ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁၁)
နွယ်အလုပ်မသွားဖြစ်တာနှစ်ပါတ်လောက်ရှိပြီ။မနေ့တီတီလေးကဘာကြောင့်မှန်းမသိမလွှတ်တာကတစ်ကြောင်း။
နွယ်ကိုယ့်တိုင်ကကိုမသွားချင်တာကတစ်ကြောင်းကြောင့်နွယ်အလုပ်မသွားခဲ့ပေ။
နွယ်ခြံထဲကပန်းပင်လေးတွေကိုလျှောက်
ကြည့်ရင်းမိုက်ကယ်နဲ့ဆော့နေသည်။
မိုက်ကယ်ကနွယ့်ကိုအရမ်းခင်တွယ်သွားတယ်။နွယ်ကဂရုစိုက်ပေးတယ်လေ။
"မိုက်ကယ်...လာလာ...ဒီကိုလာ..."
မိုက်ကယ်နဲ့ပြေးတိုင်းလိုက်တိုင်းကစားနေရင်းခြံထဲကိုကားတစ်စီးအကြမ်းပါတမ်းမောင်းဝင်လာခဲ့သည်။
ထိုကားကတော့အကို့ကားပဲ။နွယ်မိုက်ကယ်နဲ့ဆော့နေတာမို့အိမ်ထဲကားဝင်လာတာကိုတော့သတိထားမိပေမဲ့ဘယ်သူ့ကားလဲဆိုတာတော့မကြည့်မိလုက်ဘူး။
နွယ်မိုက်ကယ်ကိုပွတ်ပေးနေသည်။
ထိုအချိန်မင်းထက်ပိုင်နွယ့်အနားရောက်လာပြီးနွယ့်လက်ကိုအတင်းဆွဲကာခေါ်သွားလေသည်။
"အား...အကို..နာတယ်...လွှတ်ပေး...လွှတ်..."
"မလွှတ်ဘူး...မင်းငါနဲ့ဟော်တယ်ကိုပြန်လိုက်ရမယ်..."
"မလိုက်ဘူး...လွှတ်လို့..နွယ်နာနေပြီ..."
"မလိုက်ဘူးဟုတ်လား..."
မင်းထက်ပိုင်နွယ့်ကိုကိုင်ထားသောလက်ကိုဖြုတ်ပေးပြီးနွယ့်ရှေ့တည့်တည့်ရပ်လိုက်လေသည်။
"နွယ်မလိုက်ချင်ဘူး..."
"ဘာလို့မလိုက်ချင်ရမှာလဲ...ငါကမင်းအလုပ်ရှင်ငါပြောတာကိုမင်းလုပ်ရမှာပဲ...."
"နွယ်မလုပ်နိုင်ဘူး..."
"ဘာပြောတယ်..."
"နွယ့်အကိုနဲ့မလိုက်ချင်ဘူးလို့...အဲ့အလုပ်ကိုလည်းမလုပ်ချင်တော့ဘူး...နွယ်ရွာပြန်တော့မှာ..."
"ရွာပြန်မယ်...ဒါဆိုကောင်းတာပေါ့..မင်းရွာမှာကောက်ပြန်စိုက်လိုက်တော့မှာပဲ..."
"အကို...."
တကယ်ပါပဲသူမှားတာကိုဝန်မခံတဲ့အပြင်နွယ့်ကိုတောင်စောင်းပြောနေတယ်။
"လိုက်ခဲ့..မင်းဘာသာပြန်ချင်ပြန်မပြန်ချင်နေ...အဲ့ဒါမင်းကိစ္စ....ငါကပြန်ခိုင်းဘူးဆိုမင်းပြန်လို့ရမှာမဟုတ်ဘူး...ရှင်းတယ်နော်...လာ..."
