်ကိုထွက်လာသည်။
အဲ့လူကတော့အကိုပဲ။
ရွှေစင်အကို့လက်ကိုတင်းတင်းကျပ်ကျပ်ချိတ်ထားပြီးအကိုကစိတ်မရှည်တဲ့ရုပ်နဲ့လျှောက်လာလေသည်။
နွယ်သူတို့ကိုတွေ့တော့ရင်ထဲစို့နစ်သွားသလိုပဲ။တစ်ပူကိုနှစ်ပူဆင့်တယ်ဆိုတာဒါမျိုးပဲ။
ရွှေစင်နွယ့်ကိုမြင်တာနဲ့ပြေးလာလေသည်။
အကိုလည်းနွယ့်ကိုမြင်သွားတယ်ထင်ပါ့ရဲ့။အကိုအံ့သြတကြီးနဲ့ကြည့်နေလေသည်။
"နွယ်..."
ရွှေစင်နွယ့်ကိုပြေးလာပြီးနှုတ်ဆတ်တော့နွယ်မျက်နှာကိုပြုံးလိုက်ရလေသည်။
"ရွှေစင်...ရွှေစင်တို့ဘယ်လိုရောက်လာတာလဲ..."
"အင်း...နွယ့်ဆီလာတာ...."
"ဟုတ်လား..."
ထိုအချိန်အကိုနွယ့်နားကိုဒေါသတကြီးနဲ့ရောက်လာလေသည်။
ထုံးစံအတိုင်းပိုးသားနွယ်ပေါ့။
"ပိုးသားနွယ်..."
"ရှင်..."
"မင်းနေမကောင်းဘူးဆို..အခုတော့ဘယ်ကပြန်လာတာတုန်း..."
"ဟင်...နွယ်နေကောင်းပါတယ်...ဘယ်သူပြောတာလဲ..."
နွယ်ပြန်ဖြေတော့မင်းထက်ပိုင်ရွှေစင့်ကိုလှမ်းကြည့်လေသည်။
"မင်းပြောတော့ပိုးသားနွယ်နေမကောင်းဘူးဆို..."
"ဟင်...ရွှေစင်ပြောတာက..နွယ်ဆီမသွားတာကြာပြီလို့..နွယ်နေမကောင်းဘူးမလားမသိဘူး...အကိုကောလိုက်ခဲ့ပါလားလို့မေးတာလေ...အကိုဘာသာကြားချင်တာကြားပြီးတော့..."
အကိုတဲ့လား။နွယ်ရင်တွေပေါက်ကွဲသွားသလိုပါပဲ။နွယ်အမြတ်တနိုးနဲ့ခေါ်ခဲ့တာ။သူများကလည်းအဲ့လိုပဲပေါ့နော်။
"မင်းနော်...စကားကိုအမျိုးမျိုးမပြောနဲ့..."
"ရွှေစင်မပြောပါဘူး..."
"မင်းတော့ကွာ...ငါလုပ်ရင်တော့သေတော့မယ်..."
"အို...လုပ်ကြည့်ပါလား...ရွှေစင်လည်းပြန်လုပ်မှာပေါ့..."
မင်းထက်ပိုင်သူ့ကိုပြန်ပြောတဲ့သူနဲ့တွေ့တော့တော်တော်လေးအံသြသွားတဲ့ပုံပါပဲ။
နွယ်သူတို့နှစ်ယောက်ရန်ဖြစ်နေတဲ့ကြားထဲမှာငြိမ်ငြိမ်လေးရပ်နေလေသည်။
နောက်ဆုံးတော့အကိုပဲအရှုံးပေးပြီးထွက်သွားလေသည်။
ရွှေစင်ကတော့ပြုံးလို့ပျော်လို့ပေါ့။
"ရွှေစင်...အကိုကပြန်သွားတော့မယ်..မလိုက်သွားဘူးလား..."
"မလိုက်ပါဘူး...သူပြန်လာခေါ်လိမ့်မယ်..."
"ဟင်...အကိုကလား...ပြန်လာခေါ်မှာ..."
"ဟုတ်တာပေါ့...ရွှေစင်သူ့ကိုအနိုင်ပိုင်းနိုင်တဲ့အကြောင်းတွေရှိတယ်..လာအထဲသွားကြောရအောင်..."
"အင်း..."
