ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၉)
နွယ်တစ်ယောက်အကို့ရဲ့ဟိုတယ်ဆီကိုလာခဲ့သည်။
အကို့ဟော်တယ်ကတော်တော်လေးကိုကြီးတာပဲ။
ဝင်အောက်ကကိုတော်တော်လေးကြီးကျယ်နေပြီ။နွယ်လွယ်ထားတဲ့လက်ကိုင်အိတ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းလျှောက်လမ်းအတိုင်းဝင်လာခဲ့သည်။
နွယ်ဧည့်ခန်းကိုရောက်တော့ကောင်လေးတစ်ယောက်ကတံခါးဖွင့်ပေးသည်။
"မင်္ဂလာပါ..."
"မင်္ဂလာပါ..."
နွယ်ပြန်ပြီးနှုတ်ဆက်လိုက်သည်။
"ဘာများလိုလို့ပါလဲခင်ဗျာ..."
"ဟို..အကိုနဲ့...မဟုတ်ပါဘူး..ဒီကသူဋ္ဌေးနဲ့တွေ့ချင်လို့ပါ..."
"ဪ..ဟုတ်ကဲ့..ခဏစောင့်ပါခင်ဗျာ...ခုံမှာစောင့်နေလို့ရပါတယ်.."
"ဟုတ်ကဲ့
ကောင်လေးနွယ်နားကထွက်သွားပြီးကောင်တာဆီရောက်လာခဲ့သည်။
"အမရေ...ဟိုဧည့်သည်ကသူဋ္ဌေးနဲ့တွေ့ချင်လို့တဲ့..ဘယ်လိုလုပ်ပေးရမလဲ..."
"ဟုတ်လား..ငါမန်နေဂျာကိုဖုန်းဆက်လိုက်မယ်...နင်အဲ့နားမှာသာသွားနေလိုက်...ခေါ်ပေးမယ်လို့ပြောလိုက်နော်.."
"ဟုတ်.ဟုတ်.. "
ကောင်လေးရေတစ်ခွက်ယူပြီးနွယ့်ဆီပြန်လာခဲ့သည်။
"အမ..ခဏစောင့်နော်..."
"ဟုတ်ကဲ့..."
ခဏကြာတော့လူတစ်ယောက်ရောက်လာသည်။အကိုတော့မဟုတ်ဘူး။
"မင်္ဂလာပါ..ညီမ..."
"ဪ..ဟုတ်ကဲ့..."
"ဘာများဖြစ်လို့ပါလဲ...သူဋ္ဌေးကအစည်းအဝေးရှိလို့ပါ...ကျွန်တော်ပြန်ပြောပေးပါ့မယ်.. "
"ဟုတ်လား...ဘယ်ချိန်လောက်ပြီးမှာလဲ...နွယ်ပြောစရာလေးရှိလို့ပါ..."
"ခဏတော့ကြာပါလိမ့်မယ်...ကျွန်တော့်ကိုပဲပြောခဲ့လိုက်ပါ..."
"ရပါတယ်...နွယ်စောင့်နိုင်ပါတယ်...ပြောရမှာအရေးမကြီးပါဘူး..."
"ဟုတ်ကဲ့..."
နွယ်တစ်နာရီလောက်စောင့်လိုက်ရသည်။
မင်းထက်ပိုင်အစည်းအဝေးခန်းထဲကနေအထွက်မန်နေဂျာကစကားလာပြောသည်။
"ဂျာကြီး...ဘာကိစ္စလဲ..."
"သူဋ္ဌေး...သူဋ္ဌေးကိုလူတစ်ယောက်စောင့်နေလို့ပါ...ပြောစရာရှိလို့တဲ့..."
"ဘယ်သူတုန်း..."
"ပိုးသားနွယ်လို့ပြောတာပဲ...သူဋ္ဌေးနဲ့တွေ့ချင်နေတယ်..."
"ပိုးသားနွယ်..."
