အပိုင်း၁၆

80 2 0
                                    

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁၆)
"အကို..အကို..."
"ပိုးသားနွယ်..."
မင်းထက်ပိုင်နွယ်ခေါ်သံကြောင့်လှည့်ကြည့်မိလေသည်။
"အကို..."
"ပိုးသားနွယ်...မင်းဘယ်လိုရောက်လာတာလဲ..."
"ပိုးသားနွယ်..."
အမှန်တော့နွယ်မဟုတ်ခဲ့။ရွှေစင်သာ။မင်းထက်ပိုင်မူးပြီးနွယ်လို့မြင်နေမိသည်။
"အကိုမူးနေပြီ...သွားရအောင်...ရွှေစင်အခန်းထဲလိုက်ပို့ပေးမယ်..."
"မသွားသေးဘူး...ကိုယ်နွယ့်ကိုပြောစရာရှိတယ်...."
"လာပါအကိုရယ်...မူးနေပြီ...မနက်ကျမှပြော..."
"မရဘူး...အခုပြောမယ်ကွာ...ဒီမှာနွယ်...နွယ့်ကိုကိုယ်အရမ်းချစ်တယ်..."
မင်းထက်ပိုင်ရွှေစင့်ကိုအတင်းဖက်လိုက်လေသည်။ရွှေစင့်မျက်ရည်တွေကျနေခဲ့သည်။
အကိုရယ်...အကိုချစ်တဲ့သူကနွယ်တဲ့လား...ရွှေစင်အကို့ကိုချစ်လွန်းလို့အားလုံးကိုနားလည်ပေးခဲ့တာ...
"နွယ်...နွယ်ကိုယ့်ကိုမထားခဲ့ဘူးမလား...
သု့တကိုစိတ်မဝင်စားဘူးမလား....ပြောပါ...အကို့ရင်တွေပူလောင်နေပြီ...နွယ်ရဲ့..."
ရွှေစင်သူ့ကိုသူအစားထိုးခံရသလိုခံစားရသည်။
"စိတ်မဝင်စားပါဘူး...နွယ်..ဟင့်...ဟင့်...
အကို့ကိုပဲချစ်တာပါ..."ရွှေစင်ကျလာတဲ့မျက်ရည်တွေကိုသုတ်ရင်း
"ကဲပါ...အကိုရယ်...သွားအိပ်တော့...နွယ်လိုက်ပို့မယ်..."
ရွှေစင်မင်းထက်ပိုင်ဖက်ထားတာကိုဖြုတ်လိုက်ပြီးမင်းထက်ပိုင်လက်ကိုဆွဲလိုက်လေသည်။
"နွယ်...ဘာလို့ငိုနေတာလဲ...မငိုပါနဲ့..."
မင်းထက်ပိုင်ရွှေစင့်မျက်ရည်တွေကိုသုတ်ပေးလိုက်လေသည်။
"အင်း...သွားရအောင်နော်..အကို..."
တဖတ်သတ်အချစ်ကလည်းပူလောင်ပါတယ်။အမြဲသူ့ကိုပဲကည့်နေခဲ့ပေမဲ့သူကတော့ကိုယ့်ကိုတွေ့တောင်မတွေ့ဘူး။
အမှောင်ထဲကနေရပ်ကြည့်နေတဲ့နွယ်အတွက်ကတော့နှုတ်ခမ်းမှာပြုံးနေပေမဲ့လည်းမျက်လုံးမှာမျက်ရည်စတွေ။
အကိုတို့အဆင်ပြေရင်ပြီးတာပါပဲနော်...နွယ်အကို့ကိုမေ့ပစ့်ဖို့သင့်ပြီထင်တယ်....
