Part 6(Zawgyi & Unicode)

1.9K 182 10
                                    

(Zawgyi)

Chanyeol' s Point of view

မနက်​​စော​စော အိမ်​ကမထွက်​ခင်​ကထဲက Baek ရဲ့ ph ​ခေါ်မှု​ကြောင့်​ သူ့ဆီသွားဖို့ ​တွေး​နေလိုက်​သည်​။သို့​ပေမယ့်​ Kyunggie လည်းပါ​နေတာ​ကြောင့်​ လမ်းထိပ်​​ရောက်​မှ သူ့အားအရင်​​ကျောင်းသွားနှင့်​ ​နောက်​မှလိုက်​လာခဲ့မည်​ဟု​ပြောလိုက်​တယ်​။ တစ်ခါမှ တစ်​​ယောက်​ထဲမသွားဘူး​တဲ့ Kyunggie ​တော့​ကြောက်​​နေ​တော့မှာပဲဟု​ စိုးရိမ်​မှု​လေးရှိ​နေ​သော်​ကြား တစ်​ခုခုကို စိုးထိတ်​မိပြီး အလန့်​တကြား ထိုအ​တွေး​တို့ကို ဖယ်​ထုတ်​ပစ်​လိုက်​သည်​။Baek ဆီမှ ph ထပ်​ဝင်​လာကာ မြန်​မြန်​​လာ​ပေးပါ ဟူ​သော ထိုစကားသံ​ကြောင့်​ တစ်​ခုခုဖြစ်​​နေသည်​ဟု ထင်​ကာ အ​ပြေးသွားလိုက်​သည်​။

ဟို​ရောက်​​တော့ ဒင်းကဧည့်​ခန်းက ဆိုဖာ​ပေါ်မှာ ဖြဲကားထိုင်​ကာ အား​လူး​ကြော်​စား​နေတယ်​​လေ ​စောနက အသည်းအသန်​လာဖို့ph ဆက်​တာ သူမဟုတ်​တဲ့အတိုင်း တကယ့်​အ​မွှေစိန်

"ဘာလဲကွာ ...ငါ့မှာ​တော့ အ​မောတ​ကော​ပြေးလာလိုက်​တာ မင်းက​တော့ ဒီမှာမြိုစို့​နေတယ်​"

"😁ဘယ်​သွားရင်​​ကောင်းမလဲလို့စဉ်းစား​နေတာ"

ခေါင်း​လေးကုပ်​ကာပြန်​​ဖြေသည်​။

"ဒါဆို​ကျောင်းမသွားဘူးလား"

"ဟင်​ ​ကျောင်း​တော့သွားမှာပါ ဒါ​ပေမဲ့ ဒီ​နေ့က ငါ့​မွေး​နေ့ဆို​တော့ ​လျှောက်​လည်​ချင်​​သေးတယ်​"

"အာ့ဆိုလည်းထ ​ကျောင်းသွားရင်းနဲ့ စဉ်းစားမယ်​ ငါ Kyunggie တစ်​​ယောက်​ထဲ ​ကျောင်းလွှတ်​လိုက်​တယ်​ ​ကျောင်း​ကော​ရောက်​သွားပြီလားမသိဘူး"

"စိတ်​ပူ​နေရင်​ ဘာလို့ငါဆီ တစ်​​ယောက်​ထဲလာ​နေ​သေးလဲ kyung soo ပါ​ခေါ်လာခဲ့တာမဟုတ်​ဘူး"

"​ဘာ...ဘာလို့​ခေါ်ရမှာလဲ သူသိစရာမှမလိုတာ"

နှုတ်​ခမ်း​လေးရွဲ့​ခေါင်းတစ်​စပ်​စပ်​ညှိတ်​ကာ ပြုံး​နေ​သောBaek တကယ့်​က​လေး​လေးအတိုင်းပဲ

ကျောင်းသွားရာလမ်းတွင်​​တော့

"Yeol ya ငါအကြံရပြီ ​ကျောင်းမသွား​တော့ဘူး ကစားကွင်းသွားရ​အောင်​ ပြီးရင်​ မုန့်​စားကြမယ်​​လေ​နော်​"

This is true love?(Completed)Donde viven las historias. Descúbrelo ahora