ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁၅)
နွယ်တစ်ညလုံးအိပ်မပျော်ခဲ့ဘူး။နွယ်အကို့အကြောင်းကိုစဥ်းစားနေရင်းပေါ့။
နွယ်ဆုံးဖြတ်ခဲ့တာမှားများသွားပြီလား။
နွယ်ကိုအကိုနားလည်ပေးပါ့မလား။
မိုးလင်းခါနီးကျတော့ရွှေစင်နွယ့်ကိုလာနိုးလေသည်။
နေထွက်တာသွားကြည့်ရအောင်တဲ့။
နွယ်တို့မနက်စောစောနေထွက်တာသွားကြည့်ဖြစ်ခဲ့သည်။
နွယ်တို့အဆောင်ပြန်လာပြီးမနက်စာစားဖို့ရွှေစင်ကအကိုတို့ကိုသွားခေါ်မယ်တဲ့။
နွယ်မလိုက်ချင်ဘူး။အကိုနဲ့တွေ့ဘယ်လိုနေရမလဲမသိဘူး။
"လာပါ...နွယ်ရဲ့...သွားရအောင်..."
"ရွှေစင်ပဲသွားလိုက်ပါ...နွယ်ဒီမှာစောင့်နေလိုက်မယ်..."
"လာပါ...ရွှေစင်တစ်ယောက်ထဲမသွားချင်ဘူး...လိုက်ခဲ့ပါနော်...လာပါ..လာပါ"
ရွှေစင်အတင်းခေါ်လို့နွယ်လိုက်ခဲ့ရသည်။
အကိုတို့အခန်းရှေ့ရောက်တော့အကိုတို့ကတောင်အပြင်ထွက်လာလေပြီ။
သု့တအောင်နွယ့်ကိုတွေ့တော့နွယ့်ဆီအပြေးလာလေသည်။
"နွယ်..."
"အကို..မင်္ဂလာပါ..."
နွယ်မင်းထက်ပိုင်ကိုလှမ်းကြည့်လိုက်လေသည်။
မင်းထက်ပိုင်သူမကိုမကြည့်။ရွှေစင်နဲ့စကားပြောနေလေရဲ့။
"သွားရအောင်လေ..."
"အင်း..."
နွယ်တို့စားသောက်ဆိုင်ရောက်လေတော့နွယ်အကိုသု့တရဲ့ဘေးနားမှာထိုင်သည်။
ရွှေစင်နဲ့မင်းထက်ပိုင်ကတခြားဘက်ပေါ့။
နွယ်နဲ့မင်းထက်ပိုင်မျက်နှာဆိုင်ထိုင်လိုက်မိလေသည်။
နွယ်နေရခက်တယ်။မင်းထက်ပိုင်ကတော့သူမကိုမြင်တယ်လို့တောင်မထင်ဘူး။
"ဘာမှာကြမလဲ..."
"အင်း...အကိုဘာစားမလဲ..."
"ကြိုက်သလိုလုပ်လိုက်ပါ..."
"ဒါဆိုထမင်းကြော်နှစ်ပွဲပေးပါ..."
"ဟုတ်ကဲ့ပါ..."
"နွယ်ကော...ဘာစားမလဲ..."
"နွယ်လည်းထမင်းကြော်ပဲစားတော့မယ်လေ...အကိုသု့တကောထမင်းကြော်ပဲလား..."
"အင်း..ရပါတယ်....."
"ဟုတ်ကဲ့...ဒါဆိုအားလုံးထမင်းကြော်ပေါ့နော်...."
"ဒါနဲ့ထမင်းကြော်ကပင်လယ်စာနဲ့ပဲရတာလား..."နွယ်မေးလိုက်လေသည်။
"ဟုတ်ကဲ့...ကြက်ဥနဲ့လည်းရပါတယ်.ခင်ဗျား.."
"ဒါဆိုတစ်ပွဲကကြက်ဥနဲ့ပေးနော်..."