ဒီညလေးကတော့အားလုံးမျက်ရည်တွေကျခဲ့ရတဲ့နေ့လေးပေါ့။
နွယ်သု့တကိုငြင်းခဲ့လိုက်ပါပြီ။နွယ်မင်းထက်ပိုင်ကိုတစ်ယောက်ကိုပဲရင်ထဲချစ်နေမိမယ်ထင်တယ်။
နွယ်သု့တကိုငြင်းပြီးမင်းထက်ပိုင်ဆီအ
ပြေးလာခဲ့ပေမဲ့အခြေအနေတွေကနောက်ကျကုန်ပြီ။
အကိုနဲ့ရွှေစင်အဆင်ပြေရင်ပဲကျေနပ်ပါတယ်
😭😭😭😭😭😭😭😭😭😭😭😭😭😭
နွယ်တို့ခရီးကပြန်လာပြီးတစ်လလောက်ရှိပြီ။အကိုသု့တကတော့နွယ့်ကိုလက်မလျော့။
အမြဲနွယ့်ဆီပဲလာတယ်။စကားပြောတယ်။
သူအရှုံးမပေးသေးတဲ့အကြောင်းတွေပြောတယ်။
ရွှေစင်ကတော့နွယ့်ဆီလာပါတယ်။သူနဲ့အကိုအဆင်ပြေနေပြီဆိုတဲ့အကြောင်းတွေပြောပြတယ်။
အကိုနဲ့တော့ဖုန်းနဲ့ကောအပြင်မှာလူနဲ့ကောမပြောဖြစ်မတွေ့ဖြစ်ဘူး။
မတွေ့ဖြစ်တာပဲကောင်းပါတယ်။အကိုလည်းသူ့ဘာသာပျော်နေပြီပဲလေ။
နွယ်နောက်တစ်ပါတ်လောက်ဆိုမန္တလေးသွားပြီးတီလေးအလုပ်တွေကူရတော့မယ်။
နွယ့်ဘဝကတည်ငြိမ်လာပါပြီ။တစ်နေ့အကို့ကိုမေ့နိုင်မယ်လို့လည်းထင်တယ်။မေ့နိုင်အောင်လည်းကြိုးစားမှာပါ။
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
နွယ်မန္တလေးကိုရောက်ပြီ။
နွယ်တီလေးရဲ့ဟော်တယ်မှာမန်နေဂျာလုပ်ရတယ်။နေရာအားလုံးလူအားလုံးနဲ့မရင်းနှီးသေးတော့နွယ်တော်တော်လေးကြိုးစားရတယ်။
အားလုံးကနွယ့်ကိုသဘောကျတော့တစ်ခဏအတွင်းရင်းနှီးသွားကြပါတယ်။
နွယ်အဲ့မှာအလုပ်ကြိုးစားရင်းအကို့အကြောင်းတွေတောင်မေ့မေ့လျော့လျော့ဖြစ်လာပြီ။
ရွှေစင်လည်းဘာကြောင့်မှန်းမသိစင်္ကာပူကိုပြန်သွားသည်။သူ့ကိုလည်းအကို့အကြောင်းတွေမမေးမိ။
အကိုသု့တကတော့နွယ်ဆီအမြဲတမ်းဖုန်းဆက်သည်။
သူကို့မကြိုက်ရင်တောင်စကားပြောခွင့်လေးတော့ပေးပါတဲ့လေ။
နွယ့်အတွက်နားချိန်မရှိအောင်ကိုကြိုးစားခဲ့သည်။
အလုပ်အားရင်လည်းစာဖတ်ကော်ဖီသောက်သူငယ်ချင်းတွေနဲ့ပဲအချိန်ကုန်ခဲ့ရသည်။
ဘာလိုလိုနဲ့နွယ်ဒီရောက်တာနှစ်နှစ်တောင်
ပြည့်တော့မယ်။အခုချိန်လောက်ဆိုအကိုနဲ့ရွှေစင်လည်းလက်ထပ်ပြီးလို့ကလေးတွေတောင်ရနေလောက်ပြီ။
"မမ..အပြင်မှာဧည့်သည်တစ်ယောက်ကမန်နေဂျာနဲ့တွေ့ချင်လို့ပါတဲ့..."
ဝန်ထမ်းကောင်မလေးကနွယ့်ကိုလာခေါ်တာနဲ့ပဲနွယ်လိုက်ခဲ့ရသည်။
"ဘာဖြစ်တာလဲ..."
