အပိုင်း၅

88 4 0
                                    

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၅)
နွယ်အကိုပြန်လာမှာကိုတကယ်စိတ်ပူနေမိသည်။
နွယ့်ကိုအပြစ်ပေးလိမ့်မယ်။နွယ်တော့တစ်ခုခုစီစဥ်ရမှာပဲ။
မင်းထက်ပိုင်ပုံမှန်အတိုင်းညနေခြောက်နာရီဆိုပြန်ရောက်လာသည်။
အိတ်တွေကိုညီညီနဲ့အပေါ်ကိုသွားထားခိုင်းပြီးနွယ့်ကိုရှာပြန်ရော။
ဘယ်နေရာမှမတွေ့။ဒါနဲ့ပဲမီးဖိုခန်းထဲကိုဝင်လာလိုက်သည်။
"​ပပ..နင်တို့မမလေးနွယ်ကော..."
"မသိဘူး..အကိုလေး...စောစောကတော့ခြံထဲမှာမိုက်ကယ်နဲ့ဆော့နေတာပဲ...အခုတော့မတွေ့တော့ဘူး...ဘာဖြစ်လို့လဲအကိုလေး..."
"ဘာမှမဟုတ်ဘူး..."
(ဒီကောင်မလေးဘယ်ရောက်နေတာလဲ...)
နွယ့်ကိုမတွေ့တာနဲ့ပဲမင်းထက်ပိုင်အပေါ်ထပ်ကိုတက်လာခဲ့သည်။
နွယ်တော့အခန်းထဲမှာရှိမှာပဲ။အဲ့နေရာကလွဲရင်မဟုတ်လောက်ဘူး။
မင်းထက်ပိုင်အပေါ်တက်လာရောနွယ့်အခန်းကတံခါးပေါက်ပိတ်သံကြားလိုက်ရသည်။
"ဂျိန်း...."
(တွေ့ကြသေးတာပေါ့...ပိုးသားနွယ်ရယ်...မင်းပြေးမလွှတ်ပါဘူး...)
မင်းထက်ပိုင်ခပ်တည်တည်နဲ့နွယ့်အခန်းရှေ့ကနေဖြတ်သွားသည်။
နွယ်အပေါက်လေးကနေတိတ်တိတ်လေးချောင်းကြည့်နေတာကိုလည်းသတိထားမိသည်။
မင်းထက်ပိုင်သူ့အခန်းထဲဝင်သွားတော့မှနွယ့်အသက်ရှုချောင်တော့တယ်။
"ဟူး...သူငါ့ကိုမရှာဘူးပဲ...တော်သေးတယ်..."
မင်းထက်ပိုင်သူမကိုတွေ့ရင်အပြစ်ပေးမှာကြောက်လို့ဒီ​​နေ့ည
အခန်းတွင်းအောင်းဖို့ပဲဆုံးဖြတ်လိုက်သည်။
ညရှစ်နာရီလည်းရောက်ရောညစာမစားရသေးတဲ့နွယ်ဗိုက်ဆာလာပြီပေါ့။
"ဗိုက်ဆာလိုက်တာ...ညစာမစားရသေးဘူး...ရှစ်နာရီထိုးနေပြီ..အကိုကတော့ဒီအချိန်စာဖတ်ခန်းထဲရောက်နေလောက်ပြီ...ငါထမင်းလေးဘာလေးထွက်စားဦးမှပဲ.."
နွယ်တံခါးသံကိုအကိုသိမှာဆိုတာကြောင့်
တိုးတိုးလေးသာဖွင့်လိုက်သည်။
ဘယ်သူရှိမလဲလို့အရိပ်အခြေကကြည့်ရသေးတယ်။
"ဘယ်သူမှမရှိဘူးပဲ..."
နွယ်စိတ်ဖြောင့်ပြီးမို့အောက်ထပ်ကိုရဲရဲတင်းတင်းပဲဆင်းလာခဲ့သည်။
အောက်ရောက်တော့ပပနဲ့အသဲကပုံမှန်အတိုင်းဇာတ်ကားကြည့်နေပြီ။ကြွယ်တို့သားအမိမီးဖိုချောင်ထဲရှိမည့်အထင်နဲ့နွယ်ဝင်လာခဲ့သည်။
ကြွယ်တို့သားအမိလည်းမရှိပါလား။
"ဘယ်သူမှမရှိပါလား..ငါ့ဘာသာပဲယူစားလိုက်တော့မယ်...ဘာစားရမလဲ..."
