ကျောင်းဆင်းတာတော်တော်ကြာပြီ ဒါပေမဲ့အိမ်တော်ထိန်း Lee ရောက်မလာသေး...
Baek ကအိမ်တော်ထိန်း Lee လာကြိုမှပြန်ဆိုလို့သာစောင့်နေတာ နို့မို့်ဆိုကိုယ့်သာပြန်ပြီးနေပြီ
ကျွန်တော့်ကိုအတူစောင့်ပေးနေတဲ့ Kris ကိုလည်းအားနာလှပြီ စောင့်နေတာတော်တော်ကြာပြီလေ
Sehun တို့လေးယောက်ကဒီနေ့ခွင့်ယူထားကြတယ် ကျောင်းမလာဘူး Tao ကလည်းနေမကောင်းလို့တဲ့ကျောင်းမလာနိုင်ဘူး"Kris ah မင်းတို့ပြန်ရင်ပြန်တော့လေ နောက်ကျနေပြီမလား"
"မင်းတစ်ယောက်တည်းအဆင်ပြေပါ့မလား"
"အင်းပြေပါတယ် စိတ်ချသွား ငါကလေးမဟုတ်တော့ဘူး"
"မင်းက ကလေးမဟုတ်ပေမဲ့ မင်းသာတစ်ခုခုဖြစ်သွားရင် ငါတို့မလွယ်ဘူးလေ baekhyun ကကြောက်ရတယ်"
"ဟား...ဟား အေးပါကွာ ငါ့ချစ်သူလေးကမင်းပြောသလောက်လဲကြောက်စရာမကောင်းပါဘူး သွားမှာသာသွားစမ်းပါ ငါကလေးမဟုတ်ဘူး"
"ပြီးရော ငါလည်းစောင့်ပေးချင်ပါတယ် ဒါပေမဲ့ baby ကနေမကောင်းတော့...."
"ရပါတယ်ကွာ မင်း baby ကိုသာဂရုစိုက်လိုက် နောက်မို့ငါပါ ပန်ဒါမျက်စောင်းတွေ့နေရဦးမယ်"
"အဲတာဆို ငါသွားတော့မယ်နော်"
"အင်း"
Kris ပြန်သွားတော့ကျောင်းရှေ့မှာ ကျွန်တော်တစ်ယောက်တည်း
အိမ်တော်ထိန်း Lee ဘာလို့နောက်ကျနေတာလဲ?"Hello အိမ်တော်ထိန်း Lee ကျွန်တော်ပါ Chanyeol အိမ်တော်ထိန်း Lee တို့အခုဘယ်ရောက်နေပြီလဲဟင် baek လာကြိုခိုင်းထားတယ်ဆို"
"ဟုတ်တယ် Chanyeol ရေငါလည်းအခုဘဲမင်းဆီဖုန်းဆက်တော့မလို့ ဒီမှာလေ လမ်းမှာကားပျက်နေလို့ ဝပ်ရှော့ကိုဖုန်းဆက်ထားရတယ် ကြာမယ်တဲ့ miyanae အဲတာမင်းဘာသာဘဲပြန်လာခဲ့လို့ဖြစ်မလား သခင်လေးဆူလည်းခံရမှာဘဲ"
"Aww ဘာလို့အဆူခံရမှာလဲ အိမ်တော်ထိန်း Leeအမှားမှမဟုတ်တာ စက်ပစ္စည်းဘဲပျက်မှာပေါ့ အဲတာဆိုကျွန်တော်ကိုယ့်ဘာသာကိုယ်ဘဲပြန်ခဲ့ လိုက်တော့မယ်နော်"
"Miyanae Chanyeol ah"
"ရပါတယ် အိမ်တော်ထိန်း Lee ရဲ့"
YOU ARE READING
နှလုံးသားရဲ့ အရှင်သခင်(complete)
FanfictionBaekhyun - ငါမင်းကိုသေလောက်အောင်မုန်းတယ် Park Chanyeol. Chanyeol- ကျွန်တော်ကတော့ Baek ကိုကျွန်တော့်အသက်ထက်ပိုချစ်တယ် Baek ကျွန်တော့်ကိုပြန်ချစ်လာမယ့်အချိန်ထိကျွန်တော် ေ...