"လူတစ်ယောက်ကမမကိုတွေ့ချင်လို့တဲ့... ဘာဖြစ်တာလဲတော့မသိဘူး..."
"အခု့သူဘယ်မှာလဲ..."
"အခန်းနံပါတ်၅၃မှာပါ..."
"ဒါဆို..မမသွားလိုက်မယ်..."
"မမတစ်ယောက်ထဲရလို့လား..."
"ရပါတယ်...အပေါ်ထပ်မှာမမရဲ့စာရင်းတွေသာကြည့်ပေး..မမဒီကိစ္စလုပ်လိုက်မယ်..."
"ဟုတ်မမ..."
နွယ်အခန်းနံပါတ်၅၃ကိုရောက်လာခဲ့သည်။
"ဒေါက်...ဒေါက်...ဒေါက်..."
"ဧည့်သည်ရှင့်...ကျွန်မမန်နေဂျာပါ...ဘာများလိုအပ်လို့ပါလဲ..."
အထဲကဧည့်သည်ကဘာမှလည်းပြန်မထူး။
တံခါးပေါက်ကြီးကလည်းပွင့်လို့။
တစ်ခုခုများအထဲမှဖြစ်နေမလား။
ဒီအတိုင်းဝင်သွားလိုက်ရမလား။
"ဟူး...ဧည့်သည်ရှင့်..ဝင်ခဲ့ပါပြီနော်..."
နွယ်အခန်းတံခါးကိုဖွင့်ပြီးဝင်သွားတော့တစ်ခန်းလုံးကမှောင်မည်းနေတာပဲ။
ဒါကြောင့်နွယ်ဘေးကမီးခလုတ်ကိုဖွင့်လိုက်လေသည်။
ကြည့်တော့ဘယ်သူမှမရှိ။အိပ်ခန်းဘက်သွားကြည့်မှပဲ။
အိပ်ခန်းတစ်ခန်းလုံးမှောင်နေပြီး။ဧည့်သည်အိပ်နေသောနေရာဘေးကသာမီးလင်းနေသည်။
ဒီအခြေအနေကြီးကိုရုတ်တရက်မှတ်မိသွားသည်။ဒါအကို့ကိုသွားနှိုးတဲ့မနက်ခင်းကပဲ။အကိုလည်းဒီလိုမျိုးအိပ်တတ်တာ။
နွယ်ဧည့်သည်အိပ်နေတာနဲ့ထွက်သွားမည့်အလုပ်။
"အိပ်နေတယ်...ခဏနေမှပဲပြန်လာလိုက်ပါ့မယ်..."
"အား..."
နွယ်ကြမ်းပြင်ကအဝတ်စကိုမမြင်တက်နင်းပြီးချော်လဲသွားသည်။
"အမလေး..နာလိိုက်တာ..."
ဧည့်သည်နှိုးသွားပြီထင်တယ်။နွယ့်ကြောင့်။
ဧည့်သည်မီးဖွင့်လိုက်လေသည်။
"ဘယ်သူလဲ...."
လဲကျနေသောနွယ်ကုန်းထပေမဲ့မရ။ခြေထောက်ခေါက်သွားလေသည်။
"အား...အား..."
ဧည့်သည်အိပ်ရာကနေထလာပြီးနွယ့်ဆီလာနေပြီ။
"ဘယ်သူလဲ..."
ဧည့်သည်နွယ့်နားကိုရောက်လာလေတော့နွယ်အော့ကြည့်မိသည်။
"ဟို...ကျွန်မက...အကို..."
နွယ်မင်းထက်ပိုင်ကိုမြင်လိုက်ရခြင်းကြောင့်အံသြသွားလေသည်။
"အကို..."
နွယ်ကုန်းပြီးထလေရာ..ကိုယ်ကစိတ်စေရာမပါ။
"ဖြေးဖြေးထလေ...လာ...ကိုယ်တွဲပေးမယ်...."
