ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၈)
အကိုညတော်တော်မိုးချုပ်မှာအိမ်ပြန်လာခဲ့သည်။
နွယ်နဲ့တီတီလေးကတော့ပပတို့နဲ့အတူဧည့်ခန်းထဲမှာဇာတ်လမ်းကြည့်နေလေသည်။
ခြံထဲကိုဝင်လာတဲ့ကားသံကြားတာနဲ့နွယ်အကိုလားလို့ခေါင်းထောင်ကြည့်လိုက်သည်။
အကို့ကားပဲ။နွယ်ပြေးပြီးအကို့ဆီသွားချင်ပေမဲ့သူကစိတ်ကအခုတစ်မျိုးတော်ကြာတစ်မျိုးဆိုတော့နွယ်မသွားရဲဘူး။
အကိုထုံးစံအတိုင်းညီညီ့ကိုအိတ်ပေးပြီးမီးဖိုခန်းထဲဝင်သွားသည်။
အကိုအိမ်ပြန်ရောက်တာတောင်နွယ့်ကိုမရှာပေ။နွယ်သူများခေါ်မလာလို့စောင့်နေပေမဲ့မခေါ်ပါ။
"သမီး...."
တီတီလေးကနောက်ကနေတို့ပြီးခေါ်လိုက်သည်။
"ရှင်...တီလေး..."
"သမီးအကိုပြန်လာနေပြီ...တစ်ခုခုလိုလားသွားလုပ်ပေးလိုက်ဦး..."
"ဟုတ်.."
တီတီလေးခိုင်းတာကြောင့်နွယ်ထွက်လာခဲ့သည်။
နွယ်မီးဖိုချောင်ထဲမဝင်ခင်အပြင်ကနေတိတ်တိတ်လေးအကို့ကိုချောင်းကြည့်လိုက်သည်။
အကိုဘာတွေရှာနေတာလဲမသိဘူး။
မျက်နှာလည်းမကောင်းဘူး။
"ပိုးသားနွယ်...ချောင်းမနေနဲ့..လာခဲ့..."
"ရှင်.."အကိုကနွယ်ရောက်နေတာသိတာပဲ။
နွယ်လည်းအထဲကိုဝင်လာခဲ့သည်။
"အကို..ဘာရှာနေတာလဲ..."
"ငါဟိုတစ်နေ့ကဒီနားမှာဝီစကီတစ်ပုလင်းထားခဲ့တယ်...အဲ့ဒါရှာမတွေ့တော့လို့..."
"အကိုသောက်မလို့လား..."
"ငါကမသောက်ပဲနဲ့ဘာလို့ရှာနေရမှာလဲ..."
"အကို...ညစာမစားဘူးလား..."
"မစားချင်ဘူး...မင်းမရှာပေးရင်လည်းစကားလာမများနဲ့...နားငြီးတယ်..."
"နွယ်ကစိတ်ပူလို့မေးတာကို...ကဲ..နွယ်ရှာပေးမယ်..."
"ကြွယ်ကြွယ်တို့ကိုသွားမေးစမ်း...ငါ့ဟာကိုဘယ်နားသိမ်းထားလဲလို့..."
"ဟိုမှာလေ...အကိုကလည်း...အဲ့ဒါမလား..."
"အင်း...ပေး.."
နွယ်ရေခဲသေတ္တာအပေါ်ကဝီစကီပုလင်းကိုယူပေးလိုက်သည်။
"ရော့..."
မင်းထက်ပိုင်ပုလင်းနဲ့ဖန်ခွက်ကိုယူပြီးထွက်သွားေလသည်။
"စိတ်ညစ်နေတာလားမသိဘူး..."
မင်းထက်ပိုင်သူ့ရဲ့စာဖတ်ခန်းထဲမှာဝီစကီကိုရေမရောပဲဒီအတိုင်းမော့ချနေသည်။
တစ်ဖက်ကဆေးလိပ်တစ်ဖက်ကအရက်နဲ့။
တော်တော်ခံစားနေရတာ။
သူဘဝမှာပျော်စရာဆိုတာမရှိခဲ့ဘူးလေ။ငယ်ထဲကအဖေကိုနာကြည်းဒေါ်သဇင်နွယ်ကိုနာကြည်းနဲ့ရင်ထဲကခံစားချက်ကိုဘယ်သူ့ကိုမှထုတ်မပြဖြစ်ခဲ့ဘူး။
လူတွေကိုလည်းမယုံကြည်ရဲဘူး။ကိုယ့်ဘာသာကိုယ့်ကိစ္စကိုယ်ရှင်းပြီးနေခဲ့ရတာ။
တစ်ခါတစ်လေလောကကြီးမှာတောင်မနေချင်တော့ဘူး။
အမေဆုံးတာတစ်လတောင်မပြည့်သေးပဲလက်ထက်သွားတဲ့အဖေ။ပိုင်ရှင်ရှိမှန်းသိရဲ့နဲ့လက်ထက်ခဲ့တဲ့ဒေါ်သဇင်နွယ်။အားလုံးကိုသူမုန်းတယ်။
သူ့မှာပျော်စရာဆိုလို့အမေနဲ့ပက်သက်တဲ့အမှတ်တရတွေပဲရှိတယ်။
မင်းထက်ပိုင်မျက်ရည်တွေကျလာမိသည်။
ဖြစ်ပေါ်လာတဲ့ခံစားချက်တွေပေါက်ကွဲပစ်ချင်တယ်။
"ဒေါက်..ဒေါက်...ဒေါက်..."
