Part-1

8.2K 422 50
                                    

" ကဲ report card တွေဝေမယ် "

အတန်းပိုင်ဆရာမ၏ အသံကြောင့် တစ်တန်းလုံး  လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။အားလုံးက ထွက်လာမည့် မိမိတို့၏ အမှတ်အတွက် ရင်တထိတ်ထိတ်နှင့်။

" Chanyeol အဆင့် ၁ report card လာယူမယ် "

Chanyeol မျက်နှာလေး ပြုံးရွှင်စွာနဲ့ report card သွားယူသည်။

" Chanyeol လေး တော်လိုက်တာ။သား ဆက်ကြိုးစားနော် "

ဆရာမ၏ အားပေးစကားတို့ကြောင့် Chanyeol ပို၍ အားတက်ရပါသည်။

" Hyuk Jae အဆင့် ၂ "

Chanyeol က မသိပေမဲ့ Hyuk Jae ကတော့ Chanyeol ကို မီးဝင်းဝင်းတောက်သော မျက်လုံးများနှင့် ကြည့်နေခဲ့ပါသည်။

အားလုံးဝေပြီး၍ ကျောင်းဆင်းသော် အသီးသီး အိမ်ပြန်သွားကြသည်။Chanyeol ကတော့ မပြန်နိုင်သေးပါ။အချိန်ပိုင်းအလုပ် ရှိသေးသည် မဟုတ်လား။

ထို့ကြောင့် မိမိ၏ report card ကလေးကို တစ်ခေါက်ပြန်ထုတ်ကြည့်ပြီး သွက်လက်သော ခြေလှမ်းများနှင့် အချိန်ပိုင်း အလုပ်ရှိရာ coffee ဆိုင်လေးသို့ ဦးတည်ခဲ့တော့သည်။

♦♦♦

##တောက်##

တောက်ခေါက်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်က Hyuk Jae ဆီမှ။

" ငါလုံးဝမကျေနပ်ဘူး။အဲ့မိဘမဲ့ စားပွဲထိုးကောင်က ငါ့ကိုကျော်တက်သွားတာ။ဒါမျိုး Hyuk Jae ဆိုတဲ့ ငါ့ဘဝမှာ ရာဇဝင်ရိုင်းတယ် "

" စိတ်လျှော့ပါကွာ "

" မလျှော့နိုင်ဘူး။ဒီလို ကောင်မျိုးက အဆင့် ၁ ရသွားတာလောက် ခံပြင်းတာမရှိဘူး "

ဘေးမှသူငယ်ချင်းက မည်သို့ပင် ဖြောင်းဖျနေပါစေ ဒေါသကြီးသော Hyuk Jae မည်သို့မျှ ဒေါသမပြေသည်မှာ သူ့မျက်နှာထက်တွင် ထင်ရှားစွာ ပေါ်လွင်နေပါသည်။

ထို့နောက်တွင်ကား အကြံတစ်ခု ရသွားဟန်ဖြင့် သူ့မျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ပေါ်ပေါက်သွားခဲ့ပါ၏။

♦♦♦

တနင်္ဂနွေညနေခင်းတစ်ခု..........

ကျောင်းပိတ်၍အခြားသူများ ဘယ်လိုပင် နားနေနိုင်ပါစေ Chanyeol ခမျာတော့ မနားနိုင်ပါ။အချိန်ပိုင်းအလုပ်သို့ သွားရသည်။ပင်ပန်းသော်လည်း အတန်းထဲတွင် အဆင့် ၁ ရခဲ့သည် ဆိုသောအသိက သူ့ကို ပေါ့ပါးသွက်လက်စေပါ၏။

Unexpectedly(Completed)Hikayelerin yaşadığı yer. Şimdi keşfedin