"ဟုတ်ကဲ့..."
"ငါ့ညီကော်ဖီနှစ်ခွက်ကောပေးဦး..."
"ဟုတ်ကဲ့..."
စားပွဲထိုးလေးထွက်သွားပြီးမကြာမှာထားတာတွေလာပြီ။
နွယ်မှာထားတဲ့ကြက်ဥနဲ့ဟာနွယ့်ဆီကိုချပေးလေသည်။
"ဒီမှာပါ...အမကကြက်ဥနဲ့ဟာ.."
"အဲ့ဒါသူ့ကိုပေးလိုက်ပါ..."
နွယ်မင်းထက်ပိုင်ကိုကြက်ဥနဲ့ထမင်းကြော်ပေးခိုင်းလိုက်လေသည်။
"ဒါဘာလဲ..."
"အကိုကပင်လယ်စာနဲ့မတည့်ဘူးလေ...ဒါစားလိုက်..."
"တော်ပြီ...ငါပင်လယ်စာနဲ့တည့်သွားပြီ...နောက်ပြီးငါကြက်ဥမကြိုက်ဘူး...ပြန်ယူလိုက်..."
မင်းထက်ပိုင်ပန်းကန်ကိုနွယ့်ဘက်ဆီပြန်ကမ်းလိုက်လေသည်။သု့တနဲ့ရွှေစင်ကဘာဖြစ်မှန်းမသိကြည့်နေကျလေသည်။
စားပွဲထိုးလည်းကြောင်တောင်တောင်နဲ့ရပ်နေလေရဲ့။
" ဪ...ဒါကကော်ဖီ..အကို့ဟာပါ..."
"အင်း..."
နွယ်သူ့ကိုကော်ဖီပေးမဲ့အထင်နဲ့လှမ်းယူဖို့လက်ကလေးထုတ်လိုက်စဥ်...
"ရော့...ရွှေစင်...ကော်ဖီသောက်...."
နွယ်ကမ်းထားသောလက်ကိုပြန်သိမ်းလိုက်လေသည်။
ရွှေစင်ကတော့သူမကိုမင်းထက်ပိုင်ဂရုစိုက်ပေးလို့နွယ့်ကိုပျော်ပြီးလှမ်းကြွားလေရဲ့။
နွယ်ပြန်ပြုံးပြလေသည်။
အရင်ကအကိုတိုက်သမျှကော်ဖီတွေကနွယ့်အတွက်ချည်းပါပဲ။
မင်းထက်ပိုင်နွယ့်အပေါ်ကိုအရွဲ့တိုက်နေမှန်းသိတယ်။ဒါပေမဲ့နွယ်စိတ်တိုလို့မရဘူးလေ။
နွယ်တို့မနက်စာစားပြီးပင်လယ်ဘက်ကိုလမ်းလျှောက်ထွက်ခဲ့ကြသည်။
"လာ..နွယ်...ဟိုဘက်မှာစက်ဘီးငှားလို့ရတယ်...ရွှေစင်တို့သွားငှားရအောင်လေ..."
"အင်း...သွားမယ်လေ..."
နွယ်တို့စက်ဘီးငှားတဲ့နေရာရောက်တော့စက်ဘီးကနှစ်စီးပဲကျန်တော့တယ်။
"ဒုက္ခပဲ...လူကလေးယောက်စက်ဘီးကနှစ်စီး...ဘယ်လိုလုပ်မလဲ..."
"မသိဘူး..ဘယ်လိုလုပ်မလဲ..."
"နှစ်ယောက်တစ်စီးစီးမယ်လေ...နွယ်အကိုနဲ့လိုက်ခဲ့..."
"အင်း..ရတယ်လေ..."
"ဒါဆိုရွှေစင်ကအကိုမင်းထက်ပိုင်နဲ့ပေါ့..."
သူတို့အဲ့အတိုင်းပဲသဘောတူခဲ့ကြသည်။
"နွယ်သေချာကိုင်ထားနော်..."