နွယ်နားမလည်တဲ့မျက်လုံးတွေနဲ့တာကြည့်နေလေသည်။မင်းထက်ပိုင်နွယ့်ကိုပွေ့ပြီးခုံပေါ်ကိုတင်ပေးလိုက်လေသည်။
ပြီးနောက်ဆေးသေတ္တာကိုယူလိုက်ပြီး..နွယ်ခြေထောက်ကိုနှိပ်နယ်ရင်းဆေးလိမ်းပေးလေသည်။
"အကို..."
"မမေးနဲ့ဦး..."
"ဟုတ်..."
အကိုကအရင်အတိုင်းပါပဲနွယ့်ကိုနိုင်ထက်စီးနင်းလုပ်တုန်း။
နွယ်ငြိမ်ငြိမ်လေးထိုင်နေလေသည်။
မင်းထက်ပိုင်ဆေးကိုလိမ်းနေရင်း
"မင်းကအခုချိန်ထိတောင်ကိုယ့်ကိုယ့်ကိုဂရုမစိုက်သေးဘူး...ဘယ်ချိန်မှရင်ကျက်မှာလဲ..."
"ရှင်..."
"ပြောလိုက်ရင်...ဒီရှင်ကနေကိုဘာမှမပြောတတ်ဘူး..."
မင်းထက်ပိုင်ဆေးလိမ်းပြီးထလာကာနွယ့်နဖူးကိုတောက်လိုက်လေသည်။
"အား...နာတယ်...အကိုရဲ့..."
"ဒီလိုကျတော့နာတတ်သား..."
မင်းထက်ပိုင်လက်ဆေးဖို့သန့်စင်ခန်းထဲဝင်သွားလေသည်။
ရွှေစင့်ကိုလည်းမတွေ့ပါလား။
သူတို့တွေဘာများဖြစ်နေလို့လဲ။
နွယ်နာနေသောခြေထောက်ကိုအားပြု့ပြီးအငိုဆီ့ကိုလျှောက်လာခဲ့သည်။
အကိုကလက်ဆေးနေလေရဲ့။နွယ်အပေါက်ရှေ့မှာရပ်ရင်း..
"အကို..."
"မင်းထိုင်မနေပဲနဲ့ဘာထလုပ်ပြန်တာလဲ..."
"ရပါတယ်....အကို့ကိုနွယ်မေးစရာရှိလို့..."
"လာ...ထိုင်ခုံမှာထိုင်မေး..."
မင်းထက်ပိုင်နွယ့်ကိုပြန်ခေါ်ပြီးထိုင်ခုံမှာထိုင်ခိုင်းလိုက်လေသည်။
မင်းထက်ပိုင်တစ်ခြားခုံမှာထိုင်ရင်းခွက်ထဲကိုရေခပ်ထည့်လိုက်လေသည်။
အကိုကတော့တည်ငြိမ်နေတာပဲ။
"အကို...တစ်ယောက်ထဲလား...ရွှေစင်ပါမလာဘူးလား..."
မင်းထက်ပိုင်ထည့်ထားသောရေခွက်ကိုနွယ့်ဆီကမ်းပေးလိုက်လေသည်။
"အင်း...မပါဘူး..."
"ဟုတ်လား...နွယ်လည်းအလုပ်များနေတာနဲ့အကိုတို့ကိုမဆက်သွယ်ဖြစ်ဘူး....ဒါနဲ့အကိုဘယ်လိုလုပ်ဒီရောက်လာတာလဲ...အလုပ်ကိစ္စလား..."
"ဒီအတိုင်းအပန်းလာဖြေတာ..."
"ဟုတ်လား...ဒါဆိုဒီမှာအေးဆေးနေလေ...နွယ်ကိုတစ်ခုခုလိုရင်ပြော..နွယ့်ကိုခေါ်တယ်ဆိုတော့ဘယ်သူများလဲလို့...အကိုဖြစ်နေတာတော်သေးတယ်...တစ်ခုခုများဖြစ်လို့လားလို့...အကိုအလုပ်ကောအဆင်ပြေတယ်မလား...နွယ်...ရွှေစင်နဲ့တောင်စကားမပြောဖြစ်ဘူး..."
