"ကိုယ် ပြောတာကိုနားထောင်နေရဲ့လား..ဘေဘီရယ်.."
ပခုံး ဆီကိုထိတွေ့လာတဲ့လက်ချောင်းတွေက ဖွဖွလေးဆုပ်လာတာဆိုပေမဲ့ အတွေးများနေတဲ့ ဆောင်းဟွန်း အတွက်တော့ ပခုံးစွန်းတွေက တုန်ယင်ချင်စရာကောင်းအောင်ကို အားပြင်းလွန်းနေတယ်..။
"အင်းဆို.."
"ကိုယ်တို့..မနက် အစောလောက် ထွက်ဖြစ်ရင်ဖြစ်လောက်တယ်.."
တစ်ဖက်သားက တက်ကြွနေသလောက် ယမ်းခါပြနေသည့် Ticket တွေကို အချုပ်အနှောင်တစ်ခုလိုမြင်ယောင်လာမိလို့ ဆောင်းဟွန်း အကြည့်လွှဲလိုက်ရင်းမှ..
"အဆင်ပြေတယ်.."
Ticket ကလေထဲမှာတင် ရပ်တန့်သွားပြီးနောက် ဟီဆွန်းက ဖြေးညှင်းစွာ အနက်ရောင် ဒက်ရှ်ဘုပေါ်သို့ ချလိုက်သည်..။
"ကိုယ်..ပြန်ညှိပေးရမလား.."
"အာ့လောက်လဲ..မလိုဘူးထင်..."
"..အိပ်ချင်မူးတူးလေးဖြစ်နေမှာစိုးလို့.."
"အဆင်ပြေတယ်ဆို..ပြေလိုက်ပေါ့..။ ဘာလို့ အရစ်ကရှည်ချင်နေရတာလဲ.."
ဟီဆွန်းက စိတ်ဆိုးဟန်ပြမလာဘဲ ဆောင်းဟွန်း ရဲ့ ဆံပင်တွေကို ပွတ်သပ်လာရင်း..
"Dann..!!! ကိုယ့်ရဲ့ဟွန်းနီး ပြန်လာပြီဘဲ..။ အရမ်းငြိမ်နေလို့ ကိုယ်ကစိုးရိမ်နေတာ.."
ဆောင်းဟွန်း မျက်စိတွေကို စုံမှိတ်လိုက်မိသည်..။ အချစ် ကရိပ်မိနေတယ်..ဆောင်းဟွန်း အတွေးတွေများနေတာကို ရိပ်မိနေတာဘဲ...။
"အချစ်..ခဏလေး..."
စတီယာတိုင်ကို ဆုပ်ကိုင်လိုက်တဲ့ အချစ်ရဲ့လက်ကို အုပ်ကိုင်လိုက်မိသည်..။ ပြာယာခတ်မိနေတဲ့သူ့အမူအရာတွေကို မျက်လုံးဝိုင်းတွေဖြင့်နားမလည်သလိုလေး လိုက်ကြည့်နေတာကို အပြစ်ကင်းစင်တယ်လို့ခံစားရတာမလို့ ဆောင်းဟွန်း မလုံမလဲဖြစ်မိသွားသည်..။
"Toilet.....အာ့တာလို့.."
"သွားချင်တာလား.."
သူ့အနောက်ကို လိုက်ဖို့ပြင်နေတဲ့ ဟီဆွန်း ရဲ့လက်ကို ဆောင်းဟွန်း ကပျာကယာဆွဲကိုင်လိုက်ရင်း...
"ဒါက..ဘယ်ကိုသွားဖို့လဲ.."
"ဘေဘီဘဲ toilet သွားချင်တယ်ဆိုလို့လေ.."
အတည်ပေါက်တွေလုပ်နေတဲ့ ဟီဆွန်း က ကိစ္စကိုမြန်မြန်ဖြေရှင်းသင့်ကြောင်း ကို အပြစ်ကင်းစင်သည့် မျက်နှာဖြင့်တိုက်တွန်းနေပြန်သေးသည်..။
တကယ် အလိုက်ကမ်းဆိုးမသိတဲ့ လူ...!!!!
"မသွားတော့ဘူး..."
