ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
အပိုင်း(၃)
နွယ်ကိုယ့်ကိုကိုယ်စဥ်းစားမိတယ်...နွယ်ဘာမှမလုပ်ထားပေမဲ့အကိုကနွယ့်ကိုသဘောမကျဘူး။
နွယ်သူနဲ့ခင်အောင်လုပ်ပြီးနီးစပ်ခွင့်ရမယ်ဆိုရင်ကော။မောင်နှမတွေပဲလေ။ရင်းနှီးအောင်တော့ကြိုးစားကြည့်ရမှာပေါ့။
ကျောင်းတုန်းကနွယ်သတ္တိမရှိခဲ့လို့အကိုနဲ့ဝေးခဲ့ရပြီ။
အခုနွယ်သတ္တိလေးတစ်ခါလောက်မွေးကြည့်ချင်တယ်။
နွယ်ကရွာသူဆိုတော့နောက်ကျတဲ့အထိမအိပ်တတ်ဘူး။မနက်ငါးနာရီဆိုမျက်လုံးကအလိုလိုပွင့်လာရော။
ဘာရယ်မဟုတ်ဘူး..နွယ်မျက်နှာသစ်အဝတ်အစားလဲပြီးအောက်ထပ်ကိုဆင်းလာခဲ့သည်။
ကြွယ်ကြွယ်ပြောတာတော့သူတို့သားအမိအခုချိန်လောက်ဆိုဆွမ်းလောင်းဖို့ထမင်းထချက်နေပြီတဲ့။
ဒါနဲ့နွယ်လည်းကူညီဖို့အောက်ထပ်ဆင်းလာခဲ့သည်။
ထင်တဲ့အတိုင်းပဲကြွယ်တို့သားအမိထမင်းစားခန်းထဲမှာအလုပ်ရှုပ်နေပြီ။
နွယ်ဝင်သွားပြီးသူတို့ကိုကူစရာရှိတာကူညီပေးသည်။
နွယ်ဒီနေ့ဆွမ်းလောင်းပြီးကုသိုလ်ယူသည်။
အဲ့ကုသိုလ်တွေနဲ့နွယ်ဒီအိမ်မှာအဆင်ပြေပြေနေနိုင်ပါစေလို့ပဲဆုတောင်းပါတယ်။
ဆွမ်းလောင်းပေးပြီးနွယ်တို့ထမင်းစားရန်ပြင်ဆင်ကြသည်။
ဒီနေ့ကတော့နွယ်ပထမဆုံးဟင်းချက်လက်စွမ်းပြတဲ့နေ့ပေါ့။
"မမလေးနွယ်..တော်လှချည်လား...အကုန်လုပ်တတ်နေတာပဲရော...မလုပ်တတ်တာကိုမရှိဘူး..."
"ဟီး..ကြွယ်တို့ကတော့မြှောက်ပြီ...အဲ့လောက်လည်းမဟုတ်ပါဘူး...."
"သမီး...ဘယ်နှစ်နာရီရှိပြီလဲ..."
"၇နာရီခွဲတော့မယ်အမေ..."
"ဒါဆိုအကိုလေးကိုနိုးရတော့မှာပဲ...သွား
ဦးအောင်ကိုသွားခေါ်"
"အမေ..ဦးအောင်စောစောကမမကြီးဖုန်းဆက်လို့အပြင်ထွက်သွားတယ်လေ..."
"ဪ...ဟုတ်သားပဲ...ဒါဆိုသမီးသွားနှိုးလိုက်"
"အမလေး...အမေရယ်...မနှိုးရဲပါဘူး...အကိုလေးအကြောင်းမသိတာကျနေတာပဲ...သမီးကြောက်တယ်..."
ကြွယ်ကတော့အသေကုန်ငြင်းလေသည်။
"ဒါဆိုဘယ်သူနှိုးမှာတုန်း..."
"မသိဘူးလေ..."
ကြွယ်တို့စကားပြောနေချိန်အသဲအိပ်ချင်မူးတူးနဲ့မီးဖိုချောင်ထဲဝင်လာသည်။
"ဪ...သိပြီ..."ကြွယ်သူမ၏အမေကိုမျက်လုံးပင့်ပြလိုက်သည်။
"ဘာလဲ.."