ဪ...ပေါင်မုန့်ပဲစားတော့မယ်...ထမင်းမစားချင်ဘူး...
ပေါင်မုန့်ကိုရှိသေးရဲ့လားမသိဘူး...ကြည့်ဦးမှ..."
နွယ်ရေခဲသေတ္တာအပေါ်မှာတင်ထားသောပေါင်မုန့်ထုပ်ကိုရှာကြည့်ပေမဲ့မတွေ့။
"ဟာ...မရှိတော့ဘူး...ဘယ်ရောက်သွားတာလဲ..."
အဲ့အချိန်ခုံပေါ်မှာတင်ထားသောခေါက်ဆွဲဗူးတွေကိုတွေ့သွားသည်။
"ဟာ...ခေါက်ဆွဲပြုတ်စားလို့ရတာပဲ..."
နွယ်ခေါက်ဆွဲပဲပြုတ်လိုက်ရသည်။
"အိုး...အနံလေးကမွှေးနေတာပဲ...စားချင်စရာလေး..."
နွယ်စားမယ့်အလုပ်အဖြတ်ကတော့ဝင်ပြီ။
"ဘာလုပ်နေတာလဲ..."
"ဟင်...အကို..."
မင်းထက်ပိုင်ဘယ်ကရောက်လာမှန်းမသိ။နွယ်နောက်မှာရပ်ပြီးပြောလိုက်တော့လန့်တာပေါ့။နွယ့်ကိုအပြစ်ပေးတော့မလားမသိဘူး။
"ဘာခိုးစားနေတာလဲ..."
"ခိုးမစားပါဘူး...ဗိုက်ဆာလို့..ခေါက်ဆွဲစားမလို့ပါ..."
"ဆာမှာပေါ့..ညစာမှလာမစားတာ...ပေးစမ်း...ငါစားကြည့်ရအောင်..."
"အကိုစားချင်ရင်ကိုယ့်ဘာသာပြုတ်စားပါ့လား...ဒါနွယ့်ဟာလေ..."
"ပေးစမ်းပါ..နည်းနည်းပဲစားမှာကို..."
"ဟင်း...ရော့..."
နွယ်လက်ထဲကခေါက်ဆွဲဗူးကိုအကို့ကိုပေးလိုက်ရသည်။
မင်းထက်ပိုင်ခေါက်ဆွဲကိုခက်ရင်းနဲ့အများကြီးကော်စားလိုက်သည်။
"နည်းနည်းပဲစားမယ်ဆို...အများကြီးပဲ..."
"စားကောင်းသားပဲ..."
မင်းထက်ပိုင်ခေါက်ဆွဲဗူးကိုလက်ကမကျတော့။နွယ့်ရှေ့ကထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
"အကို...ပြန်ပေးဦးလေ..."
"မပေးတော့ဘူး...ငါဒါစားလိုက်တော့မယ်...ရှိသေးတယ်မလား..အသစ်ထပ်ပြုတ်လိုက်"
နွယ်သူ့ကိုမျက်စောင်းပဲထိုးလိုက်ရသည်။ခေါက်ဆွဲဗူးကတော့ပြန်မရ။
နွယ်နောက်တစ်ဗူးကိုရေနွေးထဲပြီးစောင့်နေသည်။
"ရပြီ...ဗိုက်ဆာလိုက်တာ..."
နွယ်အားရပါးရနဲ့စားလေပြီ။စားကုန်လို့ထိုင်နေသောမင်းထက်ပိုင်ကတော့နွယ့်ကိုသေချာကြည့်နေမိသည်။
(ကလေးမကိုဘယ်လိုအနိုင်ကျင့်ရင်ကောင်းမလဲ)
"မင်းညနေကဘယ်ရောက်နေတာလဲ..."
အကိုသတိရသွားပြီလားမသိဘူး။ဒုက္ခပါပဲ။
"ဟို...အခန်းထဲမှာစာဖတ်နေတာ.."
"ဟုတ်လား...ဘာစာတွေဖတ်နေလို့..ညစာလာမစားရတာလဲ..."
