အပိုင်း၁၂

61 1 0
                                    

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၁၂)
နွယ်ရွာရောက်တာအတော်ကြာပြီမို့တီလေးတို့ဆီပြန်လာခဲ့သည်။
နွယ်ကားပေါ်ကဆင်းပြီးအထုတ်တွေကိုသယ်နေသည်။
ရွာကမေမေတို့ကတီလေးတို့အိမ်အတွက်ဆိုပြီးပစ္စည်းတွေပါထည့်ပေးလိုက်တော့မနိုင်မနင်းဖြစ်လေပြီ။
ခြံထွက်သီးနှံတွေကိုထည့်ထားသောခြင်းရယ်။နွယ့်ရဲ့ခရီးဆောင်အိတ်ရယ်။ပိုက်ဆံအိတ်ရယ်။ခြင်းပြည့်နေလို့အလွတ်ပါလာသောငှက်ပျောဖီးရယ်နဲ့ကားပေါ်ကဆင်းဆင်းချင်းဟိုဟာသယ်ရဒီဟာသယ်ရနဲ့။
ထိုအချိန်ကိုကိုရောက်လာလို့ပေါ့။
အိမ်ကကားနဲ့နွယ့်ကိုကားဂိတ်လာကြိုတာတော်သေးတယ်။နို့မို့ဆိုTaxiကငှားရခက်နေရင်ဒုက္ခ။
"မမလေး...သွားကြရအောင်လေ..."
"အင်း...သွားမယ်လေ..."
နွယ်ကားပေါ်တက်လာခဲ့သည်။
ကိုကိုရှေ့ကနေကားမောင်းရင်း
"မမလေး..သိလား...အကိုလေးကတော့မိန်းမရတော့မယ်.."
"ဟမ်..."
"မမလေးမသိသေးဘူးမလား..."
"အင်း...ဘယ်လိုဖြစ်တာလဲ...."
"မမကြီးနဲ့အကိုကြီးကအကိုလေးကိုစင်္ကာပူကဆိုလားပဲ..အဲ့ကကောင်မလေးတစ်ယောက်နဲ့စေ့စပ်ပေးတော့မှာ.."
"ဟင်...နွယ်လည်းဘာမှမသိရပါလား...နွယ်ပြန်သွားတာဖြင့်မကြာသေးပါဘူး..."
"အဲ့လိုပါပဲမမလေးရယ်...အကိုကြီးတို့ကဘာတွေလောပြီးလုပ်လိုက်တာလဲမသိပါဘူး..."
"အကိုကကောလက်ခံရဲ့လား..."
"အခုထိတော့လက်မခံသေးဘူး..."
ဟူး...နွယ့်ရင်ထဲစိုးထိတ်သွားသောအလုံးကြီးနည်းနည်းကျသွားလေရဲ့။
နွယ်တစ်လမ်းလုံးစဥ်းစားလာခဲ့မိသည်။
နွယ်အကို့ကိုတစ်ခြားသူနဲ့လက်မထပ်စေချင်ဘူး...ဒါပေမဲ့နွယ်နဲ့အကိုနဲ့ကလည်းနီးစပ်ဖို့မဖြစ်နိုင်ဘူးလေ...
နွယ်အိမ်ရောက်လာတော့ကြွယ်ကအရင်​ပြေးပြီးကြိုလေသည်။
"မမလေး...ဟင်းသတိရနေတာ..."
"အင်းနွယ်လည်းသတိရပါတယ်..."
"လာမမလေး..အထဲဝင်ရအောင်...ကိုကိုအထုတ်တွေနင်သယ်ခဲ့လိုက်တော့..."
"အေးပါဟ..."
နွယ်အိမ်ထဲရောက်တော့ဧည့်ခန်းထဲမှာဧည့်သည်တွေရောက်နေလေသည်။
နွယ့်ကိုတီတီလေးမြင်တာနဲ့နွယ့်ဆီကိုလျှောက်လာခဲ့သည်။
"သမီးလေး...ပြန်လာပြီလား..."
"ဟုတ်...ဒါနဲ့သူတို့ကဘယ်သူတွေလဲ..."
"ဪ..လာ.တီလေးမိတ်ဆက်ပေးမယ်...."
နွယ်တို့သူတို့ဆီသွားခဲ့သည်။တီလေးနဲ့နွယ်ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
"ဒါကျွန်မရဲ့တူမလေးလေ...ပိုးသားနွယ်လို့ခေါ်ပါတယ်...သမီး...နွယ့်ကိုမှတ်ထားနော်...နောက်ကျရင်ဆွေမျိုးတွေဖြစ်လာမှာလေ..."