"ဟဲ့အသဲ....နင့်ကိုဦးအောင်မှာလိုက်တယ်...အကိုလေးကိုသွားနှိုးလိုက်ဦးတဲ့..."
"ဖှုး....."
အသဲသောက်လက်စရေတွေတေညင်ထွက်ကျသွားသည်။
"ဘာ...အကိုလေးကိုနှိုးခိုင်းတာဟုတ်လား..."
"အင်း.."
"မနှိုးရဲပါဘူး...ဟိုကစိတ်တိုတိုနဲ့လုပ်လိုက်မှ..ငါသေနေပါဦးမယ်..."
"အဲ့ဒါတော့မသိဘူး..ဦးအောင်ခိုင်းခဲ့တာပဲလေ..."
"ဟင့်အင်း...ငါမလုပ်ဘူး...ကိုယ့်ဘာသာလုပ်..."
အသဲအခန်းထဲကပြေးထွက်သွားသည်။
ကြွယ်လိုက်လို့တောင်မမှီ။
ဒီကိစ္စလေးကိုဘာလို့ကြောက်နေကြမှန်းနွယ်နားမလည်နိုင်တော့ဘူး။
"အမေဘယ်လိုလုပ်မလဲ..."
"သူအလုပ်နောက်ကျရင်ပိုဆိုးလိမ့်မယ်နော်...သမီးပဲသွားလိုက်ပါ..."
"မသွားချင်ဘူး...ဟင့်အင်း..."
"ဒါဆိုသူအလုပ်နောက်ကျတယ်ဆိုပြီးငေါက်ခံမလို့လား..."
"မခံချင်ဘူး...ဘယ်လိုလုပ်မလဲ..သမီးလည်းမသွားရဲဘူး.."
"ဒါဆိုနွယ်သွားနှိုးလိုက်မယ်လေ..."
"မဖြစ်ဘူး..."သားအမိနှစ်ယောက်ပြိုင်တူပြောမိလိုက်သည်။
"မမလေးမသိဘူးနော်...အကိုလေးအကြောင်း..."
"ရပါတယ်..နွယ်ပဲသွားနှိုးလိုက်မယ်..."
နွယ်ဟိုကစကားမဆုံးသေးဘူးထွက်သွားသည်။
"ဘယ်လိုလုပ်မလဲအမေ..."
"ငါလည်းမတတ်နိုင်ဘူး..."
"လာ..အမေ...မမလေးနောက်သွားချောင်းရအောင်..."
နွယ်..အကို့ရဲ့အခန်းကိုလျှောက်လာခဲ့သည်။
အကို့အခန်းကနွယ့်အခန်းရဲ့မျက်စောင်းထိုးလေး။
"ဒေါက်...ဒေါက်..ဒေါက်..."
နွယ်တံခါးကိုခေါက်လိုက်သည်။
"အကို...ထတော့..အကို...အကို..၇နာရီခွဲေနပြီ..."
နွယ်အော်ခေါ်နေသော်လည်းအထဲမှဘာသံမှမကြား။
တံခါးကိုတွန်းကြည့်တော့ပွင့်သွားသည်။
အထဲမှာလည်းမှောင်မည်းနေတာပဲ။
နွယ်စမ်းတဝါးဝါးနဲ့ဝင်သွားခဲ့မိသည်။
နွယ်တံခါးပေါက်ကနေဝင်လာခဲ့ပြီးနည်းနည်းလေးလျှောက်လာတော့မီးရောင်မှိန်မှိန်လေးလင်းနေသောနေရာလေးတစ်ခုကိုတွေ့သည်။
အကိုကမီးထွန်းပြီးအိပ်တာပဲ။
အိပ်ရာပေါ်မှာအကိုတော်တော်လေးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။
နွယ်တိတ်တိတ်လေးအကို့နားကိုလျှောက်သွားခဲ့မိသည်။
အကိုအိပ်နေသောခုတင်ဘေးနားမှာနွယ်တိုးတိုးလေးဝင်ထိုင်လိုက်သည်။
အကိုရဲ့နှာတံလေးကထင်းနေတာပဲ။ဘေးနားမှာထွန်းထားသောမီးအိမ်လေးကအကို့ရဲ့မျက်နှာကိုထောက်ပံ့ပေးနေသလိုပဲ။
အကို့ကအရမ်းချောနေတယ်။
နွယ်အကြာကြီးထိုင်ကြည့်နေမိသည်။
"အမလေး..."
