ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁၄)
နွယ်ဒီမနက်ရွှေစင်နဲ့ခရီးသွားရမှာမို့ပြင်ဆင်နေသည်။
ပုံမှန်အတိုင်းလေးသနပ်ခါးလိမ်းပြီးအပေါ်ကနေမိတ်ကပ်လေးပုတ်နှုတ်ခမ်းနီလေးဆိုးလိုက်သည်။
အဖြူရောင်ဝမ်းဆက်လေးကိုဝတ်ထားတာရိုးရိုးရှင်းရှင်းလေး။ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းနီလေးနဲ့တော့တော်တော်လေးလိုက်ဖက်လိုက်ပါရဲ့။
ဆံပင်လေးကိုတစ်ဝက်စည်းပြီးတစ်ဝက်ကိုချထားကာရွှေကလစ်ကလေးနဲ့ညှပ်ထားသည်။အဝ်အစားအိတ်ကိုယူပြီးအောက်ဆင်းလာခဲ့လေသည်။
နွယ်အောက်ထပ်ကိုဆင်းလာတော့ရွှေစင်ကားကအသင့်ရောက်နေပြီ။
အကိုလည်းပါလာတာပဲ။ဧည့်ခန်းထဲမှာရွှေစင်နဲ့အတူထိုင်နေလေသည်။
"ရွှေစင်..."
"နွယ်..."
နွယ့်ကိုမြင်မြင်းချင်းရွှေစင်သဘောကျသွားတဲ့ပုံပဲ။
"အယ်...လှလိုက်တာ..."
"ကျေးဇူးပါ..."
မင်းထက်ပိုင်နွယ့်ကိုမြင်တော့တော်တော်လေးအံသြသွားတဲ့ပုံပဲ။ကြည့်နေလိုက်တာမျက်တောင်တောင်မခတ်ဘူး။
ကြည့်ရင်းကြည့်ရင်းရင်ခုန်လာတယ်။
အကိုနွယ့်ကိုမျက်တောင်မခတ်တန်းကြည့်နေတော့နွယ်ရှက်ပြီးတစ်ဖက်ကိုလှည့်ပြုံးလိုက်လေသည်။
"ဒါဆိုနွယ်သွားမယ်လေ..."
"အင်း...."
"ဟို..အကိုကြီး..သွားမယ်လေ...ဘာလုပ်နေတာလဲ..."
"ဪ..."
ရွှေစင်ပြောလိုက်တော့မှယမင်းထက်ပိုင်စကားပြန်ပြောနိုင်လေသည်။
"အင်း..အင်း..."
နွယ်တို့ရှေ့ကနေအရင်သွားလေသည်။
မင်းထက်ပိုင်နောက်ကနေခုနကသူ့ရဲ့
အပြု့အမူကြောင့်တိတ်တဆိတ်ပြုံးလိုက်မိသည်။
"နေဦး...အကိုသု့တ..ကျန်သေးတယ်..."
"ဟင်..ဘယ်သူလဲ..."
"ဪ..အကိုမင်းထက်ပိုင်ရဲ့သူငယ်ချင်း
အကိုသု့တ...နွယ်ရွှေစင်တို့နှစ်ယောက်ဆိုတော့တစ်ယောက်ထဲအဖော်မဲ့လို့ခေါ်ထားတာ...လိုက်လို့ရတယ်မလား..."
"ရတာပေါ့...နွယ်ရဲ့..."
"ဟုတ်..."
ခဏလေးကြာတော့သု့တရောက်လာလေသည်။
"အကိုသု့တ..."
"နွယ်တို့စောင့်နေတာကြာပြီလား..."
"ဟင့်အင်း...မကြာသေးပါဘူး...လာအကို့ကိုမိတ်ဆက်ပေးမယ်...ဒါရွှေစင်တဲ့အကိုမင်းထက်ပိုင်နဲ့လက်ထက်မဲ့သူလေ..."