"နွယ်..ညစာစားပြီးသားမို့ပါ...ဒါနဲ့ပဲဆင်းမစားတော့တာ..."
"ဪ...အခုကကော..ဘာလို့လာစားတာလဲ..."
(သေပြီ...ပိုးသားနွယ်..နင်တော့စကားတွေကရှေ့နောက်မညီ...သေချင်ပါတယ်...)
"ဗိုက်နည်းနည်းဆာလို့ပါ...အကိုပြီးပြီလား...နွယ်သိမ်းပေးမယ်လေ..ပေး.."
နွယ့်အကိုဆီကဗူးခွံကိုယူပြီးအမှိုက်ခြင်းထဲ
ထည့်လိုက်သည်။
နွယ်သူ့ကိုမသိမသာလေးလှည့်ကြည့်တော့သူကနွယ့်ကိုဝါးစားတော့မယ့်မျက်လုံးကြီးတွေနဲ့ကြည့်နေလေသည်။
(ငါဘယ်လိုလုပ်ရမလဲ..)
"ဟို...အကို..နွယ်သွားတော့မယ်...အကိုဘာခိုင်းစရာရှိသေးလဲ..."
"မရှိဘူး..."
"ဒါဆို.နွယ်သွားအိပ်တော့မယ်နော်..."
"မနက်ကျရင်သွားစရာရှိတယ်...စောစောထခဲ့..."
"ဟုတ်..ဒါဆိုနွယ်သွားပြီနော်..."
နွယ်အပေါ်ထပ်ကိုတက်လာခဲ့သည်။မင်းထက်ပိုင်သူအတိတ်တွေများမေ့သွားသလား။
နွယ့်ကိုဘာမှမလုပ်ဘူးပဲ။
"ဒီနေ့တော့အဆင်ပြေနေတာပဲ...ဝါး...အိပ်ချင်လိုက်တာ..."
😊😊😊😊😊😊😊😊😊😊😊😊😊😊
"ဒေါက်...ဒေါက်..ဒေါက်..."
"ပိုးသားနွယ်....ပိုးသားနွယ်...ထတော့..."
နွယ်အပြင်ကနေမင်းထက်ပိုင်တံခါးလာခေါက်တာကြောင့်အိပ်ချင်မူးတူးနဲ့တံခါးသွားဖွင့်ပေးရသည်။
"အကို..ဘာလို့လဲ..."
နွယ်မျက်လုံးတွေဟိုပွတ်ဒီပွတ်နဲ့မေးလိုက်သည်။
"အပြင်သွားမယ်...မြန်မြန်လုပ်..."
"ရှင်...ဟုတ်.. ကဲ့..ဒါနဲ့အစောကြီးပဲရှိသေးတယ်လေ..."
နွယ်နာရီကိုလှမ်းကြည့်တော့မနက်လေးနာရီ။
ဘာကိစ္စမို့လို့ဒီလောက်အစောကြီးထရတာလဲ။
"မစောဘူး...လမ်းလျှောက်ပါမယ်ဆိုဒီအချိန်မထတော့ဘယ်အချိန်သွားရမှာလဲ..."
"ဒါပေမဲ့..လေးနာရီပဲရှိသေးတယ်လေ..."
"လေးနာရီလည်းဘာဖြစ်လဲ...မြန်မြန်သွားပြင်ချည်..အချိန်ငါးမိနစ်ပေးမယ်...ငါးမိနစ်အတွင်းမပြီးရင်သေပြီသာမှတ်..."
"ငါးမိနစ်..."
"အေး..ဟုတ်တယ်...ငါးမိနစ်...မြန်မြန်သွားလုပ်.."
"ဟုတ်... "
နွယ်အခန်းထဲကိုအမြန်ဝင်ပြီးပြင်ဆင်ရသည်။
မိန်းကလေးပဲငါးမိနစ်နဲ့ဘယ်ပြီးမလဲ။မျက်နှာသစ်တာတင်ကိုသားမိနစ်ကကြာနေပြီလေ။
နွယ်အတော်ကြာတော့အပြင်ကိုထွက်လာခဲ့သည်။
မင်းထက်ပိုင်ကတော့အခန်းရှေ့ကခုံပေါ်မှာအိပ်ပျော်နေသည်။
"ဘယ်လိုလူကြီးလဲမသိ...သူလည်းအိပ်ချင်နေရဲ့သားနဲ့..."