မင်းထက်ပိုင်ကျလာတဲ့မျက်ရည်စတွေကိုသုတ်ရင်း
"ဝင်ခဲ့..."
နွယ်တံခါးကိုဖြေးညှင်းစွားဖွင့်ရင်း
တံခါးနဲ့ကွယ်ကာခေါင်းလေးပဲထုတ်ပြီးအထဲကိုလှမ်းကြည့်လိုက်သည်။
ပထမဆုံးအကို့အခန်းထဲမှာမြင်ဖူးတဲ့ပုံစံအတိုင်းတစ်ခန်းလုံးကမီးပိတ်ထားပြီးအကို့နေရာမှာလေးတင်မီးမှိန်မှိန်လေးဖွင့်ထားသည်။
အကိုကဟိုဘက်လှည့်နေတော့မမြင်ရပေမဲ့သူဆေးလိပ်ကထွက်လာသောမီးခိုးစတွေကိုတော့မြင်ရသည်။
နွယ်တံခါးကိုဖြေးဖြေးလေးပြန်ပိတ်လိုက်ပြီးအခန်းထဲဝင်လာခဲ့သည်။
နွယ်ဘာစပြောရမလဲမသိတာနဲ့တိတ်တိတ်လေးအကြာကြီးရပ်နေလေသည်။
"ဘာကိစ်စလဲ..."
အကိုဘက်ကမေးခွန်းအရင်မေးလာလေသည်။
တစ်ဖက်ကိုလှည့်နေလို့နွယ့်ကိုမမြင်ရဘူးထင်ပေမဲ့အကိုကသိနေတယ်။
"ဟို..အကိုများတစ်ခုခုလိုမလားလို့လာမေးတာပါ..."
အကို့ဆီကဘာစကားသံမှမကြားရ။
ဘာများဖြစ်လို့ပါလိမ့်။
နွယ်သိချင်ဇောနဲ့ရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်ပြီးခေါင်းကိုမျှော်ကြည့်လိုက်သည်။
"အကို.."
"မလိုဘူး..."
အကို့အသံကနည်းနည်းဝမ်းနည်းနေတဲ့အသံပေါက်နေတယ်။နွယ်ဘာမှလည်းမကူညီပေးနိုင်ဘူး။
"အကို..."
"ဘာလဲ..."
"နွယ်..မအိပ်ချင်သေးလို့..ဒီအခန်းထဲမှာစာဖတ်နေလို့ရမလား..."
"မရဘူး..."
"ခဏလေးပါပဲ...နော်...နော်...."
"ကောင်းပြီ...ငါကိုလာမနှောင့်ယှက်နဲ့...တိတ်တိတ်လေးနေ..."
"ဟုတ်..."
နွယ်တက်တက်ကြွကြွနဲ့ပြန်ဖြေပေမဲ့အကိုကတော့အခုထိဒီဘက်ကိုလှည့်မလာသေး။
နွယ်စာအုပ်တစ်အုပ်ကိုယူပြီးသွားဖတ်နေသည်။
နွယ်စာဖတ်တာအတော်ကြာနေပြီ။ဒါပေမဲ့အကိုကတော့ဘာလှုပ်ရှားမှုမှမရှိ။
သက်ပြင်းချသံတွေကလွဲရင်ပေါ့။
နွယ်နောက်တစ်ခါအကို့ဆီသွားပြန်သည်။
အကို့ဘေးတိတ်တိတ်လေးလျှောက်သွားခဲ့သည်။
"ဘာလာလုပ်ပြန်ပြီလဲ..."
"အကိုများအိပ်ပျော်နေတာလားလို့လာကြည့်တာပါ..."
"မအိပ်ဘူး..ဟုတ်ပြီလား...စာသာသွားဖတ်စမ်းပါ..စိတ်ညစ်ပါတယ်ဆို...."