နွယ့်နာမည်ကြားတာနဲ့သူ့ခြေလှမ်းတွေကမြန်လာခဲ့သည်။
နွယ့်ကိုမတွေ့ရတာကြာလှပြီ။တွေ့ချင်လိုက်တာ။
မင်းထက်ပိုင်တွေ့ချင်ဇောနဲ့လျှောက်လာခဲ့ပေမဲ့နွယ့်ကိုအဝေးကပဲလှမ်းကြည့်နေလိုက်သည်။
"အဲ့ကောင်မလေးပါ...သူဋ္ဌေးနဲ့တွေ့ချင်တယ်ဆိုပြီးစောင့်နေတာ..ကြာလှပြီ..."
နွယ်ရေလေးသောက်လိုက်...အကိုများလာမလားလို့ငေးကြည့်လိုက်နဲ့စောင့်နေသည်။
မင်းထက်ပိုင်အဝေးကပဲကြည့်ရင်း
"ဒီနေ့ငါမအားဘူးလို့သာပြောလိုက်...ပြန်သွားလိမ့်မယ်..."
"ဒါပေမဲ့သူဋ္ဌေးသူကဘာပြောချင်တာလဲမသိဘူးနော်...အဲ့လိုပြောလွှတ်လို့ကောင်းပါ့မလား..."
"ပြောသာပြောလိုက်ပါ.."
"ဟုတ်ကဲ့..."မင်းထက်ပိုင်နံရံကိုကွယ်ရင်းအခြေအနေကိုစောင့်ကြည့်နေသည်။
မန်နေဂျာနဲ့နွယ်စကားပြောနေကြသည်။နွယ်သွားတော့မဲ့ပုံပဲ။အိတ်ထဲကဘယ်ထုတ်နေတာလဲ။သေချာကြည့်တော့စာလေးတစ်စောင်ပဲ။
မန်နေဂျာကိုပေးခဲ့ပြီးနွယ်ထွက်သွားသည်။
နွယ်ထွက်မသွားခင်အကို့ကိုလိုက်ရှာပါသေးတယ်။
"ပေးပေးပါနော်...သေချာလေးပေးပါနော်..."
"ဟုတ်ကဲ့ပါ..."
နွယ်ထွက်သွားတော့မန်နေဂျာပြန်လာခဲ့သည်။
"သူဋ္ဌေး...သူကစာပေးခဲ့တယ်...သူဋ္ဌေးကိုသေချာလေးဖတ်လိုက်ပါတဲ့..."
"အင်း.."
နွယ်ပေးခဲ့တဲ့စာအိတ်ကိုဖောက်ရင်းဖတ်ရန်
ဖြန့်လိုက်သည်။မင်းထက်ပိုင်ရဲ့အဖေ
ဦးမင်းထက်ကရေးလိုက်ခဲ့ခြင်းဖြစ်သည်။
"သို့...
သားမင်းထက်ပိုင်မင်းညီမကို
မင်းဆီအပ်လိုက်ပါတယ်...
သူမကိုသေချာလေးသင်ကြားပေးလိုက်ပါ...မင်းကြိုက်သလိုလုပ်လို့ရတယ်...နွယ့်
တီတီလေးကိုမင်းမုန်းနေတာမလား...အခုဆိုသူ့တူမကိုမင်းကြိုက်သလိုလုပ်လို့ရပြီ...မင်းဆီအပ်လိုက်ပါ့တယ်..."
မင်းထက်ပိုင်စာကိုဖတ်ပြီးပြုံးလိုက်လေသည်။
"ဂျာကြီး...စောစောကကောင်မလေးကိုသွားပြန်ခေါ်ခဲ့..."
"ဟုတ်..."
မန်နေဂျာမင်းထက်ပိုင်ခိုင်းတာကြောင့်နွယ့်အနောက်အမြန်ပြေးလိုက်သွားသည်။
မင်းထက်ပိုင်ဟိုတယ်ရဲ့ပန်းခြံထဲမှာရပ်စောင့်နေလေသည်။
"သူဋ္ဌေး..."
"လုပ်စရာရှိတာသွားလုပ်လိုက်တော့..."
"ဟုတ်..."
နွယ်လက်နှစ်ဖက်ကိုထပ်ပြီးကိုင်ရင်းရပ်နေသည်။
"ဒီမှာအလုပ်လုပ်ချင်တာသေချာလား..."
"ဟုတ်..."
"ဘာအလုပ်မဆိုလုပ်မှာလား..."
