နှလုံးသားရဲ့ အရှင်သခင်-1
26.7K 947 6
XoXo ကျောင်းတော်ကြီးထဲသို့ အသက်မပါတဲ့ ခြေလှမ်းတွေနဲ့ ဝင်လာတဲ့ ကောင်လေးတစ်ယောက်...
အရပ်ရှည်ရှည် အသားဖြူဖြူနဲ့  ချောမောလွန်းသည်မဟုတ်သော်လည်း ကြည့်ကောင်းသည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားသူ
သူ့ မှာအထူးခြားဆုံးကဘေးဘက်ကို ကားထွက်နေတဲ့ နားရွက်ကားကားလေးတွေ...
အေးလွန်းတာကြောင့်နီရဲနေတဲ့သူ့ နားရွက်ကားကားလေးတွေကချစ်စရာကောင်းလှသည်။
မဟူရာရောင်မဲနက်နေတဲ့ သူ့ရဲ့မျက်ဝန်းတစ်စုံမှာတော့စိတ်ဆင်းရဲမှု တွေကိုအတိုင်းသားမြင်တွေ့ နေရသည်လေ...
Park Chanyeol
ထိုကောင်လေးနာမည်
ဘယ်လောက်ပဲစိတ်ညစ်နေပါစေနှုတ်ခမ်း ထက်မှာအပြုံးတစ်ပွင့်ကိုတော့အမြဲ ပန်ဆင်ထားတတ်သူ
သူ့ အဖေကသူငယ်ငယ်လေးကတည်းကဆုံးသွား ပြီး အမေ၊ အကိုတို့ နဲ့ အတူနေတယ်ဆိုပါတော့...
သူတို့ မိသားစုရဲ့ အိမ်ထောင်ဦးစီးကတော့ သူ့ အကို Park Company ရဲ့ သူဌေး Park YiXing... အသက်ငယ်ငယ်ရွယ်ရွယ်နဲ့company ကြီးတစ်ခုလုံးကိုအုပ်ချုပ်နေကာမိသားစုအ တွက်စီးပွားရှာနေသူတစ်ဦး...
တစ်နေ့ ကံဆိုးမှုတွေကသူတို့ မိသားစုလေးဆီကိုမဖိတ်ခေါ်ပါဘဲနဲ့ရောက်ရှိလာခဲ့တယ်...
သူအရမ်းချစ်ရတဲ့ သူ့ အကို Park YiXing ကား accident တစ်ခုကြောင့်အသက်ဆုံးရှုံးခဲ့ကာ
Company လည်းဒေဝါလီခံလိုက်ရပြီး ကုန်းကောက်စရာပင်မရှိလောက်အောင်စီးပွားထိုးကျခဲ့ တယ်
သူ့ အမေလည်းသူ့ အကိုစိတ်ကြောင့်နှလုံးရောဂါပြန်ဖောက်ကာ ဆေးရုံတင်လိုက်ရသည်။
Chanyeol မှာတော့ သူ့ အမေဆေးရုံစရိတ် သူတို့ စားဝတ်နေရေးအတွက် ကျောင်းတက်ရင်းအချိန်ပိုင်းအလုပ်ပေါင်းများစွာကိုလုပ်နေရသည်လေ
မာနမကြီးပေမဲ့အရင်ကတည်းက ပေါင်းသင်းဆက်ဆံရေးညံ့ကာ တစ်ယောက်တည်းအေးအေးဆေးဆေးနေ တတ်သူမို့ သူငယ်ချင်းလည်းမရှိ
အရင်ကတော့စကားလာပြောကာရင်းနှီးချင်တဲ့ လူတွေရှိပေမဲ့အခုတော့ဆင်းရဲသွားပြီမို့ သူ့ ကိုပေါင်းသင်းဆက်ဆံမည့်သူတစ်ယောက်ပင်မရှိတော့