😊😊😊😊😊😊😊😊😊😊😊😊😊😊
"ဒီလိုနွယ်ရယ်...နွယ်အကိုရဲ့ဟော်တယ်
မှာရွှေစင်အဖေရှယ်ယာတော်တော်များများပါတယ်...ရွှေစင်အဖေမရှိတော့ရင်သူအတွက်တော်တော်လေးခက်ခဲသွားမှာလေ...ဒါ
ကြောင့်သူ့ကိုအနိုင်ယူလို့ရနေတာ..."
"ဪ...ဒါနဲ့ရွှေစင်..တစ်မျိုးမထင်နဲ့နော်....ရွှေစင့်ကိုစတွေ့တုန်းကဘယ်လိုပြောရမလဲ...ဟိုလေ..."
"ဪ...အနေအေးတဲ့ကောင််မလေးလို့ထင်နေတာလား..."
"အင်း...အဲ့လိုပါပဲ..."
"အဲ့ဒါကဟန်ဆောင်ထားတာ....နွယ်ရဲ့...ရွှေစင်ကအရမ်းစကားများတယ်..နွယ်ကြာရင်သိသွားလိမ့်မယ်..."
"ဟုတ်လား..."
"အင်း...ရွှေစင်တစ်ဦးတည်းသောသမီးဆိုတော့အဖော်တအားလိုချင်တာ..နွယ်နဲ့သူငယ်ချင်းလုပ်လို့ရမလား..."
"အင်း..ရပါတယ်..."
"ok..."
"မမလေးရွှေစင်..ရှေ့မှာအကိုလေးရောက်နေပါတယ်....မြန်မြန်ထွက်ခဲ့ပါတော့တဲ့..."
"အေး..​အေး...ဒါဆို...သွားတော့မယ်နော်...နွယ်..."
"ဟုတ်..."
"ဒီတစ်ပါတ်စနေနေ့ကျရင်ခရီး
သွားရအောင်လေနော်..."
"ဘယ်ကိုလဲ..."
"ချောင်းသာလေ...လိုက်ခဲ့နော်..."
"ချောင်းသာလား..နွယ်ကရေမကူးတတ်ဘူး.."
"ဟာမလိုပါဘူး...လိုက်ခဲ့ပါနော်...ရွှေစင်သွားချင်လို့..."
"အင်းပါ...လိုက်ခဲ့ပါ့မယ်...ရွှေစင်နဲ့နွယ်နဲ့ပဲလား..."
"အင်း..အကိုကမလိုက်ဘူးပြောနေတယ်...နွယ်ခေါ်ပေးပါနော်...ပြောပေးဦး..."
"ရှင်...ဒါပေမဲ့..."
"လုပ်ပါနော်...ရွှေစင်သူနဲ့ခရီးသွားချင်လို့ပါ...နော်..နော်.."
"ဟုတ်ပါပြီ...မရရင်တော့မသိဘူးနော်..."
"okပါရှင့်..ဒါဆိုနွယ်..သွားတော့မယ်နော်...ဟိုကသိတဲ့အတိုင်းကိုစိတ်တိုဆိုတော့..သွားပြီ..."
"အင်း..."
ရွှေစင်ပြေးပြီးထွက်သွားလေသည်။
နွယ့်ကိုပဲဘာလို့ပြောခိုင်းနေရတာလဲ။
နွယ်ထွက်သွားသောကားကိုကြည့်ရင်းရင်ထဲပူလောင်နေမိသည်။
"အကိုရေ....နွယ့်ထက်ပိုကောင်းတဲ့သူနဲ့တွေ့နေပြီပဲ..ပျော်အောင်နေပါနော်...."