နွယ်သူ့နားကိုသွားပြီးလှုပ်နိုးလိုက်သည်။
"အကို...အကို..."
"ဪ...ပိုးသားနွယ်...ပြီးပြီလား..."
"ဟုတ်ကဲ့..."
"ငါးမိနစ်ပဲပေးတာကိုအခုဘယ်ချိန်ရှိနေပြီလဲ...ကြာလိုက်တာ"
"၄နာရီခွဲပါ..."
"မိနစ်သုံးဆယ်တောင်ရှိနေပြီ...မင်းတော့နော်.."
"အကို...လမ်းလျှောက်မယ်ဆို..နောက်ကျနေပြီလေ...သွားရအောင်..ထ.ထ"
နွယ်ငေါက်ခံရမှာ​ကြောက်လို့စကားလမ်းကြောင်းလွှဲလိုက်သည်။
"နေဦး..ငါပြောတာနားထောင်ဦး...မင်းဘာလို့ဒီလောက်..."
"ထပါ..အကိုရဲ့..နောက်ကျနေဦးမယ်...နေပူလာရင်..လမ်းလျှောက်ရတာမကောင်းဘူး.."
နွယ်အကို့ကိုဆွဲထူလိုက်သည်။မင်းထက်ပိုင်ကလည်းသူပြောချင်တဲ့စကားကမပြီးသေး။
နွယ်ကလည်းဇွတ်ဆွဲ။ဟိုကလည်းရုန်းဒီကလည်းဆွဲနဲ့။ရုန်းဆန်ခတ်ဖြစ်ပြီးနွယ်အကို့ပေါ်ကိုလဲကျသွားသည်။
"အို..."
နှစ်ယောက်လုံးရုတ်တရက်မို့လန့်သွားပေမဲ့မျက်လုံးချင်းအကြည့်ဆုံမိသွားသည်။
တစ်ခဏကြာမှနွယ်အသိပြန်ဝင်လာခဲ့သည်။
"အို..."နွယ်အကို့ပေါ်ကနေထပြီးမတ်တပ်ရပ်လိုက်သည်။
ခုနကအဖြစ်အပျက်ကြောင့်နှစ်ယောက်လုံးရှက်သွားကြသည်။
စကားကဘာပြောရမလဲမသိ။အနေခက်လိုက်တာနော်။
မင်းထက်ပိုင်လည်းခုံပေါ်ကနေအမြန်ထလိုက်သည်။
"ဟိုဟာ..သွားရအောင်လေ...ငါတို့နောက်ကျလိမ့်မယ်..."
"ဟုတ်တယ်...သွားရအောင်အကို..."
မင်းထက်ပိုင်ရှေ့ကအရင်ထွက်သွားသည်။
နွယ်ကတော့ရင်တမမနဲ့ကျန်နေလေရဲ့။
"ငါ့ကိုငါစိတ်ထိန်းစမ်းပိုးသားနွယ်...သူကငါ့အကိုနော်...နင်ရင်ခုန်မိလို့မရဘူး..."
နွယ်အမြန်ပဲပြေးလိုက်သွားခဲ့ရသည်။မဘိုက်ရင်လည်းဟိုကဆူဦးမှာလေ။
💞💞💞💞💞💞💞💞💞💞💞💞💞💞
နွယ်တို့ကန်တစ်ပတ်လမ်းလျှောက်ကြသည်။အကိုကနွယ့်ထက်အရပ်ရှည်ပြီးခြေတံကလည်းရှည်တော့လမ်းလျှောက်တာလည်းမြန်လေသည်။
နွယ့်မှာတော်တော်လေးအမှီလိုက်ခဲ့ရသည်။
လမ်းသာလျှောက်ရတာဖြေးဖြေးမလျှောက်ရတော့မောလိုက်တာများ။
အကိုကတော့အေးဆေးပဲ။နွယ့်မှာတော့အမောပဲ။
"ဟေ့..မြန်မြန်လာလေ..."
"ဟုတ်ကဲ့..."