"ဪ..တွေ့ရတာဝမ်းသာပါတယ်နော်. .ထက်ပိုင်ကတော့ပြောပါတယ်...လူချင်းကတော့အခုမှတွေ့ဖူးတယ်နော်..."
"ဟုတ်...တွေ့ရတာဝမ်းသာပါတယ်နော်...အကို..."
"ကဲ..သွားရအောင်လေ...နောက်ကျနေပြီ..."
"အေးပါကွာ...မင်းကလည်း..."
ကိုကိုနဲ့ညီညီကကားမောင်းဖို့အဖော်လိုက်ခဲ့လေသည်။အံစာတုံးကားလေးနဲ့လာတော့မင်းထက်ပိုင်နဲ့ရွှေစင်ကတော့နောက်ဆုံးခုံမှာသွားထိုင်ကြပြီးနွယ်နဲ့သု့တကတော့အလယ်ကခုံမှာထိုင်ကြလေသည်။
ခရီးကဝေးတော့ကားထဲကလူတွေအိပ်ပျော်သွားကြသည်။ကိုကိုကတော့ကားမောင်းနေတာမို့။
နွယ်ကားပြတင်းပေါက်ကနေအပြင်ကမြင်ကွင်းတွေကိုကြည့်နေလေသည်။
စိမ်းလမ်းစိုပြေနေတာပါပဲနော်။
နွယ်ချောင်းသာတစ်ခါမှမရောက်ဘူးတော့စိတ်လှုပ်ရှားတယ်။ပင်လယ်ကိုလည်းမမြင်ဖူးဘူး။
နွယ်ခရီးသွားရတာပျော်တယ်။အသစ်အစမ်းတွေလည်းသိဖူးမြင်ဖူးရတယ်။
နွယ်လေအေးအေးလေးတွေကြားမှာပျော်ရွှင်ရင်းပြတင်းပေါက်ကနေလက်ကိုထုတ်ပြီးလေညှင်းခံနေလေသည်။
"ပိုးသားနွယ်....မင်းလက်ပြတ်ချင်နေတာလား...ကားတိုက်ပြီးလက်ပြတ်သွားမယ်ပြန်ထည့်..."
နွယ့်နောက့်မှာထိုင်နေသောမင်းထက်ပိုင်ကငေါက်လိုက်တော့နွယ်လက့်ကိုပြန်သိမ်းလိုက်လေသည်။
အကို့အသံကြောင့်ကားထဲကလူတွေနိုးသွားကြကုန်ပြီထင်ပါရဲ့။အားလုံးလှုပ်လှုပ်ရွရွနဲ့။
"နွယ်ဘာဖြစ်တာလဲ..."
"ဘာမှမဟုတ်ပါဘူး..."
"အင်း...."
ရွှေစင်နိုးလာပြီးတစ်ခုခုကိုရှာနေလေသည်။
"ရေ...ရေ...သောက်ချင်တယ်..."
"ရော့...ရွှေစင်.."နွယ်ရေဘူးကိုယူပြီးသူမကိုပေးလိုက်လေသည်။
ရွှေစင်ဘေူးအဖုံးကိုဖွင့်ပေမဲ့မရ။
"အင်း...မဖွင့်လို့လည်းမရဘူး...အကိုဖွင့်ပေးဦး..."
"မင်းဘာသာဖွင့်ပါလား..လက်ပါတာပဲ..."
"လုပ်ပါအကိုရယ်...ဖွင့်ပေးပါ...ဗူးကအရမ်းကြပ်နေလို့ပါ..."
"မဖွင့်ပေးဘူး...ကိုယ့်ဘာသာဖွင့်.."
မင်းထက်ပိုင်တစ်ဖက်ကိုလှည့်ပြီးထိုင်လိုက်လေသည်။
ရွှေစင်သူမဖွင့်ပေးတော့ကိုယ့်ကိုဖွင့်ရတာပေါ့။
ဒါပေမဲ့ဗူးကကြပ်နေတော့မရ။အကိုကမလုပ်ပေးတော့နွယ့်ပဲခိုင်းရတာပေါ့။ရေကဆာနေပါပြီဆို။အကျင့်ပုတ်ကြီး။
"နွယ်ရေ...ရေလေးဖွင့်ပေးပါဦး...."