"ဟုတ်ကဲ့..နွယ်ဘာအလုပ်မဆိုလုပ်နိုင်ပါတယ်..."
"ကောင်းပြီလေ...ဒါဆိုမင်းသန့်ရှင်းရေးသမား
လုပ်ရမယ်..."
"ရှင်..သန့်ရှင်းရေးလား"
"ဘာလဲ..မလုပ်နိုင်လို့လား..."
"မဟုတ်ပါဘူး...လုပ်နိုင်ပါတယ်..."
"ပြီးတာပဲ...သွား..အခုချက်ချင်းအလုပ်ဆင်းရမယ်..."
"ဟုတ်..."
"ဪ...မှာထားရဦးမယ်...မင်းဒီမှာလုပ်မယ်ဆိုရင်ငါနဲ့ရင်းနှီးတယ်ဆိုတာမသိစေနဲ့...သိတဲ့နေ့မင်းသေပြီပဲ..."
"ဟုတ်...နွယ်မသိအောင်ထိန်းသိမ်းထားပါ့မယ်..."
"ဒီမှာအလုပ်လုပ်မယ်ဆိုရင်ငါကမင်းသူဋ္ဌေးပဲ...ငါပြောသမျှမင်းနာခံရမယ်..."
"အရင်လည်းဘယ်တုန်းကမနာခံဘူးလို့လဲ..."
နွယ်တိုးတိုးလေးပြောလိုက်သည်။
"ဘာပြောတယ်..."
"ဘာမှမဟုတ်ပါဘူး...နွယ်နာခံပါ့မယ်လို့ပြောတာပါ.."
"အေး...ဒါဆိုအလုပ်သွားလုပ်တော့..."
"ဟုတ်..."
နွယ်မန်နေဂျာခေါ်ရနောက်ကိုလိုက်ခဲ့သည်။
ဝတ်စုံလဲပြီးနွယ့်ကိုသင်ပေးရန်ကောင်မလေးတစ်ယောက်နဲ့လိုက်ခဲ့ရသည်။
"ပိုးသားနွယ်ကဘယ်ကလဲ..."
"နယ်ဘက်ကပါ..အမခင်.."
"ဟုတ်လား..အမလည်းနယ်ဘက်ကပဲ.."
"ပိုးသားနွယ်ကကျောင်းပြီးပြီလား..."
"ပြီးပါပြီ...နွယ်စီးပွားရေးနဲ့ကျောင်းပြီးထားပါတယ်..."
"ဘွဲ့ရပဲ...အမလေး..အမကဆယ်တန်းလောက်ပဲအောင်တယ်ထင်နေတာ..ဒါကိုဘာလို့သန့်ရှင်းရေးလာလျှောက်ရတာတုန်း..."
"အခုခေတ်ကအလုပ်ရှားတယ်လေအမရဲ့...ဒါကြောင့်ရတဲ့အလုပ်ဝင်လုပ်ရတာပါ..."
"ဟုတ်တော့ဟုတ်သား...ကဲ...ဒီအခန်းကအမတို့အရင်ဝင်လုပ်ရအောင်...အမသင်ပေးမယ်..."
"ဟုတ်ကဲ့..အမ.."
နွယ်ရေပုံးကိုဆွဲပြီးလိုက်သွားခဲ့သည်။
သန့်ရှင်းရေးဆိုတော့သိတဲ့အတိုင်းပဲအခန်းထဲမှာရှိတဲ့အရာတွေအကုန်သန့်ရှင်းပေးရတာ။
နွယ်အိပ်ရာခင်းကိုဖြန့်ရင်းအမခင်ကစကားပြောလာတာနဲ့ပြန်ပြောဖြစ်ခဲ့သည်။
အမခင်ကကြမ်းတိုက်ရင်း
"ညီမကိုအရမ်းနှာမြောတာပဲ...ဘွဲ့ရပညာတက်တစ်ယောက်ကသန့်ရှင်းရေးလာလုပ်နေတာရတယ်ဆိုတော့..."
"အမရယ်...အခုခေတ်မှာဘွဲ့ရလည်းဂုဏ်ပဲရှိတာ...အလုပ်ကတော့ရှာရခက်တယ်..."