အကိုနွယ့်လက်ကိုအတင်းဆွဲခေါ်သွားသည်။သူနု့သမျှနွယ်တော့ခံရတာပဲ။
ကားပေါ်အတင်းတက်ခိုင်းသည်။နွယ်ကမတက်အတင်းရုန်း။
"အကို..လုပ်နဲ့...နွယ်မလိုက်ချင်ဘူး..."
"ပိုးသားနွယ်..တက်လို့ပြောနေတယ်..."
ထိုအချိန်တီတီလေးပြေးလာခဲ့သည်။နွယ့်ကိုဒီလိုလုပ်နေတာကိုတော့လက်မခံနိုင်ဘူး။
"နွယ်..သမီး..."
တီတီလေးအသံကြားတာနဲ့မင်းထက်ပိုင်နွယ့်ကိုလွှတ်လိုက်လေသည်။
"နွယ်..."
"တီလေး..."
"မင်းထက်ပိုင်..သားညီမကမလိုက်ချင်တာကိုအတင်းမလုပ်ပါနဲ့နော်..."
"ပိုးသားနွယ်...ငါပြောနေတယ်နော်..လိုက်ခဲ့.."
"ဟင့်အင်း..မလိုက်ပါဘူးဆို..နွယ်ရွာပြန်တော့မှာ..."
"မင်းဘာသာမင်းပြန်လေ...ငါမလွှတ်ရင်မင်းသွားလို့ရမှာမဟုတ်ပါဘူး..."
"သားရယ်..ညီမလေးကရွာခဏပဲပြန်မှာပါ...လွှတ်လိုက်ပါနော်..."
"ဒေါ်သဇင်နွယ်..ခင်ဗျားကိုပြောနေလို့လား...ဝင်ပြောနေရအောင်..."
"မဟုတ်ပါဘူး...သူကအန်တီ့တူမလေးလေ...သူအစားပြောပေးတာပါ...နွယ်ကမိဘဆီခဏပြန်မှာပါ...ပြန်ခိုင်းလိုက်ပါ..သားရယ်..."
"ဒီမယ်..ခင်ဗျားကျုပ်ကိုသား...သားနဲ့လာလာခေါ်မနေနဲ့...ဘယ်သူကခင်ဗျားသားမလို့လဲ..."
ရင့်သီးတဲ့အကိုရဲ့စကားတွေကြောင့်နွယ်
အံ့သြသွားသည်။
"အကို...ဘယ်လိုချည်းပြောလိုက်တာလဲ..
တီလေးကအကို့အမေအရင်းမဟုတ်ပေမဲ့အကို့အမေပဲလေ..."
"ငါဘယ်တော့မှသူ့ကိုအမေလို့လက်မခံထားဘူး...ငါ့အမေနေရာလည်းဘယ်တော့မှမရဘူး...."
"သားရယ်...အန်တီ့ကိုအဲ့လောက်တောင်မုန်းနေရတာလား..."
"ခင်ဗျားကြီးထင်ထားတာထက်တောင်ပိုမုန်းသေးတယ်...အဲ့ဒါကိုမှတ်ထားလိုက်...
လာ..ပိုးသားနွယ်လိုက်ခဲ့..."
တီလေးဘေးမှာရပ်နေသောနွယ့်ရဲ့လက်ကိုဆဲဲပီးခေါ်ပေမဲ့နွယ်အတင်းရုန်းသည်။
"မလိုက်ဘူး...နွယ့်တီတီလေးကိုဒီလောက်တောင်မုန်းနေတဲ့သူနဲ့မလိုက်ဘူး..."
"ဘာ..."
"ပြန်လိုက်တော့အကို...အကိုဘယ်လောက်မုန်းနေမုန်းနေနွယ်ကတော့တီတီလေးကိုချစ်တယ်..ဒါကြောင့်တီတီလေးဆီမှာပဲနေခဲ့မယ်...သွား.."
