''အားလုံးအဆင်သင့်ဖြစ်ပြီလား.......''-အိမ်ရှေ့စံ
သင်္ဘောပေါ်သို့ အကုန်ရောက်နေပေမယ့် လျိုကျိန်းဝေတစ်ယောက်တော့ရောက်မလာသေးပေ။
"မင်းသားငယ်မရောက်လာသေးဘူး........''-ဝူခယ့်
"စောင့်နေလို့မရတော့ဘူး......သွားကြတာပေါ့......''-ဆိုင်းရက်စ်
သူ့အမြင်မှာတော့ လျိုကျိန်းဝေလိုက်မလာတာကပိုကောင်းပါသည်။
"စောင့်ကြပါဦး........''-လျိုကျိန်းဝေ
ဆိပ်ကမ်းရှိလူတွေကြားသို့တိုးဝှေ့ကာ ပြေးလာလေသည်။ လက်ထဲတွင်လည်းအထုပ်တစ်ခုနှင့် ခါးကြားတွင်တော့ သူပေးထားသည့်ဓားတစ်လက်။
"မင်းသားငယ်........''-ဝူခယ့်
သင်္ဘောပေါ်သို့ပြေးတက်လာသူအားကြည့်ရင်းသက်ပြင်းချမိလိုက်ပါသည်။
"ထွက်ခွာလို့ရပြီ.....''-အိမ်ရှေ့စံ
သင်္ဘောကုန်းပတ်ပေါ်တွင် ဦးရီးတော်တစ်ယောက်သာကျန်ရစ်သည်။ အချိန်ယူကာသွားရမည့်ခရီးဖြစ်တာကြောင့် လျိုကျိန်းဝေကအစ အခန်းသွားဦးနေပြီဖြစ်သည်လေ။
ဆိပ်ကမ်းမှခွာလာပြီးတဖြေးဖြေးပင်လယ်ပြင်ကျယ်ကြီးကိုမြင်လာရသည်။ ဒါသူ့အတွက်ပထမဆုံး အပူအပင်မရှိ ရွက်လွင့်လာရခြင်း။
ပင်လယ်ပြင်တွင် တိုက်ခတ်နေသော လေအေးအေးကိုခံစားရင်း ရပ်နေမိသည်။
"ကိုကို......ကိုကို.....အဆင်ပြေရဲ့လား''-ကျန်းခဲ့ရှင်း
သူသတိထားမိချိန်တွင် ကျန်းခဲ့ရှင်း၏ ရသ်ခွင်ထဲတွင်လဲလျောင်းနေပြီဖြစ်သည်။
"အင်း......''-ဆိုင်းရက်စ်
"ကိုကိုလှိုင်းမူးလို့လား.......''-ကျန်းခဲ့ရှင်း
တကယ်တော့ဘာဖြစ်သွားမှန်းတောင်သူမသိလိုက်ပါ။
"ဆိုင်းရက်စ်.....ဘာဖြစ်လို့လဲ......''-လျိုကျိန်းဝေ
လျိုကျိန်းဝေကပြေးလာကာ ကျန်းခဲ့ရှင်းဆီမှ သူ့အားလုကာပွေ့လိုက်သည်။
"လျိုကျိန်းဝေ.......ကိုကို့ကိုပြန်ပေး.......''-ကျန်းခဲ့ရှင်း
"ဘာကိုကိုလဲ.........ဆိုင်းရက်စ်ကနေမကောင်းဖြစ်နေတာမို့လို့.....ကျတော်ကအခန်းထဲခေါ်သွားပေးမလို့.......''-လျိုကျိန်းဝေ
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