နွယ်စကားတွေတအားပြောလေသည်။
"မင်းပြောလို့ပြီးပြီလား..."
"ရှင်..."
"မင်းကရင့်ကျက်လာတာဆိုလို့စကားတအားများလာတယ်...."
"ဟီး..ဟီး..."
နွယ်အခုမှသူပြောတော့သတိထားမိလေသည်။
နွယ်ပါးစပ်ကိုပိတ်ပြီးထိုင်နေလေရဲ့။
"မင်းအလုပ်အဆင်ပြေတယ်မလား..."
"ပြေပါတယ်...ဒီကလူတွေနဲ့ကပေါင်းလို့သင်းလို့ကောင်းတယ်...."
"ပြီးတာပါပဲ...ငါဒီမှာအလုပ်တစ်ခုချဲ့ထွင်မလို့...အဲ့ဒါလာလုပ်တာ...."
"အကိုပြောတော့အပန်းဖြေမို့ဆို..."
"အလုပ်ပြီးရင်ပေါ့...."
"ဒါဆိုဘယ်လောက်ကြာမှာလဲ...ဒီမှာပဲနေမှာမလား..."
"...တစ်လလောက်ကြာမှာ..ဒီကစျေးကြီးတယ်...တစ်ခြားပဲပြောင်းတော့မယ်.."
"ဟာ..အကိုကလည်း...ဒီမှာပဲနေပါ...အကို့တွက်freeပါနော်...စိတ်မပူပါနဲ့..."
မင်းထက်ပိုင်ပြုံးလိုက်လေသည်။အကိုစိတ်ချမ်းသာနေတယ်ထင်ပါရဲ့။အရင်ကဆိုသူ့အပြုံးတွေကိုသိပ်မမြင်ရဘူး။
အခုတော့ပြုံးလိုက်တာပါးချိုင့်လေးတောင်ထင်းလို့။
နွယ်လည်းအကို့ကိုကြည့်ပြီးပြုံးလိုက်မိ၏။
"ဒါဆို..အကိုနားဦးလေနော်...နွယ်နေ့ခင်းကျမှတစ်ခေါက်လာခဲ့မယ်...အခုကအလုပ်လေးတွေရှိလို့..."
"ခြေထောက်နာနေတာအလုပ်လုပ်မလို့လား..."
"ရပါတယ်...ဒီကနွယ်မရှိရင်အဆင်မပြေဘူး...နွယ်သွားတော့မယ်နော်..."
"အင်းပါ..."
နွယ်ခြေထောက်လေးေထော့နဲ့ထော့နဲ့.နှင့်ထွက်သွားလေသည်။
အချိန်တွေအကုန်သွားပေမဲ့လည်းနွယ်အကို့ကိုမေ့မရခဲ့ပေ။
နွယ်အခုတော့သေချာသွားပြီ။အကို့မှာရွှေစင်ရှိနေရင်တောင်နွယ်တိတ်တိတ်လေးသဘောကျသွားပါ့မယ်။
ဒါပေမဲ့ရယူဖို့တော့မကြိုးစားတော့ဘူး။
နွယ်ဘယ်လောက်ပဲကြိုးစားကြိုးစားအကို့ကိုမေ့ရမှာမဟုတ်။ဒုတိယအကြိမ်ထပ်ချစ်မိမှာပါပဲ။
တတိယအကြိမ်။အို....အကြိမ်ပေါင်းများစွာချစ်နေမိမှာ။
ဒါဟာနွယ်ရဲ့ချစ်ခြင်းတရားပဲ။နွယ်အတွက်ဝဋ်ဆိုရင်လည်းအဲ့ဝဋ်ကိုနွယ်ရဲရဲကြီးခံယူ
လိုက်ပါ့မယ်။
🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉🍉
နွယ်တို့ချောင်းသာခရီးကပြန်လာပြီးနွယ်တို့အိမ်မှာပြဿနာဖြစ်ခဲ့ကြတယ်။
အဲ့အချိန်မှာနွယ့်ရဲ့တီတီလေးအကြောင်းကိုနွယ်အလုံးစုံသိခဲ့ရသည်။
"ဒီကိစ္စကကျွန်တော်သဘောမတူသေးဘူး...ဘာလို့အတင်းစီစဥ်နေရတာလဲ..."