နွယ်တို့လမ်းလျှောက်တာတော်တော်လေးတောင်ကြာသည်။
မနက်၇နာရီမှနားသည်။မင်းထက်ပိုင်သူဗိုက်ဆာတာနဲ့ပဲကော်ဖီဆိုင်ဝင်ထိုင်သည်။
"အကိုတို့ဘာမှာမလဲဗျ..."
"ကြက်ဥပလာတာနဲ့ကော်ဖီတစ်ခွက်ပေး...မင်းကောဘာစားမလဲ.."
"ထမင်းကြော်စားမယ်...."
"အဲ့ဒါဆို..ထမင်းကြော်တစ်ပွဲ...ကော်ဖီနောက်တစ်ခွက်ကောပေး..."
"နွယ်ကော်ဖီမသောက်ဘူး..."
"မသောက်ဘူးလား..."
"အင်း..."
"ဒါဆိုလည်းသောက်ရမှာပဲ...ကော်ဖီနှစ်ခွက်ပဲပေး...ထမင်းကြော်တစ်ပွဲ..ပလာတာတစ်ပွဲ..ဒါပဲ..."
နွယ်မင်းထက်ပိုင်ကိုမျက်စောင်းတစ်ချက်ထိုးရုံကလွဲရင်ဘာတတ်နိုင်မှာမို့လို့လဲ။
နွယ်မသောက်ပါဘူးဆိုအတင်းပဲတော့။
"အော်...ကော်ဖီနှစ်ခွက်နော်...မမေ့နဲ့..."
"ဟုတ်ကဲ့ဗျ.."
နွယ်ကိုတအားအနိုင်ကျင့်တယ်။တစ်နေ့လောက်မှနွယ့်ကိုအနိုင်မကျင့်ရရင်မနေနိုင်ဘူးလားမသိဘူး။
တစ်ခဏကြာတော့စားစရာတွေလာချသည်။
"ရော့...မင်းအတွက်ကော်ဖီ..."
"နွယ်မသောက်ချင်ဘူး..."
"မရဘူး..."
"ဘာဖြစ်လို့နွယ်မသောက်ချင်တာဇွတ်ခိုင်းတာလဲ...နွယ်မေသာက်ချင်ပါဘူး..."
"မင်းမသောက်ချင်လို့ကိုသောက်ခိုင်းတာ...မင်းမကြိုက်တာဆိုငါကြိုက်တယ်...သောက်စမ်းပါ...ရော့..."
"ဟင်း..."
နွယ်ကလည်းဇွတ်ငြင်း။သူကလည်းဇွတ်တိုက်နဲ့။
"မင်းအေးအေးဆေးဆေးမသောက်ဘူးဆို..ငါကိုယ်တိုင်ပါးစပ်ထဲလောင်းထည့်မယ်..."
"အကို.."
နွယ်တကယ်ကော်ဖီကိုမကြိုက်ဘူး။အငယ်ကတည်းကမသောက်လာတာ။
"သောက်နော်...ငါပြောနေတုန်း..."
"ပေး..ပေး...တကယ်ပါပဲ..မကြိုက်ပါဘူးဆို..."
နွယ်ကော်ဖီပန်းကန်ကိုယူလိုက်သည်။
"အကုန်သောက်..."
"အင်း..."နွယ်ကော်ဖီကိုတစ်ကျိတ်ထဲအကုန်သောက်လိုက်ရသည်။
နွယ်မျက်နှာကတော့မဲ့ရွဲ့နေတာမင်းထက်ပိုင်မျက်နှာကတော့ပြုံးဖြီးနေတာပဲ။
"ဟေ့ကောင်...ထက်ပိုင်..."
နောက်ကနေလူတစ်ယောက်ခေါ်သံ​ကြောင့်မင်းထက်ပိုင်လှည့်ကြည့်မိသည်။
"သုတ..."
အကို့သူငယ်ချင်းသု့တအောင်။
အရင်တုန်းကနွယ်ကျောင်းမှာတွေ့ဖူးပေမဲ့သေချာတော့မမြင်ဖူးဘူး။
အခုမှပဲနွယ်သေချာမြင်ဘူးတော့တယ်။အကို့နဲ့ပက်သက်တဲ့အရာတွေဆိုမှတ်မိတော့သူသူငယ်ချင်းဆိုတာကိုနွယ်မြင်ကတည်းကသိပါတယ်။
"မင်းဘယ်ကရောက်လာတာလဲ..."