"အင်းပါ..ပေး"
နွယ်ပဲမနေနိုင်ဝင်ပါရပြန်ပြီ။နွယ်နောက်လှည့်ပြီးရေဘူးကိုယူကာဖွင့်ပေးလိုက်သည်။
"ဝိုး...နွယ်ကတန်းရတာပဲ..."
"ရော့..ရွှေစင်...သောက်..."
"ကျေးဇူးတင်ပါတယ်..."
မင်းထက်ပိုင်နွယ့်ကိုမျက်စောင်းထိုးပြလေသည်။အကိုမကျေနပ်ဘူးဆိုတာသိပါတယ်။ဒါပေမဲ့အကူအညီလိုတဲ့သူကိုတော့ပေးရမယ်မလား။
"အကိုသု့တ...အကိုကော..ရေသောက်မလား..."
"တော်ပါပြီ..."
"ဟုတ်ကဲ့..."
နွယ်ခုံလေးကိုမှီရင်းတစ်ရေးအိပ်လိုက်လေသည်။
နွယ်နိုးလာတော့ချောင်းသာတောင်ရောက်တော့မယ်။နွယ်တော်တော်လေးအိပ်ပျော်သွားခဲ့တာပဲနော်။
နွယ်တို့တည်းမယ့်ဟော်တယ်ဆီကိုရောက်လာခဲ့လေသည်။
နွယ်တို့အခန်းငှားပြီးအခန်းထဲသွားရန်အိတ်တွေသယ်လာခဲ့လေသည်။
နွယ်နဲ့ရွှေစင်ကတစ်ခန်းအကိုနဲ့အကိုသု့တကတစ်ခန်းဆီ။ကိုကိုနဲ့ညီညီကတစ်ခန်း။
မျက်နှာချင်းဆိုင်လေးတင်။
နွယ်တို့အခန်းဆီလာရင်းပင်လယ်ကိုမြင်ရသည်။တိုက်ခတ်လာတဲ့လေလေးတွေကအေးနေတာပဲ။
နွယ်နဲ့ရွှေစင်တို့ကတော့ပြုံးလို့ပျော်လို့။
"မင်းကြည့်ရတာပျော်တဲ့ပုံလည်းမပေါ်ဘူး...ဘာဖြစ်နေတာလဲ...ပျော်ပျော်နေစမ်းပါ..."
"မင်းလည်းသိရဲ့သားနဲ့...ငါအဲ့စပ်စလူးနဲ့ခရီးမသွားချင်ဘူး..."
"ဟေ့...တိုးတိုးပြောပါ...ဟိုကကြားသွားဦးမယ်..."
"ကြားကြားပေါ့...ကြားပြီးစိတ်ဆိုးသွားရင်ပိုတောင်အေးတယ်..."
"မင်းတော့နော်..."
နွယ်တို့အခန်းထဲရောက်တော့ပင်ပန်းတာနဲ့ပဲအိပ်ရာပေါ်ကိုပစ်လှဲလိုက်ကြလေသည်။
"ဝါး..."
နွယ်ဆီရွှေစင်လှည့်လာပြီးလက်ထောက်လျက်
"နွယ်...ရွှေစင်တအားပျော်တယ်သိလား...ရွှေစင်ဒီလိုမျိုးလွတ်လွတ်လပ်လပ်နဲ့မပျော်ခဲ့ဖူးဘူး..."
"အင်း...နွယ်ကောပဲ...."
"ဒါဆိုမနက်ကျရင်စောစောထပြီးလမ်းလျှောက်ရအောင်လေ..."
"ဟုတ်ပြီ..."
"အခုတော့အနားယူရအောင်...ရွှေစင်ရေချိုးလိုက်ဦးမယ်..."
"အင်း..ရွှေစင်ပြီးရင်နွယ်ချိုးမယ်လေ.."