"အဲ့ဒါတော့ဟုတ်သား...အမဆိုလေးတန်းပဲတက်ခဲ့ရတာ....အခုတော့ယောကျ်ားရပြီးကလေးတွေအများကြီးနဲ့ပင်ပန်းချက်ပါ.."
နွယ်ဘဝကပင်ပန်းတဲ့အကြောင်းတွေကိုလာညည်းတွားနေသောအမခင်ကိုဘာမှမပြောတော့ပဲပြုံးသာနေလိုက်သည်။
"ဪ..အမ..ဒီမှာသန့်ရှင်းရေးသမားတွေဘယ်လောက်ရှိလဲ..."
"လေးငါးဆယ်ယောက်လောက်တော့ရှိမယ်...."
"ဪ..."
"ညီမကဘာလုပ်မလို့တုန်း....
"ဒီအတိုင်းသိချင်လို့ပါ...အလုပ်သမားတွေအများကြီးမို့.."
"အင်း...သူဋ္ဌေးကသဘောကောင်းတော့ဒီမှာအလုပ်သမားတွေကပျော်ကြတယ်လေ ...လာသမျှအလုပ်တောင်းတဲ့သူကိုလည်းအလုပ်ပေးတယ့်..."
"ရှင်...သူဋ္ဌေးကအဲ့လောက်သဘောကောင်းလို့လား..."
"ဟယ်...ညီမအလုပ်လာလျှောက်တာကိုသတိမထားမိဘူးလား... ဒီမှာအလုပ်သမားတွေကများနေပြီ..ဒါပေမဲ့ညီမကိုအလုပ်ပေးခဲ့တယ်လေ..."
(အဲ့ဒါကနွယ့်ကိုအကိုသက်သက်အနိုင်ကျင့်ချင်လို့ပါ...နွယ်သိပြီးသား..)
"ဟုတ်သား...နွယ်သတိမထားမိလိုက်ဘူး...အလုပ်သမားလိုနေလို့များလားလို့.."
"အယ်..ညီမရယ်...ဖြစ်မှဖြစ်ရလေ...ဒီမှာအလုပ်သမားကဖြင့်များလွန်းလို့မရေတွက်နိုင်ဘူး..."
(စီးပွားရေးဘွဲ့ရထားပြီးအလုပ်သမားတွေအများကြီးခေါ်ထားတယ်...ရူးများရူးနေတာလားမသိဘူး)
"ဒါပေမဲ့..အခုတလောသူဋ္ဌေးကလူပိုတွေကိုဖြည်းဖြည်းချင်းထုတ်ပစ်နေပြီ...ပိုက်ဆံပဲလိုချင်ပြီးအချောင်ခိုနေတဲ့သူတွေကိုပေါ့..."
"အင်း.."
"ညီမလည်းအလုပ်မထုတ်ခံချင်ရင်အချောင်မခိုနဲ့ကြားလား..."
"ဟုတ်ကဲ့အမ နွယ်ကအလုပ်ကြိုးစားမှာပါ..."
"အေးကွယ်...ကောင်းတယ်..ကောင်းတယ်..ကဲ..အမတို့တစ်ခြားအခန်းသွားရအောင်လေနော့်.."
"ဟုတ်ကဲ့..."
🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂
နွယ်တစ်နေ့လုံးအလုပ်လုပ်ထားရတော့ပင်ပန်းနေပြီ။
ခုံမှာထိုင်ရင်းခြေထောက်တွေကိုနှိပ်နေလိုက်သည်။
နွယ့်ကလူတိုင်းနဲ့တည့်အောင်နေတတ်တော့နေရာတကာမှာအဆင်ပြေတယ်။
ဒီအလုပ်ကနွယ့်အတွက်နည်းနည်းတော့ပင်ပန်းပေမဲ့နွယ်ပျော်ပါတယ်။
နွယ်ဂုတ်ညောင်းတာနဲ့ခုံကိုမှီချပြီးမျက်လုံးမှိတ်ထားလိုက်သည်။
"ဘယ်လိုလဲ..ပင်ပန်းနေပြီလား..."
အကို့အသံပဲ။နွယ်မျက်လုံးဖွင့်ကြည့်တော့အကိုကအနောက်မှာရပ်နေသည်။
"မပင်ပန်းပါဘူး...."