မင်းထက်ပိုင်ရုတ်တရက်မျက်လုံးဖွင့်လာတာကြောင့်နွယ်အော်လိုက်မိသည်။
"ဘာကြည့်နေတာလဲ..."
"ဟို..."
"မင်းငါ့အခန်းထဲဘာလို့ရောက်လာတာတုန်း..."
"ဟို...ထမင်းစားဖို့လာနှိုးတာပါ"
"နှိုးမယ်ဆိုလည်းနှိုးလိုက်တာမဟုတ်ဘူး...ဘာထိုင်လုပ်နေတာလဲ"
နွယ်လန့်ပြီးပြန်ထလိုက်သည်။သူ့ရှေ့ရောက်ပင်ဘာလို့မှန်းမသိအလိုလိုရင်တုန်ပြီးဘာလုပ်ရမှန်းမသိတော့ဘူး။
မင်းထက်ပိုင်အိပ်နေရာကနေထလိုက်သည်။
အကြောဆန့်သည်။
နွယ်ဘာပြောရမှန်းမသိတာနဲ့ဒီအတိုင်းရပ်နေမိသည်။
"ဘာရပ်လုပ်နေတာလဲ..."
"ဘာမှမဟုတ်ပါဘူး...နွယ်သွားတော့မယ်..."
နွယ်ရှက်ရှက်နဲ့ပြေးပြီးတံခါးပေါက်ကိုဖွင့်ဖို့အလုပ်။
"နေဦး..."
"ဟုတ်..."
"ဒီမှာခဏ..ထိုင်ဦး..."
"ရှင်..."
"လာထိုင်လို့..."
မင်းထက်ပိုင်သူမကိုအိပ်ရာဘေးကခုံတစ်ခုကိုညွှန်ပြသည်။
"ဪ...ဟုတ်ကဲ့..."
နွယ်သွားထိုင်ဖို့ခြေတစ်လှမ်းပဲလှမ်းရသေး။
"တံခါးပိတ်ခဲ့ဦး...အပြင်မှာချောင်းနေတဲ့သူတွေရှိတယ်..."
"ဟုတ်"
နွယ်တံခါးကိုပိတ်လိုက်သည်။
အပြင်မှာကြွယ်တို့သားအမိခိုးပြီးနားထောင်နေသည်။
"အမေ...တံခါးပိတ်သွားပြီ...
မမလေးတော့သွားပြီနဲ့တူတယ်"
"ဟဲ့..ညည်းကလည်းလျှောက်မပြောစမ်းပါနဲ့...ဆက်ပြီး..နားထောင်စမ်းပါအေ.."
"ဟုတ်ကဲ့အမေ..."
နွယ်ထိုင်ခုံမှာကြုံကြုံလေးထိုင်နေသည်။မင်းထက်ပိုင်ရေချိုးခန်းထဲဝင်သွားတာအခုဆိုဆယ်မိနစ်လောက်ရှိပြီ။ထွက်မလာသေးဘူး။
"အရှင်ဘုရား...အကို...ဘာလုပ်မလို့တုန်းမသိဘူး...ကူညီပါဘုရား.."
ဇာတ်ကားတွေထဲကလိုမင်းသားကအပေါ်ဝတ်မပါပဲနဲ့တော့ထွက်မလာပါစေနဲ့။
ရေချိုးခန်းထဲကတော့ထွက်လာပြီ။
မင်းထက်ပိုင်ရေချိုးခန်းကနေခေါင်းသုတ်ရင်းထွက်လာခဲ့သည်။
(တော်သေးတယ်...အင်္ကျီအပြည့်အစုံလေးဝတ်ထားလို့..)
"ဟေ့..ဟိုလိုက်ကာတွေ..ဖယ်လိုက်..."
မင်းထက်ပိုင်ခိုင်းတာကိုနွယ်မြန်မြန်ဆန်ဆန်နဲ့ထလုပ်လိုက်သည်။
ဒါပေမဲ့အခြေအနေကအရင်အတိုင်းပါပဲ။ငြိမ်သက်နေသည်။
"ဘာလုပ်နေပြန်ပြီလဲ...ပြန်ထိုင်လေ..."