"မင်းကိုကောင်းစေချင်လို့စီစဥ်တာလေ...ဒါတောင်မင်းမသိဘူးလား..."
"ဘာကောင်းစေချင်တာလဲ...အ​​ေဖ့မိန်းမကိုမေးကြည့်လိုက်ပါ...ကျွန်တော့်ကိုကောင်းစေချင်ရဲ့လားလို့....
"ဘာ..."
"အဖေမိန်းမကြီးကရွှေစင်အဖေနဲ့ပေါင်းပြီးကျွန်တော့ကိုဖြုတ်ချချင်နေတာလေ...
ကျွန်တော်နဲ့ရွှေစင်နဲ့ယူလိုက်ရင်ရွှေစင်ကျွန်တော့ရဲ့ပိုက်ဆံတွေကိုပိုင်သွားပြီ...သူတို့
ရွှေစင့်ကိုကြားခံလုပ်ပြီးကျွန်တော့ပိုင်ဆိုင်မှု့တွေလိုချင်နေတာ..ဟုတ်တယ်မလား....ပြောလိုက်လေ...စုန်းမကြီးရဲ့...ခင်ဗျားရဲ့မျက်နှာဖုံးကိုဖြုတ်ချလိုက်စမ်းပါ..."
မင်းထက်ပိုင်ရဲ့အဖေ..တီတီလေးကိုကြည့်နေလေသည်။
"မဟုတ်ဘူးနော်...မဟုတ်ဘူး..သဇင်အဲ့လိုမလုပ်ဘူး...သူလျှောက်ပြောနေတာ...သဇင်ကသားကောင်းစေချင်လို့လုပ်တာ...."
ဦးထက်ပိုင်လည်းစဥ်းစားဥာဏ်ရှိတဲ့သူတစ်ယောက်ပါ။မင်းထက်ပိုင်ပြောတာဖြစ်နိုင်တယ်ဆိုတာသိတယ်။
"သဇင်ပြောပြမယ်...သဇင်ကအဲ့လိုမဟုတ်ဘူး.."
"ခင်ဗျားကြီးလျှောက်မပြောနဲ့...ကျုပ်အမေကိုသတ်ရုံမကဘူး...ကျုပ်အဖေနဲ့ပါသွေးခွဲခဲ့တာ..ခင်ဗျားကြီးကအကျင့်တစ်စက်မှမကောင်းတဲ့လူယုတ်မာမကြီး..."
နွယ်အခန်းထောင်နားကနေဖြစ်သမျှကိုငြိမ်ငြိမ်လေးချောင်းကြည့်နေလေသည်။
"မဟုတ်ဘူး...မင်းမသိပဲဘာလျှောက်ပြောနေတာလဲ..."
ဦးထက်ပိုင်..ဒေါ်သဇင်နွယ့်ကိုမယုံသင်္ကာသောမျက်လုံးတွေနဲ့ကြည့်နေလေသည်။
"ဘာမဟုတ်ရမှာလဲ...အမေမဆုံးခင်နေ့ကခင်ဗျားကြီးဆေးရုံကိုရောက်လာတယ်...အမေနဲ့အငြင်းအခုန်ဖြစ်တယ်...ပြီးတော့ခင်ဗျားထွက်သွားတဲ့အချိန်မှာအမေ...အမေဆုံးပြီ...ခင်ဗျားကြီးနောက်တောင်လှည့်မကြည့်ပဲထွက်သွားခဲ့တာလေ...မေ့နေပြီလား..."