နွယ်အကို့လက်ကိုဖြုတ်ပြီးတီတီလေးလက်ကိုသွားဆွဲလိုက်သည်။
မင်းထက်ပိုင်သူ့ကိုမရွေးပဲဒေါ်သဇင်နွယ်ကိုရွေးသွားသောနွယ့်ကိုအံသြတကြီးနဲ့ကြည့်နေမိသည်။
"တီတီလေး..အိမ်ထဲဝင်ရအောင်..."
"အင်း..."
နွယ်တို့မင်းထက်ပိုင်ကိုကျောခိုင်းပြီးထွက်သွားလေသည်။
မင်းထက်ပိုင်ဒေါသတကြီးနဲ့ရပ်ကြည့်နေမိသည်။
ထိုအချိန်တီတီလေးနောက်ကိုခေါင်းလှည့်လာပြီးကျေနပ်နေတဲ့ပုံနဲ့အပြုံးတစ်ချက်ပြုံးပြလေသည်။
"ပိုးသားနွယ်...မင်းတော့ဒုက္ခလှလှနဲ့တွေ့တော့မယ်...အသုံးချခံဖြစ်နေပြီ...ကိုယ့်ကိုကိုယ်ရောသိရဲ့လား..."
😏😏😏😏😏😏😏😏😏😏😏😏😏😏
နွယ်မိဘတွေနေမကောင်းဘူးဆိုလို့ရွာပြန်သွားခဲ့ရသည်။
ဟိုတစ်နေ့ကဟိုတယ်မှာဖြစ်ခဲ့တဲ့ပြဿနာမှာနွယ်အကို့ကိုစိတ်ဆိုးပြေခဲ့ပါပြီ။
မနေ့ကအကိုလာပြီးခေါ်တုန်းကနွယ့်စိတ်ထဲလိုက်သွားချင်ပေမဲ့နွယ်မသွားအောင်အကြောင်းတစ်ခုကခံနေတယ်လေ။
အဲ့ဒါကနွယ့်မိဘတွေပါပဲ။
နေမကောင်းဘူးလို့သတင်းကြားတာနဲ့နွယ်စိုးရိမ်နေခဲ့တာ။
နွယ်ကားလမ်းကကနေဆင်းပြီးဆိုင်ကယ်နဲ့သွားလိုက်ရင်နွယ်တို့(....)ရွာကိုရောက်ပြီ။
နွယ်တို့ရွာကအရင်အတိုင်းပါပဲ။ပြောင်းလဲတာဆိုလို့ရွာလမ်းကကတ္တီရာလမ်းဖြစ်သွားရုံပါပဲ။
နွယ်လမ်းအတိုင်းလာပြီးရွာမြောက်ပိုင်းကနွယ်တို့အိမ်ကိုရောက်လာခဲ့သည်။
နွယ့်အိမ်ကမိသားစုကသုံးယောက်ထဲဆိုတော့သိပ်အကြီးကြီးမဟုတ်။
ရေနံချီးသုတ်ထားသောခြေတံရှည်
သစ်သားအိမ်လေး။
နွယ့်အိမ်ကိုပြန်ရောက်လာတာတက်ယနွေးထွေးသွားသလိုပဲ။
အိမ်နဲ့ရပ်ဝေးရောက်နေတဲ့သူတိုင်းအိမ်ပြန်လာရင်ခံစားဖူးတဲ့ခံစားချက်လေးပေါ့။အိမ်နဲ့အနေဝေးတဲ့သူဆိုကောင်းကောင်းသိပါလိမ့်မယ်။
နွယ်အိမ်ထဲကိုပြေးဝင်လာခဲ့တော့အိမ်ထဲမှာနားမလည်နိုင်တာတစ်ခုကိုမြင်လိုက်ရသည်။
အဲ့ဒါကတော့နွယ်ဖေဖေငုတ်တုတ်ထိုင်ပြီးရေနွေးကြမ်းသောက်ရင်းရေဒီယိုနားထောင်နေတာကိုပဲ။
"ဖေဖေ.."
"ဟင်...သမီး..."