😭😭😭😭😭😭😭😭😭😭😭😭😭😭
ည၁၀နာရီတောင်ထိုးပြီ။မျက်လုံးတွေကအခုထိအိပ်လို့မရသေး။
ဒါနဲ့ပဲမင်းထက်ပိုင်ဘေးကစာအုပ်ကိုယူပြီးဖတ်လိုက်လေသည်။
သို့သော်လည်းစာထဲစိတ်မဝင်စား။အာရုံတွေရှုပ်ထွေးနေတယ်။
မီးပိတ်ပြီးအိပ်ဖို့လုပ်တော့လည်းအိပ်မပျော်။
မီးပြန်ဖွင့်ပြီးအပြင်ဘက်ဝရန်းတာကိုထွက်လာခဲ့သည်။
လက်ထဲကဖုန်းကိုကြည့်ပြီးနွယ့်ဆီကိုဖုန်းဆက်ချင်ပေမဲ့ဘာပြောရမလဲမသိ။
အကြောင်းမရှိပဲဆက်ရင်လည်းတစ်မျိုးထင်ဦးမယ်။
အခုတလောအရမ်းကိုပင်ပန်းတယ်။နွယ့်ကိုစကားပြောရင်းစိတ်ဖြေဖျောက်ချင်ပေမဲ့လည်းဘာပြောရမလဲမသိတာခက်တယ်။
ဘာပဲဖြစ်ဖြစ်ပါ။ဖုန်းဆက်လိုက်မယ်။
ဒါပေမဲ့၁၀နာရီတောင်ကျော်နေပြီဆိုတော့ပိုးသားနွယ်အိပ်နေပြီလားမသိဘူးနော်။
မင်းထက်ပိုင်ဖုန်းဆက်လိုက်လေသည်။
ဒါပေမဲ့နွယ့်ဖုန်းကလိုင်းမအားသေးဘူးတဲ့။
"တောက်...အခုချိန်ထိဘယ်သူနဲ့ပြောနေတာလဲမသိဘူး...."
မင်းထက်ပိုင်စိတ်ဆိုးမာန်ဆိုးနွယ့်ဖုန်းပြန်အလာကိုစောင့်နေသည်။
နောက်ဆယ်မိနစ်လောက်နေတော့နွယ့်ဆီကဖုန်းပြန်လာလေသည်။
"ဟယ်လို...အကို..."
"ပိုးသားနွယ်...ဘာလဲ..."
"ဟင်...အကိုပဲအရင်ဆက်တာမလား....ဘာပြောမို့လဲ..."
"မင်းဘယ်သူနဲ့ဖုန်းဆက်နေတာလဲ...ကြာနေတာပဲ...ဒီအချိန်ထိတောင်မအိပ်သေးဘူးလား..."
"အကိုသု့တနဲ့ပါ...သူကပြောစရာရှိတယ်ဆိုလို့..."
သု့တဆိုတာနဲ့မင်းထက်ပိုင်စိတ်ဝင်စားသွားသည်။
"သူကဘာပြောတာလဲ..."
"ဒီအတိုင်းပါပဲ..."
"စကားကိုလမ်းကြောင်းမလွှဲနဲ့...ပြော...သူဘာပြောတာလဲ..."
"အကိုဘာလုပ်မို့လဲ... "
"ငါသိချင်လို့ပေါ့...ပြောလို့..."
"ဟာ...ဟူး...နွယ့်ကိုချစ်တယ်ဆိုပြီးပြောနေတာ...အကိုရေ...တကယ်ပါပဲ...နေရာတကာသိချင်နေတယ်..."
"ဘာ...ချစ်တယ်တဲ့လား..."
မင်းထက်ပိုင်ရင်ထဲတုန်လှုပ်သွားလေသည်။
"အင်း..."
"ဒါဆိုမင်းကကော..ဘာပြန်ပြောလိုက်လဲ...."
"အင်း...စဥ်းစားဦးမယ်ပေါ့....ဘာပြန်ပြောရမှာလဲ..."
"မင်းကသူ့ကိုကြိုက်နေပြီလား..."
မင်းထက်ပိုင်သူမအဖြေကိုတိတ်ဆိတ်စွာရင်တမမနဲ့စောင့်နေလေသည်။
"နွယ်မသိဘူး....ဒါပေမဲ့နွယ်အခုမချစ်သေးရင်လည်းနောက်ချစ်လာမှာပေါ့...
"မင်းသူ့အကြောင်းသိလို့လား...မင်းကနောက်ချစ်လာမယ်ပြောရအောင်..."
"သိတယ်လေ...အကိုသု့တကရည်းစားများတယ်..ဒါပေမဲ့အခုတော့ပြောင်းလဲလိုက်ပြီ...နွယ့်တစ်ယောက်ထဲကိုပဲချစ်တော့မယ်တဲ့...."
"မင်းကဒါဆိုဆုံးဖြတ်ပြီးပြီလား...."
"နွယ်ဘာမှမဆုံးဖြတ်ရသေးပါဘူး...
အကိုသု့တကသူသက်သေပြမယ်တဲ့နွယ်အဲ့အချိန်ထိစောင့်ဦးမယ်..."
"အင်း..ပြီးတာပဲလေ...မင်းစိတ်ပဲကိုမင်းဘာသာသေချာဆုံးဖြတ်ပေါ့.."
"ဟုတ်...."