"ဟုတ်ကဲ့..."
အကိုဆေးလိပ်သုံးလိပ်တောင်ကုန်သွားပြီ။ဘာတွေများတွေးနေလို့မအိပ်သေးတာလဲ။
အကိုကအဲ့လိုဖြစ်နေတော့နွယ်ဘယ်လိုစာကောင်းကောင်းဖတ်နိုင်မှာလဲ။
နွယ်နောက်တစ်ခေါက်ထပ်သွားပြန်ပြီ။
"အကို..."
"ဘာလဲဟာ..."
"အကိုမအိပ်သေးဘူးလား..."
"ဟူး..."
အကိုသက်ပြင်းတစ်ချက်ကိုချပြီးနွယ့်ဘက်ကိုလှည့်လာခဲ့သည်။
အကို့မျက်နှာကတော်တော်လေးညှိုးနေတာပဲ။
"မအိပ်သေးဘူး...စာမဖတ်ချင်လဲသွားအိပ်တော့..ငါ့ကိုလာမနှောင့်ယှက်နဲ့..."
နွယ်ဘာမှမပြောပဲဒီအတိုင်းရပ်ပြီးနားထောင်နေလေသည်။
"ရုပ်ကဘာဖြစ်တာလဲ...ငါ့ပြောတာကိုနားမလည်ဘူးလား..."
"မဟုတ်ပါဘူး..."
"မဟုတ်ဘူးဆိုလည်းသွားအိပ်တော့လေ...ဘာရပ်လုပ်နေတာလဲ..."
"နွယ်..မအိပ်ချင်သေးဘူး..."
(ဒီကလေးမတော်တော်ပြောရခက်ပါ့လား..)
"မအိပ်ချင်ရင်လည်းသွားတော့...ငါတစ်ယောက်ထဲနေချင်တယ်..."
"နွယ့်ကိုမသွားခိုင်းနဲ့နော်...နွယ်မသွားဘူး..."
"မင်းဘာဖြစ်ချင်နေတာလဲကွာ..."
"နွယ်အိပ်ချင်နေပြီ...."
"စောစောကပြောတော့မအိပ်ချင်ဘူးဆို...အခုတော့အိပ်ချင်သွားပြန်ပြီလား..."
"စောစောကပြောတာကအကိုမအိပ်သေးဘဲနွယ်လည်းမအိပ်ဘူးလို့ပြောတာ..."
မင်းထက်ပိုင်နွယ့်ကြောင့်ခေါင်းတွေတောင်ပိုရှုပ်လာပြီ။
"ငါမအိပ်ချင်သေးဘူး..."
"အဲ့ဆိုနွယ်လည်းမအိပ်သေးဘူး...အကို့အနားမှာနေဦးမှာ..."
"သွားအိပ်တော့..."
"မအိပ်ဘူး..."
"သွားတော့လို့..."
"ဟင့်အင်း...နွယ်အကိုမအိပ်မချင်းစောင့်နေမှာပဲ..."
နွယ်ဘေးနားကခုံကိုဆွဲလာပြီးမင်းထက်ပိုင်ရှေ့မှာထားကထိုင်လိုက်သည်။
"ဘာလုပ်တာလဲ..."
"အကို့ကိုစောင့်မို့လို့..."
"ဘာလို့လဲ...သွားအိပ်စမ်းပါ..."
"မအိပ်ဘူး..."
နွယ်အပြစ်ကင်းတဲ့ကလေးတစ်ယောက်လိုပဲပြုံးပြနေသည်။
နှင်ထုတ်လည်းသွားမှာမဟုတ်ဘူး။
"မသွားချင်လည်းနေကွာ..."
မင်းထက်ပိုင်ဟိုဘက်ကိုပြန်လှည့်သွားသည်။
နွယ်ခေါင်းမာမာနဲ့စောင့်နေသည်။နွယ်မစောင့်ပဲအကိုတစ်ညလုံးအရက်တွေသောက်ပြီးစိတ်ညစ်နေမှာကိုမလိုလားဘူး။
နွယ်ဖြစ်စေချင်တာကအကို့ကိုအခုအိပ်စေချင်နေပြီ။
အလုပ်ကလည်းပင်ပန်းလာတယ်မလား။နွယ်အကိုထိခိုက်မှာစိတ်ပူမိတယ်။
နွယ်တစ်နာရီလောက်စောင့်နေပေမဲ့အကိုကဟိုဘက်ကိုလှည့်ပြီးဘာလုပ်နေတာလဲမသိဘူး။
မင်းထက်ပိုင်လက်ထဲကဆေးလိပ်ကုန်သွားတာနဲ့အသစ်ယူရန်ပြန်လှည့်လိုက်ရာခုံပေါ်မှာအိပ်ပျော်နေတဲ့ပိုးသားနွယ်ကိုတွေ့သည်။
"သွားပါဆို..မသွားဘူး...အရူးမလေး"
မင်းထက်ပိုင်နွယ့်နားလေးကိုလျှောက်လာခဲ့သည်။
နွယ်အိပ်ပျော်နေတဲ့ပုံလေးကိုငေးကြည့်နေမိသည်။
"မင်းကိုတွေ့ဖူးတယ်လို့ထင်နေတာ...မင်းကအရင်တုန်းကငါကယ်ခဲ့ဖူးတဲ့ကောင်မလေးပဲ..."