မင်းထက်ပိုင်တို့စက်ဘီးကနွယ်တို့ဘေးမှာရပ်နေလေသည်။
ရွှေစင်ကတေည့ပြောစရာမလိုမင်းထက်ပိုင်ရဲ့ခါးကိုဖက်ထားပြီးသား။
"ဟုတ်..."
"ငါတို့ဘယ်သွားကြမလဲ..."
"ဒီနားပဲပတ်စီးကြမယ်လေ...မြို့ထဲသွားလို့ရတယ်..."
"ဒါဆိုဒီမှာပဲပတ်စီးရအောင်...."
"okလေ.."
သု့တနဲ့ရွှေစင်ကတော့တက်တက်ကြွကြွပြောဆိုနေကြပေမဲ့နွယ်တို့ကတော့တိတ်ဆိတ်နေလေသည်။
"သွားမယ်လေ..."
သူတို့ကမ်းခြေမှာစက်ဘီးတွေပတ်စီးကြလေသည်။
"အကို..ဟိုနားလေးမှာကလေးတွေဆော့နေတယ်ကြည့်လိုက်..."
"ဟုတ်တယ်...သူတို့များပျော်နေလိုက်ကြတာ....နောက်ပြီးရင်အကိုတို့ရေထဲဆင်းဆော့ရအောင်လေ..."
"နွယ်ကရေမကူးတတ်ဘူးနော်..."
ရပါတယ်..အကိုရှိတာပဲ..."
"ဒါဆိုလည်းဆော့မယ်လေ..."
နွယ်တို့စက်ဘီးစီးပြီးစကားတွေပြောကြ၏။ရွှေစင်ကတော့နွယ်နဲ့သု့တကိုကြည့်ပြီးအားကျနေလေရဲ့။
"အကို.."
"ဟင်..."
"နွယ်နဲ့အကိုသု့တကလိုက်တယ်နော်...အကိုသု့တကနွယ့်ကိုချစ်နေတဲ့ပုံပဲ...သူ့မျက်ဝန်းတွေကနွယ့်ကိုကြည့်နေရင်အရောင်တွေတောက်လာတယ်...သိလား.."
"အဲ့ဒါမင်းနဲ့ဘာဆိုင်လဲ...သူ့တို့ကိစ္စလေ..ပြောမနေနဲ့...လေကုန်တယ်..."
"ဟွန်း..အကိုကလေ...ရွှေစင့်ဆိုအကောင်းကိုမပြောဘူး..."
သူတို့တွေစက်ဘီးစီးပြီးရေထဲသို့ဆင်းကစားကြလေသည်။
နွယ်ရေမကူးတတ်လို့ကမ်းစပ်နဲ့မနီးမဝေးမှာတင်နေလေသည်။
"လာလေ...နွယ်...အကိုရှိတယ်မကြောက်နဲ့..."
"ဟင့်အင်းနွယ်မလာရဲဘူး..."
"လာပါ..."သု့တကြောက်နေသောနွယ့်လက်ကိုဆွဲပြီးခေါ်သွားလေသည်။
မင်းထက်ပိုင်ရေထဲမဆင်းချင်တာနဲ့ပဲအပင်အောက်မှာထိုင်ပြီးကြည့်နေလေသည်။
မျက်မှောင်ကလည်းကြုတ်ထားသေး။
မကျေမနပ်နဲ့။
ရွှေစင်ကတော့ဘေးမှာငုတ်တုတ်လေးပျင်းပျင်းရိရိနဲ့ထိုင်နေလေသည်။
နွယ်တော့ကြည့်တော့ပျော်နေလိုက်တာ။ငါလည်းပျော်ချင်တာပေါ့။
"အကို...သွားကစားရအောင်လေ..."
"မကစားချင်ဘူး..."
"ဟာ..အကိုကလည်းလာခဲ့ပါ...နော်..ေနာ်...နော်..."
"မလိုက်ချင်ဘူးလို့..."