"ok"
ရွှေစင်ရေမိုးချိုးပြီးညစာစားကာအိပ်ရာဝင်သွားလေသည်။ညနေစောင်းမှချောင်းသာရောက်တော့ဘယ်မှလည်းမသွားဖြစ်။အခန်းမှာတင်နားနေခဲ့ရသည်။
ရွှေစင်ကတော့အိပ်ပျော်နေပြီ။နွယ်ကပုံမှန်ဆိုစောစောအိပ်လေ့မရှိတာကြောင့်အပြင်ဘက်ကိုလမ်းလျှောက်ထွက်လာခဲ့သည်။
နွယ်လေအေးအေးတွေတိုက်ခတ်နေတဲ့ပင်လယ်ဘက်ကိုမျက်နှာမူနေသောခုံတန်းလေးမှာသွားထိုင်လိုက်သည်။
ကောင်ကင်းယံကကြယ်တွေနဲ့တောက်ပနေလေရဲ့။
လှလိုက်တာနော်။
နွယ်အေးလာတာနဲ့လက်ကလေးကိုပိုက်ရင်းထိုင်နေလေသည်။
"အေးလိုက်တာနော်..."
"အေးတယ်ဆိုဘာလို့အနွေးမဝတ်လဲ..."
နွယ်နောက်ကနေအကို့အသံကြောင့်လှည့်
ကြည့်မိသည်။
"အကို..မအိပ်သေးဘူးလား..."
"မအိပ်ချင်သေးလို့အပြင်ထွက်လာတာ...မင်းကကောဘာထိုင်လုပ်နေတာလဲ..."
"နွယ်လည်းမအိပ်ချင်သေးတာနဲ့..အပြင်မှာထိုင်နေတာ...ဟတ်ချို..."
နွယ်ပြောရင်းနဲ့နှာချီလိုက်လေသည်။
"အပြင်မှာအေးနေတယ်မလား...အနွေးထည်မပါဘူးလား..."
"ဟင့်အင်း..မပါလာဘူး...နွယ်မအေးဘူးထင်လို့..."မင်းထက်ပိုင်သူဝတ်ထားသောအနွေးအင်္ကျီကိုချွတ်လိုက်လေသည်။
ပြီးနောက်နွယ့်ရဲ့ကိုယ်ပေါ်ကိုခြုံပေးလိုက်လေရာနွယ်လန့်ပြီးနောက်ဆုတ်သွားသည်။
"ဘာလို့လဲ...ဒါဝတ်ထားချည်...အေးနေတာမလား..."
"ရပါတယ်...အကိုလည်းအေးနေရောပေါ့.."
"ဝတ်ထားလိုက်...အပိုမပြောနဲ့..."
"ဟုတ်ကဲ့..."
အကို့အင်္ကျီဝတ်လိုက်တော့နွယ်လိုလူကောင်သေးသေးလေးကပျောက်သွားသလိုပဲ။
အင်္ကျီထဲနစ်မြုပ်သွားလေသည်။လက်ကလည်းအရှည်ကြီး။နွယ်အင်္ကျီကိုဝတ်ပြီးကိုယ့်ဘာသာပြန်ကြည့်နေမိသည်။
လက်ကရှည်နေလို့လျှောက်ရမ်းနေပြီးဆော့နေလေရဲ့။
မင်းထက်ပိုင်နွယ့်ရဲ့ချစ်စရာအပြု့အမူ
ကြောင့်ကြည့်ပြီးပြုံးနေသည်။
မင်းထက်ပိုင်နွယ့်ဘေးနားမှာဝင်ထိုင်လိုက်လေသည်။
"အကို...အကိုကောပင်လယ်ရောက်ဖူးလား..."
"ငယ်ငယ်ကတော့အမေနဲ့ရောက်ဖူးတယ်..."
"ဟုတ်လား..နွယ်ကတော့အခုမှရောက်ဘူးတာ...ပင်လယ်ကတော်တော်လေးလှတယ်နော်...ကောင်းကင်ကြီးကိုလည်းတစ်ခွင်လုံးမြင်ရတယ်...