ဖေဖေနွယ့်ကိုမြင်တာနဲ့အပြေးလာကြိုလေသည်။
နွယ်ကတော့နားမလည်ဘူး။ဖေဖေနေမကောင်းဘူးလို့စာထဲမှာရေးထားတာပါ။အခုကျ...
"သမီးလေး..လာလာ..."
"ဟုတ်..."
"မိန်းမရေ...မင်းသမီးပြန်လာတယ်..လာပါဦး..."
"ဟုတ်လား.."
မေမေလည်းနွယ်ပြန်လာတာကိုအံသြပြီးလက်ထဲကဟင်းချက်နေတဲ့ဇွန်းတောင်မေ့ပြီးယူလာခဲ့သည်။
"သမီး...နွယ်..."
"မေမေ..."
မေမေနွယ့်ကိုအားရပါးရဖက်လိုက်လေသည်။
"နေဦး...အမေ...အမေတို့ပြောတော့နေမကောင်သဘူးဆို...အခုကဘယ်လိုဖြစ်..
"ဟင်...ဘယ်သူပြောတာလဲယာအမေတို့နေမကောင်းဘူးလို့..."
"ဟိုတစ်နေ့ကစာလာတယ်လေ...အဲ့ထဲမှာဖေဖေနေမကောင်းဘူးလို့ပြောပြီး..အမြန်လာခဲ့ပါတဲ့..."
"မဟုတ်ပါဘူး...အဖေကဒေါင်ဒေါင်မြည်ပါပဲ..."
"သမီးရယ်...ဖုန်းတွေဒီလောက်ပေါများနေတာ..စာနဲပို့ပါ့မလား.အမေတို့က..."
"အင်း..အဲ့ဒါလည်းဟုတ်တာပဲ...ဒါဆိုအဲ့စာကဘယ်သူပို့တာလဲ.. "
နွယ့်ကိုဒီစာဘာလို့ပို့တာလဲ။ဘာကြောင့်လဲ။ဘယ်သူလုပ်တာလဲ။
နွယ်စဥ်းစားမရတော့ဘူး။
"ကဲပါ..သမီးရယ်..လာအမေတို့ဆီရောက်လာမှတော့မပြန်နဲ့ဦး..."
"ဟုတ်...နွယ်မပြန်သေးပါဘူး..."
"အေးအေး...လာလာ..အမေကြက်သားဟင်းချက်နေတာ...သမီးလာတာအတော်ပဲ..."
"ဟုတ်ပါ့...ငါ့သမီး..."
နွယ့်မေမေရဲ့ကြက်သားဟင်းလက်ရာကတော့ရှယ်ပဲ။
မြို့ချက်တွေထက်တောချက်လေးကပိုအရသာတွေ့တယ်။
နွယ်ဗိုက်ဆာဆာနဲ့စားလိုက်တာနှစ်ပွဲတောင်ကုန်သွားတယ်။
...........
နွယ်ညလည်းရောက်တော့အိမ်ရှေ့ကကပြင်လေးမှာလှဲအိပ်ရင်းညအလှကောင်းကင်ကြီးကိုကြည့်နေသည်။
လှလိုက်တာ။မြို့မှာဒီလိုကြယ်ရောင်စုံတွေမြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးမလား။
မြို့ပြရဲ့မီးရောင်စုံတွေကညရဲ့ကြယ်ရောင်စုံလေးတွေကိုကွယ်ပျောက်စေတယ်လေ။
နွယ်ကောင်းကင်ကိုကြည့်ရင်းကြယ်တွေကိုအကိုရဲ့နာမည်အတိုင်းလိုက်ဆက်နေမိသည်။
အခုဆိုအကိုနွယ့်ကိုတော်တော်လေးစိတ်ဆိုးနေလောက်ပြီ။အလုပ်သွားရင်လည်းနှင်ထုတ်ခံရတော့မှာ။
နွယ်အခုအလုပ်မရှိတော့ဘူး။တီတီလေးကပြောပါတယ်..နွယ်ကိုတခြားမှာအလုပ်ခန့်မယ်ဆိုပဲ...ဘာပဲဖြစ်ဖြစ်ပါနွယ်အလုပ်လုပ်ရရင်ပြီးတာပါပဲလေ...