"ရော့..."
အကိုကော်ဖီဘူးကိုပစ်ပေးတာနဲ့နွယ်လှမ်းဖမ်းလိုက်သည်။
"ကျေးဇူးပါ..."နွယ်အကိုပေးတဲ့ကော်ဖီဘူးကိုဖောက်ပြီးတစ်ကျိတ်ထဲမော့သောက်လိုက်လေသည်။
အကို့ကြောင့်နွယ်လေကော်ဖီတွေသောက်တတ်လာပြီ။
ပြီးနောက်အကိုနွယ်ထိုင်နေတဲ့ခုံမှာဝင်ထိုင်လိုက်သည်။
"အလုပ်မလုပ်ပဲဒီမှာလာပြီးအပါးခိုနေတယ်ပေါ့..."
"မဟုတ်ပါဘူး...နွယ့်အလုပ်ကပြီးပြီ...နွယ်အိမ်ပြန်တော့မှာ..."
"မင်းကိုဘယ်သူကအလုပ်ဆင်းခိုင်းလို့လဲ..."
"ဟင်..."
"မင်းမှာလုပ်စရာအလုပ်တွေရှိသေးတယ်..."
"ရှင်...ဘာအလုပ်လဲ...နွယ်ပင်ပန်းနေပြီ..."နွယ်စိတ်ပျက်လက်ပျက်နဲ့ပြန်ပြောလေသည်။
"မင်းအလုပ်လုပ်ချင်လို့ဒီကိုလာတာမဟုတ်ဘူးလား...တစ်ရက်ပဲရှိသေးတယ်...ပျင်းနေပြီလား..."
"မဟုတ်ပါဘူး..."
နွယ်မျက်နှာလေးဆူဆူပုတ်ပုတ်နဲ့ပြောတော့မင်းထက်ပိုင်ရယ်ချင်ပေမဲ့ထိန်းထားခဲ့ရသည်။
"မင်းဒီလောက်မှမလုပ်ချင်တော့ရင်လည်းနောက်နေ့မလာခဲ့နဲ့တော့.. "
"ဟာ..အကိုရယ်...မလုပ်ပါနဲ့..နွယ်လုပ်နိုင်ပါတယ်...ကဲပြောနွယ်ဘာလုပ်ပေးရမှာလဲ..."
"ငါ့နောက်လိုက်ခဲ့..."
"ဟုတ်..."
နွယ်အကို့နောက်ကနေတက်တက်ကြွကြွနဲ့လိုက်သွားခဲ့သည်။
"ဟဲ့...သူဋ္ဌေးကအဲ့ကောင်မလေးကိုစကားသွားပြောတယ်တော့.. အခုလည်းဘယ်သွားမလို့တုန်းမသိဘူး..."
"အယ်..ဟုတ်တယ်နော်..."
"သူတို့ကဘာတွေလဲ..."
အဝေးကနေဟိုတယ်ဝန်ထမ်းတွေကတိုးတိုးတိုးတိုးနဲ့ပြောနေကြသည်။
"ဒီနေ့မှလာတာ..အဲ့ကောင်မလေးကတစ်ခုခုတော့တစ်ခုခုပဲ..."
😃😃😃😃😃😃😃😃😃😃😃😃😃😃
အကိုနွယ့်ကိုဘယ်ခေါ်သွားတာလဲမသိဘူး။ကားပေါ်အတင်းတက်ခိုင်းပြီးခေါ်လာတာပဲ။
မြို့ထဲကမုန့်ဆိုင်ကိုခေါ်လာတာပဲ။နွယ်ကကော်ဖီသာမကြိုက်တာအဲ့ဒါနဲ့တွဲစားကြတဲ့cakeတော့ကြိုက်တယ်။
မင်းထက်ပိုင်ကိတ်မုန့်ဆိုင်ရှေ့မှာကားရပ်လိုက်သည်။
"ဆင်း..."
"ဟုတ်ကဲ့..."