အယ်...ဟိုမှာ..ကြယ်ကြွေတယ်...ဆုတောင်းရမယ်...အကို..အကိုကောဆုတောင်းလေ..."
နွယ်ကလေးတစ်ယောက်လိုကြယ်ကြွေတာကိုဆုတောင်းလေသည်။
မင်းထက်ပိုင်မျက်စိကိုမှိတ်ပြီးသေချာဆုတောင်းနေတဲ့နွယ့်ကိုကြည့်နေမိသည်။
နွယ်ဘာတွေဆုတောင်းနေတာလဲမသိဘူး။အကြာကြီးပဲ။
"အကို..ဆုမတောင်းဘူးလား..."
"ကြယ်ကြွေတာနဲ့ဆုတောင်းပြည့်တယ်လို့မင်းကိုဘယ်သူပြောလဲ...အဲ့ဒါဥက္ကာခဲတွေကြွေကြတာပဲကို..."
"ဟာ..အကိုကလည်းအဲ့ဒါတော့နွယ်သိတာပေါ့...ဒါပေမဲ့ဟုတ်ဟုတ်မဟုတ်ဟုတ်ဆုတောင်းလိုက်ရတော့ယုံကြည်မှု့ပိုရှိသွားတာပေါ့..."
"မင်းကလေ...အဲ့တာဥက္ကာခဲတွေကြွေရတာကိုဆုတောင်းနေတယ်..ဟိုစပ်စလူးစိန်နဲ့ပေါင်းပြီးရူးသွားပြီ..."
"ဟွန်း...အကိုအဲ့ကြောင့်မို့ကောင်မလေးမရတာ...အကျိုးသင့်အကြောင့်သင့်လေး
အင်းလို့ပြောလိုက်ရင်သေသွားမှာကျနေတာပဲ..."
"အဟား...ငါရည်းစားမရတာ..အဲ့ဒါကြောင့်လို့မင်းဘယ်သူပြောလဲ...ငါအကျိုးသင့်တွေအကြောင်းသင့်တွေမပြောတတ်ဘူး...အရှိကိုအရှိအတိုင်းပဲပြောတတ်တယ်..."
"အဲ့ဒါဆို..အကိုနဲ့အကိုသု့တများကွာပါ့...အကိုသု့တဆိုနွယ်ပြောရင်ကောင်းတယ်ချည်းပြောမှာ..."
"အဲ့ဆိုလည်းသူ့ရှေ့သွားပြောပေါ့..."
မင်းထက်ပိုင်နွယ့်ကိုစိတ်ဆိုးသွားလေသည်။
"တွေ့လား...အကိုကိုသဘောကျနေတဲ့ရွှေစင်တော့သနားပါတယ်...အကို့ဒဏ်တွေခံရတော့မှာ..."
နွယ်မထိခလုတ်ထိခလုတ်နဲ့စတော့ပိုပြီးဒေါသထွက်သွားသည်။
"ဒါဆိုမင်းကငါလုပ်သမျှကဒုက္ခတွေချည်လို့ပြောချင်တာလား...ဟမ်..."
"ဟုတ်တာပေါ့...အကိုကနွယ့်ကိုတအားအနိုင်ကျင့်တာကို...အဲ့ဒါဒုက္ခတွေမဟုတ်တော့ဘာတွေလဲ..."
"မင်းကခံစားရတာတော်တော်ပင်ပန်းနေပြီပေါ့လေ...ဟုတ်လား..."
"အင်း...နွယ်ပင်ပန်းတာပေါ့အကိုကလည်း..."
"ဒါပေမဲ့ငါအခုတလောမင်းကိုဘာဒက္ခမှမပေးပါဘူး...အဲ့ဒါကိုမင်းကပျော်နေမှာပေါ့..."
"ဟုတ်..."
နွယ်ပြောင်ပြောင်ချော်ချော်နဲ့ခေါင်းညိမ့်ပြလေသည်။
"မင်းကတော်တော်လေးပျော်နေတာပဲ...