"တကယ်လို့တို့ရဲ့မာနတွေမရှိပေါ့××××
တကယ်လို့တို့ရဲ့ခန္တာတွေမရှိခဲ့ကြရင်××××
ငါတို့ဘယ်လောက်ထိတောင်..အိုအို..နီးစပ်နိုင်မလဲ..××××တကယ်လို့.."
"သမီးရေ...နွယ်..ဖုန်းလာနေတယ်..."
နွယ်ဖုန်းလာတာကြောင့်အမေကလှမ်းပြီးခေါ်လေသည်။
"ဟုတ်...လာပြီအမေ..."
နွယ်ဖုန်းကိုယူပြီးကြည့်တော့အကိုသုတ...
နွယ်ဖုန်းယူပြီးအပြင်ပြန်ထွက်လာခဲ့သည်။
"ဟယ်လို..."
"နွယ်..."
"ဟုတ်ကဲ့..အကို..."
"နွယ်...နွယ်အခုရွာပြန်သွားတယ်ဆို..."
"ဟုတ်အကိုသုတ...နွယ်အိမ်ပြန်ရောက်နေတာ...အကိုကဘယ်လိုသိတာလဲ..."
"အကိုဒီပြန်ရောက်နေပြီ...နွယ့်အိမ်သွားတော့အန်တီကပြောလိုက်တာ..."
"ဟုတ်လား...အကိုပြန်လာတာမြန်တယ်နော်..."
"အင်း...အကို့ကိုသတိရပြီးပြန်လာချင်အောင်လုပ်နေတဲ့သူရှိလို့ပါ...အကိုသူ့ကိုသတိရလို့ပြန်လာတာ..."
"အင်း...အကို့ကိုသတိရအောင်လုပ်နိုင်တဲ့သူရှိတယ်ဆိုတော့အံသြစရာပဲနော်..."
"ဟား..ဟား...အံသြစရာမလိုပါဘူးကွာ...နောက်ဘယ်သူလဲဆိုတာသိမှအံသြပါ..."
"ဟုတ်ကဲ့ပါ...နွယ်ဘယ်သူလဲဆိုတာစောင့်
ကြည့်နေမယ်...ဟီး..."
"နွယ်ဘယ်တော့ပြန်လာမှာလဲ..."
"တစ်ရက်နှစ်ရက်လောက်နေဦးမယ်...မေမေတို့ဆီမရောက်တာလည်းကြာပြီမို့ပါ..."
"အင်းပါ...မြန်မြန်တော့ပြန်လာနော်...အကိုပေးစရာရှိတယ်..."
"ဟုတ်ကဲ့ပါ..ဒါဆိုနွယ်ဖုန်းချလိုက်တော့မယ်နော်..."
"okပါဗျာ...အိမ်မက်လှလှမက်ပါစေနော်..."
"ဟုတ်..."
"အကို့နဲ့အိမ်မက်ထဲမှာတွေ့မယ်..bye.bye..နော်နွယ်..."
တီ,............
နွယ်ဖုန်းကိုချပြီးအိမ်ထဲကိုပြန်ဝင်လာခဲ့သည်။
အိမ်ထဲမှာတော့မေမေနဲ့ဖေဖေTVကြည့်နေသည်။
နွယ်ဖေဖေနဲ့မေမေကိုကန်တော့ပြီးအိပ်ရာဝင်ခဲ့လေသည်။
နွယ်အိပ်ရာဘေးကဖုန်းကိုယူရင်းအကိုများယောင်ရမ်းပြီးဖုန်းများမှားဆက်လာမလားလို့ကြည့်မိပေမဲ့မဆက်လာပါဘူး။
😴😴😴😴😴😴😴😴😴😴😴😴😴😴
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romanceအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်