"ငါလမ်းလျှောက်လေကွာ...ဒါနဲ့သူက..."
သုတအောင်နွယ့်ကိုသတိထားမိသွားတဲ့ပုံပဲ။
"မင်းကောင်မလေးလား...ငါ့ကောင်ကွာ...ချစ်သူရနေတာတောင်မပြောဘူး..."
သုတအောင်ပြောရင်းဆိုရင်းနွယ့်တို့စားပွဲဝိုင်း
မှာဝင်ထိုင်လိုက်သည်။အဲ့လိုပြောတော့နွယ်လည်းရှက်တာပေါ့။အကိုကောပဲနှစ်ယောက်လုံးမျက်နှာတွေနီသွားကြသည်။
"ဘာတွေပြောနေတာလဲ...အဲ့ဒါဘယ်လိုပြောရမလဲ...ငါ့ညီမကွာ..."
"ဪ..ညီမလား..."
"ဟုတ်ကဲ့...ညီမပါ..."
"ညီမဆိုတော့တွေ့ရတာဝမ်းသာပါတယ်နော်...ဒါနဲ့မင်းကဘယ်တုန်းကညီမရသွားတာလဲ..."
သုတအောင်မင်းထက်ပိုင်ကိုနားမလည်တဲ့ပုံနဲ့မေးလိုက်သည်။
မင်းထက်ပိုင်ဖြေရမှာကအခက်။သူမကိုညီမအဖြစ်လို့မသတ်မှတ်နိုင်သေးဘူး။
သူ့မပြောနဲ့သူ့အဒေါ်တောင်ဆွေမျိုးလို့မသတ်မှတ်နိုင်သေးတာ။
"မင်းကလည်းကနောက်မှပြောပြမယ်...အခုတော့မုန့်စားလိုက်ဦးလေကွာ.."
"ဪ..အင်း.."
"ဘာစားမလဲ..."
"ညီမ..တွေ့ရတာဝမ်းသာပါတယ်နော်...နာမည်ဘယ်လိုခေါ်လဲ....အကို့နာမည်က..."
"ကိုသုတအောင်မလား.ညီမနာမည်ကပိုးသားနွယ်ပါ.."
နွယ်ကနာမည်ကိုအရင်ပြောလိုက်တာကြောင့်သုတအောင်အံသြသွားလေသည်။
သုတအောင်တင်မဟုတ်မင်းထက်ပိုင်ကောပါ။
"အယ်..သိတယ်ပေါ့.."
"သိတာပေါ့...အကိုသုတအောင်တို့ကကျောင်းမှာနာမည်ကြီးပဲဟာကို"
"မြှောက်ပြီ...အကိုကအဲ့လောက်နာမည်မကြီးပါဘူး...မင်းရဲ့အကိုကသာနာမည်ကြီးတာပါ.."
နွယ်အကို့ကိုတစ်ချက်လှမ်းကြည့်မိသည်။
ကိုယ့်ဘာသာဂုဏ်ယူနေတဲ့ပုံပဲ။
နွယ်သိတာပေါ့။အကိုဘယ်လောက်နာမည်ကြီးလည်းဆိုတာ။
"ဟုတ်မှာပါ..."
နွယ်မယုံသင်္ကါအသံနဲ့ပြောလိုက်သည်။
နွယ်ပြောလိုက်တဲ့စကားကြောင့်ရုပ်ကချက်ချင်းပြောင်းလဲသွားသည်။စိတ်ဆိုးသွားပြန်ပြီနဲ့တူတယ်။
"ပိုးသားနွယ်ဆိုတော့...နွယ်လို့ပဲခေါ်လို့ရလား..."
"ဟုတ်ကဲ့...ရပါတယ်..."
"အကို့ကိုလည်းအကိုသု့တလို့ပဲခေါ်ပါ..နွယ့်အကိုကိုရောဘယ်လိုခေါ်လဲ..."
"အကိုလို့ပဲခေါ်တာပါ...."
"ဒါဆိုအကို့ကိုကောအကိုလို့ပဲခေါ်လေ..."
"ဟုတ်..."