"လာပါ..နော်..နော်..."
ရွှေစင်သူ့ကိုအတင်းဆွဲပြီးရေထဲခေါ်လာလေသည်။
မင်းထက်ပိုင်ရောက်လာတော့နွယ်အနေခက်သွားသည်။
နွယ်ရယ်နေရင်းကနေမဲ့လိုက်လေသည်။
"နွယ်..ငါတို့တူတူဆော့ရအောင်လေ..."
"အင်းအင်း..."
နွယ်တို့အချင်းချင်းဘောလုံးပစ်ပေးတိုင်းကစားကြလေသည်။
ဇာတ်ရှိန်ကတက်လာတော့နွယ်အနေခက်တာပျောက်သွားလေသည်။
မင်းထက်ပိုင်နွယ့်ကိုတစ်ချက်ချက်လှမ်းကြည့်တဲ့အချိန်ဆိုနွယ့်မျက်နှာခပ်တည်တည်ဖြစ်သွားလေသည်။
"ရော့..."
ရွှေစင်ပစ်လိုက်တဲ့ဘောလုံးကအဝေးကိုရောက်သွားသည်။
"ဪ..."
နွယ်သွားယူမည့်လို့လက်ပြပြီးထွက်သွားလေသည်။
သု့တနဲ့ရွှေစင်အချင်းချင်းရေပက်နေတာနဲ့ပဲနွယ့်ကိုသတိမထား။လှိုင်းနဲ့ဘောလုံးကပါသွားတော့ရေနက်ဆီရောက်သွားသည်။
နွယ်စမ်းတဝါးဝါးနဲ့ဟိုခြေစမ်းဒီခြေစမ်းသွားလေသည်။
ဒါပေမဲ့ဘောလုံးကမမှီနွယ်သတိမထားမိတာကရှေ့ကတော်တော်လေးရေနက်နေပြီ။
နွယ်ဘောလုံးကိုလှမ်းယူချိန်နင်းထားမိသောခဲလုံးပေါ်ကနေချော်ကျပြီးရေနစ်သွားလေသည်။
"အ..ကယ်..ကယ်..ပါဦး..."
နွယ့်ကိုကြည့်နေသောမင်းထက်ပိုင်နွယ်တစ်ခုခုဖြစ်နေပြီဆိုတာသိသည်။
"ပိုးသားနွယ်...ပိုးသားနွယ်..."
ရေမကူးတတ်တဲ့နွယ်ဒုက္ခတော့ရောက်ပါပြီ။
နွယ်အကူအညီတောင်းပေမဲ့ဘယ်သူမှကြားပုံမပေါ်။
နွယ်ရေထဲနစ်လိုက်မြုပ်လိုက်ဖြစ်နေတဲ့အချိန်နွယ်လက့်ကိုတစ်စုံတစ်ယောက်လှမ်းဆွဲလိုက်လေသည်။
"အကို..."
နွယ့်ကိုကမ်းလှမ်းပေးခဲ့ဖူးတဲ့အကို့လက်များလား။
နွယ်ရေမွှန်းပြီးဘာမှမသိတော့ဘူး။နွယ်မျက်လုံးတွေဝေဝါးနေပြီ။
သေတော့မှာများလား။နွယ်မသေချင်သေးဘူး။နွယ်အကို့အနားမှာနေချင်သေးတယ်။
နွယ်အလင်းတစ်ခုတွေ့ရတဲ့နွယ်မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။
"ဟူး...ဟူး..အဟူး..."
နွယ်နှိုးလာပြီးရေတွေကိုအန်ထုတ်လိုက်လေသည်။
"နွယ်အဆင်ပြေလား...."
"အင်း..ဟူး.."
နွယ်ထင်ခဲ့သလိုနွယ့်ရှေ့မှာရပ်နေတဲ့သူက
မင်းထက်ပိုင်မဟုတ်ခဲ့ပါဘူး။
သု့တအောင်ပင်။
မင်းထက်ပိုင်ကတော့ရွှေစင်နဲ့အတူရပ်နေလေသည်။
သု့တနွယ့်ကိုထူပေးလိုက်လေသည်။
"လာ..ပြန်ရအောင်နော်..."