အကိုကအလုပ်ခိုင်းမယ်ဆိုပြီးဒီကိုဘာလို့ခေါ်လာတာလဲမသိဘူး။
နွယ်တို့ဆိုင်ထဲကိုဝင်လာပြီးထောင့်တစ်နေရာကခုံမှာထိုင်လိုက်သည်။
"အကို...နွယ့်ကိုအလုပ်ခိုင်းမို့ဆိုဘာလို့ဒီခေါ်လာတာလဲ..."
"ဟုတ်တယ်လေ...အလုပ်ခိုင်းမို့..."
"ဘာအလုပ်လဲ..."
"ငါမကုန်တာမင်းကိုစားခိုင်းဖို့ခေါ်လာတာ..."
နွယ်ဘာမှပြန်မပြောပဲမျက်စောင်းသာထိုးလိုက်သည်။
အမြဲအနိုင်ကျင့်နေတာပဲ။
"ဘာများမှာမလဲရှင့်...."
"စတော်ဘယ်ရီကိတ်တစ်ခုရယ်...ကော်ဖီတစ်ခွက်ရယ်...အအေးကောရလား..."
"ရပါတယ်...ဘာအအေးမှာမှာလဲရှင့်.."
"ဒါဆိုစတော်ဘယ်ရီတစ်ခွက်ပေးပါ...ဪ..နောက်ပြီးကြက်ဥလိပ်ရတယ်မလား..အဲ့ဒါပါထပ်ပေး..."
"ဟုတ်ကဲ့..ဒါဆိုကော်ဖီတစ်ခွက်ကိတ်ရယ်အအေးရယ်ကြက်ဥလိပ်ရယ်ပေါ့နော်.."
"အင်း..."
"ခဏစောင့်ပါရှင့်..."
ဝိတ်တာမလေးထွက်သွားသည်။
နွယ်ဟိုကြည့်ဒီကြည့်နဲ့လျှောက်ကြည့်ရင်းခုံအောက်မှာအိပ်နေတဲ့ကြောင်လေးကိုတွေ့လိုက်သည်။
နွယ်ကြောင်တွေဆိုတအားချစ်တယ်။သူတို့လေးတွေသခင်ဆိုချွဲနွဲ့ပြီးနေတာတအားချစ်ဖို့ကောင်းတယ်။
နွယ်ကြောင်လေးကိုသွားကိုင်ကြည့်မို့ထလိုက်သည်။မင်းထက်ပိုင်နွယ်ဘာလုပ်နေတာလဲလို့စိတ်ဝင်တစားနဲ့လိုက်ကြည့်နေသည်။
နွယ်အိပ်နေတဲ့ကြောင်နားလေးကိုဖြေးဖြေးလေးသွားပြီးပွတ်ပေးမို့လက်လေးကိုဆန့်ထုတ်လိုက်သည်။
နွယ်ကြောင်လေးကိုထိလိုက်တဲ့အချိန်မှာကြောင်ကလန့်ပြီးနွယ့်လက်ကိုလှမ်းကုတ်ပြီးထွက်ပြေးသွားသည်။
နွယ်လည်းလန့်ပြီးထိုင်ချလိုက်မိသည်။မင်းထက်ပိုင်အလန့်တကြားနဲ့နွယ်နားလေးပြေးလာပြီးလက်ကိုကြည့်လိုက်လေသည်။
"ဘာဖြစ်သွားသေးလဲ...."
"ဘာမှမဖြစ်ပါဘူး..."
"ကုတ်လိုက်မိသေးလား..."
"မကုတ်မိဘူး..."
"သေချာရဲ့လား..."မင်းထက်ပိုင်နွယ့်လက်တွေကိုဟိုကြည့်ဒီကြည့်နဲ့အသည်းအသန်
ကြည့်လေသည်။
စိတ်ပူလွန်းနေသောအကို့ကိုကြည့်ပြီးနွယ်ပြုံးနေမိသည်။
"ဘာမှမဖြစ်ပါဘူးဆို..အကိုကလည်း.."
"ဘာမှမဖြစ်လို့တော်ပါသေးတယ်...နောက်ဆိုအဲ့လိုတွေသွားမဆော့နဲ့ကြားလား..."
"ဟုတ်..."
