ဟိုးအမြင့်တစ်နေရာကထိုလူသားကို
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။________________♥♥♥_______________
..ကလင်~~ကလင်...
"ဟေ့..ဘေးဖယ်လေကွာ လမ်းမမှာတက်ဆော့
နေရင်အန္တရာယ်များတယ်...ဘေးမှာဆော့နော်"စက်ဘီးဘဲလ်လေးကိုတီးရင်း လမ်းမကကလေးကိုလည်းရှောင်ရင်းchanyeol သတိပေးသည်။
"ဟာ..ကိုကြီးchanyeolကျောင်းသွားတော့မလို့လား"
ခုနက မိုးပျံပူဖောင်းလေးအားကားလမ်းမထက်လိုက်ကောက်နေသောကောင်မလေးကမေးသည်။
ထိုကောင်မလေး၏မျက်ဝန်းထဲတွင် အားကျစိတ်၊
အားကိုးစိတ်များကို အထင်းသားမြင်နေရသည်။"မဟုတ်ဘူးဒီနေ့ကကျောင်းမှာအားကစားပွဲရှိလို့သွားကြည့်မှာ..နောင်တစ်ခါလမ်းမပေါ်မတက်နဲ့နော်
ကားတွေဘာတွေလာရင်အန္တရာယ်များတယ်သိလား..."ရွှေအိုရောင်ဆံနွယ်ပိုင်ရှင် အနှီကောင်မလေးအား
သူ ခေါင်းကိုအသာပုတ်ရင်းပြောသည်။သူ၏မျက်ဝန်းထဲတွင် ညီမတစ်ယောက်လိုချစ်ခင်စိတ်၊ မြတ်နိုးစိတ်များသာ တွေ့ရသည်။
"ဟုတ်..ဒါနဲ့ ကိုကြီး ပြန်လာရင်လေ
Yoon(ယွန်း)အတွက် ဟောလောက်ကြီး ကြီးတဲ့
ပူဖောင်းလေဝယ်ခဲ့ပေးနော် သိလား..yoonကလေ ပူဖောင်းလေးတွေကိုသိပ်ချစ်တာ"လက်ကလေးအားလှုပ်ကာရမ်းကာ တစ်ဖက်မှလည်း ရဲသွေးသွေးနှုတ်ခမ်းပါးအားကိုက်ရင်း ဖိရင်း
ပူဆာနေသာ ကလေးမလေးအား chanyeolသဘောတကျပြုံးကြည့်မိသည်။
ကလေးဘဝဆိုတာ သိပ်ကိုဖြူ စင်တာပဲလား?"အေးပါကွာ..ဒါနဲ့စာလုပ်နော် ဒီနေ့ ညီမတို့ကျောင်းပိတ်တယ်မလား စာလုပ်နေနော်။ နောက်နှစ်ဆို
အထက်တန်းတက်ရတော့မှာ မလား"ဟုတ်သည်။ သူ၏ရှေ့တွင် ကလေးလေးလိုပြုမူနေသော yoon ဆိုသည့်ကလေးမသည် ယခုနှစ်တွင် အသက်ဆယ့်ငါးနှစ်ရှိပြီ။
ထူးဆန်းစွာပင်ထိုကလေးမသည် သူ(chanyeol)ရှေ့ရောက်လျှင် ကလေးလိုပြု မူနေတတ်သည်။
စာလုပ်ရန်မှာပြီးနောက် မိုးပြာရောင်စက်ဘီးလေးအား နင်းကာ ထွက်ခွာသွားသော သူ၏
ကျောပြင်ကိုငေးရင်း ကျန်ရစ်ခဲ့သည့်yoonစိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ကိုကြီးကို yoon ပဲပိုင်ဆိုင်ရမည်။ ဟူ၍
^^^^^^^^Broken^^^^^^^^^^^^
ရှုပ်ရှပ်နေသည့် အားကစားဝန်းထဲသူသည်
သူ့ တစ်ယောက်ကိုသာလိုက်ရှာနေမိသည်။ဟူး..ဘယ်နားမှာပါလိမ့်
ဟော..တွေ့ပါပြီ။ သူရှာနေတဲ့သူ
ရှပ်အနီပေါ်က ကျောနံပါတ် 27 ပိုင်ရှင်ဘက်စကတ်ဘောကစားသမား လေး။"ကိုကို..."
မဝံ့မရဲ... ကြားနိုင်ရုံလေးလှုပ်ခေါ်မိသည်။
သူမြတ်နိုးသော ထိုလူသားအား။"မင်း...ဘာလာလုပ်ပြန်တာလည်း Chanyeol"
သူ့ဘက်မှ မြတ်နိုးစွာ ကိုကို ဟုနှုတ်ဆက်သော်လည်း သူမြတ်နိုးရပါသော်ထိုလူသားကတော့ ရင့်သီးစွာပင် တုန့်ပြန်လေရဲ့...
"ဟိုလေ..ကိုကို.ကျွန်တော်က.."
"တော်တော့...မင်းငါ့ကိုအနှောက်အယှက်မပေးပါနဲ့..သည်နေ့ကျောင်းအတွက်အရေးကြီးတဲ့နေ့နော်
မင်းကြောင့်ငါစိတ်ရှုပ်သွားရင် ဘတ်စကက်ဘော ကောင်းကောင်း ကစားနိုင်မှာမဟုတ်တော့ဘူး
သည်တော့.မင်းပြန်ရင်ပြန် မပြန်ရင်လည်း
ငါနဲ့ဝေးဝေးမှာနေလိုက်"ရင့်သီးစွာပြောဆိုပြီးသည့်နောက်
ထွက်ခွာသွားသော ကျောနံပါတ်27ပိုင်ရှင်အား
ကြည့်၍ chanyeol ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။သည်နေ့တော့ ထိုလူသားအားအဝေးမှပင်
ငေးကြည့်မည်။ဟူ၍------------------Broken----------------------
By Philip_K