"ဟုတ်..."
ဆွေမျိုးတွေဖြစ်လာမှာ...နွယ့်ရှေ့ကတီလေးမိတ်ဆက်ပေးနေသောကောင်မလေးကိုအကဲခတ်မိသည်။
"နွယ်...ဒါသမီးအကိုနဲဲ့လက်ထက်မဲ့ကောင်မလေးလေ...ရွှေစင်လို့ခေါ်တယ်..."
"ဟုတ်ကဲ့...တွေ့ရတယဝမ်းသာပါတယ်နော်..."
အသားဖြူဖြူ၊အရပ်ရှည်ရှည်ဆံပင်လေးလည်းနွယ်နဲ့မတိမ်းမယိုင်းလောက်ပါပဲ။
တော်တော်လေးလည်းယဥ်ကျေးတယ်။လူကြီးတွေပြောသမျှကိုပြုံးပြီးနားထောင်နေတာ။
ရုပ်ကလေးကလည်းတော်တော်လေးချောသည်။အလှလေးပေါ့။
နိုင်ငံခြားမှာနေပေမဲ့မြန်မာဆန်ဆန်လေးပဲ။
နွယ့်နဲ့ပုံစံချင်းကအားလုံးနီးပါးတူနေတယ်။
သူတို့တွေစကားပြောနေတာကိုနွယ်နားထောင်နေရသည်။
ပျင်းလိုက်တာနော်။
"မေမေ...သမီးပျင်းလို့အပြင်ထွက်စောင့်လို့ရလား..."
"အင်း...တစ်ယောက်ထဲသွားမှာလား..."
"အန်တီသမီးလိုက်ပို့လိုက်ပါ့မယ်...."နွယ်ဝင်ပြောလိုက်လေသည်။
"ဒါဆိုသမီးကိုပဲအားကိုးတော့မယ်နော်..."
"ဟုတ်...လာလေ..သွားရအောင်..."
"အင်း..."
နွယ့်တို့ခြံထဲကိုထွက်လာခဲ့လေသည်။
နွယ်တို့လမ်းလျှောက်ရင်းစကားပြောဖြစ်ကြတယ်။
ရွှေစင်ကပန်းတွေကိုစိတ်ဝင်စားတာပဲ။အပင်လေးတွေအကြောင်းတော်တော်များများသိတယ်။
"အယ်...ဟိုအပင်လေးကစံပယ်ပင်မလား..."
"ဟုတ်တယ်လေ..."
"အဲ့ဒါရွှေစင်အရမ်း​ကြိုက်တာ..."
ရွှေစင်ပြောရင်းနဲ့စံပယ်ပင်နားလေးကိုပြေးသွားလေသည်။
"ရွှေစင်...ခူးလို့ရမလား..."
"ရပါတယ်..."
ရွှေစင်စံပယ်တစ်ခက်ကိုခူးပြီးခေါင်းမှာပန်လိုက်လေသည်။
"လှလား...နွယ်..."
"လှပါတယ်..."
လှတာပေါ့။အခုမှစံပယ်ပင်လေးကပိုင်ရှင်အစစ်အမှန်ကိုတွေ့သွားတာကို။
"ဒါဘယ်သူစိုက်ထားတာလဲ...ရွှေစင်ကစံပယ်အရမ်းကြိုက်တာ..."
"အကိုပါ..."
"အကိုဆိုတာက..."
"ဪ..ရွှေစင်နဲ့လက်ထက်မဲ့အကိုမင်းထက်ပိုင်ကိုပြောတာပါ..."
"ဟုတ်လား...ဒါနဲ့..နွယ်..တစ်ခုလောက်မေးလို့ရမလား..."
"မေးလေ..."
"ဟို...နွယ့်အကိုကဘယ်လိုပုံမျိုးလဲဟင်..."
"အကို့ဓာတ်ပုံမမြင်ဖူးဘူးလား...."
"မြင်ဖူးပါတယ်...သူရဲ့နေပုံထိုင်ပုံတွေကိုပြောတာပါ...သူကဘယ်တွေ​ကြိုက်တတ်လည်းဟင်..."
ရွှေစင်နွယ့်ကိုမေးပြီးသူ့ကိုယ့်သူရှက်နေတဲ့ပုံပါပဲ။မျက်နှာလေးကိုနီရဲသွားတယ်။
"ဟင်...အကိုကလူကောင်းပါ...ဒါပေမဲ့သူကတစ်ခါတစ်လေသူများတွေကိုအရမ်းအနိုင်
ကျင့်တတ်တယ်..."