မင်းထက်ပိုင်ပိုလို့စိတ်ဆိုးသွားသည်။
"မင်းကလည်းကွာအကိုလို့ခေါ်တာများနေပြီ...အကိုသု့တလို့ပဲခေါ်ပါစေ...နာမည်တပ်ခေါ်မှလူမရောမှာပေါ့.."
"ဪ..ဟုတ်သားပဲ...ဒါဆိုလည်းအကိုသု့တပေါ့ကွာ...ဟုတ်ပြီလား...နွယ်..."
"ဟုတ်ကဲ့.."
"ချစ်စရာလေးပဲ.."
သု့တ..မင်းထက်ပိုင်ပုခုံးကိုလှမ်းပုတ်ပြီး
"မင်းကွာ..ဒီလောက်ချစ်စရာကောင်းတဲ့ညီမလေးရှိတာငါ့မပြောဘူး..."
"မင်းကိုဘာလို့ပြောရမှာလဲ...ဒါနဲ့သူကဘယ်နားချစ်စရာကောင်းနေလို့လဲ..ဒီလောက်ရုပ်ဆိုးနေတာ..."
"အကိုနော်.."
"မင်းကလည်းနော်...ဒီလောက်ချစ်စရာကောင်းတာကို...ကြည့်စမ်း...မျက်လုံးမျက်ခုံး...ခေါင်းကနေ.. ခြေအဆုံးအပြစ်
ပြောစရာကိုမရှိဘူး..."
မင်းထက်ပိုင်ကတော့နွယ့်ကိုကြောက်စရာအကြည့်ကြီးနဲ့ကြည့်နေပြီ။
နွယ်ကတော့သု့တအောင်ပြောသမျှကိုပြုံးပြုံးကြီးနားထောင်နေလေရဲ့။
သု့တပြောသမျှကလည်းအမှန်။မင်းထက်ပိုင်အတ္တတွေကြောင့်သာနွယ့်ရဲ့အလှကိုမမြင်နိုင်။
နွယ်ကတကယ်အလှလေးပါ။
ဆံပင်လေးကလည်းရှည်ရှည်။အသားကလာ်းဖြူဖြူ။မသိတဲ့သူဆိုရွာသူလို့တောင်ထင်မှာမဟုတ်ဘူး။
သု့တနဲ့နွယ်ကတော့စကားပြောရင်းရယ်ရယ်မောမောနဲ့။မင်းထက်ပိုင်ကတော့ဒေါသတွေထွက်။
"ပြန်တော့မယ်နော်...အကိုသု့တ..."
"အင်း...ဟေ့ကောင်..ထက်ပိုင်...ငါနေ့လယ်ကျရင်မင်းဟော်တယ်လာခဲ့မယ်..."
"ဘာလာလုပ်မှာလဲ...မင်းအလုပ်အားနေတာလား.."
"အလုပ်အကြောင်းပြောမို့လို့ပါ...ဘာတွေဖြစ်နေတာလဲ..."
"ဒါဆိုပြီးရော...ပိုးသားနွယ်ပြန်မယ်..."
"ဟုတ်ကဲ့....အကိုသု့တသွားပြီနော်..."
"byebye...ဂရုစိုက်သွားဦးနော်..."
"ဟုတ်ကဲ့"
တစ်ယောက်နဲ့တစ်ယောက်ပြုံးပြနှုတ်ဆက်နေတာကိုမကြည့်နိုင်သောမင်းထက်ပိုင်နွယ့်ရဲ့အင်္ကျီလည်ဂုတ်ကိုဆွဲ ပြီးခေါ်လာခဲ့သည်။
နှစ်ယောက်သားအိမ်ကိုလမ်းလျှောက်ပဲပြန်လာခဲ့သည်။
နှစ်ယောက်ထဲရှိနေပြန်တော့လည်းဘာပြောရမလဲမသိ။အနေခက်လိုက်တာ။
နွယ်အကြံထုတ်ရဦးမယ်...နွယ်ကပဲစကားရှာရတော့မယ်..ဒီလိုအခြေအနေကြီးနဲ့တော့တသ်လမ်းလုံးမလျှောက်ချင်ဘူးလေ။
"အကို...အကိုသူငယ်ချင်းအကိုကခင်ဖို့ကောင်းတယ်နော်...စ​ကားပြောကလည်းကောင်းတယ်..."