"ကိုယ့်ကို စိတ်ဆိုးချင်ရင်လဲ နောက်မှအတိုးနဲ့ဆိုးပစ်ကွာ..။ ခုက ကြာနေရင် ဘေဘီ့ ကျန်းမာရေးအတွက် မကောင်းဘူးနော်.."
"ဟာကွာ..!!! ဘယ်သူက စိတ်ဆိုးတယ်လို့ ပြောနေလို့လဲ.."
"ဒါဆို..ကိုယ်ကရော....လိုက်လို့မရတာလဲ.."
ကားထဲတွင် တိတ်ဆိတ်သွားသည်က လူမရှိတော့သလိုမျိုး..။ ဟီဆွန်း သူ ဖြူဖွေးသည့်သွားတက်လေးတွေပေါ်လာသည်ကိုပင် ရင်တမမ ဖြင့် ကြည့်နေမိရသည့်အထိ..။
"ဟွန်း....."
မော်ကြည့်လာတဲ့ မျက်ဝန်းလေးက သိပ်ကို ကြည်လဲ့လွန်းလှတယ်..။ အထက်အောက် မကြာမကြာ ရွေ့လာတဲ့ လည်စိလေးနဲ့အတူ...
"ရှက်လို့.."
ကပျာကယာ ငုံ့ယူသွားတဲ့ ပါးမို့မို့လေးတွေက အာငွေ့ပေးလိုက်ရုံဖြင့် နီနီရဲရဲ ဖြစ်ချင်လာအောင် နူးညံ့နေတာမျိုးလေး..။
ဟီဆွန်း ရင်တွေ အတိုင်းအဆမရှ်ိခုန်လာတာက လက်တစ်ဖက်ဖြင့် အသာဖိထားရတဲ့အထိ..။ စိတ်လွတ်နေသလို ဖြစ်မိတာက ဟွန်းနီး ရဲ့ရှက်ဝဲဝဲမပီတပီအသံသေးသေးလေးတစ်ခု ကြောင့်..
"ကိုယ်..ကားနားမှာဘဲ စောင့်နေမယ်ဆို..အဆင်ပြေလား.."
ခေါင်းလေးကို တိန်တိန်မြည်အောင် ငြိမ့်လာသည်က လိမ္မာသည့် ကလေးလေး လိုဘဲမလို့ ဟီဆွန်း သဘောတကျပြုံးမိသေးသည်..။
"ဒီမှာဘဲ နေနော်..။ အာ့ထက် ပိုမလာနဲ့.."
"အိုခေလေ..ဘေဘီ..။ သိပ်ပြီး အဝေးကြီး မသွားနဲ့ဦးနော်.."
အရှေ့တွင် ယိမ်းနွဲ့နေသည့် ကိုင်းပင်ရှည်တွေကို ဟီဆွန်း စိတ်မချနိုင်စွာဖြင့် ကြည့်နေမိတော့ ဟွန်းနီး က အနားကို တဖြေးဖြေး တိုးလာပြီး..
"ရွှတ်..!!!!
ရှိန်း ခနဲပူထူသွားသည့် သူ့ရဲ့ ပါးပြင်ပေါ်မှာ ဟွန်း ရဲ့ နှုတ်ခမ်းထူထူတွေကအသက်ရှူမှားမတတ် စိုအိလွန်းနေပြီး နေရာမှာတင် တိမ်စိုင်တွေပေါ် လွင့်မျောသွားစေ သလို...
"အာ့ဆို..ခဏစောင့်နေဦးနော်.."
အသွက်လေးရဲ့ ခန္ဓာက်ိုယ်လေးက ကိုင်းပင်ရှည်တွေကြားထဲ တစ်စ,တစ်စ ပျောက်လို့သွားသည့်အထိ ဟီဆွန်း တစ်ယောက် စကားမေးမရ..
ဆောင်းဟွန်း သတိမထားမိတာသေချာတော့မှ ကားနောက်ဖုံးကိုလက်ဖြင့် တဖြန်းဖြန်းကလိနေတဲ့ ဟီဆွန်း ကလက်တွေမနာတော့တဲ့အတိုင်းဘဲ...။ သူ့မျက်နှာလှလှလေးက ဟမ်းစတားပေါက်လို ခပ်လုံးလုံးလေးဖြစ်နေတဲ့အထိ...။
