ကျွန်းငယ်လေးရှိရာသို့သင်္ဘောဆိုက်သည့်အခါ ကလေးတွေနှင့်အစေခံတချို့က ကျွန်းပေါ်သို့ပျော်ရွှင်စွာတက်သွားလေသည်။ အိမ်ရှေ့စံကတော့ သင်္ဘောပေါ်မှမဆင်းချေ။ မင်းသား၅ကတော့ ဦးရီးတော်အား နှုတ်ဆက်ကာ အပန်းဖြေရန်ဆောက်လုပ်ထားသည့်တဲအိမ်လေးထဲသို့ဝင်သွားသည်။
ဆိုင်းရက်စ်အားအနောက်မှသိမ်းကျုံးကာဖက်ပစ်လိုက်သည့်အခါ ဆိုင်းရက်စ် ကိုယ်လေး တုန်သွားသည်ကိုခံစားမိလိုက်သည်။ ဆိုင်းရက်စ်ရဲ့ အသက်ရှူသံနှင့် နှလုံးခုန်သံကို သူကြားနေရလေသည်။
"ကျိန်းဝေ.......ကိုယ်ပြောစရာရှိတာမို့....လူစုပေးစေချင်တယ်......''
"ဆိုင်းရက်စ်ကလည်း.....ဒီအတိုင်းလေးခဏ......''
"မသင့်တော်ဘူး........''
ဆိုင်းရက်စ်ကတော့ ပုံမှန်အတိုင်းပင်။ ဖက်ထားတာကိုဖယ်ပေးလိုက်ပြီး ချစ်သူ၏သဘောအတိုင်း အကုန်လုံးကိုတစ်နေရာတည်းတွင်စုပေးလိုက်သည်။
"ကောကော......ဘာပြောချင်လို့လဲ........''-ကျန်းခဲ့ရှင်း
ဆိုင်းရက်စ်က ကလေးတွေအားလုံးကိုသေချာကြည့်ပြီး
"ပျော်ပျော်နေကြပါ......တခါတလေမှရတဲ့လွတ်လပ်မှုကိုခံစားပါ......''-ဆိုင်းရက်စ်
(ကလေးတွေ=မင်းသားမင်းသမီးတွေ)
အကုန်လုံးက ပျော်တဲ့ပုံပြနေပေမယ့် ဆိုင်းရက်စ်ရဲ့ပူပန်မှုကိုတော့သူခံစားမိနေပါသည်။
ကျန်းခဲ့ရှင်းလည်းအလားတူခံစားနေရပုံပင်။"ကောကော.....သီးသန့်စကားပြောလို့ရမလား......''-ကျန်းခဲ့ရှင်း
"အင်း........''-ဆိုင်းရက်စ်
"လိုက်ခဲ့မယ်......''-လျိုကျိန်းဝေ
သူက ဆိုင်းရက်စ်ရဲ့လက်ကိုဆုပ်ကိုင်လိုက်တော့ ကျန်းခဲ့ရှင်းအတော်စိတ်အနှောင့်အယှက်ဖြစ်သွားပုံပင်။
"ကျိန်းဝေ......နေခဲ့ပါ.........ကိုယ်ပြန်လာမှာပါ......''
ဆိုင်းရက်စ်က သူ့လက်ကိုအသာအယာလေးဖြုတ်ချလိုက်ပြီး ကျန်းခဲ့ရှင်းနှင့်ထွက်သွားလေသည်။
YOU ARE READING
The Secret Of Red Rose (Complete)
Romanceနှင်းနီပွင့်လေးတစ်ပွင့်ပါဘဲ ဆူးအပြည့် လျှို့ဝှက်ချက်အပြည့်နဲ့ပေါ