"မင်းတောင်တော်တော်လေးပြောင်းလဲလာတယ်..အဲ့နေ့ကတွေ့ခဲ့တာ..မျက်မှန်လေးနဲ့..စကားတစ်လုံးမှပြန်မပြောပဲကြောင်ကြည့်နေတဲ့ကောင်မလေးတစ်ယောက်...အခုတော့ငါဘေးနားမှာစကားများပြီးအရမ်းကိုနားပူစေတဲ့ကောင်မလေးဖြစ်နေပြီ..."
"မင်းသိလား...အဲ့နေ့ကပထမဆုံးငါမသိတဲ့
မိန်းကလေးတစ်ယောက်ရဲ့လက်ကိုဆွဲလိုက်ခြင်းပဲ...ငါရင်ခုန်သွားတယ်...အဲ့ခံစားချက်မျိုးငါတစ်ခါမှမခံစားရဖူးဘူး...
အဲ့အချိန်ကစပြီးငါအဲ့နေရာမှာခဏခဏမင်းကိုသွားရှာခဲ့ပေမဲ့...မင်းကိုမတွေ့ရတော့ဘူး...ငါမင်းကိုအရမ်းတွေ့ချင်ခဲ့တယ်... ဘုရားမှာလည်းဆုတောင်းခဲ့မိတယ်...ဆုတောင်းတော့ပြည့်ခဲ့ပါရဲ့...ဒါပေမဲ့မင်းကငါအမုန်းဆုံးလူရဲ့တူမဖြစ်နေတယ်လေ....ဒါကြောင့်ငါဘယ်လိုလုပ်ရမှာလဲ...
သူ့ကိုမုန်းတဲ့စိတ်နဲ့ငါမင်းအပေါ်အနိုင်ကျင့်ခဲ့မိတယ်...."
နွယ်အိပ်နေရင်းအနည်းငယ်လှုပ်လာခဲ့သည်။မင်းထက်ပိုင်လည်းလန့်ပြီးအနောက်ကိုဆုတ်လိုက်လေသည်။ရင်ဖွင့်နေတယ်ဆိုမှနှိုးလာတော့ရှက်တာပေါ့။
"ဝါး...ဪ.အကို..အကိုအိပ်တော့မှာလား..."
"အင်း..."
"အကိုမျက်နှာတွေကဘာလို့နီနေတာလဲ..."
"ဟင်....ဘယ်မှာနီလို့လဲ..."
မင်းထက်ပိုင်သူ့မျက်နှာတွေကိုဟိုစမ်းဒီစမ်းနဲ့။
"ဪ...အကိုအရက်သောက်ထားတော့လဲ..နီနေတာနေမယ်..."
"ကဲ...ငါသွားတော့မယ်..."
"ဘယ်သွားမှာလဲ..."
"ငါ့အခန်းကိုပေါ့ဟ..."
"ဪ..."
"ဘာထိုင်လုပ်နေတာလဲ...သွားမယ်လေ...ဒီအခန်းထဲနေချင်လို့လား..."
"မနေချင်ပါဘူး...နွယ်လိုက်ခဲ့မယ်.."
"ပြီးတာပဲ..."
အကိုရှေ့ကနေအရင်ထွက်သွားသည်။နွယ်နောက်ကနေလိုက်သွားခဲ့သည်။
နွယ်အခန်းကိုကျော်ပြီးအကို့နောက်ကိုလိုက်လာခဲ့သည်။
"မင်းအခန်းကျော်နေပြီလေ..."
"ရှင်...အကို့ကိုလိုက်ပို့တာ..."
"ငါကဘာဖြစ်နေလို့လဲ..ကိုယ့်ဘာသာသွားနိုင်တယ်...ပြန်တော့..."
"အင်းပါ...အကိုအခန်းထဲအရင်ဝင်လိုက်ပါ..."
မင်းထက်ပိုင်အခန်းထဲဝင်သွားသည်။
နွယ်ကတော့လက်ပြနှုတ်ဆက်ရင်း....
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Storie d'amoreအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်