Zawgyi
တနေ့ထပ်တနေ့အခြေအနေ ကောင်းလာတယ်လို့ ဆိုရမလား အရင်က ကျွန်တော့်ကို မြင်ရင် မောင်းထုတ် တတ်တဲ့Hyung က အခုဆိုကျွန်တော်အနားမှာမရှိလျှင် အော်ခေါ်နေတတ်ပြီ။ ကျွန်တော်ဟာ Hyung ရဲ့ Dyo လေးဖြစ်ကြောင်း သေချာစွာ ပြောပြထားသော်လည်း Hyung ကလက်ခံချင်ပုံမရသေး သို့သော် အခုနောက်ပိုင်းတော့ Dyo လေးလို့ခေါ်တတ်လာသည်။
အရင်ကဖြစ်တာထပ်စာရင် ကောင်းမွန်တဲ့အခြေအနေမို့ အမြန်ပြန်ကောင်းလာနိုင်တယ်ဆိုတဲ့ ဆရာဝန်ရဲ့စကားကြောင့် တစ်မိသားစုလုံး ပျော်ရွှင်ခဲ့ရ သေးတယ် Hyung ကကျန်တဲ့အချိန်တွေဆို ကလေးတစ်ယောက်လို ဆိုးတတ်ပေမယ့် Hunnie အိမ်လာလည်တတ်သည့် အချိန်မှာတော့ ဒေါသထွက်ကာ မောင်းထုတ်ခိုင်းလေ့ရှိတယ် ကျွန်တော့်မှာ Hyung အိပ်ပျော်သွားခါမှ Sehun နဲ့ph ခိုးပြောရတဲ့အခြေအနေပေါ့လေ............အခုလည်း Hyung စားဖို့အတွက် ကြက်ထမင်းကြော် အစပ်ပေါ့ကို အပေါ်က ကြက်ဥကြော်လေး ထပ်တင်ကာ ဘေးပတ်ပတ်လည်ကို အသီးအရွက်တွေနဲ့ အလှဆင်လိုက်သည်။ ဗန်းပေါ်တင်ပြီးတာနဲ့ နို့တစ်ခွက်နဲ့ အတူ သောက်ရမယ့် ဆေးတွေပါတစ်ခါထဲ ပါပြီးသား......
ဂျစ်ကျတဲ့ Hyung က အိမ်ပြန်ရောက်ထဲက အခုချိန်ထိ အခန်းထဲထမင်းလာပို့မှ စားမယ်ဆိုတာကြောင့် နေ့တိုင်း Hyung ကိုထမင်းကျွေးတဲ့အလုပ်က ကျွန်တော့်အတွက် တာဝန်တစ်ခုလိုပင် ဖြစ်နေပါပြီ။တခါတရံ ယောကျာ်းကို ထမင်းသွားပို့တဲ့ မိန်းမပျိုလေးလို့လည်း Kai တို့ကစနောက်တတ်သည့်အပြင် omma တို့ကပါ ထိုသို့စတတ်သေးသည်။အဲ့အချိန်ဆို ဗန်းကြီးကို မိမိရရ ကိုင်ပြီး အပေါ်တတ်တတ်ပြေးတာလည်း ကျွန်တော်ပါပဲလေ............."ဗိုက်ဆာနေပြီလား ဟင်"
တံခါးကို အရင်ခေါက်လိုက်ပြီးမှ တွန်းဖွင့်ကာ ဝင်သွားတော့ Hyung ကသူ့ကို ကုတင်ပေါ်ကနေ စွေကြည့်နေသည်။သေချာတယ် အဲ့တာ Hyung စိတ်ကောက်နေပြီဆိုတာပြတာပဲ......Kyung Soo တို့ချော့ပေဦးတော့ပဲ............
"မစားချင်ဘူး ပြန်ယူသွား "
"စားပါ Chan ရယ် Dyo ကလေ Chan စားဖို့ သေချာလေး လုပ်လာတာလေ"
'Chan' ဟုတ်တယ် အဲ့ဒါသူ ကျွန်တော့်ကို ခေါ်ခိုင်းတဲ့နာမည်။Hyung လို့ခေါ်တုန်းက သူကကျွန်တော့်ထပ် ငယ်ပါတယ်တဲ့လေ ကျွန်တော်ကလွဲ ဘယ်သူ့ကိုမှ 'Chan' လို့မခေါ်ခိုင်းစေချင်းဘူးတဲ့..........
YOU ARE READING
This is true love?(Completed)