(Zawgyi)
----------------This is true love?------------
At morning,
တစ်ခါမှ မနိုးလျှင်မထသော yeollie လေးမှာ အခုတော့သူမ နိုးစရာတောင်မလို Kyung Soo လေးနဲ့ ထမင်းစား စားပွဲခုံ မှာနေရာကိုယ်စီယူကာ ထိုင်နေကြလေရဲ့ 
"ငါတို့ yeollie လေးက စောစောနိုးလို့ပါလား ဟင် Omma တောင်နိုးစရာမလိုဘူး"
Appa ဖြစ်သူကလည်းအံ့သြကာနေလျှက်
"အင်းကြည့်ရတာ Kyung Soo လေးနှိုးလိုက်တာဖြစ်မယ် ဟုတ်လား Yeollie"
Yeollie လေးကတော့ မျက်နှာလေးဆူပုပ်ကာ
"ဟုတ်တယ် ဟုတ်တယ် အာ့သူကစောစောနိုးနေလို့ သားကလည်းအားကျမခံ စောစောထတာ ဟုတ်ပြီလား"
"ဟားဟား ကောင်းတာပေါ့သားရယ် စောစောထတော့ ဥာဏ်ကောင်းတာပေါ့ အင်း...ကိုရေ Kyung Soo လေးကတော့ ကျွန်မတို့အိမ်အတွက် ကံကောင်းခြင်းတွေယူဆောင်လာမယ့် သူလေးပဲ"
Appa ဖြစ်သူမှာ ပြုံးရယ်၍ စကားကိုထောက်ခံသည့်သဘောကိုပြသည်။Kyung Soo လေးကတော့ မခို့တရို့လေးပြုံးကာ မနက်စာကို စားနေသည်။
"မေ့နေတာ Kyung soo လေးကအခု ဘယ်နှစ်တန်းရှိနေပြီလဲ"
ရုတ်တရက်အမေးကြောင့် Kyung Soo ကိုယ်လုံးလေးတစ်ချက်တုန်သွားကာ ပြာပြာသလဲဖြေရှာတယ်
"ဟို....ဟို ကျွန်တော်Sister ကြီးဆီမှာသင်တာ အခုဆို ဟို... အလယ်တန်းရောက်ပါပြီခင်ဗျ"
Kyung Soo ရဲ့ စကားထစ်ကာ ဖြေဆိုသံကိုကြားတော့ Yeollie ကချက်ချင်းပင် Kyung Soo ကို Hyung ဘာပြောထားလည်းဟူသော အကြည့်ဖြင့်ကြည့်နေသည်။ ဟိုကလည်း ခေါင်းငုံ့ကာ တောင်းပန်ပါတယ်ဟု ထပ်ခါထပ်ခါပြောနေသည်။
Omma ကတော့အခြေအနေကိုရိပ်မိနေသောကြောင့်
"Kyung Soo လေး omma တို့ကိုဘာမှကြောက်စရာမလိုဘူး ဟုတ်ပြီလား ပေါ့ပေါ့ပါးပါးလေးနေ အခုကစပြီး သားကomma တို့ရဲ့ ဒုတိယမြောက် သားလေး မှတ်ထားနော် "
YOU ARE READING
This is true love?(Completed)