"ဟုတ်ကဲ့..."
သု့တအောင်နွယ့်ကိုကူတွဲပြီးထွက်သွားလေသည်။
မင်းထက်ပိုင်ဆံပင်စိုတွေကိုခါရင်းနွယ့်ကိုတစ်လျှောက်လုံးရပ်ကြည့်နေမိသည်။
😣😣😣😣😣😣😣😣😣😣😣😣😣😣
"အကို...ကျေးဇူးပါပဲနော်..."
"ရပါတယ်...နွယ်ရဲ့...အေးဆေးနားလိုက်တော့..ညကျမှတွေ့ကြမယ်လေ..."
"ဟုတ်ကဲ့..."
"ရွှေစင်..နွယ့်ကိုဂရုစိုက်ပေးဦးနော်...စိတ်ချမယ်နော်..."
"စိတ်ချပါ...ရွှေစင်စောင့်ရှောက်ထားမယ်..."
"အင်း...ဒါဆိုအကိုသွားပြီနော်..."
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
ညရောက်တော့အားလုံးနဲ့အတူတူမီးပုံဖိုကျလေသည်။
ကိုကိုနဲ့ညီညီကတော့အလုပ်လုပ်လိုက်ပျော်လိုက်ပါးလိုက်နဲ့။
နွယ်ကတော့နေသိပ်မကောင်းတာနဲ့မီးပုံဘေးနားမှာငြိမ်ငြိမ်လေးထိုင်နေလေသည်။
"ရော့..နွယ်..ပုစွန်စားဖို့..."
"အင်း...ကျေးဇူးပါနော်...ရွှေစင်..."
"ရပါတယ်..."
မင်းထက်ပိုင်နဲ့သု့တကတော့ဘေးချင်းကပ်ရပ်ထိုင်ပြီးစကားပြောနေလေရဲ့။
"ကဲ...ကဲ...အားလုံးပဲ...ဒီအတိုင်းထိုင်ရတာ..ပျင်းတယ်...ဂိမ်းကစားရအောင်လေ..."
"ဝေး..ပျော်စရာကြီး...ဘာတိုင်းကစားမှာလဲ..."
"အမှန်အတိုင်းပြောကြေးကစားမယ်...မေးတာကိုအမှန်အတိုင်းမပြောနိုင်ရင်ဝိုင်တစ်ခွက်သောက်ရမယ်...okလား..."
"ok..."
"ကဲ..စမယ်နော်..."
ရွှေစင်အရှေ့ကကျောက်ပြားပေါ်မှာပုလင်းကိုလှည့်လိုက်လေသည်။
အရင်ဆုံးကျသွားတာကတော့ကိိုကို.
"အို...ကိုကို..ကဲဘာမေးရမလဲ..."
"ဪ...မင်းညီညီကိုအမြင်ကတ်လား...
"ဟ..ဘယ်လိုမေးခွန်းကြီးလဲ..."
"မရဘူးဖြေ...ဖြေ...ဖြေ...."
"ကတ်တယ်..."
"ဘာလို့လဲ..."
"သူကကျွန်တော့ထက်ရုပ်ပိုချောနေလို့..."
"ဟား.ဟား...ဟား..."
ကိုကိုရဲ့အဖြေကြောင့်အားလုံးရယ်မိသွားသည်။တကယ့်ကောင်။
"ကဲ..နောက်တစ်ယောက်လာပြီ...ဘယ်သူကျမလဲနော်..."
"အို...အကိုမင်းထက်ပိုင်..."
မင်းထက်ပိုင်သူ့ဘက်လှည့်လာတော့ကြောင်တောင်တောင်နဲ့ကြည့်နေလေရဲ့။
"အင်း...ဘာမေးရမလဲနော်..."