"ဟုတ်လား...ဒါဆိုသူကကြောက်စရာကောင်းတာပေါ့..."
"အဲ့လိုလည်းပြောလို့ရပေမဲ့...သူကစိတ်ကောင်းရှိပါတယ်...အေးအေးဆေးဆေးနေရတာကိုသဘောကျတယ်...စာလည်းဖတ်တာကြိုက်တယ်...
နွယ့်မျက်ဝန်းထဲမှာပေါ်လာတဲ့အကိုရဲ့ပုံစံတွေကိုပြောပြလေသည်။
နွယ်အကို့ရဲ့နေပုံတွေကိုမှတ်မိတယ်။
"တစ်ခါတစ်လေသူနဲ့မတူအောင်ကိုပြောင်းလဲတတ်ပြီးလူကိုလည်းဂရုစိုက်ပေးတယ်...လူတွေကသူ့ကိုခက်ထန်ပြီးကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့သူကတကယ်တော့နွေးထွေးပြီးကြင်နာတတ်တဲ့သူတစ်ယောက်ပါ..."
နွယ့်စကားတွေကိုရွှေစင်စိတ်ဝင်တစားနဲ့နားထောင်နေလေသည်။
"ဒါနဲ့လေ...နွယ်..သူ့မှာရည်းစားကောရှိလား..."
"အဲ့ဒါတော့နွယ်မသိဘူး..."
"နွယ့်ကိုတစ်စုံတစ်ခုလေးတောင်မပြောပြဘူးလား..."
"မပြောပြဘူး...နွယ်တို့ကအရမ်းကြီးမရင်းနှီးကျဘူးလေ..."
"ဪ...သူမှာချစ်သူများရှိနေရင်တော့ဘယ်လိုလုပ်မလဲနော်..."
"နွယ်ထင်တာတော့မရှိလောက်ပါဘူး..."
"နွယ်...ရွှေစင့်ကိုဘယ်လိုထင်လဲ...သူရွှေစင့်ကိုစိတ်ဝင်စားလောက်လား..."
"အင်း...ရွှေစင်ကဒီလောက်လှတာသဘောကျလောက်မှာပါ..."
"ဟုတ်လား..ပျော်လိုက်တာ...ရွှေစင်လေ..သူ့ဓာတ်ပုံမြင်ပြီးကတည်းကသူ့ကိုသဘောကျနေတာ...သူများချစ်သူတွေဘာတွေရနေမှာစိုးလို့..တော်သေးတယ်...ရွှေစင့်အတွက်အခွင့်အရေးရသွားပြီပေါ့နော်..."
"အင်း..."
ရွှေစင်ကအကို့ကိုတကယ်သဘောကျသွားပြီပဲ...ပျော်ရွှင်နေလိုက်တာ...ကလေးလေးကျလို့...
နွယ့်ရင်ထဲဘာများဖြစ်လို့ဝမ်းနည်းနေရတာလဲ။
အကို့ကိုအရမ်းချစ်တဲ့သူပေါ်ပေါက်လာပြီလေ။နွယ်ဝမ်းသာပေးရမှာပေါ့။ဟုတ်တယ်မလား။
😊😊😊😊😊😊😊😊😊😊😊😊😊😊
နွယ့်အိပ်ရာဝင်ဖို့ခြေလက်ဆေးပြီးထွက်လာခခဲ့သည်။
"ဒေါက်...ဒေါက်...ဒေါက်..."
"သမီး..နွယ်ရေ...အိပ်နေပြီလား..."
"မအိပ်သေးဘူးတီလေး...ဝင်ခဲ့လေ..."
"အေး..."
တီလေးနွယ့်အခန်းထဲကိုတံခါးဖွင့်ပြီးဝင်လာခဲ့လေသည်။
"သမီး..အိပ်တော့မို့လား..."
"အင်း..လာလေ...တီလေးလာထိုင်..."
နွယ့်ရဲ့အိပ်ရာပေါ်မှာတီလေးထိုင်လိုက်လေသည်။
နွယ်နဲ့တူတူပေါ့။
"ဘာလို့လဲတီလေး..."
"သမီး...အန်တီတစ်ခုပြောချင်လို့ပါ...အကူအညီနည်းနည်းတောင်းချင်တယ်..."