နွယ်မင်းထက်ပိုင်စကားကြောင့်ကြားတဲ့နားတောင်မယုံ။တီလေးကဒီလိုလုပ်မယ်ဆိုတာမဖြစ်နိုင်ဘူး။
"ဟေ့...မင်းပြောတာမဟုတ်ဘူး...ငါသတ်တာမဟုတ်ဘူး...သူ့ဘာသာသေတာ...နှလုံးဖောက်ပြီးသေတာ... ငါနဲ့မဆိုင်ဘူး..."
"ခင်ဗျားကြီးကျုပ်အမေကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့တာလေ...မိန်းမရှိရဲ့သားနဲ့...သူ့ရဲ့ယောက်ျားကိုမရရအောင်ယူခဲ့တာကို..."
"မဟုတ်ဘူး...မင်းအဖေနဲ့ငါနဲ့အစတည်းကချစ်ခဲ့တာ...မင်းအမေရှိမှန်းတောင်ငါမသိခဲ့ပါဘူး..."
"သိတော့ကော...နောက်ဆုတ်ပေးခဲ့လို့လား...မရရအောင်နည်းမျိုးစုံနဲ့ဖြားယောင်းခဲ့တာပဲလေ..."
"ဖြောင်း...."
ဒေါ်သဇင်နွယ်မင်းထက်ပိုင်၏ပါးကိုရိုက်လိုက်လေသည်။
"ဘာလုပ်တာလဲ..."
"ဆုံးမလိုက်တာလေ...ဒီလောက်တောင်ကျွန်မကိုမိုက်ရိုင်းနေတာ..."
"မင်းဆုံးမစရာမလိုဘူး...ဒါငါ့သား...ငါ့ဘာသာဆုံးမမယ်...မင်းနဲ့မဆိုင်ဘူး..."
"ဘာရှင့်..."
"ဟုတ်တယ်...ငါ့တစ်ဘဝလုံးမင်းခိုင်းသမျှပဲငါလုပ်လာခဲ့ရတာ...မင်း​ကြိုက်သလိုပဲငါ့ကိုစီမံခဲ့တယ်...သားအပေါ်ကိုအထင်တွေလွဲလာအောင်လည်းမင်းပဲလုပ်ခဲ့တာ...အခုတော့ငါသိသွားပြီ...မင်းကငါ့ကိုချစ်တာထက်ပိုင်ဆိုင်ချင်နေတာ...အနိုင်လိုချင်နေတာ...မင်း..သား
အမေဆီကနေငါ့ကိုအပြိုင်လုခဲ့တာမလား..."
"ဟုတ်တယ်...အခုတော့ရှင်သိသွားပြီပေါ့...ကျွန်မရှင့်ကိုတကယ်ချစ်ခဲ့ပါတယ်..အဲ့ဒါပိုင်ရှင်ရှိမှန်းမသိခဲ့လို့...ကျွန်မနောက်ဆုတ်ဖို့ကြိုးစားခဲ့ပါသေးတယ်...ဒါပေမဲ့ရှင့်ရဲ့မိန်းမကကျွန်မ့ကိုလူရှေ့သူရှေ့မှာအရှက်ခွဲခဲ့တယ်...ကျွန်မလိုချမ်းသာပြီးဂုဏ်ရှိတဲ့မိန်းမသားတစ်ယောက်အတွက်တော့အဲ့ဒါအရမ်းကိုရှက်စရာတစ်ခုပဲ...ဒါကြောင့်ကျွန်မရှင့်ကိုမရရအောင်ယူခဲ့တာ...
ဒါပေမဲ့ရှင့်မိန်းမနောက်ဆုံးနေ့ကသူ့ဘာသာနှလုံးဖောက်ပြီးသေတာ...ကျွန်မနဲ့မဆိုင်ဘူး..."
"မင်းကတော်တော်ကိုကြောက်စရာကောင်းတဲ့မိန်းမပဲ...မင်းဘာလို့ဒီလောက်တောင်ယုတ်ညံရတာလဲ..."
သဇင်နွယ်ပြုံးပြပြီးပခုံးပင့်ပြလေသည်။
"မင်းဘာလို့များ...ဘာလို့များ...ဒီလိုလုပ်ရက်ရတာလဲကွာ...."
