"Baek ah baek ရဲ့ appa က ကျွန်တော် တို့နှစ်ယောက်ကို ခွဲမလို့ပြန်လာတာတော့မဟုတ်ပါဘူးနော်"
"ကိုယ်လည်းမပြောတတ်ဘူး ဘာတွေဘဲဖြစ်ဖြစ်ကိုယ်တို့နှစ်ယောက်ဘယ်တော့မှမခွဲဘူးနော်"
"အင်းပါ အခက်အခဲတွေကိုအတူရင်ဆိုင်ကြတာပေါ့"
အမှန်တော့ ကျွန်တော်ကြောက်နေမိတယ် Appa ကအလုပ်ကိစ္စမဟုတ်ရင် ဒီကိုတကူးတက ပြန်လာတတ်တာမဟုတ်ဘူး အခုလည်း ကျွန်တော့်ကိစ္စဆိုတော့ yeol နဲ့ ကျွန်တော့်အကြောင်းသိသွားပြီလားမသိဘူး
ကျွန်တော်နဲ့ yeol ကို noona တို့ကိုခွဲသလိုခွဲမှာကြောက်မိတယ် Appa ကိုငယ်ငယ်ကတည်းကသေလောက်အောင်ကြောက်ရတာ.... yeol ကိုမကာကွယ်ပေးနိုင်မှာစိုးတယ်
ဒါပေမဲ့ဘာဘဲဖြစ်ဖြစ် yeol ကို ရအောင်ကာကွယ်မယ်
သူကကျွန်တော့်ဘဝအတွက်မရှိမဖြစ်ဘဲ..."Baek ရယ်ဘာမှမကြောက်ပါနဲ့ ကျွန်တော်က baek ဘေးမှာဘဲတစ်သက်လုံးရှိနေမှာ သေ သွားရင်တောင် baek ဘေးမှာ ဝိညာဉ်အဖြစ်နဲ့ရှိနေမှာ"
"Yeol ကဘာလို့သေရမှာလဲ? အဲ့ဒီ့သေတယ်ဆိုတဲ့စကားကြီးကိုမပြောပါနဲ့ကွာ"
"အင်းပါ ကျွန်တော် ကဒီအတိုင်းပြောပြတာ baek မကြိုက်ရင်မပြောတော့ဘူးနော်"
"အဲ့တာကြောင့်ချစ်နေရတာ"
"Baek ဒီနေ့ baek appa ကိုလေဆိပ်သွားကြိုရမယ်ဆို နောက်ကျနေဦးမယ်"
"အင်း ဒါပေမဲ့ကိုယ့်စိတ်ထဲတစ်မျိုးကြီးဘဲ တစ်ခုခုမကောင်းတာဖြစ်တော့မယ်လို့ခံစားနေရတယ်"
"ဘာမှမဖြစ်ပါဘူး baek ရယ် သွားရေသွားချိုးတော့ နောက်ကျနေဦးမယ်"
Baek ကိုသာ စိတ်သက်သာအောင်ပြောရပေမဲ့ ကျွန်တော်လည်း ကြောက်နေမိတယ် hyung တို့ကိုတောင် baek appa ကသဘောမတူတာ ကျွန်တော့်ရဲ့အခုအခြေအနေနဲ့ဆိုပိုလို့တောင်မဖြစ်နိုင်သေးတယ်...ကြောက်တယ် baek နဲ့ဝေးရမှာ
Baek ကျွန်တော့်ကိုဘယ်လောက်ချစ်တယ်ဆိုတာသိပေမဲ့ သူတစ်ခုခုဖြစ်သွားမှာစိုးရိမ်မိတယ်...At airport>>>>>
Baek လည်းလေဆိပ်မှာ သူ့appa ကိုထိုင်စောင့်နေမိတယ် ကြေက်ရွံ့ခြင်းအပြည့်နဲ့ပေါ့
YOU ARE READING
နှလုံးသားရဲ့ အရှင်သခင်(complete)
FanfictionBaekhyun - ငါမင်းကိုသေလောက်အောင်မုန်းတယ် Park Chanyeol. Chanyeol- ကျွန်တော်ကတော့ Baek ကိုကျွန်တော့်အသက်ထက်ပိုချစ်တယ် Baek ကျွန်တော့်ကိုပြန်ချစ်လာမယ့်အချိန်ထိကျွန်တော် ေ...