"ဟုတ်ကဲ့ပါ...နွယ်ကူညီပါ့မယ်..ပြောလေ.."
"သမီးအကိုကရွှေစင်ကိုလက်မခံချင်ဘူး...တီတီလေးတို့ပြောတာကိုနားမထောင်ဘူးလေ...ဒါကြောင့်သမီးသူ့ကိုပြောပေးပါ့လား..."
"ရှင်....သမီးကပြောရမှာလား...."
"ဟုတ်ပါတယ်...နွယ့်စကားဆိုသမီးအကိုကနားဝင်ချင်ဝင်လိမ့်မယ်လေ..."
"ဒါပေမဲ့တီလေးရယ်...နွယ်​မပြောရဲဘူး...
အကိုကတောင်လက်မခံတာဘယ်လိုလုပ်မလဲ"
"သူလက်မခံလို့ပေါ့...သမီးပြောပေးပါ..သမီးပြောရင်နည်းနည်းပါးပါးလက်ခံချင်လာဦးမယ်လေ..."
"တီလေး...ပြောပေးပါ့မယ်လေ...မရတာတော့နွယ်အာမမခံနိုင်ဘူးနော်...."
"အင်းပါ...ဒါဆိုတီလေးသွားတော့မယ်...သမီးအကိုဆီလှမ်းပြောလိုက်ဦးနော်..."
"ဟုတ်..."
တီလေးပြန်သွားပြီ။နွယ့်ဖုန်းကိုယူပြီးဆက်ဖို့လုပ်ပေမဲ့မဆက်ချင်ဘူး။အကိုကို့လက်ထက်ဖို့ကိုနွယ့်ဆီဘာလို့များလာခိုင်းတာပါလိမ့်မယ်နော်။
ဒါပေမဲ့လည်းဆက်ရမှာပဲလေ။ဒါနဲ့ဘယ်လိုပြောရမှာလဲ။
"တီ....တီ...တီ..."
ခဏကြာတော့
"ပိုးသားနွယ်...."ဖုန်းကိုင်တာနဲ့နာမည်ကိုခေါ်တာအရင်ကြားရပြီ။
အသံကလည်းကြောက်စရာကောင်းလိုက်တာနော်။
"ဟယ်လို..အကို...."
"မင်းဘာကိစ္စလဲ...မြန်မြန်ပြော..."
"ဟို...အကိုလက်ထက်တော့မှာဆို..အဲ့ဒါဝမ်းသာပါတယ်လို့ပြောချင်လို့ပါ..."
"ဘာ....ငါလက်ထက်မယ်လို့မင်းကိုဘယ်သူပြောလဲ..."
"တီတီလေးတို့ပြောတာ...အကိုနဲ့လက်ထက်တော့မဲ့ရွှေစင်ကလည်းတော်တော်လေးလှတယ်နော်...ယဥ်ကျေးပြီးပွင့်လင်းတယ်...အကိုကံကောင်းတာပဲ..."
"မင်းပြောလို့ပြီးပြီလား..."
"ကျန်သေးတယ်..."
"ဘာပြောဦးမှာလဲကွာ..."
"အကိုကဒီလက်ထက်မဲ့ကိစ္စကိုသဘောမတူဘူးဆို..ဘာလို့လဲ..."
"ငါမလိုချင်လို့ပေါ့...ငါအဲ့ရွှေစင်ဆိုတဲ့ကောင်မလေးကိုချစ်လည်းမချစ်ဘူး..လက်လည်းမထက်နိုင်ဘူး..."
"အကိုကလည်းအခုမချစ်လည်းနောင်ချစ်လာမှာပေါ့..."
"နောင်လည်းငါမချစ်ဘူး...မင်းဘာဖြစ်ချင်နေတာလဲ...မတွေ့ရတာများလို့ရန်ဖြစ်ချင်နေတာလား..."
"မဟုတ်ပါဘူး...နွယ်ကဒီအတိုင်းပြောပြတာပါ...အကိုလက်မခံရင်လည်းမပြောတော့ပါဘူး..."
"ပြီးတာပဲ..."
အကိုလက်မခံတာတော်သေးတယ်။နွယ့်စိတ်ထဲဘာလို့ရင်အေးသွားမှန်းမသိ။
"ပြီးတော့မင်းငါ့ကိုမတောင်းပန်ရသေးဘူးနော်..."
"ဘာကိုလဲ..."
"မင်းအမှားလုပ်ထားတယ်လေ..."