"ဟုတ်..ဟုတ်ကဲ့..."
နွယ်ပြေးပြီးခုံမှာပြန်ထိုင်လိုက်သည်။
မင်းထက်ပိုင်သူ့ရဲ့ခုတင်ပေါ်ကိုထိုင်ပြီးနွယ့်ကိုခေါင်းကနေခြေအဆုံးသေချာကြည့်နေလေသည်။
"မင်းနာမည်ဘယ်လိုခေါ်လဲ..."
"ရှင်...ပိုးသားနွယ်ပါ..."
"မင်းကသဇင်နွယ်ရဲ့တူမအရင်းလား..."
"ဟုတ်ပါတယ်...ဘာလို့လဲရှင့်.."
"မင်းဒီမှာအလုပ်လာလုပ်တာဆို..."
"ဟုတ်ကဲ့..."
"ဒါဆိုပြောရတာပေါ့...ငါကဒီအိမ်ပိုင်ရှင်ပဲ...မင်းသိမှာပါ..."
"ဟုတ်ကဲ့သိပါတယ်..."
"အေး..မင်းဒီအိမ်မှာနေချင်တယ်ဆိုရင်မင်းငါ့အမိန့်နာခံရမယ်..."
"ရှင်..."နွယ်သူ့ကိုလှမ်းကြည့်မိသည်။သူကတော့ဘာထူးခြားမှုမှမတုံပြန့်။
"မကြားလိုက်ဘူးလား..."
နွယ်ဘာပြန်ပြောရမလဲမသိတော့ဘူး။
"မင်းငါ့အိမ်မှာနေချင်ရင်ငါ့အမိန့်ကိုနာခံရမယ်...ငါလိုချင်တာအားလုံးကိုမင်းလုပ်ပေးရလိမ့်မယ်..."
"ဟို..."
"ဘာမှပြန်ပြောတာမကြားချင်ဘူး...အခုကစပြီးမင်းကငါ့အိမ်ကငါခိုင်းသမျှနာခံရမယ်လူတစ်ယောက်ပဲ..."
"ဒါပေမဲ့..."
"ပြန်ပြောပြန်ပြီလား..."
"မဟုတ်ပါဘူး..."
"မင်းငါ့အမိန့်မနာခံရင်အပြစ်ပေးခံရမယ်..ကြားလား..."
"ဟုတ်..."
"ကောင်းပြီ...သွားဒါဆို...ထမင်းစားခန်းထဲမှာအသင့်စောင့်နေ..."
"ဟုတ်..."
နွယ်ကိုယ့်ဘာသာတောင်နားမလည်နိုင်ဘူး။
သူပြောတဲ့စကားကိုနွယ်ဘာလို့လက်ခံခဲ့မိပါလိမ့်နော်။
အဲ့ဒါကြီးကမှားနေပြီလေ။ငါကသူအမိန့်ကိုဘာလို့နာခံရမှာလဲ။
နွယ်ဟင်းပွဲတွေကိုနေရာချရင်းစဥ်းစားနေမိရာဘေးကပြောတဲ့သူရဲ့စကားတောင်မကြားမိဘူး။
"မမလေးနွယ်...ပြောတာကောကြားရဲ့လား..."
"ဟမ်...ဘာပြောတာလဲ..."
"အဲ့ဒါကအကိုလေးဘက်မချရဘူးလေ..."
"ဪ...အင်းအင်း..."
နွယ်ဟင်းခွက်ကိုမီးဖိုချောင်ထဲပန်ထားလိုက်သည်။
နွယ်ပြန်ထွက်လာတော့မင်းထက်ပိုင်ရောက်နေလေပြီ။
မင်းထက်ပိုင်စားပွဲမှာဝင်ထိုင်လိုက်သည်။
နွယ်လည်းသူမ့နေရာမှာဝင်ထိုင်ဖို့ခုံကိုဆွဲကရှိသေး။
"ပိုးသားနွယ်..."
မင်းထက်ပိုင်သူမ့ကိုခေါ်ခြင်းပင်ဖြစ်သည်။
"လာခဲ့...ငါ့ကိုကော်ဖီလာထည့်ပေး.."
"ဟုတ်ကဲ့..."