ကြည့်နေ..ငါမင်းကိုအပြစ်ပေးပြမယ်..."
မင်းထက်ပိုင်နွယ်ဘက်ကိုလှည့်ပြီးအနားကိုတိုးလိုက်လေသည်။
"ဟင်...အကို..အကို...အရမ်းကြီးနီးနေတယ်...ဟိုဘက်နည်းနည်းတိုး..."
"မင်းကိုငါအပြစ်ပေးမို့လေ...စကားမပြောနဲ့..."
"ရှင်...ဘာလုပ်မို့လဲဟင်..."
"မျက်လုံးမှိတ်..."
နွယ်ကြောက်ပြီးမျက်လုံးကြီးကိုအတင်းဖွင့်ထားလေသည်။မှိတ်လိုက်ရင်တစ်ခုခုလုပ်တော့မှာလေ။
"မှိတ်လို့.."
"ဟင့်အင်း...မမှိတ်ဘူး..."
"ပိုးသားနွယ်...."
အကို့အသံနက်ကြီးနဲ့အော်တော့နွယ်မျက်လုံးကိုဇွတ်မှိတ်လိုက်လေသည်။
"ဒီလိုမှပေါ့...ငါဘာလုပ်လုပ်မင်းမျက်လုံးမ
ဖွင့်နဲ့နော်...ကြားလား..."
"ဟုတ်..."
နွယ်အကိုဘာလုပ်မလဲဆိုပြီးရင်တွေခုန်နေမိသည်။
နွယ်မျက်လုံးမှိတ်ထားသောဘာမှမသိ။အကို့အသက်ရှူသံကနွယ်ရှေ့နည်းနည်းနားနားလေးကိုကပ်လာသလိုပဲ။
နွယ်ရင်တွေခုန်နေပြီ။နွယ်ဖွင့်ကြည့်ချင်တယ်။
နွယ်မျက်လုံးလေးအနည်းငယ်ဖွင့်လိုက်တဲ့အချိန်မှာနွယ့်နှုတ်ခမ်းပေါ်ကိုနွေးထွေးတဲ့အရာတစ်ခုထိကပ်လိုက်သလိုပဲ။
နွယ်လန့်ပြီးမျက်လုံးကိုပြန်မှိတ်လိုက်လေသည်။
အကိုနွယ့်ကိုနမ်းလိုက်တာနွယ်ရင်တွေခုန်ပြီးပြုတ်ကျမတတ်ပဲ။နွယ်ဒီလိုမလုပ်သင့်ဘူးဆိုတာသိပါတယ်။ဒါပေမဲ့အကို့ရဲ့အနမ်းတွေအောက်မှာနွယ်သာယာနေမိသည်။
"ဖယ်...အကို..."
နွယ်ရုတ်တရက်သတိရလာပြီးအကို့ကိုတွန်းထုတ်လိုက်လေသည်။
"အကိုဘာလုပ်တာလဲ...."
မင်းထက်ပိုင်မြေကြီးပေါ်မှာထိုင်ရင်းနွယ့်ကိုလှမ်းကြည့်လေသည်။
"ငါမင်းကိုအပြစ်ပေးတာလေ..."
"ဘာအပြစ်ပေးတာလဲ...ဒီကိစ္စကမလုပ်သင့်ဘူးဆိုတာအကိုနားမလည်ဘူးလား...အကိုနွယ့်ကိုအခြားနည်းတွေနဲ့အပြစ်ပေးလို့ရတယ်...ဒါပေမဲ့နွယ့်နှလုံးသားကိုတော့မကစားနဲ့..."
"ပိုးသားနွယ်....ငါပြောမယ်...ဒီကိစ္စကငါအပြစ်ပေးတယ်လို့သာပြောတာ...ငါ့မင်းကိုတကယ်နမ်းချင်လို့လုပ်လိုက်မိတာ...မင်းနှလုံးသားကိုကစားတာမဟုတ်ပါဘူး..."