နွယ်သဘောကျစွာနဲ့ပြုံးပြလိုက်သည်။
မင်းထက်ပိုင်သူမအပြုံးကိုမြင်တော့မှသူဖြစ်နေတဲ့အခြေအနေတွေကိုသတိထားမိပြီးမျက်နှာကြီးကချက်ချင်းကိုတည်တံ့သွားသည်။
နွယ်ပြောင်းလဲသွားတဲ့အကိုမျက်နှာကိုသေချာကြီးကြည့်နေမိသည်။
"ဘာကြည့်တာလဲ...ထ...သွားမယ်..."
(အမျိုးမျိုးပဲ)
မင်းထက်ပိုင်ရှက်ပြီးရှေ့ကနေအရင်ထွက်သွားသည်။
"ရပါပြီ..."
မှာထားတဲ့မုန့်တွေရောက်လာပြီ။နွယ်သဘောကျစွာနဲ့ဇွန်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးအကိုကျွေးမဲ့အချိန်ကိုစောင့်နေသည်။
ပထမဆုံးမင်းထက်ပိုင်စတော်ဘယ်ရီ
ကိတ်ကိုယူပြီးနည်းနည်းလေးမြည်းကြည့်လိုက်သည်။
"အား..အရမ်းချိုလွန်းတယ်...မကောင်းဘူး..ရော့. မင်းစားလိုက်တော့..."
"ဟုတ်.."
နွယ်ကိတ်ကိုဝမ်းသာအားရနဲ့ဆွဲယူပြီးတစ်ဇွန်းစားလိုက်လေသည်။
"ဝါး..ကောင်းလိုက်တာ..."
နွယ်အားရပါးရစားနေတဲ့ပုံကိုကြည့်ပြီး
မင်းထက်ပိုင်သဘောတွေကျနေသည်။
အဲ့ကိတ်ကတမင်သက်သက်နွယ့်အတွက်မှာပေးထားတာပါ။
ပုံမှန်ဆိုမင်းထက်ပိုင်ကိတ်မပြောနဲ့ဒီလိုမျိုးဆိုင်တောင်မထိုင်ဘူး။cakeစားရတာလည်းမကြိုက်ဘူး။
"ဖြည်းဖြည်းစားပါ..နင်နေမယ်..."
"မနင်ပါဘူး...အဟွန့်..အဟွန့်..."
"ပြောလို့တောင်မပြီးသေးဘူး...ရော့..ရော့အအေးသောက်..."
"အင်း..."နွယ်အအေးကိုလည်းသောက်လိုက်သည်။
အခုတော့ကိတ်မုန့်ကကုန်ပြီ။နွယ်အအေးခွက်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီးအေးအေးဆေးဆေးသောက်နေသည်။
ထိုအချိန်မျက်စိကျသွားတာကတော့အကို့ဘေးကကြက်ဥလိပ်။အကိုအဲ့ဒါကိုမစားပဲဘာလုပ်နေတာလဲ။
"အကို..အဲံ့ဒါမစားဘူးလား..."
"စားချင်လို့လား..."
"အင်း..."
"မင်းကအစားပုတ်ပဲ...ရော့..စားစား..."
"ကျေးဇူးတင်ပါတယ်..."
နွယ်ကြက်ဥလိပ်ပါထပ်စားလိုက်သည်။မင်းထက်ပိုင်ကော်ဖီကိုသောက်ရင်းကြည့်နေမိသည်။
မထင်ထားဘူး။နွယ်ကတစ်ခါတစ်လေကလေးဆန်လိမ့်မယ်လို့။အဲ့လိုကလေးဆန်တာကလည်းချစ်ဖို့တော့ကောင်းသားပဲ။
နွယ်အကို့ကိုကြည့်လိုက်တော့မင်းထက်ပိုင်ရှက်ပြီးတစ်ဖက်ကိုလှည့်သွားလေသည်။
(မင်းထက်ပိုင်မင်းဘယ်လိုတွေဖြစ်နေတာလဲ...သူမကိုနည်းနည်းလေးမှစိတ်မဝင်စားမိစေနဲ့...သူမကဟန်ဆောင်နေတာ...ကိုယ့်စိတ်ကိုထိန်းစမ်းပါ...)
❤❤❤❤❤❤❤❤❤❤❤❤❤❤
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Roman d'amourအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်