ဘာလဲဟ...ပပနဲ့အသဲတို့တိတ်တိတ်လေးကြိတ်ပြီးအတင်းတုတ်နေလေပြီ။
နွယ်ကော်ဖီကိုမင်းထက်ပိုင်ဘေးကခွက်ထဲကိုငဲ့ပေးလိုက်သည်။
"အား...ပူတယ်..."
"အော်...ပူသေးတာလား...တောင်းပန်ပါတယ်အကို..."
"ရော့..မှုတ်ပေး...အေးတဲ့အထိမှုတ်.."
"ရှင်..."
"မှုတ်ပေးလေ...ပူနေတာ..ငါကဒီအတိုင်းသောက်ရမှာလား..."
"ဟုတ်..ဟုတ်ကဲ့..ပေးပါ..."
နွယ်ကော်ဖီကမှုတ်ပေးလိုက်ရသည်။
"သွားပြီ...အကိုလေး..သူ့ကိုလာနှိုးလို့အဲ့ကောင်မကိုကြိမ်းနေပြီနဲ့တူတယ်နော်..."
"ဟုတ်ပါ့...ကောင်းတယ်...လျှာရှည်တာကို..."
ပပနဲ့အသဲကအတင်းပြောတော့ကြွယ်ကြွယ်ကသူတို့ကိုမျက်စောင်းထိုးပြလေသည်။
"ရပါပြီ..."
"ငါ့ကိုဟိုပန်းကန်ယူပေး..."
"ဟုတ်ကဲ့...."
နွယ်သူရှေ့နားကကြက်ဥကြော်ပန်းကန်ကိုယူပေးလိုက်သည်။
"မနက်ခင်းကိုဘာလို့ဟင်းတွေချက်ထားတာလဲ..."
"ဪ..အကိုလေးများစားချင်မလားလို့ပါ...ဒီနေ့ဆွမ်းလဲလောင်းတော့..တစ်ခါတည်းချက်ထားတာပါ..."
ဒေါ်လေးချိုကဝင်ပြောပေးသည်။
"ဒါတွေမနက်ဆိုမစားဘူး...နောက်နေ့မချက်နဲ့..."
"ဟုတ်ကဲ့..."
"သိမ်းလိုက်တော့..."
".ဒါတွေကမမလေးနွယ်ချက်ထားတာအကိုလေးစားကြည့်မလား..."
"ပိုးသားနွယ်ချက်တာ..ဟုတ်လား..."
နွယ်မျှော်လင့်တကြီးနဲ့စောင့်နေမိသည်။အကိုများသဘောကျသွားမလားလို့။
"ဒါဆိုပိုတောင်မစားချင်ဘူး...လွှင့်ပစ်လိုက်..."
နွယ်မျက်နှာသိသိသာသာမဲ့သွားလေသည်။
"ဒါပေမဲ့...မမလေးနွယ်က.."
"ငါတော်ပြီ...ဒါတွေကိုသိမ်းလိုက်..."
"ဟုတ်ကဲ့အကိုလေး..."
မင်းထက်ပိုက်ထွက်သွားလေသည်။
နွယ်တကယ်ကိုနားမလည်လို့ပါ။စားတောင်မစားကြည့်ပဲဘာကိုမကြိုက်တာလဲ။
နွယ်အဖြေကိုသိချင်တယ်။နွယ်အကို့နောက်ကိုပြေးလိုက်သွားခဲ့သည်။
"အကို...နေပါဦး...အကို..."
မင်းထက်ပိုင်ကားပေါ်အတက်နွယ့်အသံကြားတာနဲ့ပြန်ဆင်းလာခဲ့ရသည်။
နွယ်မောကြီးပန်းကြီးနဲ့ပြေးလာခဲ့သည်။
"ဘာကိစ္စရှိလို့လဲ..."
"အကိုကနွယ်ချက်ထားတဲ့ဟင်းကိုဘာလို့မစားကြည့်ပဲလွှင့်ပစ်ခိုင်းရတာလဲ..."
"ငါမစားချင်လို့ပေါ့..."
"အကိုမစားချင်တိုင်းလွှင့်ပစ်ရအောင်..အဲ့ဒါတွေကအလကားရတာမဟုတ်ဘူး...နွယ်မနက်ခင်းအစောကြီးကတည်းကထချက်ထားရတာ...မစားချင်လည်းနေပါ့လား..ဘာလို့လွှင့်ပစ်ခိုင်းရတာလဲ..."