"ဘာနမ်းချင်လို့လဲ...အကို့မှာလက်ထက်မဲ့သူရှိနေပြီလေ...ရွှေစင်သိသွားရင်ဘယ်လိုလုပ်မလဲ..."
"ငါတို့မပြောသရွေ့သူသိမှာမဟုတ်ဘူး...ဒါပေမဲ့သူသိလည်းဘာဖြစ်လဲ...ဒါငါတို့ကိစ္စလေ..."
"အကို...ပြောလေဆိုးလေပဲ...အကိုနဲ့နွယ်ကမောင်နှမတွေနော်..."
"ငါမင်းကိုဘယ်တော့ကမှငါ့ညီမလို့မသတ်မှတ်ထားဘူး...မင်းကငါတစ်ဦးတည်းသောချစ်မိတဲ့သူပဲ..."
နွယ်ဘာပြန်ပြောကမလဲမသိ။ရပ်တန့်သွားသည်။အကိုဆီကအဲ့လိုစကားကြားရတော့ပျော်မိသား။
နွယ်ကျောင်းတုန်းကတည်းကအမြဲငေးကြည့်နေရတဲ့သူကအခုတော့သူမကိုချစ်တယ်လို့ဖွင့်ပြောပြီ။
မင်းထက်ပိုင်မတ်တပ်ရပ်လိုက်သည်။
"လာသွားမယ်..."
နွယ့်လက်ကိုဆွဲလိုက်သည်။
"ဘယ်လဲ..."
"ငါတို့ရည်းစားဖြစ်သွားပြီဆိုတာကိုရွှေစင့်ကိုသွားပြောမယ်..လာ..."
"ဘာ..."
နွယ်မင်းထက်ပိုင်ရဲ့လက်ကိုအတင်းဖြုတ်ချလိုက်သည်။
"ဘာလဲ..."
"အကိုရူးသွားပြီလား...ဒီလိုကိစ္စကတဇွတ်ထိုးလုပ်ရမယ်လို့အကို့ကိုဘယ်သူပြောထားလဲ..."
"ဘာဖြစ်လဲ...ငါတို့အချင်းချင်းချစ်နေတာပဲလေ...အဲ့ဒါဘယ်သူ့ကိုဂရုစိုက်ရမှာလဲ..."
"အကို..မှားနေပြီ...ညီမတို့အချင်းချင်းချစ်တယ်ပဲထားဦး..ကျန်တဲ့သူတွေရဲ့ခံစားချက်တွေကိုထည့်မတွက်တော့ဘူးလား...နွယ်အဲ့လိုမလုပ်ရက်ဘူး..."
"ပိုးသားနွယ်...မင်းဘာလို့ဒီလောက်တောင်ပျော့ညံနေရတာလဲ...မင်းသူတို့ဘက်ကျ
ကြည့်ပြီးငါ့ဘက်ကျတော့မကြည့်တော့ဘူးလား..ဟမ်...ပြောပါဦး...ငါမင်းကိုဒီလောက်ထိအရဲစွန့်ပြီးလုပ်ခဲ့ရတာ...ငါဘယ်မိန်းမမှစိတ်မဝင်စားတာလဲမင်းသိရဲ့သားနဲ့...ငါမင်းတစ်ယောက်ထဲချစ်တာတောင်...မင်းကငါ့ဘက်ကျတော့မတွေးဘူးလား..."
"နွယ်ပြောတာအဲ့လိုမဟုတ်ဘူး...နွယ်တို့ကိစ္စကမဖြစ်နိုင်ဘူးလေ...နွယ်တို့လက်ထက်လိုက်ရင်အကို့ဟော်တယ်ဘယ်လိုလုပ်မလဲ...နောက်ပြီးတီတီလေးကလက်ခံမှာမဟုတ်ဘူး..."
"မင်းကပွဲမစသေးဘူး..အရှုံးပေးချင်နေပြီ..."