"ဟုတ်တယ်...သိပြီ...အကို..အကို့ရဲ့အချစ်ဦးကိုပြောပြပါ..."
"ဘာ..."
ရွှေစင်ရဲ့မေးခွန်းကြောင့်အားလုံးစိတ်ဝင်စားသွားလေသည်။
မင်းထက်ပိုင်ချစ်တဲ့သူဆိုတာတောင်မကြားဘူးတာ။အချစ်ဦးကောရှိပါ့မလား။
နွယ်လည်းစိတ်ဝင်တစားနဲ့ကြည့်နေမိသည်။
"တကယ်ဖြေရမှာလား..."
"ဟုတ်တယ်...ဖြေရမှာ..."
မင်းထက်ပိုင်နွယ့်ကိုမသိမသာလေးကြည့်လိုက်မိသည်။
"တစ်ခွက်ပဲသောက်တော့မယ်..."
"ဟာ..အကိုကလည်းအဲ့ဆိုစိတ်ဝင်စားစရာမကောင်းတော့ဘူးလေ...ဖြေပါ..."
"မဖြေချင်ရင်သောက်ရမယ်လို့ပြောတယ်လေ...ဒီမေးခွန်းငါမဖြေနိုင်ဘူး..."
"မရဘူး...ဖြေပါ..လူတိုင်းသိချင်နေတာပဲကိုဟုတ်တယ်မလား..."
ရွှေစင်လူတကာကိုလိုက်ပြီးမြှောက်ပေးလေသည်။
"ဟုတ်တယ်...အကိုလေး..ဖြေပါ..."
"ဟာကွာ..မရှိပါဘူးဆို..."
"အကိုရုပ်ကြည့်ရတာရှိတဲ့ပုံပဲ...ဖြေ..."
"ကဲပါ...ဖြေမယ်...အဲ့ဒါက"
မင်းထက်ပိုင်နွယ့်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
နွယ်မျက်နှာကိုတစ်ဖက်ကိုလွှဲပစ်လိုက်လေသည်။
"ဟူး...ကဲ...ငါ့အချစ်ဦးကIUကွာ..."
"ဘာ..."
"IUဟုတ်လား..."
"အင်း..."
"မင်းဘယ်တုန်းကkpopအဖွဲ့တွေသိသွားတာလဲ...မင်းလျှောက်ပြောနေတာမလား.."
"ငါလည်းသိပါတယ်...ဒီလိုအချောအလှလေးကိုငါကြိုက်တာဘာဖြစ်လို့လဲ...သူမကလှတယ်လေ..."
"မင်းကယုံလို့မရတဲ့သူပဲ..."
"အကိုတကယ်ပြောတာလား..."
"တကယ်..."
မင်းထက်ပိုင်ရဲ့အဖြေကြောင့်အားလုံးအံသြ
နေကြသည်။
နွယ်ကတော့တိတ်တိတ်လေးခိုးရယ်နေမိသည်။
"မင်းကွာ...တိတ်တိတ်လေးခိုးလုပ်နေတာပဲ...ငါတို့တောင်မသိရပါလား..."
"ငါကြိုက်တာကိုလူတကာကိုအော်ပြောနေရမှာလားကွ..."
"ကဲပါ..ထပ်ဆေ့ာရအောင်..."
ဒီတစ်ခါရွှေစင့်ဘက်ကျသွားလေသည်။
"ကဲ..ကဲဂေါင်ကြီးကိုမေးရတော့မယ်..."
"လွယ်တာလေးမေးကြနော်..."
"သူကျဘာမေးရမလဲနော်..."
"ဪ...အခုလက်ရှိရည်းစားရှိမရှိသိပါရစေ..."
"ဘာများလဲလို့...မရှိပါဘူး...ကဲသောက်စရာမလိုတော့ဘူးနော်..."
"ဟင်း...ပျင်းစရာကြီး...မရှိဘူးတဲ့..."