"မင်းပြန်ပြောနေတာလား..."
နွယ်မျက်နှာကြောကတော့တင်းနေတာပဲ။
မင်းထက်ပိုင်နွယ်ဆီကိုတဖြည်းဖြည်းနဲ့လျှောက်လာခဲ့သည်။
"ပြန်ပြောနေတာလားလို့မေးနေတယ်လေ.."
နွယ်ဘာမှပြန်မဖြေတခြားဘက်ကိုမျက်နှာလွှဲထားသည်။
မင်းထက်ပိုင်သူမအနားကိုတဖြည်းဖြည်းကပ်လာလေပြီ။
နွယ်ရဲ့မျက်နှာကသူ့ရင်ဘတ်ကိုထိလု့နည်းပါးပဲ။
"ပြောလေ...မင်းကတော့အပြစ်ပေးခံချင်တဲ့ပုံပဲ..."
"နွယ်...ဘာမှမမှားပဲနဲ့ဘာအပြစ်ပေးခံရမှာလဲ..."
"မင်းကဘာမှမမှားဘူးပေါ့လေ...ဟုတ်လား..."
"အင်း..."
မင်းထက်ပိုင်အနည်းငယ်စဥ်းစားနေပုံပဲ။
"ကောင်းပြီ...မင်းမမှားဘူးပဲထားပါတော့...ငါအခုရေခဲမုန့်စားချင်တယ်...သွားဝယ်ပေး..."
"မနက်ခင်းအစောကြီးပဲရှိသေးတယ်လေ..."
"ဝယ်ပေးမလားမဝယ်ပေးဘူးလားပဲပြော...လျှာမရှည်နဲ့.."
"ပြီးရော...ဝယ်ပေးမယ်..."
"ရော့ပိုက်ဆံ...ဒါနဲ့လမ်းထိပ်ကမုန့်ဆိုင်မှာသွားဝယ်...ငါးမိနစ်အတွင်းအရောက်ပြန်လာခဲ့..."
"ငါးမိနစ်...."
"ဟုတ်တယ်....
"လမ်းထိပ်ကအဝေးကြီးလေ...ငါးမိနစ်ဆိုတာကနည်းနေတယ်..."
"မနည်းပါဘူး...ငါးမိန်စအတွင်းပြန်မရောက်ရင်..ဟိုမှာတွေ့လားမိုက်ကယ်ရဲ့ချီး
အဲ့ဒါကိုလက်အိတ်မဆွတ်ပဲကျုံးရမယ်မှတ်..."
"ဟင်..."
"မသွားသေးဘူးလား...အချိန်စမှတ်ပြီနော်..."
"ဪ..သွားပြီ...သွားပြီ..."
နွယ်ပြေးထွက်သွားသည်။
လမ်းမှာမောလို့နားချိန်တောင်မရ။ပြေးလိုက်ရတာ။
နောက်ငါးမိနစ်မပြည့်ခင်အလိုမှာနွယ်မောကြီးပန်းကြီးနဲ့ပြန်ရောက်လာခဲ့သည်။
"ဟူး...အဟမ်း...မောတာ...ရော့ဒီမှာ..."
နွယ်ရေခဲမုန့်ဘူးကိုမင်းထက်ပိုင်ဆီပေးလိုက်သည်။
"နေဦး...ဒါဘာအရသာလဲ..."
"ဒူးရင်းလေ..."
"ထွီ...."
မင်းထက်ပိုင်ပါးစပ်ထဲဝင်သွားသည့်ရေခဲမုန့်ကိုထွေးထုတ်လိုက်သည်။
"ကဲကွာ..."
လက်ထဲကရေခဲမုန့်ကိုလည်းလွှင့်ပစ်လိုက်သည်။
"ဘာလို့လဲ..အကို..."
"မင်းငါ့ကိုသပ်သပ်မဲ့လုပ်တာလား...ငါဒါကိုမစားဘူးဆိုတာမင်းမသိဘူးလား..."
"ရှင်...မသိလို့ပါ...အဲ့ဆိုင်မှာစတော်ဘယ်ရီရယ်..ဒါပဲရှိတော့...အကိုကစတော်ဘယ်ရီမကြ်ုက်လောက်ဘူးထင်လို့ပါ..."