နွယ်တို့ကြားထဲမှာပြောစရာတွေကုန်သွားသလိုပါပဲ။
နွယ်တို့တစ်ယောက်ပြောမဲ့စကားကိုတစ်ယောက်နားထောင်နေမိသည်။
မင်းထက်ပိုင်သူ့အတွက်အခွင့်အရေးဆိုတာမရှိတော့ဘူးထင်နေလေရဲ့။
နွယ့်အတွက်လည်းအဲ့အတိုင်းပါပဲ။
"ဪ...အကို..."
"အင်း...ပြောလေ..."
"ရွှေစင်နဲ့အဆင်ပြေနေပြီမလား...နောက်တစ်ပါတ်စ​ေနနေ့ကျရင်ရွှေစင်နဲ့ချောင်းသာ
သွားမှာအကိုကောလိုက်မှာမလား..."
"မလိုက်ဘူး...ငါသူနဲ့မသွားချင်ဘူး..."
"အကိုကလည်း...လိုက်ခဲ့ပါနော်...နွယ်အကိုသု့တလည်းခေါ်ထားတယ်..သူကလိုက်ခဲ့မယ်တဲ့...."
ပိုးသားနွယ်မင်းကသု့တကိုတောင်ခေါ်ထားတယ်ပေါ့။
"အကိုရယ်လိုက်ခဲ့ပါ...ရွှေစင်ကအကို့ကိုခေါ်ခိုင်းထားတယ်..."
"မင်းပြောရဦးမယ်...အဲ့စပ်စလူးမနဲ့သိပ်မပေါင်းနဲ့....မင်းပါသူ့လိုဖြစ်သွားမယ်..."
"အကိုကလည်း..."
"ဟုတ်တယ်...ဟိုကတစ်ခုခုဆိုဘာမှမစဥ်းစားဘူး..သူလုပ်ချင်တာလုပ်တာ..."
"ရွှေစင်ကအဲ့လိုဆိုပေမဲ့ခင်ဖို့ကောင်းပါတယ်...အကိုရဲ့..."
"မင်းပဲခင်နေ...ငါတော့စိတ်ညစ်လွန်းလို့..."
"အဟီး.."
နွယ်တစ်ဖက်ကနေရယ်မိသွားသည်။
"မင်းရယ်နေတာလား..."
"မဟုတ်ပါဘူး...အကို့ကိုစိတ်ညစ်အောင်လုပ်နိုင်တယ်ဆိုတော့ရွှေစင်တော်တာကိုသဘောကျလို့ပါ...."
"ဘာသဘောကျတာလဲ...အဲ့အမွှေစိန်ကရူးနေတာ..."
"အဟီး...ဟီး..."
"မရယ်နဲ့ဆို..."
"ဟုတ်ကဲ့...ဟီးဟီး...ဟုတ်...ဟုတ်..
အကိုအတည်မလိုက်တာသေချာပါတယ်နော်..."
"မလိုက်ဘူး...ငါမလိုက်ချင်ဘူး...အလုပ်မအားဘူး..."
"ဟုတ်လား...ဒါဆိုလည်းပြီးတာပဲလေ...အကိုဘာပြောချင်သေးလဲ...နွယ်အိပ်တော့မယ်..."
"ဘာမှမပြောတော့ပါဘူး..."
"အဲ့ဆိုဒါပဲနော်...အကို..."
"အင်း...
နွယ့်ဘက်ကဖုန်းအရင်ချသွားလေသည်။
မင်းထက်ပိုင်..သု့တသူမကိုကြိုက်နေပြီဆိုတာသိတော့ခံစားရတာမကောင်းဘူး။
နွယ့်ကိုအခြားတစ်ယောက်ကိုမပေးချင်သလိုပဲ။
နွယ့်လည်းစိတ်ဝင်စားနေပြီထင်တယ်...ငါဘာတတ်နိုင်မှာမို့လို့လဲ...
😞😞😞😞😞😞😞😞😞😞😞😞😞😞
မင်းထက်ပိုင်မှာသု့တနဲ့အတူဝသုန်ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။
သု့တကိုတော့နွယ့်အကြောင်းတွေမပြောပြဖြစ်ဘူး။ဘာလို့ဆိုသူကနွယ်နဲ့ရင်းနှီးပြီးနွယ့်ကိုချစ်နေတဲ့သူလေ။
မင်းထက်ပိုင်သူနွယ်နဲ့ပက်သက်ပြီးဖြစ်လာတဲ့ခံစားချက်တွေကိုဝသုန်ကိုတော့ပြောပြဖြစ်တယ်။
ဝသုန်ကပျော်ပျော်ပါးပါးနေတတ်ပေမဲ့အရမ်းကိုရင်ဖွင့်လို့ကောင်းတဲ့သူငယ်ချင်းပါပဲ။
"မင်းကွာ....မင်းဒီလိုလုပ်နေရင်သု့တဆီပါသွားလိမ့်မယ်..."