"ဘယ်မှာအမှားလုပ်လို့လဲ...နွယ်မလုပ်ပါဘူး...သိလည်းမသိဘူး..."
"မင်းဗြောင်မလိမ်နဲ့နော်...မင်းလုပ်ပြီးတော့.."
"အဲ့လိုပြောကြေးဆိုအကိုလည်းနွယ့်ကိုတောင်းပန်ရမှာပဲလေ...အကိုလည်းနွယ့်ကိုမှားထားတာရှိတာပဲ..."
"ဟမ်...ငါ့ဘက်လှည့်မလာနဲ့...အဲ့နေ့ငါလာခေါ်တယ်လေ...မင်းဘာသာမလိုက်တာလေ..."
"ဪ...အဲ့ဒါကတောင်းပန်တာလား...လူကိုအတင်းခေါ်ပြီးအလုပ်လုပ်ခိုင်းမှာကတောင်းပန်တာလားအကို..."
"ငါရိုးရိုးခေါ်မင်းလိုက်မှာမို့လို့လား..."
"မလိုက်ဘူး..."
"တွေ့လား..မင်းအကြောင်းသိလို့ငါခေါ်တာလေ..မင်းမှားတာပဲ...နောက်ပြီးမင်းအဒေါ်ဘက်ပါတာမင်းကိုမကျေနပ်ဘူး..."
"မကျေနပ်တာကိုဒီလိုထုတ်ပြောတယ်ပေါ့..."
"မပြောတော့မင်းကသိမှာမို့လို့လား..."
"မသိဘူး..သိလည်းမသိချင်ဘူး..."
"မသိချင်ဘူးပေါ့...ပြီးတာပဲ....ဖုန်းချလိုက်တော့ငါအလုပ်ရှုပ်နေတယ်... "
အကိုဖုန်းကိုအရင်ချသွားလေသည်။နည်းနည်းလေးမှစလို့ကိုမရဘူးစိတ်ချည်းပဲ။
နွယ့်ဖုန်းချပြီးရယ်နေမိသည်။
အကိုနဲ့စကားပြောလိုက်ရတော့ပျော်မိသွားတယ်။သူတအားစိတ်ဆိုးနေမယ်ထင်ထားတာ။တော်ပါသေးရဲ့။
😊😊😊😊😊😊😊😊😊😊😊😊😊😊
ဒေါ်သဇင်နွယ်အခန်းပြင်ကိုထွက်လာပြီးနွယ်ဖုန်းဆက်နေတာကိုတိုးတိုးလေးခိုးနားထောင်နေသည်။
နွယ်ပြောတဲ့စကားတွေကိုရှင်းရှင်းလင်းလင်းကြားရသည်။
"သမီးလေးနွယ်.
တီတီတောင်းပန်ပါတယ်...တီတီသမီးလေးကိုအရမ်းချစ်ပါတယ်..အစကသမီးတို့ကိုသဘောတူထားပါတယ်ဒါ​​​ပေမဲ့
ငွေကချစ်ခြင်းမေတ္တာထက်အရေးကြီးတယ်မလား...နောက်ပြီးမင်းထက်ပိုင်ရဲ့အမွေတွေကိုတီတီလေးမပေးနိုင်ဘူး..သူအတွက်ဘာဆိုဘာမှမရစေရဘူး...သူပိုင်သမျှဟာလည်းသူ့အဖေနဲ့တီတီလေးတို့အတူတူလုပ်ထားရတာ...တီတီလေးသူ့အမေကိုကောသူ့ကိုကောမုန်းတယ်...
သမီးလေးကသူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာတီလေးသိတာကြောင့်သူ့ကိုတစ်ခြားကောင်မလေးနဲ့စေ့စပ်ပေးရတော့မယ်...ရွှေစင်ကတီလေးကြိုးဆွဲရာကမဲ့သူတစ်ယောက်ပါ...ရွှေစင်ပိုင်ဆိုင်တဲ့အရာတွေကမနည်းဘူး..နွယ့်အတွက်တီလေးစိတ်မကောင်းပါဘူး...ဒါပေမဲ့တီလေးပိုင်ဆိုင်တာမှန်သမျှကသမီးအတွက်ချည်းပါပဲနော်...သမီးနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်...."
ဒေါ်သဇင်နွယ်....အပေါက်ဝမှာရပ်ပြီးနွယ့်အတွက်စိတ်မကောင်းကြောင်းပြောရင်းထွက်သွားလေသည်။
😞😞😞😞😞😞😞😞😞😞😞😞😞😞

ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်Where stories live. Discover now