"မရဘူး...ဒါဆိုပြန်သွားဝယ်ပေး..."
"ရှင်..."
"ပြန်ဝယ်ပေး...နောက်ထပ်ငါးမိနစ်ပေးမယ်...
မြန်မြန်သွား..."
"ဒါပေမဲ့.. အကိုအလုပ်နောက်ကျနေပြီမလား. .သွားရင်းနဲ့ဝယ်လိုက်ပါ့လား..."
"မင်းတော်တော်အရစ်ရှည်တာပဲ...ငါကမင်းပိုင်ရှင်နော်...မင်းကိုသွားဝယ်လို့ပြောနေတယ်..."
"ဟူး..."
နွယ်တကယ်ကိုစိတ်ပျက်မိတယ်။သက်ပြင်းတစ်ချက်ချပြီးပြန်သွားရပြန်ပြီ။
မင်းထက်ပိုင်တော့ပျော်ပျော်ကြီးနဲ့လက်ပိုက်ပြီးကြည့်နေလေသည်။
ဒီတစ်ခါတော့နွယ်နာရီကွက်တိမှပြန်ရောက်လာသည်။
မျက်နှာမှာလည်းချွေးတွေကြီးပဲ။
ပြေးလာရတယ်ဆိုတာအသိသာကြီး။
အကိုနွယ့်ကိုတအားနှိပ်စက်လွန်းပါတယ်။
"ရော့အကို..."
"ပေး..."
မင်းထက်ပိုင်ရေခဲမုန့်ဘူးကိုဖွင့်ပြီးတစ်ဇွန်းကော်စားလိုက်သည်။
"အင်း...ကောင်းလိုက်တာ..."
"မိုက်ကယ်ရေ....မိုက်ကယ်...လာဦး..."
မင်းထက်ပိုင်ခေါ်လိုက်တာနဲ့ခြံထောင့်မှာအိပ်နေသောrottweilerခွေးကြီးပြေးထွက်လာသည်။
မင်းထက်ပိုင်ကိုမြင်တာနဲ့သူ့ကိုပေါ်ပြေးဖက်တာပဲ။
"မိုက်ကယ်...ထိုင်...
ရော့..ဒီမှာသားကြိုက်တဲ့...ice-creamလေး..ရော့စား..."
မင်းထက်ပိုင်လက်ထဲကရေခဲမုန့်ကိုမိုက်ကယ်ကိုချကျွေးလိုက်လေသည်။
နွယ်တအံ့တသြနဲ့ပါးစပ်အဟောင်းသားကြည့်နေမိသည်။
ဒါနွယ်မောမောပန်းပန်းနဲ့သွားဝယ်ထားတာလေ။ဘယ်လိုများလုပ်ရက်ရတာလဲ။
မင်းထက်ပိုင်ခွေးလေးရဲ့ခေါင်းလေးကိုပွတ်ပေးပြီးကားပေါ်တက်သွားသည်။
"ဟီး...ဒေါသထွက်လိုက်တာ..."
မင်းထက်ပိုင်ကားကတော့ထွက်သွားလေပြီ။ကျန်ခဲ့တော့နွယ်ကတော့ဒေါသတွေတပုံကြီးနဲ့။
"ငါဒီလိုလူကိုဘာကြောင့်ကြိုက်ခဲ့မိပါလိမ့်နော်..."
"တကယ်ပါပဲ...စိတ်လျော့စိတ်လျော့...တီတီလေးကပြောထားတယ်လေ...အကို့ကိုသည်းခံရမယ်လို့...စိတ်လျှော့လိုက်ပါ..."
နွယ်အကို့ကိုသည်းခံရမယ်...တီတီလေးပြောထားတယ်...သူကိုသည်းခံပေးလိုက်ပါ...
သူကနွေးထွေးတဲ့သူတစ်ယောက်လို့ငါထင်ခဲ့တာ..အခုတော့ဘယ်လိုတွေဖြစ်ကုန်တာလဲ။
🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂🙂
#မဒီ
YOU ARE READING
ဒုတိယအကြိမ်ထပ်ချစ်ခဲ့မိသည်
Romanceအချစ်ဦးနှင့်ညားတဲ့ဇာတ်ကြိုက်ရင်ဒါလေးကတော့ဖတ်ကြည့်သင့်တယ်