"ငါမှမတတ်နိုင်တာကိုဘယ်လိုလုပ်မလဲ..."
"ဟာ..ငါကောင်ကြီးဘယ်လိုတွေဖြစ်တာတုန်းအရာရာမှာသတ္တိရှိပြီးဒါကျတော့သတ္တိတွေဘယ်ရောက်ကုန်တာလဲ..."
"မင်းကတော့လုပ်ပြီ...မင်းလည်းသိရဲ့သားနဲ့ကွာ...ငါပိုးသားနွယ်ကိုညီမလေးတစ်ယောက်လိုပဲသဘောထားတာ...ဒါပေမဲ့အခုသူက
သု့တနဲ့တွဲမယ်ဆိုပြန်တော့ငါသဘောမကျဘူး..."
"မင်းဦးနှောက်ကသာညီမလေးတစ်ယောက်လိုသဘောထားတာလေ...ရင်ထဲမှာညီမတစ်ယောက်လိုအချစ်မျိုးမဟုတ်တော့မင်းဘယ်သဘောကျမလဲ...မင်းစိတ်ကိုမင်းအရင်နားလည်အောင်လုပ်ဦး..."
"ငါနားလည်ပြီးသား...နောက်ပြီးငါသူမကိုညီမလေးလိုပဲသဘောထားတာ...သူ့အဒေါ်ကိုတော့ဘယ်တော့မှအသိအမှတ်မပြု့ဘူး..."
"ထားပါဦး...မင်းမေးမယ်...မင်းသူမကိုမချစ်ဘူးဆိုဘာလို့သု့တနဲ့သဘောမတူတာလဲ..ပြော..."
"ငါမသိလို့မင်းမေးတာလေကွာ...မင်းကပြန်မေးနေတယ်..."
"ေအး...အဲ့ဒါဘာလို့လဲဆိုတော့မင်းသူ့ကိုချစ်နေလို့လေ...သူများနောက်မပါမခံချင်တာ..."
"မဟုတ်ဘူး...ငါသူ့ကိုမချစ်ဘူး..."
"ပြောလေငါတော့ရူးတော့မယ်...မင်းကဒီနေရာကျတော်တော်လေးတုံးတယ်သိလား..."
"မင်းတော့နော်..ဖုန်းထဲမှာမို့ပေါ့အပြ်ငမှာဆိုသေပြီ..."
"ဟား..ဟား...သေချာအောင်စဥ်းစားချည်...မင်းလည်းလက်ထက်ရတော့မှာနော်...အဲ့ကိစ္စကိုအရင်ပူစမ်းပါ..."
"အဲ့ဒါကပူစရာမလိုပါဘူး...ဘာလို့ဆို..ငါအဲ့ကောင်မလေးကိုလက်မထက်ဘူး..."
"လက်မထက်တော့မင်းဟော်တယ်.ဘယ်လိုလုပ်မလဲ..."
"မသိသေးဘူး...ငါစဥ်းစားတုန်းရှိသေးတယ်...ဒါပေမဲ့ငါအစီအစဥ်အောင်မြင်မှာသေချာပဲ..."
"ဒီလိုအချိန်ကျရင်တော့သတ္တိကပေါ်ထွက်လာပြီ...ပိုးသားနွယ်နဲ့ပက်သက်ရင်တော့မတုန်မလှုပ်နဲ့...."
"ဟေ့ရောင်...မင်းဒါပဲပြောနေမယ်ဆိုရင်ဖုန်းချလိုက်တော့မယ်..."
"ချကွာ...ငါကတော့ပြောမှာပဲ...ပိုးသားနွယ်ကိုမင်းမချစ်ရင်သု့တကိုသာပေးလိုက်တော့...သူကတကယ်ချစ်မိသွားပြီနဲ့တူတယ်..."
"တော်တော့နော်....ဒါပဲကွာ...အကြံဉာဏ်တောင်းတာပေါက်ကရတွေပဲပြောနေတယ်..."
"ဟား..ဟား..."
😶😶😶😶😶😶😶😶😶😶😶😶😶

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်Where stories live. Discover now