"ကဲ..ကဲနောက်တစ်ယောက်..."
"အို...နွယ်..."
"ငါလား..."
"ကဲ...ဘာမေးမလဲ..."
ရွှေစင်..သု့တကိုမျက်ဆာပစ်ပြလေသည်။
"အင်း...နွယ်အက်ိုသု့တကိုဘယ်လိုမြင်လဲ..."
ရွှေစင်မေးလိုက်လေတော့သု့တစိတ်ဝင်တစားနဲ့နားေထာင်လေသည်။
သု့တတစ်ယောက်တင်မဟုတ်ပါဘူး။
"အင်း...အကိုသု့တလား...အကိုကလူကောင်းပါ...သူများရဲ့စိတ်ကိုလည်းနားလည်ပေးနိုင်တယ်...နွယ့်အပေါ်လည်းကောင်းပေးတယ်...နွယ်စိတ်ညစ်နေရင်ဟာသတွေပြောတတ်တယ်...နွယ့်ကိုပျော်အောင်လည်းထားပေးတယ်...သူကအရမ်းကောင်းတဲ့သူပါ..."
သု့တနွယ့်အဖြေတွေကိုသဘောကျစွာနားထောင်နေလေသည်။မင်းထက်ပိုင်စိတ်မကြည်တာနဲ့ဘေးနားကဝိုင်ခွက်ကိုမော့သောက်လိုက်လေသည်။
"အကို့ချစ်သူကောင်မလေးကတော့တော်တော်လေးကံကောင်းမှာပါ...ဒါပါပဲ..."
"ဒါပဲလား..."
"အင်း..."
"အကိုသု့တကော..နွယ့်ကိုဘယ်လိုထင်လဲ..."
"ရွှေစင်ဘာတွေမေးနေတာလဲ..."
"ထားပါ..နွယ်ရဲ့..အကိုပြောလေ..."
"အင်း...နွယ်ကအရမ်းချစ်ဖို့ကောင်းပြီးသူများကိုစာနာတတ်တဲ့သူတစ်ယောက်...သူပြုံးလိုက်ရင်အရမ်းလှတယ်...နောက်ပြီးအကို့ကိုလိမ်မာလာအောင်လုပ်နိုင်တဲ့သူတစ်ယောက်ပဲ..."
"ဝိုး...."
အာမေဋိတ်သံတွေ။မင်းထက်ပိုင်နောက်ထပ်ဝိုင်တစ်ခွက်မော့သောက်ပြန်ပြီ။
နွယ်ရှက်လွန်းလို့မျက်နှာဘယ်နားထားရမလဲမသိ။
"အကို..နွယ့်ကိုချစ်နေတာလား..."
"ရွှေစင်...ဘယ်လိုမေးလိုက်တာလဲ..."နွယ်တားသော်လည်း.
"အင်း...အကိုသူ့ကိုချစ်နေတယ်..."
"အဟင်း.."
မင်းထက်ပိုင်ပါးစပ်ထဲကဝိုင်တွေတောင်သီးသွားသည်။
"အကိုဘာဖြစ်တာလဲ..."
"ဘာမှမဖြစ်ပါဘူး...ငါသွားတော့မယ်...အိပ်ချင်ပြီ..."
မင်းထက်ပိုင်သူတို့ရဲ့ရင်ဖွင့်သံတွေကိုမကြားချင်တာနဲ့အရင်ထွက်သွားလေသည်။
မင်းထက်ပိုင်ဝိုင်တွေအလွန်အကြူးသောက်ထားတာကြောင့်မူးနေလေသည်။
လမ်းလျှောက်တာတောင်မညီမညာ။
"ရွှေစင်ပြန်လိုက်ပို့လိုက်ဦးမယ်နော်...ဆော့
နှင့်ကြ..."
ရွှေစင်စိတ်ပူပြီးလိုက်သွားလေသည်။
😶😶😶😶😶😶😶😶😶😶😶😶😶😶
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romanceအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်