"အကို...နွယ်တို့ကိစ္စကိုဒီနေရာမှာတင်ပဲရပ်လိုက်ရအောင်လေနော်...အကိုအရင်တုန်းကလိုပဲနွယ့်ကိုမုန်းနေလေနော်...နွယ်အကိုခိုင်းသမျှလက်ခံမယ်လေ...အကိုရွှေစင့်ကိုလက်ထက်လိုက်ပါ..."
"မင်းကလေ..လူတကာကိုပဲစာနာနေတယ်..မင်းကိုယ့်မင်းကောတစ်ခါလောက်ပြန်ကြည့်ဘူးလား...."
"နွယ့်အတွက်အဲ့ဒါတွေမလိုပါဘူး...အကိုကောင်းစားသွားရင်နွယ်ပျော်ပါပြီ..."
"ဟာကွာ...ငါလက်မခံနိုင်ဘူး..."
"အကို...နွယ်အကို့စကားကိုအမြဲနားထောင်လာတာပါ...အကိုဒီတစ်ခါတော့နွယ့်စကားကိုနားထောင်ပေးပါနော်..."
"ငါကငါမချစ်တဲ့သူနဲ့တစ်ဘဝလုံးတူတူနေရမှာလား..."
"အကိုနောက်ကျရင်ချစ်သွားမှာပါ..."
"လက်မခံနိုင်ဘူး...ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး..."
"အကို..."
"ဪ..ငါနားလည်ပြီ..မင်းကငါ့ကိုမချစ်ဘူးပဲ..."
"အကို...မဟုတ်ဘူးလေ...နွယ်အကို့ကိုချစ်ပါတယ်...ဒါပေမဲ့..."
"မင်းမချစ်လို့ပဲ..သူများဆီဇွတ်တွန်းပို့နေတာမလား..."
"အဲ့ဒါအကိုအတွက်ပဲလေ..."
"ငါ့အတွက်မလိုအပ်ဘူး...မင်းစိတ်ပူပေးစရာလည်းမလိုဘူး...ငါကိစ္စ.ငါရှင်းနိုင်တယ်...မင်းကတကယ်ကိုစိတ်ပျက်စရာပဲ...ငါ့အတွက်သတ္တိလေးတောင်မရှိဘူးလား..."
နွယ်ဘာမှမပြောပဲရပ်နေလေသည်။ခေါင်းငုံ့ပြီးမျက်ရည်တွေကျနေပေမဲ့နွယ်တင်းခံပြီးရပ်နေလေသည်။
"မင်းကအမြဲဒီလိုပဲမတုန်မလှုပ်နဲ့...ကောင်းပြီလေ...မင်းစိတ်ကြိုက်ဖြစ်စေရမယ်... ငါလက်ထက်လိုက်ရင်မင်းပျော်ပြီမလား...မင်းမြင်စေရမယ်..."
မင်းထက်ပိုင်ပြောပြီးထွက်သွားလေသည်။
နွယ်ကျလာသောမျက်ရည်စတွေကိုသုတ်ရင်းစိတ်ဆိုးမာန်ဆိုးနဲ့ထွက်သွားသောအကို့ကို
ကြည့်နေလေသည်။
နွယ်အကိုသူမကိုချစ်နေတာကိုမပျော်နိုင်ဘူး။သူမကြောင့်တစ်ခြားသူစိတ်ဆင်းရဲမှာမလိုလား။
အမြဲနွယ်ပဲခံစားနေခဲ့ရတာ။အကိုလည်းနွယ်ကြောင့်ခံစားရမယ်ဆိုတာသိပါတယ်။
နွယ်ပျော့ညံ့တယ်လို့ပြောလည်းခံရတော့မှာပါပဲ။အကိုနွယ့်ကိုရွေးချယ်လိုက်ရင်အကို့ဘဝနှိမ်ကျသွားလိမ့်မယ်။နွယ့်ကိုခွင့်လွှတ်ပါနော်။
နွယ်သတ္တိရှိရှိနဲ့အကို့ကိုချစ်ချင်ပါတယ်။
ဒါပေမဲ့လေ................
😟😟😟😟😟😟😟😟😟😟😟😟😟😟
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romanceအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်