"မမလေး Byun Baekhyun ရဲ့ချစ်သူအကြောင်းစုံစမ်းလို့ရပါပြီ"
"ဘယ်လိုမိန်းကလေးလဲ"
"သူ့ချစ်သူကမိန်းကလေးမဟုတ်ပါဘူး ယောင်္ကျားလေးတစ်ယောက်ပါ"
"ဘာ!! ယောင်္ကျားလေး? သူကယောင်္ကျားလေးတစ်ယောက်နဲ့ ယှဉ်ပြီးငါ့ကိုလက်မခံဘဲ လက်ထပ်ပွဲကိုဖျက်ချင်တာပေါ့ Hak... အဲလိုလုပ်လို့ဘယ်ရမလဲ Kim Na Na ကိုဘယ်လိုမိန်းကလေးမှတ်နေတာလဲ"
ဟုတ်ပါတယ် Kim Na Na ဆိုတာ Japan မှာအရမ်းနာမည်ကြီးသူတစ်ယောက်ပါ ရုပ်ရည်ကအပြစ်ပြောစရာမရှိအောင်ချောမောသည့်အပြင် ပိုက်ဆံကလည်းချမ်းသာတော့သူ့ကိုလိုချင်တဲ့းလူတွေဆိုတာတန်းစီလို့....
သို့ပေမဲ့သူမက မာနတအားကြီးသည် သူ့နားကိုတော်ရုံတန်ရုံလူကပ်လို့မရ...
ရည်းစားလည်းတစ်ယောက်မှမထား…
Baekhyun ကိုလက်ထပ်ဖို့ပြောတုန်းကလည်း မိဘစကားမလွန်ဆန်နိုင်၍သာလိုက်လာရသည်
သို့ပေမဲ့ Baekhyun ကိုမြင်ပြီးတဲ့နောက်တော့ သူ့ကိုပိုင်ဆိုင်ချင်လာသည်…
သူမက မာနကြီးသလောက် အတ္တလည်းကြီးသည် လိုချင်တာကိုလည်းမရရအောင်ယူတတ်သည်…"သူ့နာမည်က ဘာတဲ့လဲ"
"Park Chanyeol ပါ %@#*.&@"
"Byun Baekhyun…Byun Baekhyun ရှင်ကဒီလိုအဆင့်မရှိတဲ့ကောင်နဲ့များကျွန်မကိုယှဉ်တယ်ပေါ့လေ အဲလိုကောင်လောက်ကတော့ လွယ်လွယ်လေးရှင်းပစ်လို့ရတယ်ဆိုတာ ရှင်သဘောပေါက်သင့်တယ် ရှင်က ကျွန်မအပိုင်ဘဲ ရှင်နဲ့ကျွန်မလက်ထပ်ပွဲကိုဖျက်မဲ့သူအားလုံးဘယ်သူဘဲဖြစ်ဖြစ်အရှင်မထားဘူး ရှင့်ကိုကျွန်မတစ်ယောက်ဘဲပိုင်ဆိုင်စေရမယ်"
"အခုငါပြောတဲ့အတိုင်းလုပ်... ဘာအမှားအယွင်းမှမဖြစ်စေနဲ့...Park Chanyeol ကိုအသက်ရှင်လျက်မမြင်ချင်ဘူး"
"Nae မမလေး"
~~~~~~~~~နှလုံးသားရဲ့အရှင်သခင်~~~~~~~
"Yeol ah ဒီနေ့ကစပြီး ကိုယ့်အခန်းထဲမှာလာနေတော့"
"waeyo?"
"မခွဲနိုင်လို့ပေါ့ ခဏလေးတောင်မခွဲနိုင်ဘူး"
"အပိုတွေ တစ်အိမ်ထဲနေနေတာကိုဘဲ"
"မရဘူး လာနေဆိုလာနေဘဲ ဘာလဲကိုယ့်ကိုမချစ်တော့ဘူးပေါ့ ကိုယ့်နားမှာမနေချင်တော့ဘူးလား"
YOU ARE READING
နှလုံးသားရဲ့ အရှင်သခင်(complete)
FanfictionBaekhyun - ငါမင်းကိုသေလောက်အောင်မုန်းတယ် Park Chanyeol. Chanyeol- ကျွန်တော်ကတော့ Baek ကိုကျွန်တော့်အသက်ထက်ပိုချစ်တယ် Baek ကျွန်တော့်ကိုပြန်ချစ်လာမယ့်အချိန်ထိကျွန်တော် ေ...