အခုမှဒေါသကပြေမို့ရှိသေး။နွယ်တို့ကတော့အရိပ်အကဲမသိ။ပြောပြန်ပြီ။
"အကိုသိလား...အဲ့အကိုကကျောင်းမှာဆိုနာမည်ကြီးပဲ...နွယ်တို့သူငယ်ချင်းတွေဆိုသူ့ကိုတအား​ကြိုက်ကြတာ..."
".ဒီလောက်ပြောနေမှတော့..မင်းကောပါလား.."
"ဟင်...မပါပါဘူး...နွယ်ကအဲ့လိုမျိုးလူတွေမကြိုက်ဘူး..."
"ဒါဆိုမင်းကဘယ်သူ့ကိုကြိုက်တာလဲ..."
မင်းထက်ပိုင်ရုတ်တရက်မေးလိုက်တာ
ကြောင့်နွယ်လမ်းလျှောက်နေရင်းရပ်လိုက်သည်။
(ငါဘယ်လိုဖြေရမလဲ...)
"ပြောလေ...မင်းကဘယ်လိုပုံကြိုက်တာလဲ..."အကိုသူမကိုမျက်နှာချင်းဆိုင်ရပ်ပြီးမေးလိုက်သည်။နွယ့်ရင်တွေပေါက်ကွဲမတတ်ပဲ။
"နွယ်လား...နွယ်...ဘယ်လိုပုံမှမကြိုက်ပါဘူး...အကိုကဘာလုပ်မလို့လဲ..."
"ဘာမှမလုပ်ပါဘူး...မင်းမပြောချင်လဲမပြောနဲ့ပေါ့...ငါကဒီအတိုင်းမေးတာပါ..ဘာတွေမလုံမလဲဖြစ်နေတာလဲ..."
"မဟုတ်ပါဘူး..."
နွယ်မျက်နှာကိုတစ်ဖက်ကိုလွှဲလိုက်သည်။
"ဒါဆို...မင်း...မင်းက..."
နွယ့်လျို့ဝှက်ချက်များအကိုသိသွားတာလား။
နွယ်စိတ်ပူလာပြီ။
"မင်း...ငါ့သူငယ်ချင်းဝသုန်ကိုကြိုက်နေတာလား..."(အမလေး...တော်ပါသေးတယ်..)
"ဟာ...မကြိုက်ဘူး...နွယ်ဘယ်သူ့မှမကြိုက်ပါဘူးဆို...ဘယ်လိုတွေဖြစ်နေတာတုန်း..."
"ပြီးတာပဲလေ...မင်းသူ့ကိုကြိုက်တယ်ဆိုရင်တော့ငါပြောပေးမလို့ပဲ...မင်းကအဲ့ပုံစံမကြိုက်ဘူးဆိုတော့လဲဘယ်တတ်နိုင်မလဲ..."
"နွယ်မကြိုက်ဘူး..."
"မင်းစိတ်ကိုမှန်းလို့ကိုမရဘူး...ဘယ်လိုမိန်းကလေးမျိုးလဲမသိဘူး..."
"မသိရင်လည်းမသိသလိုနေပေါ့...အကို့ကိုဘယ်သူကစိတ်မှန်းခိုင်းလို့လဲ..."
နွယ်ခပ်ဆတ်ဆတ်ပြောပြီးထွက်သွားသည်။
"ဘာလဲဟ...ငါ့ကိုဒေါသထွက်သွားတယ်...ဒီကလေးမတော့သေချင်ပြီပဲ..."
မင်းထက်ပိုင်သူ့ကိုတောင်အံသြသွားသည်။တစ်ခါမှပြန်မအော်ဘူးသောနွယ်ကအခုလိုအော်တော့ထူးဆန်းတာပေါ့။
(ဘယ်လိုမှန်းမသိဘူး...မကြိုက်ပါဘူးဆို.ပြောပေးဦးမယ်တဲ့..ဟိုလူနဲ့မေး..ဒီလူနဲ့မေးနဲ့..စိတ်ပျက်ဖို့ကောင်းလိုက်တာ)
😒😒😒😒😒😒😒😒😒😒😒😒😒😒
#မဒီ

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်Where stories live. Discover now