"ဒါအားလုံးကရှင့်အမှားတွေကြောင့်ပဲလေ....ရှင်သိလား...ကျွန်မဆိုတဲ့မိန်းမကကိုယ်လိုချင်တာမရရအောင်လုပ်တတ်တယ်ဆိုတာ...
ရှင်ကမိန်းမအပေါ်သစ္စာမရှိတဲ့သူတစ်ယောက်...မိန်းမသားချင်းကိုယ်ချင်းစာပေမဲ့..ကျွန်မအတွက်ကတော့ကျွန်မရဲ့ဂုဏ်သိက္ခာကပိုအရေးကြီးတယ်...."
"မင်း...မင်း...ငါမင်းနဲ့ဆက်မပေါင်းနိုင်ဘူး....အခုချက်ချင်းကွာရှင်းမယ်....မင်းလိုရက်စက်တဲ့မိန်းမနဲငါဆက်မပေါင်းနိုင်ဘူး...အခုချက်ချင်းငါ့အိမ်ကထွက်သွား..."
"ရတယ်...ကွာလိုက်လေ...ဒါပေမဲ့...ရှင့်ရဲ့ပိုင်ဆိုင်မှုတစ်ဝက်ကတော့ကျွန်မအပိုင်ပဲနော်..."
"ဘာကွာ..."
"ဒီမယ်...တစ်ခုပြောလိုက်မယ်...မိန်းမတစ်ယောက်ကိုရှင်လှည့်စားခဲ့အတွက်ဒါအပြစ်ဒဏ်ပဲ...ကြားထဲကရှင့်မိန်းမအတွက်တော့စိတ်မကောင်းဘူး....ကျွန်မသွားမယ်..မနက်ဖြန်ကွာရှင်းစာချုပ်ပို့လိုက်မယ်..."
ဒေါ်သဇင်နွယ်ထွက်လာခဲ့လေသည်။
"လာ..သမီး...သွားရအောင်..."
တီတီလေးနွယ့်လက်ကိုဆွဲပြီးထွက်လာခဲ့သည်။
နွယ်တီလေးကိုနားမလည်နိုင်ဘူး။ဂုဏ်သိက္ခာတစ်ခုအတွက်ဘာလို့လက်စားချေခဲ့ရတာလဲ။
အချစ်တွေ၊အချိန်တွေ၊အားလုံးကအလကားပဲဖြစ်ကုန်ပြီ။
အမှန်တော့တီလေးကအချစ်ကြီးတဲ့သူတစ်ယောက်ပါ။ပထမဆုံးစချစ်မိခဲ့တဲ့အချစ်ဟာမှားယွင်းနေခဲ့မိတယ်။
ပိုင်ရှင်ရှိမှန်းသိရက်နဲ့စွန့်ပစ်ချင်ခဲ့ပေမဲ့နောက်ဆုံးတော့လည်းချစ်တဲ့သူနားနေဖို့ရွေးခဲ့တာပဲလေ။ကလဲ့စားချေတယ်ပဲပြောပြောချစ်တဲ့သူနားနေခဲ့ရလို့ပျော်ခဲ့မှာပါ။
ဒီလိုနဲ့တီလေးနှင့်ဦးကွာရှင်းလိုက်ကြလေသည်။အဲ့ကတည်းကနွယ်နဲ့အကိုမတွေ့ဖြစ်တော့ဘူး။
တီလေးလည်းတစ်ယောက်ထဲဆိုတော့ဘုရားတရားလုပ်ရင်း။နွယ့်ကိုလည်းဟော်တယ်ကိုအုပ်ချုပ်ခိုင်းထားလေသည်။
အချို့အချစ်တွေကချိုမလိုနဲ့ခါးသက်ကြတယ်။အချို့အချစ်တွေကျတော့လည်းခါးသက်လွန်းမလိုနဲ့ချိုမြိန်နေတတ်သည်။
🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇🍇

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်Where stories live. Discover now